ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၈/၁၅ စာ. ၂၁-၂၆
  • ဒီနောက်ဆုံးကာလမှာ မကောင်းတဲ့အပေါင်းအသင်းတွေကို သတိထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီနောက်ဆုံးကာလမှာ မကောင်းတဲ့အပေါင်းအသင်းတွေကို သတိထားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်”
  • ဖတ်ရှုတဲ့အရာ၊ ကြည့်ရှုတဲ့အရာတွေကို သတိထားပါ
  • “သခင်၌ရှိသောသူကိုသာ” လက်ထပ်ပါ
  • ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ
  • ပြောင်းလဲနေသော လောကဝိညာဉ်ကို ခုခံတွန်းလှန်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “သခင်၌ရှိသောသူကိုသာ” အိမ်ထောင်ပြုပါ—လက်တွေ့ကျသေးရဲ့လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ဖို့ ကျမ်းစာသင်သားကို ကူညီပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • သင်၏အကျင့်ကောင်းများကို မည်သူမျှ မဖျက်ဆီးစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၈/၁၅ စာ. ၂၁-၂၆
၁။ အမျိုးသားတစ်ယောက် တီဗီကြည့်နေ; ၂။ အမျိုးသမီးငယ်တစ်ယောက် သီချင်းနားထောင်နေ; ၃။ အမျိုးသားတစ်ယောက် စာအုပ်စင်ပေါ်က မဂ္ဂဇင်းတစ်စောင် ဆွဲယူနေ

ဒီနောက်ဆုံးကာလမှာ မကောင်းတဲ့အပေါင်းအသင်းတွေကို သတိထားပါ

“မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။” —၁ ကော. ၁၅:၃၃။

သီချင်း– ၇၃၊ ၁၁၉

သင် ဘယ်လိုဖြေမလဲ

  • မကောင်းတဲ့အပေါင်းအသင်း တွေကြောင့် အစ္စရေးတွေ ဘယ်လိုထိခိုက်နစ်နာခဲ့သလဲ။

  • ယေဟောဝါရဲ့ကျေးကျွန်တွေဟာ “သခင်၌ ရှိသောသူကိုသာ” ဘာကြောင့် လက်ထပ်သင့်သလဲ။

  • ဘယ်သူတွေနဲ့ ပေါင်းသင်းသင့်သလဲ။

၁။ ဘယ်အချိန်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရသလဲ။

ကျွန်တော်တို့ဟာ “ခက်ခဲကျပ်တည်းသောကာလ” မှာ အသက်ရှင်နေကြရတယ်။ နောက်ဆုံးကာလစတင်တဲ့ ၁၉၁၄ ကစပြီး ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာနေတယ်။ (၂ တိ. ၃:၁-၅) ‘ဆိုးညစ်သူတွေနဲ့ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက်ဆိုးလာ’ မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတဲ့အတွက် ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာမယ်ဆိုတာ သေချာတယ်။—၂ တိ. ၃:၁၃။

၂။ ဘယ်လိုဖျော်ဖြေရေးမျိုးကို လူတွေ နှစ်သက်လာသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၂ ဒီနေ့ခေတ်လူများစွာဟာ ဖျော်ဖြေရေးအနေနဲ့ ကြမ်းတမ်းတဲ့၊ အကျင့်ပျက်တဲ့၊ နတ်ဆိုးပညာနဲ့ပတ်သက်တဲ့ အရာတွေကို ကြည့်ရှုကြ၊ လုပ်ဆောင်ကြတယ်။ ဥပမာ၊ အင်တာနက်၊ တီဗီ၊ ရုပ်ရှင်၊ စာအုပ်၊ မဂ္ဂဇင်းတွေဟာ ကြမ်းတမ်းမှုနဲ့ အကျင့်ပျက်မှုကို နှစ်သက်လက်ခံစရာအဖြစ် မြင်လာအောင် တင်ဆက်ဖော်ပြကြတယ်။ အရင်က လူတွေနှာခေါင်းရှုံ့ခဲ့တဲ့အကျင့်တွေဟာ အခုတော့ နှစ်သက်စရာကောင်းလာပြီး တချို့ဒေသတွေမှာ တရားဝင်တောင် ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာတိုင်း ဘုရားသခင်နှစ်သက်လက်ခံတယ်လို့ မဆိုလိုဘူး။—ရောမ ၁:၂၈–၃၂ ကိုဖတ်ပါ။

၃။ ဘုရားသခင့်စံနှုန်းအတိုင်း အသက်ရှင်နေထိုင်သူတွေကို လူတွေ ဘယ်လိုရှုမြင်ကြသလဲ။

၃ ပထမရာစုမှာ လူတွေဟာ ဖျော်ဖြေရေးအနေနဲ့ ကြမ်းတမ်းပြီး အကျင့်ပျက်တဲ့အရာတွေကို ကြည့်ရှုကြတယ်။ ဒါပေမဲ့ ယေရှုရဲ့နောက်လိုက်တွေကတော့ ဘုရားသခင့်စံနှုန်းအတိုင်း အသက်ရှင်နေထိုင်တဲ့အတွက် အဲဒါတွေကို မကြည့်ကြဘူး။ ဒါကြောင့် လူတွေက သူတို့ကို “အံ့ဩ” ကြတယ်။ လှောင်ပြောင်ပြီး ညှဉ်းပန်းနှိပ်စက်ကြတယ်။ (၁ ပေ. ၄:၄) ဒီနေ့လည်း လူများစွာဟာ ဘုရားသခင့်စံနှုန်းအတိုင်း အသက်ရှင်နေထိုင်သူတွေကို လူထူးလူဆန်းတွေအဖြစ် ရှုမြင်ကြတယ်။ တကယ်တော့ ခရစ်တော်ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်သူတွေဟာ ‘ညှဉ်းပန်းနှိပ်စက်ခံရ’ မယ်လို့ ကျမ်းစာမှာ သတိပေးထားတယ်။—၂ တိ. ၃:၁၂။

“မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်”

၄။ ဒီလောကကို ဘာကြောင့် မချစ်သင့်သလဲ။

၄ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ချင်သူတွေဟာ ‘လောကနဲ့ လောကမှာရှိတဲ့အရာတွေကို မချစ်’ ရဘူးလို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။) “ဤလောကစနစ်၏ဘုရား” စာတန်ဟာ ဒီလောကကို ထိန်းချုပ်ထားတယ်။ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကတစ်ဆင့် လူတွေကို လှည့်စားနေတယ်။ (၂ ကော. ၄:၄; ၁ ယော. ၅:၁၉) ကျွန်တော်တို့ဟာ ဒီလောကရဲ့ ဩဇာလွှမ်းမိုးမှုမခံချင်တဲ့အတွက် မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ကြဉ်ရမယ်။ “လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။—၁ ကော. ၁၅:၃၃။

၅၊ ၆။ ဘယ်သူတွေနဲ့ မပေါင်းသင့်သလဲ။ ဘာကြောင့်လဲ။

၅ ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိနေဖို့ဆိုရင် မကောင်းတာကိုပြုကျင့်သူတွေနဲ့ မပေါင်းရဘူး။ အဲဒီထဲမှာ ယေဟောဝါကို ဝတ်ပြုပါတယ်လို့ ပြောပေမဲ့ ကိုယ်တော့်ကို မနာခံသူတွေလည်း ပါဝင်တယ်။ သူတို့ ကြီးလေးတဲ့အပြစ်တွေကျူးလွန်ပြီး နောင်တမရဘူးဆိုရင် သူတို့နဲ့ပေါင်းသင်းတာကို ရပ်စဲပစ်ရမယ်။—ရော. ၁၆:၁၇၊ ၁၈။

၆ လူတွေဟာ အများအားဖြင့် ကိုယ့်အပေါင်းအသင်းတွေရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်။ သူတို့ကို စိတ်ကျေနပ်စေချင်တယ်။ ဒါကြောင့် ဘုရားသခင်ကို မနာခံသူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သူတို့လုပ်သလို လိုက်လုပ်ဖို့ သွေးဆောင်ခံရနိုင်တယ်။ ဥပမာ၊ လိင်အကျင့်ယိုယွင်းသူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းမယ်ဆိုရင် ကျွန်တော်တို့လည်း သူတို့လို ဖြစ်လာနိုင်တယ်။ ညီအစ်ကိုညီအစ်မတချို့ အဲဒီလိုဖြစ်ခဲ့တယ်။ နောင်တမယူသူတွေ နှင်ထုတ်ခံခဲ့ရတယ်။ (၁ ကော. ၅:၁၁-၁၃) နောင်တမယူမချင်း သူတို့ရဲ့ အခြေအနေဟာ ပေတရုပြောသလို ဆက်ဖြစ်နေပါလိမ့်မယ်။—၂ ပေတရု ၂:၂၀–၂၂ ကိုဖတ်ပါ။

၇။ ဘယ်လိုလူတွေနဲ့ မိတ်ဆွေဖွဲ့သင့်သလဲ။

၇ ကျွန်တော်တို့ဟာ လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ပေမဲ့ ဘုရားကို မနာခံသူတွေနဲ့ ရင်းရင်းနှီးနှီး မပေါင်းသင့်ဘူး။ ဒါကြောင့် တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတစ်ယောက်ဟာ ယေဟောဝါဆီ မအပ်နှံထားသူ၊ ဘုရားအပေါ် သစ္စာမရှိသူ၊ ဘုရားသခင့်စံနှုန်းတွေကို မလေးစားသူနဲ့ ရည်းစားထားတာ သိပ်မှားတယ်။ ဘုရားသခင့်မျက်နှာသာရဖို့က ဘုရားကိုမချစ်သူတွေရဲ့ နှစ်သက်မှုရဖို့ထက် ပိုအရေးကြီးတယ်။ ကျွန်တော်တို့က ဘုရားအလိုတော် ထမ်းဆောင်သူတွေနဲ့ပဲ မိတ်ဆွေဖွဲ့သင့်တယ်။ “ဘုရားသခင်၏ အလိုတော်ကိုဆောင်သူ မည်သူမဆို ငါ၏ ညီအစ်ကို၊ ညီအစ်မ၊ မိခင်တို့ ဖြစ်ကြသည်” လို့ ယေရှုပြောတယ်။—မာ. ၃:၃၅။

ဘုရားသခင့် မျက်နှာသာရဖို့က ဘုရားကိုမချစ်သူတွေရဲ့ နှစ်သက်မှုရဖို့ထက် ပိုအရေးကြီးတယ်

၈။ မကောင်းတဲ့အပေါင်းအသင်းတွေကြောင့် ရှေးခေတ်အစ္စရေးတွေ ဘယ်လိုထိခိုက်နစ်နာခဲ့သလဲ။

၈ အစ္စရေးတွေဟာ မကောင်းတဲ့အပေါင်းအသင်းတွေကြောင့် အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရတယ်။ ယေဟောဝါက အီဂျစ်ပြည်ကနေ သူတို့ကို ကယ်နုတ်ပြီး ကတိထားရာပြည်ဆီ ခေါ်ဆောင်လာချိန်မှာ အဲဒီပြည်သားတွေနဲ့ပတ်သက်ပြီး အခုလိုသတိပေးတယ်– ‘သူတို့ရဲ့ဘုရားတွေကို ဦးမချနဲ့။ ဝတ်မပြုနဲ့။ သူတို့ရဲ့အကျင့်တွေကို အတုမယူနဲ့။ သူတို့ရဲ့ဘုရားရုပ်တုတွေကို ဖြိုချရမယ်။ သူတို့ရဲ့ ကိုးကွယ်ရာကျောက်တိုင်တွေကို ချိုးဖျက်ရမယ်။ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုရမယ်။’ (ထွ. ၂၃:၂၄၊ ၂၅၊ ကဘ) ဒါပေမဲ့ အစ္စရေးအများစုဟာ ဘုရားသခင့် ညွှန်ကြားချက်ကို မနာခံဘဲ သစ္စာဖောက်သွားကြတယ်။ (ဆာ. ၁၀၆:၃၅-၃၉) ဘာရလဒ်ရရှိခဲ့သလဲ။ နောက်ပိုင်းမှာ ယေဟောဝါဟာ အစ္စရေးလူမျိုးကို ငြင်းပယ်လိုက်ပြီး ခရစ်ယာန်အသင်းတော်ကို မိမိလူမျိုးအဖြစ် ရွေးချယ်လိုက်တယ်။—မ. ၂၃:၃၈; တ. ၂:၁-၄။

ဖတ်ရှုတဲ့အရာ၊ ကြည့်ရှုတဲ့အရာတွေကို သတိထားပါ

၉။ ဒီလောကရဲ့ သတင်းမီဒီယာတွေက ဘာကြောင့် အန္တရာယ်ရှိနိုင်သလဲ။

၉ တီဗီ၊ အင်တာနက်၊ စာအုပ်စတဲ့ သတင်းမီဒီယာအများစုဟာ ကျွန်တော်တို့နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်။ ယေဟောဝါနဲ့ ကိုယ်တော့်ကတိတွေကို ပိုယုံကြည်လာဖို့ အထောက်အကူမပြုဘူး။ အဲဒီအစား စာတန့်စနစ်ဆိုးကို ယုံကြည်ကိုးစားဖို့ပဲ အားပေးတယ်။ ဒါကြောင့် “လောကတပ်မက်ခြင်း” ဖြစ်ပေါ်စေနိုင်တဲ့ ဘယ်အရာကိုမဆို မကြည့်ဖို့၊ မဖတ်ဖို့၊ နားမထောင်ဖို့ သတိထားရမယ်။—တိ. ၂:၁၂။

၁၀။ ဒီလောကရဲ့ သတင်းမီဒီယာတွေ ဘာဖြစ်သွားမလဲ။

၁၀ မကြာခင်မှာ စာတန့်လောကနဲ့ အန္တရာယ်ရှိတဲ့ သတင်းမီဒီယာတွေ ဖျက်ဆီးခံရလိမ့်မယ်။ “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏” လို့ ကျမ်းစာပြောတယ်။ (၁ ယော. ၂:၁၇) ဆာလံဆရာကလည်း “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်” လို့ ပြောတယ်။ အဲဒီနောက် ‘စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်’ လို့ ဆက်ပြောတယ်။ ဘယ်လောက်ကြာကြာ အဲဒီလိုဖြစ်မလဲ။ ‘ဖြောင့်မတ်သူတို့သည် မြေကြီးကို အမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်’ လို့ သူပြောတယ်။—ဆာ. ၃၇:၉၊ ၁၁၊ ၂၉။

၁၁။ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်အောင် ကိုယ်တော် ဘယ်လိုကူညီပေးနေသလဲ။

၁၁ ယေဟောဝါရဲ့အဖွဲ့အစည်းကတော့ စာတန့်လောကနဲ့ တခြားစီပဲ။ ထာဝရအသက်ရစေတဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်နိုင်အောင် ကျွန်တော်တို့ကို ကူညီပေးနေတယ်။ “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်” လို့ ယေရှု ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၃) ယေဟောဝါက သူ့အကြောင်း သိလာဖို့ လိုအပ်သမျှကို အဖွဲ့အစည်းကတစ်ဆင့် ပြင်ဆင်ပေးနေတယ်။ ဥပမာ၊ မဂ္ဂဇင်း၊ ဘရိုရှာ၊ စာအုပ်၊ ဝက်ဘ်ဆိုက်နဲ့ ဗီဒီယိုတွေက ယေဟောဝါရဲ့အမှုကို ဆက်ထမ်းဆောင်နိုင်အောင် ကူညီပေးတယ်။ အဖွဲ့အစည်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အသင်းတော်ပေါင်း ၁၁၀,၀၀၀ ကျော်မှာလည်း ပုံမှန်အစည်းအဝေးတွေ ကျင်းပပေးနေတယ်။ အဲဒီအစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေမှာ သိရှိလာတဲ့ ကျမ်းစာအခြေပြု အကြောင်းအရာတွေဟာ ယေဟောဝါနဲ့ ကိုယ်တော့်ကတိတွေကို ပိုယုံကြည်စိတ်ချလာစေတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

“သခင်၌ရှိသောသူကိုသာ” လက်ထပ်ပါ

၁၂။ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ပါဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို ရှင်းပြပါ။

၁၂ အိမ်ထောင်ပြုချင်တဲ့ ခရစ်ယာန်တွေဟာ အိမ်ထောင်ဖက်ကို အထူးသတိထားရွေးချယ်ဖို့ လိုအပ်တယ်။ “မယုံကြည်သောသူတို့နှင့်တွဲ၍ ဘက်မညီသည့် ထမ်းပိုးကို မထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်မှုနှင့် မတရားမှုသည် မည်သို့ပေါင်းဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့တွဲဖက်နိုင်မည်နည်း” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၂ ကော. ၆:၁၄) “သခင်၌ရှိသောသူကိုသာ” လက်ထပ်ဖို့ ကျမ်းစာပြောတယ်။ ဆိုလိုတာက ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသူ၊ ယေဟောဝါရဲ့စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်သူကိုသာ လက်ထပ်ဖို့ဖြစ်တယ်။ (၁ ကော. ၇:၃၉) ယေဟောဝါကို ချစ်တဲ့သူကိုသာ သင် လက်ထပ်မယ်ဆိုရင် ကိုယ်တော့်အပေါ် ဆက်သစ္စာရှိနေဖို့ ကူညီပေးမယ့် လက်တွဲဖော်ကို ရရှိပါလိမ့်မယ်။

ယေဟောဝါကို ချစ်တဲ့သူကိုသာ သင် လက်ထပ်မယ်ဆိုရင် ကိုယ်တော့်အပေါ် ဆက်သစ္စာရှိနေဖို့ ကူညီပေးမယ့် လက်တွဲဖော်ကို ရရှိပါလိမ့်မယ်

၁၃။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး အစ္စရေးတွေကို ယေဟောဝါ ဘာမိန့်မှာခဲ့သလဲ။

၁၃ ယေဟောဝါဟာကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို သိတယ်။ “သခင်၌ရှိသောသူကိုသာ” လက်ထပ်ပါဆိုတဲ့ မိန့်မှာချက်ဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ဥပမာ၊ ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ ပတ်သက်ပြီး အစ္စရေးတွေကို မောရှေကတစ်ဆင့် အခုလိုမိန့်မှာတယ်– ‘သူတို့နဲ့ ထိမ်းမြားပေးစားတာမျိုး မလုပ်နဲ့။ ကိုယ့်သမီးတွေကို သူတို့သားတွေနဲ့ မပေးစားနဲ့။ သူတို့သမီးတွေကိုလည်း ကိုယ့်သားတွေနဲ့ မပေးစားနဲ့။ ဘုရားသခင်ကိုစွန့်ပစ်ပြီး တခြားဘုရားတွေကို ဝတ်ပြုအောင် ခင်ဗျားတို့ရဲ့သားသမီးတွေကို သူတို့သွေးဆောင်လိမ့်မယ်။ အဲဒီအခါ ခင်ဗျားတို့ကို ယေဟောဝါ အမျက်ထွက်ပြီး ချက်ချင်းဖျက်ဆီးလိမ့်မယ်။’—တရား. ၇:၃၊ ၄၊ ကဘ။

၁၄၊ ၁၅။ ယေဟောဝါရဲ့ ပညတ်ကို ရှောလမုန် လျစ်လျူရှုတဲ့အတွက် ဘာဖြစ်ခဲ့သလဲ။

၁၄ ရှောလမုန်ဟာ အစ္စရေးဘုရင်ဖြစ်ပြီး မကြာခင်မှာပဲ ဉာဏ်ပညာပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ယေဟောဝါလည်း သူ့ဆုတောင်းချက်ကို အဖြေပေးခဲ့တယ်။ ဒါကြောင့် ရှောလမုန်ဟာ သာယာဝပြောတဲ့နိုင်ငံမှာ ပညာအရှိဆုံးဘုရင် ဖြစ်လာတယ်။ ရှေဘမိဖုရားတောင် ရှောလမုန်ရဲ့ ဉာဏ်ပညာကို သိပ်အထင်ကြီးသွားပြီး ‘မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ ဘုန်းစည်းစိမ်ဟာ ကျွန်မကြားထားတာထက် အဆမတန် သာလွန်နေပါလား’ လို့ ပြောခဲ့တယ်။ (၃ ရာ. ၁၀:၇၊ ကဘ) ဒါပေမဲ့ ရှောလမုန်ရဲ့ ပုံနမူနာက လူတစ်ယောက်ဟာ ဘုရားသခင့်ပညတ်ကို လျစ်လျူရှုပြီး ကိုယ်တော့်ကို ဝတ်မပြုသူနဲ့ လက်ထပ်ရင် ဘာဖြစ်နိုင်တယ်ဆိုတာကိုလည်း သွန်သင်ပေးတယ်။—ဒေ. ၄:၁၃။

၁၅ ယေဟောဝါက ရှောလမုန်ကို ကောင်းချီးပေးပေမဲ့ ကိုယ်တော့်ရှင်းလင်းတဲ့ပညတ်ကို သူ လျစ်လျူရှုခဲ့တယ်။ ယေဟောဝါကို ဝတ်မပြုတဲ့ ‘တိုင်းတစ်ပါးသူအများကြီးကို ချစ်ကြိုက်’ တယ်။ နောက်ဆုံး၊ သူ့မှာ မိဖုရား ၇၀၀၊ မောင်းမ ၃၀၀ အထိ ရှိလာတယ်။ ဘာရလဒ်ရရှိခဲ့သလဲ။ ရှောလမုန်အသက်ကြီးလာတဲ့အခါ အဲဒီမိန်းမတွေက ‘တခြားဘုရားတွေကို ဝတ်ပြုဖို့ စိတ်ယိုင်သွားအောင် လုပ်ကြတယ်။ . . . ရှောလမုန်ဟာ ယေဟောဝါရဲ့အမြင်မှာ မကောင်းတာတွေကို လုပ်ခဲ့တယ်။’ (၃ ရာ. ၁၁:၁-၆၊ ကဘ) မကောင်းတဲ့အပေါင်းအသင်းတွေက ယေဟောဝါကို ဆက်သစ္စာမရှိတော့အောင် ရှောလမုန်ကို ဩဇာလွှမ်းမိုးနိုင်ခဲ့တယ်။ ရှောလမုန်တောင် အဲဒီလိုဖြစ်ခဲ့ရင် တခြားဘယ်သူမဆိုလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ယေဟောဝါကို မချစ်တဲ့သူကို လက်ထပ်ဖို့ စဉ်းတောင်မစဉ်းစားသင့်ဘူး။

၁၆။ မယုံကြည်တဲ့အိမ်ထောင်ဖက်ရှိသူတွေကို ကျမ်းစာမှာ ဘယ်လိုအကြံပြုထားသလဲ။

၁၆ မယုံကြည်သူဇနီးမောင်နှံမှာ တစ်ယောက်ယောက်က ယေဟောဝါကို ဝတ်ပြုသူဖြစ်လာရင်ကော ဘယ်လိုလဲ။ “ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်” လို့ ကျမ်းစာပြောတယ်။ (၁ ပေ. ၃:၁) အဲဒီအကြံပြုချက်ဟာ မယုံကြည်သူဇနီးရှိတဲ့ ခင်ပွန်းတွေနဲ့လည်း သက်ဆိုင်တယ်။ ကျမ်းစာသတိပေးချက်ကတော့ ရှင်းရှင်းလေးပါပဲ– ခင်ပွန်းကောင်း၊ ဇနီးကောင်းဖြစ်ပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းတွေကို လိုက်နာပါ။ သင်ပြောင်းလဲလာတာကို သင့်အိမ်ထောင်ဖက် သတိပြုမိတဲ့အခါ သူလည်း ယေဟောဝါကို ဝတ်ပြုချင်လာပါလိမ့်မယ်။ အဲဒီလိုတွေ့ကြုံမှုတွေ အများကြီးရှိတယ်။

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ

၁၇၊ ၁၈။ ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ဖို့ နောဧကို ဘာကကူညီပေးခဲ့သလဲ။ ဂျေရုဆလင်မြို့ ပျက်စီးခြင်းဘေးကနေ လွတ်မြောက်ဖို့ ပထမရာစုခရစ်ယာန်တွေကို ဘာက ကူညီပေးခဲ့သလဲ။

၁၇ မကောင်းတဲ့အပေါင်းအသင်းတွေက ယေဟောဝါကို မနာခံအောင် ဩဇာလွှမ်းမိုးနိုင်တယ်။ အပေါင်းအသင်းကောင်းတွေကတော့ ကိုယ်တော့်အပေါ် သစ္စာရှိအောင် ကူညီပေးနိုင်တယ်။ နောဧအကြောင်း စဉ်းစားကြည့်ပါ။ သူဟာ ‘မြေကြီးပေါ်မှာ လူတွေ သိပ်ဆိုးနေတဲ့အချိန်၊’ ‘လူတွေရဲ့ စိတ်အကြံအစည်ရှိသမျှ အမြဲဆိုးညစ်နေတဲ့အချိန်’ မှာ အသက်ရှင်ခဲ့ရတယ်။ (က. ၆:၅၊ ကဘ) လူတွေဆိုးလွန်းလို့ သူတို့ကို ဖျက်ဆီးဖို့ ယေဟောဝါ ဆုံးဖြတ်ခဲ့တယ်။ နောဧကတော့ သူတို့နဲ့ မတူဘူး။ ‘ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ၊ ဖြောင့်မတ်သူ’ ဆိုပြီး သူ့ကို ကျမ်းစာမှာခေါ်ထားတယ်။—က. ၆:၇-၉၊ ကဘ။

၁၈ နောဧဟာ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ မပေါင်းသင်းဘူး။ သူနဲ့သူ့မိသားစုဟာ သင်္ဘောဆောက်လုပ်ရေးမှာ အလုပ်များနေခဲ့တယ်။ နောဧဟာ “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” လည်းဖြစ်တယ်။ (၂ ပေ. ၂:၅) နောဧနဲ့ သူ့မိသားစုဝင် ခုနစ်ယောက်တို့ဟာ အချင်းချင်း ဆက်ဆံရေးကောင်းရှိတယ်။ ဘုရားသခင် နှစ်သက်တာတွေကို လုပ်ဆောင်ရာမှာ အလုပ်များနေခဲ့ကြတယ်။ ဒါကြောင့် ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ခဲ့တယ်။ ယေဟောဝါကို နာခံပြီး မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ခဲ့တဲ့အတွက် နောဧတို့မိသားစုကို ကျေးဇူးတင်ရမယ်။ ဒီနေ့ခေတ်လူသားအားလုံး သူတို့ကနေ ဆင်းသက်လာလို့ပဲ။ ပထမရာစုခရစ်ယာန်တွေလည်း ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ မပေါင်းသင်းခဲ့ဘူး။ ယေဟောဝါကို နာခံတဲ့အတွက် အေဒီ ၇၀၊ ဂျေရုဆလင်မြို့ ပျက်စီးခြင်းဘေးကနေ သူတို့ လွတ်မြောက်ခဲ့တယ်။—လု. ၂၁:၂၀-၂၂။

ယေဟောဝါသက်သေတွေဟာ ယုံကြည်သူချင်းတွေနဲ့ အကျိုးရှိရှိပေါင်းသင်းရတာကို ပျော်မွေ့နေ

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းခြင်းက ကမ္ဘာသစ်အသက်တာကို မြင်ယောင်ဖို့ ကူညီပေးတယ် (အပိုဒ် ၁၉ ကိုကြည့်ပါ)

၁၉။ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ကျွန်တော်တို့ကို ဘာက ကူညီပေးမလဲ။

၁၉ နောဧတို့မိသားစုနဲ့ ပထမရာစုခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ မပေါင်းသင်းကြဘူး။ ကျွန်တော်တို့ မိတ်ဆွေဖွဲ့နိုင်တဲ့ သစ္စာရှိညီအစ်ကိုညီအစ်မ သန်းပေါင်းများစွာ ရှိတယ်။ သူတို့က ဒီခက်ခဲချိန်အတွင်း “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံ” ဖို့ ကူညီပေးပါလိမ့်မယ်။ (၁ ကော. ၁၆:၁၃; သု. ၁၃:၂၀) ဒီနောက်ဆုံးကာလမှာ မကောင်းတဲ့အပေါင်းအသင်းတွေကို သတိထားရှောင်ရှားမယ်ဆိုရင် ဒီစနစ်ဆိုးကနေ လွတ်မြောက်ပြီး ယေဟောဝါရဲ့ ကမ္ဘာသစ်မှာ အသက်ရှင်နေထိုင်ရပါလိမ့်မယ်။ သိပ်ကောင်းမွန်တဲ့ အလားအလာပါပဲ။

စကားလုံးတချို့ရဲ့ အဓိပ္ပာယ်

  • “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏”– ယေဟောဝါရဲ့စံနှုန်းအတိုင်း မနေထိုင်သူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် မကောင်းတာလုပ်ဖို့ သွေးဆောင်ခံရနိုင်တယ်။ ဒါကြောင့် သူတို့နဲ့ အချိန်ပေးမပေါင်းသင်းရဘူး၊ ရင်းရင်းနှီးနှီး မိတ်ဆွေမဖွဲ့ရဘူး၊ သူတို့ကို လက်ထပ်ဖို့ မစဉ်းစားရဘူး။ ဘုရားသခင်ကို မနာခံအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဘယ်အရာကိုမှ မကြည့်၊ မဖတ်၊ နားမထောင်ဖို့ သတိထားရမယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ