ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့”
    ကင်းမျှော်စင်—၁၉၉၈ | ဇူလိုင် ၁
    • ၁၀ “ကမ္ဘာကုန်” သည်ဆိုသောအချိန်သည် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးမှုအဆုံးကိုဆိုလိုသည်၊ ယေရှုသည် နှိမ့်ချစွာနှင့်သစ္စာရှိစွာ နိုင်ငံတော်ကို မိမိ၏ဘုရားသခင်၊ ခမည်းတော်ထံအပ်နှင်းမည့်အချိန်ဖြစ်၏။ (ဗျာဒိတ် ၂၀:၄) ထိုအခါတွင် “ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေ” ရန်ဘုရားသခင်၏ရည်ရွယ်တော်မူချက်သည် ပြည့်စုံပြီးဖြစ်မည်။ (ဧဖက် ၁:၉၊ ၁၀) သို့သော် ပထမဦးဆုံး ခရစ်တော်သည် ပိုင်သအုပ်စိုးရှင်ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သည့် “အထွတ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကိုပယ်ရှင်း” နှင့်ပြီးဖြစ်မည်။ ယင်းသည် အာမဂေဒုန်၌ ဖျက်ဆီးခြင်းထက်ပို၍ပါဝင်၏။ (ဗျာဒိတ် ၁၆:၁၆; ၁၉:၁၁-၂၁) ပေါလု ဤသို့ဆိုသည်– “ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၅၊ ၂၆) မှန်ပါသည်၊ အာဒံ၏အပြစ်နှင့်သေခြင်းလက္ခဏာအားလုံးသည် ပယ်ရှင်းခံရပြီးဖြစ်မည်။ ယင်းကြောင့် လူသေတို့ကို အသက်ပြန်ရှင်စေခြင်းအားဖြင့် “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများ” ကိုဗလာကျင်းဖြစ်စေပြီးဖြစ်မည်။—ယောဟန် ၅:၂၈။

  • “သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့”
    ကင်းမျှော်စင်—၁၉၉၈ | ဇူလိုင် ၁
    • ၁၅။ ပြန်ထလာသူများသည် “စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ” ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

      ၁၅ ပြန်ထလာသူများသည် “မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကို” မည်သို့ခံရကြမည်နည်း။ ဤစာစောင်များသည် ၎င်းတို့၏အတိတ်မှအကျင့်များ၏မှတ်တမ်းမဟုတ်ပါ။ သူတို့သေသောအခါ သူတို့ဘဝတစ်လျှောက်ကျူးလွန်ခဲ့သည့်အပြစ်လက်မှလွတ်ပြီးဖြစ်၏။ (ရောမ ၆:၇၊ ၂၃) သို့ရာတွင် ရှင်ပြန်ထမြောက်သောလူသားများသည် အာဒံ၏အပြစ်အောက်ရှိနေကြဆဲဖြစ်မည်။ ထို့ကြောင့် ယေရှုခရစ်၏ယဇ်ပူဇော်သကာမှ အကျိုးအပြည့်အဝခံစားနိုင်ရန်အတွက် လူတိုင်းလိုက်လျှောက်ရမည့် မြင့်မြတ်သောလမ်းညွှန်ချက်များကို ဤစာစောင်များက ပြဋ္ဌာန်းမည်ဖြစ်သည်။ အာဒံ့အပြစ်မှနောက်ဆုံးကျန်သည့်လက္ခဏာကို ရှင်းပစ်သည်နှင့် “သေမင်းသည် ဆုံးရှုံးခြင်းသို့” လုံးလုံးလျားလျား “ရောက်ရလတ္တံ့။” အနှစ်တစ်ထောင်ကုန်သည့်အခါ ဘုရားသခင်သည် လူတိုင်းအတွက် “အလုံးစုံဖြစ်တော်မူမည်။” (၁ ကောရိန္သု ၁၅:၂၈) ထိုအခါ လူသည် ကြားဝင်ပေးရသောယဇ်ပုရောဟိတ်မင်းကြီး သို့မဟုတ် ရွေးနုတ်ရှင်၏အကူအညီလိုတော့မည်မဟုတ်ပါ။ လူသားအားလုံးသည် မူလက အာဒံမွေ့လျော်ခဲ့သည့် စုံလင်သောအဖြစ်သို့ ပြန်ရောက်မည်ဖြစ်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ