ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၇/၁၅ စာ. ၂၆
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဣသရေလလူမျိုးတို့၏ သမိုင်းမှတ်တိုင်ထူသော ပွဲတော်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ‘သင်သည် အမှန်ရွှင်လန်းခြင်းကို ပြုရမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကောက်ရိတ်သိမ်းပွဲများသည် ဘုရားသခင်ကို နှစ်သက်စေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၇/၁၅ စာ. ၂၆

စာရှုသူများထံမှ မေးခွန်းလွှာ

ဣသရေလအမျိုးသားအားလုံး အဇုမပွဲတက်ရောက်ချိန်တွင် ရိတ်သိမ်းခြင်းအစပြုသောကြောင့် တဲတော်သို့ယူဆောင်လာရသည့် အဦးသီးသောမုယောကို မည်သူရိတ်သိမ်းသနည်း။

‘အဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင်သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည် သင်၏ဘုရားသခင် ရွေးကောက်တော်မူသောအရပ်၌ ရှေ့တော်မှာမျက်နှာပြရကြမည်’ ဟုဣသရေလလူတို့ကို မောရှေပညတ်က ညွှန်ကြားသည်။ (တရားဟောရာ ၁၆:၁၆) ဘုရင်ရှောလမုန်အချိန်မှစ၍ ဘုရားသခင်ရွေးချယ်သောအရပ်မှာ ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်ဖြစ်သည်။

ပွဲတော်သုံးခုမှ ပထမပွဲတော်ဖြစ်သော အဇုမပွဲကို နွေဦးတွင်ကျင်းပကြသည်။ နိသန် ၁၄ ရက်တွင်ကျင်းပသော ပသခါပွဲပြီးနောက် နိသန် ၁၅ ရက်တွင် အဇုမပွဲအစပြုပြီး နိသန် ၂၁ ရက်အထိ ခုနစ်ရက်ကျင်းပသည်။ ပွဲတော်၏ဒုတိယနေ့ဖြစ်သော နိသန် ၁၆ ရက်သည် ဝတ်ပြုရေးဆိုင်ရာပြက္ခဒိန်ကိုအခြေခံသည့် နှစ်တစ်နှစ်၏ ရိတ်သိမ်းချိန်အစကို အမှတ်အသားပြုသည်။ ထိုနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် ‘အဦးရိတ်သော မုယောကောက်လှိုင်းတစ်စည်းကို’ တဲတော်တွင် ‘ထာဝရဘုရားသခင်ရှေ့တော်၌ ချီလွှဲရမည်။’ (ဝတ်ပြုရာ ၂၃:၅-၁၂) အဇုမပွဲတွင် အမျိုးသားအားလုံးရှိနေရမည်ဖြစ်သောကြောင့် ချီလွှဲမည့်ကောက်လှိုင်းကို မည်သူရိတ်သိမ်းသနည်း။

အဇုမပွဲအတွင်း အဦးရိတ်သောကောက်လှိုင်းကို ယေဟောဝါထံချီလွှဲရန် ဣသရေလတစ်မျိုးသားလုံးကို မိန့်မှာထားသည်။ သို့သော် လူတစ်ဦးစီသည် ကိုယ်တိုင်ရိတ်သိမ်းသောကောက်လှိုင်းကို ယူဆောင်လာဖို့ မလိုပေ။ တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုလုပ်ဆောင်ရန် မိန့်မှာထားသည်။ ထို့ကြောင့် အနီးအနားရှိမုယောခင်းသို့ တစ်စုံတစ်ဦးကိုစေလွှတ်ကာ အဇုမပွဲအတွက် ကောက်လှိုင်းစည်းကိုရိတ်နိုင်သည်။ “ယေရုရှလင်အနီးအနားတွင် မုယောရင့်မှည့်ပါက ရိတ်သိမ်းနိုင်ပြီး မရင့်မှည့်သေးပါက အခြားနေရာများမှ ယူဆောင်လာနိုင်သည်။ လူသုံးဦးသည် တံစဉ်နှင့်တောင်းကိုယ်စီဖြင့် ရိတ်သိမ်းကြသည်” ဟုဂျူဒေးယကားစွယ်စုံကျမ်းကဆို၏။ သို့ နှင့် မုယောကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်မင်းထံ ယူဆောင်လာကာ ယေဟောဝါရှေ့တော်၌ ချီလွှဲသည်။

အဦးရိတ်သောကောက်လှိုင်းကို ဆက်သရန် မိန့်မှာချက်ကြောင့် ဣသရေလလူတို့သည် မိမိတို့၏လယ်ယာနှင့်ရိတ်သိမ်းမှုအပေါ် ဘုရားသခင့်ကောင်းချီးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်သည့် အခွင့်ကောင်း ရရှိကြသည်။ (တရားဟောရာ ၈:၆-၁၀) သို့သော် ထိုသို့ဆက်သခြင်းက “နောက်ဖြစ်လတ္တံ့သောမင်္ဂလာအကျိုးတို့၏ . . . အရိပ်” ဖြစ်သည်။ (ဟေဗြဲ ၁၀:⁠၁) ထူးခြားသည်မှာ အဦးရိတ်သောကောက်လှိုင်းကို ယေဟောဝါထံပူဇော်ရသောနေ့ဖြစ်သည့် အေဒီ ၃၃၊ နိသန် ၁၆ ရက်တွင် ယေရှုခရစ် ရှင်ပြန်ထမြောက်ခဲ့၏။ ယေရှုနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ဆိုသည်– “ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူပြီ။ . . . သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်သည်ကြွလာတော်မူသောအခါ တပည့်ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ရောက်ကြလိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၀-၂၃) ယေဟောဝါရှေ့တွင် ယဇ်ပုရောဟိတ်မင်းချီလွှဲသည့် အဦးရိတ်သောကောက်လှိုင်းသည် ရှင်ပြန်ထမြောက်သောယေရှုခရစ်ကို ပုံတင်ပြသည်။ ကိုယ်တော်သည် ထာဝစဉ်အသက်ရှင်ရန် သေခြင်းမှထမြောက်သူတို့တွင် အဦးဆုံးဖြစ်သည်။ ဤနည်းဖြင့် ယေရှုသည် လူသားထုကို အပြစ်နှင့်သေခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးခဲ့သည်။

[Picture Credit Line on page 26]

© 2003 BiblePlaces.com

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ