ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ
    ကင်းမျှော်စင်—၂၀၀၉ | ဒီဇင်ဘာ ၁၅
    • ၁၃။ (က) ၂၀၁၀ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ (ခ) ဘယ်သဘောနဲ့ မေတ္တာက ထာဝစဉ်တည်သလဲ။

      ၁၃ မေတ္တာသည် အဘယ်အရာဖြစ်ပြီး အဘယ်အရာမဟုတ်ကြောင်း ပေါလု ဆက်၍ရှင်းပြခဲ့သည်။ (၁ ကောရိန္သု ၁၃:၄-၈ ကိုဖတ်ပါ။) သင်သည် မေတ္တာနှင့်ဆက်နွှယ်သည့်အရာကို မည်သို့ပြည့်မီနိုင်ကြောင်း ယခု အချိန်ယူဆန်းစစ်ကြည့်ပါ။ ၂၀၁၀ ခုနှစ်၏ နှစ်ချုပ်ကျမ်းချက်ဖြစ်သော အခန်းငယ် ၇ ၏နောက်ဆုံးစကားစုနှင့် အခန်းငယ် ၈ ၏ပထမစာကြောင်းကို အဓိကအာရုံစိုက်ပါ– ‘မေတ္တာသည် အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။’ အခန်းငယ် ၈ တွင် တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်တည်ထောင်ခါစတွင် အသုံးပြုခဲ့သော ပရောဖက်ပြုခြင်း၊ ဘာသာစကားအမျိုးမျိုးပြောခြင်း အပါအဝင် စွမ်းအားတော်၏ ဆုကျေးဇူးများ ကွယ်ပျောက်သွားမည်ဟု ပြောခဲ့သည်ကို သတိပြုပါ။ ယင်းတို့သည် အဆုံးတိုင်သွားမည်ဖြစ်သည်။ သို့သော် မေတ္တာမူကား အစဉ်တည်မည်။ ယေဟောဝါသည် မေတ္တာ၏ရင်းမြစ်ဖြစ်ကာ ကိုယ်တော်သည် ထာဝစဉ်တည်ရှိသောကြောင့် မေတ္တာသည် အစဉ်တည်မည်။ မေတ္တာသည် ထာဝရဘုရားသခင်၏ အရည်အသွေးတစ်ခုဖြစ်သောကြောင့် ထာဝစဉ်တည်ရှိသွားမည်။—၁ ယော. ၄:၈။

  • အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ
    ကင်းမျှော်စင်—၂၀၀၉ | ဒီဇင်ဘာ ၁၅
    • မေတ္တာသည် အစဉ်တည်၏

      ၂၀၊ ၂၁။ (က) မေတ္တာက ဘာကြောင့် သာလွန်ထူးမြတ်သလဲ။ (ခ) မေတ္တာလမ်းစဉ်ကိုလိုက်ဖို့ သင် ဘာကြောင့်ဆုံးဖြတ်သလဲ။

      ၂၀ ယနေ့ ယေဟောဝါ၏လူမျိုးအလယ်တွင် သာ၍မြတ်သောမေတ္တာလမ်းစဉ်ကို လိုက်စားခြင်း၏ ဉာဏ်ပညာကို ကျွန်ုပ်တို့ တွေ့မြင်နေကြရသည်။ အမှန်တကယ်ပင် မေတ္တာသည် အခြေအနေအားလုံးအတွက် သာလွန်ကောင်းမြတ်လှပေသည်။ ယင်းအချက်မှန်ကန်ကြောင်း တမန်တော်ပေါလု အလေးပေးဖော်ပြပုံကို မှတ်သားပါ။ ဦးဆုံး စွမ်းအားတော်ဆုကျေးဇူးများ ပျောက်ကွယ်သွားမည်၊ ခရစ်ယာန်အသင်းတော်သည် တည်ထောင်စအခြေအနေမှ ရင့်ကျက်သည့်အခြေအနေသို့ရောက်မည်ဟု သူဖော်ပြခဲ့သည်။ ယင်းနောက် ဤစကားများဖြင့် အဆုံးသတ်ခဲ့သည်– “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အကြီးမြတ်ဆုံးဖြစ်၏။”—၁ ကော. ၁၃:၁၃။

      ၂၁ နောက်ဆုံးတွင် ကျွန်ုပ်တို့ယုံကြည်ရာများ အမှန်တကယ်ပြည့်စုံလာသောအခါ ယင်းတို့ကို ယုံကြည်ဖို့မလိုတော့ပါ။ ကတိထားရာများပြည့်စုံမည်ကို မြင်တွေ့လိုသည့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် အရာခပ်သိမ်းအသစ်ဖြစ်လာပြီးနောက်တွင် ထပ်၍မျှော်လင့်စရာ မလိုတော့ပါ။ သို့သော် မေတ္တာကော အသို့နည်း။ မေတ္တာမူကား ဘယ်တော့မျှ ပျောက်ကွယ်သွားမည်မဟုတ်ပါ။ မေတ္တာသည် အစဉ်တည်မည်ဖြစ်သည်။ ထာဝရအသက်ကိုအကြောင်းပြု၍ ကျွန်ုပ်တို့သည် ဘုရားသခင့်မေတ္တာတော်သွင်ပြင်များကို ပို၍သိရှိလာပြီး ပို၍နားလည်သဘောပေါက်လာမည်မှာ သေချာသည်။ သင်သည် အစဉ်တည်မည့် သာလွန်ကောင်းမြတ်သော မေတ္တာလမ်းစဉ်ကိုလိုက်စားကာ ဘုရားသခင့်အလိုတော်ဆောင်ခြင်းအားဖြင့် အစဉ်အမြဲတည်ရှိပါလိမ့်မည်။—၁ ယော. ၂:၁၇။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ