သင်ခန်းစာ ၁၉
ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
ယေဟောဝါသက်သေတွေဟာ မိမိတို့ကိုယ်ကို ခရစ်ယာန်စစ်တွေလို့ ယုံကြည်ကြတယ်။ ဘာကြောင့်လဲ။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက် ဘာကို အခြေခံသလဲ၊ ယေဟောဝါသက်သေလို့ ဘာကြောင့် ခေါ်သလဲ၊ အချင်းချင်း ဘယ်လို မေတ္တာပြသလဲ သုံးသပ်ကြည့်ပါ။
၁။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်က ဘာကို အခြေခံသလဲ။
“[ဘုရားသခင်ရဲ့] တရားစကားဟာ အမှန်တရား ဖြစ်ပါတယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၇:၁၇) ယေရှုလိုပဲ ယေဟောဝါသက်သေတွေဟာ မိမိတို့ရဲ့ ယုံကြည်ချက်ကို ကျမ်းစာကို အမြဲ အခြေခံတယ်။ ခေတ်သစ်သမိုင်းကို သုံးသပ်ကြည့်ပါ။ ၁၈၇၀ ဝန်းကျင်လောက်မှာ ကျမ်းစာကျောင်းသားအုပ်စုလေးဟာ ကျမ်းစာကို အသေအချာ ဆန်းစစ်ကြတယ်။ မိမိတို့ယုံကြည်ချက်ဟာ ချာ့ချ်အယူဝါဒနဲ့ မတူရင်တောင် ကျမ်းစာကိုပဲ အခြေခံတယ်။ တခြားသူတွေကို ကျမ်းစာအမှန်တရားတွေ ပြောပြတယ်။a
၂။ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူကြသလဲ။
ယေဟောဝါက မိမိကို ဝတ်ပြုသူတွေကို မိမိရဲ့သက်သေတွေလို့ ခေါ်တယ်။ မိမိအကြောင်း အမှန်တရားကို ပြောသူတွေ ဖြစ်လို့ပဲ။ (ဟီဘရူး ၁၁:၄–၁၂:၁) ဥပမာ၊ ရှေးခေတ် မိမိရဲ့လူတွေကို “မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ” လို့ ပြောတယ်။ (ဟေရှာယ ၄၃:၁၀ ကို ဖတ်ပါ။) ယေရှုကို “သစ္စာရှိတဲ့သက်သေ” လို့ ခေါ်တယ်။ (ဗျာဒိတ် ၁:၅) ဒါကြောင့် ၁၉၃၁ ခုနှစ်မှာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ကျွန်တော်တို့ ခံယူရခြင်း ဖြစ်တယ်။ ဒီနာမည် ရထားလို့ သိပ်ဂုဏ်ယူကြတယ်။
၃။ ယေဟောဝါသက်သေတွေက ယေရှုရဲ့ မေတ္တာကို ဘယ်လို အတုယူနေကြသလဲ။
ယေရှုက မိမိတပည့်တွေကို သိပ်ချစ်တယ်။ မိသားစုလို သဘောထားတယ်။ (မာကု ၃:၃၅ ကို ဖတ်ပါ။) ယေဟောဝါသက်သေတွေလည်း စည်းလုံးတဲ့ ကမ္ဘာချီမိသားစု ဖြစ်တယ်။ ဒါကြောင့် အချင်းချင်း ညီအစ်ကို၊ ညီအစ်မလို့ ခေါ်ကြတယ်။ (ဖိလေမုန် ၁၊ ၂) “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြပါ” ဆိုတဲ့ မိန့်မှာချက်ကိုလည်း လိုက်နာကြတယ်။ (၁ ပေတရု ၂:၁၇) ယေဟောဝါသက်သေတွေဟာ နည်းအမျိုးမျိုးနဲ့ မေတ္တာပြကြတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို၊ ညီအစ်မတွေ ဒုက္ခရောက်ချိန်မှာ ကူညီပေးကြတယ်။
ရှာဖွေလေ တွေ့ရှိလေ
ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်း၊ ခရစ်ယာန်စစ်တွေ ဖြစ်ကြောင်း အထောက်အထားကို ထပ်လေ့လာပါ။
ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ချက်ဟာ ကျမ်းစာကို အခြေခံတယ်။ တခြားသူတွေကို ယုံကြည်ချက်အကြောင်း ပြောပြကြ
၄။ ကျွန်တော်တို့ ယုံကြည်ချက်တွေ ကျမ်းစာကို အခြေခံ
ကျမ်းစာအမှန်တရားကို ပိုနားလည်လာကြမယ်လို့ ယေဟောဝါ ကြိုပြောတယ်။ ဒံယေလ ၁၂:၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။
ဘုရားရဲ့လူတွေ ကျမ်းစာကို နှံ့နှံ့စပ်စပ် လေ့လာရင် ဘာ “တိုးများလာ” မလဲ။
ဒီဗီဒီယိုအရ စီတီ ရပ်စယ်လ်အပါအဝင် ကျမ်းစာကျောင်းသား အုပ်စုဟာ ကျမ်းစာကို ဘယ်လို လေ့လာသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာ စီတီ ရပ်စယ်လ်နဲ့ အပေါင်းအပါ ကျမ်းစာကျောင်းသားတွေ ကျမ်းစာကို ဘယ်လို လေ့လာကြသလဲ။
စိတ်ဝင်စားစရာအချက်
ကျွန်တော်တို့ယုံကြည်ချက်တွေ ပြုပြင်ရတဲ့အခါတွေလည်း ရှိတယ်။ ဘာကြောင့်လဲ။ နေမြင့်လာလေ တောတောင်ရှုခင်း ပိုရှင်းလင်းလာသလို ကျမ်းစာအကြောင်း တဖြည်းဖြည်း ပိုနားလည်လာအောင် ဘုရား ကူညီပေးတယ်။ (ပညာအလိမ္မာ ၄:၁၈ ကို ဖတ်ပါ။) ဒါကြောင့် ကျမ်းစာ မပြောင်းလဲပေမဲ့ ကျမ်းစာအမှန်တရားကို ပိုနားလည်လာတဲ့အခါ ယုံကြည်ချက်တွေကို ပြုပြင်ကြတယ်။
၅။ ခံယူထားတဲ့ နာမည်နဲ့အညီ နေထိုင်ကြ
ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။
ယေဟောဝါသက်သေဆိုတဲ့နာမည် ဘာကြောင့် သင့်လျော်သလဲ။
ယေဟောဝါက မိမိသက်သေအဖြစ် လူတွေကို ဘာကြောင့် ရွေးသလဲ။ ဘုရားနဲ့ပတ်သက်ပြီး အလိမ်အညာတွေ ပျံ့နှံ့နေတဲ့အတွက် ယေဟောဝါသာ စစ်မှန်တဲ့ဘုရား ဖြစ်ကြောင်း ဖော်ထုတ်ရမှာ ဖြစ်လို့ပဲ။ အလိမ်အညာနှစ်ခုအကြောင်း သုံးသပ်ကြည့်ပါ။
ရုပ်တုကိုးကွယ်တာကို ဘုရား နှစ်သက်တယ်လို့ ဘာသာတချို့ သွန်သင်တယ်။ ဝတ်ပြုရာ ၂၆:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။
ရုပ်တုကိုးကွယ်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။
ယေရှုဟာ ဘုရားပဲလို့ ဘာသာရေးခေါင်းဆောင်တချို့ သွန်သင်တယ်။ ယောဟန် ၂၀:၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ဘုရားသခင်နဲ့ ယေရှုဟာ ပုဂ္ဂိုလ်တစ်ဦးတည်းလား။
ယေဟောဝါဟာ မိမိနဲ့ သားတော်အကြောင်း အမှန်တရား ဟောပြောဖို့ မိမိသက်သေတွေကို စေလွှတ်မှန်း သိရတော့ သင် ဘယ်လို ခံစားရသလဲ။
၆။ ကျွန်တော်တို့ အချင်းချင်း ချစ်ကြ
ကျမ်းစာမှာ ခရစ်ယာန်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ခိုင်းနှိုင်းထားတယ်။ ၁ ကောရိန္သု ၁၂:၂၅၊ ၂၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။
ခရစ်ယာန်စစ်တွေဟာ အချင်းချင်း ဒုက္ခရောက်တဲ့အခါ ဘာလုပ်သင့်သလဲ။
ယေဟောဝါသက်သေ အချင်းချင်း ဘယ်လို မေတ္တာပြတာ မြင်ဖူးသလဲ။
ဒေသတစ်ခုမှာ သက်သေခံတွေ ဒုက္ခရောက်တဲ့အခါ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ ချက်ချင်း ကူညီကြတယ်။ နမူနာအတွက် ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။
ယေဟောဝါသက်သေတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းက မေတ္တာကို ဘယ်လို ဖော်ပြသလဲ။
ဒုက္ခရောက်နေသူကို ခရစ်ယာန်စစ်တွေ မေတ္တာပြကြ
လူတချို့ အဆို။ “ယေဟောဝါသက်သေတွေဟာ နောက်မှပေါ်လာတဲ့ ဘာသာပါ။”
ယေဟောဝါက မိမိကိုဝတ်ပြုသူတွေကို သက်သေခံတွေလို့ ဘယ်အချိန်ကတည်းက ခေါ်ခဲ့သလဲ။
အနှစ်ချုပ်
ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေပါ။ ကမ္ဘာချီမိသားစုကြီး ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်က ကျမ်းစာကို အခြေခံတယ်။ ယေဟောဝါအကြောင်း အမှန်တရားကို ဟောပြောတယ်။
ပြန်လည်သုံးသပ်ခြင်း
ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူသလဲ။
အချင်းချင်း ချစ်ကြောင်း ဘယ်လို ပြကြသလဲ။
ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလို့ ထင်ပါသလား။
လေ့လာစရာ ထပ်ဖွေရှာ
ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းကို လေ့လာပါ။
ယေဟောဝါသက်သေများ —သက်ဝင်လှုပ်ရှား ယုံကြည်ခြင်းတရား အပိုင်း ၁– မှောင်မိုက်မှ လွတ်မြောက် (၁:၀၀:၅၃)
မှားယွင်းတဲ့သွန်သင်ချက်ကို ယေဟောဝါသက်သေတွေ ဖော်ထုတ်ပုံ နမူနာတစ်ခုကို ကြည့်ပါ။
ယေဟောဝါသက်သေတွေအကြောင်း မေးခွန်းတွေကို အဖြေရှာပါ။
“ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ” (ဝက်ဘ်စာမျက်နှာ)
မုန်းတီးမှုကြောင့် စတီဗင် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်။ ယေဟောဝါ သက်သေတွေဆီမှာ ဘယ်အချက်ကို တွေ့ရလို့ သူပြောင်းလဲသွားသလဲ။
“ကမ်းကုန်အောင် ဆိုးမိုက်ခဲ့” (ကင်းမျှော်စင် ဇူလိုင် ၁၊ ၂၀၁၅)
a ကျွန်တော်တို့ရဲ့ အဓိကစာစောင် ကင်းမျှော်စင်ဟာ ၁၈၇၉ ခုနှစ်ကစပြီး ကျမ်းစာအမှန်တရားကို အဆက်မပြတ် ထုတ်ဝေတယ်။