ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သင်တွေ့ မြင်သည့်အရာများကို ကျော်၍ ကြည့်မြင်ပါ!
    ကင်းမျှော်စင်—၁၉၉၆ | ဖေဖော်ဝါရီ ၁၅
    • ထိုကဲ့သို့သောအခြေအနေများကြားမှ သစ္စာရှိတပည့်တော်များသည် ခိုင်မြဲစွာရပ်တည်ခဲ့ကြ၏။ ဘုရားသခင်ကို ခိုင်မာစွာယုံကြည်လျက် ပေါလု ဆိုခဲ့သကဲ့သို့ သူတို့ပြောဆိုနိုင်ကြသည်– “ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏။” သို့သော် အဘယ်အရာက ဤနေ့စဉ်ပြုပြင်မှုကို ဖြစ်စေသနည်း။ ပေါလု ဤသို့ဆက်ပြောသည်– “အကြောင်းမူကား မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက် ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ဖြစ်စေတတ်၏။”—၂ ကောရိန္သု ၄:၁၆-၁၈။

  • သင်တွေ့ မြင်သည့်အရာများကို ကျော်၍ ကြည့်မြင်ပါ!
    ကင်းမျှော်စင်—၁၉၉၆ | ဖေဖော်ဝါရီ ၁၅
    • လက်ရှိဆင်းရဲဒုက္ခများကို ခဏမျှသာဖြစ်သောအရာအဖြစ် ရှုမြင်လော့!

      ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျွန်ုပ်တို့မမြင်လိုသောအရာများကို နေ့စဉ်နှင့်အမျှတွေ့ မြင်နေရကြသည်။ ကြေးမုံပြင်သို့တစ်ချက်လေးဝေ့ကြည့်လိုက်ရုံနှင့် ကိုယ်ကာယမစုံလင်မှု၏လက္ခဏာများဖြစ်သော ပကတိကိုယ်ခန္ဓာပေါ်မှ နှစ်သက်ဖွယ်ရာမရှိသည့် အစက်အပြောက်များနှင့် အပြစ်အနာအဆာများကို သတိမထားမိဘဲနေမည်မဟုတ်ပေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကြေးမုံပြင်သို့ စူးစိုက်၍ကြည့်ရှုလိုက်ပါက ကျွန်ုပ်တို့ကိုယ်တိုင်၌ရော အခြားသူများ၌ပါ ဝိညာဏအပြစ်အနာအဆာများကို တွေ့ မြင်ရပေမည်။ (ယာကုပ် ၁:၂၂-၂၅) နေ့စဉ်သတင်းစာ သို့မဟုတ် ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် ကျွန်ုပ်တို့ကြည့်လိုက်သောအခါ မတရားမှု၊ အကြင်နာကင်းမဲ့မှုနှင့် ပူဆွေးသောကရောက်ဖွယ်အဖြစ်အပျက်တို့သည် ချက်ချင်းပင် ကျွန်ုပ်တို့အားဝမ်းနည်းကြေကွဲမှုကို ဖြစ်စေပေမည်။

      ကျွန်ုပ်တို့တွေ့ မြင်ရာများကြောင့် စိတ်ဓာတ်ပျက်ပြားသွားရန် သို့မဟုတ် လမ်းလွဲသွားပြီး ယုံကြည်ခြင်းတွင် စတင်ယိမ်းယိုင်လာရန် ကျွန်ုပ်တို့အား စာတန်ဖြစ်စေလို၏။ ယင်းသို့ ဖြစ်ခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။ တမန်တော်ပေတရု ဤသို့ပြောဆိုချိန်၌ အကြံပေးခဲ့သည့်အတိုင်း ယေရှုချမှတ်ခဲ့သည့် ပုံသက်သေကို လိုက်လျှောက်ရမည်ဖြစ်သည်– “အကြောင်းမူကား ထိုသို့အလိုငှာသင်တို့ကို ခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) ခရစ်ယာန်အသက်တာ၏ မည်သည့်ကဏ္ဍတွင်မဆို ယေရှုသည် စုံလင်သောပုံသက်သေဖြစ်တော်မူ၏။

      ယေရှုကို ကျွန်ုပ်တို့၏ပုံနမူနာအဖြစ်ညွှန်ပြရာတွင် ပေတရုသည် ယေရှုဒုက္ခခံခဲ့ရခြင်းကို အထူးပြုဖော်ပြ၏။ မှန်သည်၊ မြေကြီးပေါ်ရှိစဉ် ယေရှုသည် အကြီးအကျယ်ဒုက္ခခံခဲ့ရသည်။ လူသားများကိုဖန်ဆင်းစဉ်က ယေဟောဝါ၏ “လုပ်သားချုပ်” အဖြစ်ရှိနေခဲ့ရာ လူသားများကို ဘုရားသခင်မည်သို့ ဖြစ်စေလိုကြောင်း ကိုယ်တော်ကောင်းစွာသိသည်။ (သု. ၈:၃၀၊ ၃၁၊ ကဘ) သို့သော် အပြစ်နှင့် မစုံလင်မှုက သူတို့ကိုမည်သို့ ဖြစ်သွားစေပြီဖြစ်ကြောင်း ယခု ကိုယ်တော်တိုင်တွေ့ မြင်ရပေပြီ။ နေ့စဉ် လူတို့၏မစုံလင်မှုနှင့် အားနည်းချက်များကို တွေ့ မြင်ရင်ဆိုင်ခဲ့ရ၏။ ယင်းသည် ကိုယ်တော့်အတွက် စမ်းသပ်ချက်ဖြစ်ခဲ့ပေမည်။—မဿဲ ၉:၃၆; မာကု ၆:၃၄။

      အခြားသူများ၏ဆင်းရဲဒုက္ခများအပြင် ယေရှုသည် ကိုယ်တော်တိုင်လည်းတွေ့ ကြုံခံစားခဲ့ရ၏။ (ဟေဗြဲ ၅:၇၊ ၈) သို့သော် စုံလင်သည့်ဝိညာဏမျက်စိဖြင့် ယင်းတို့ကိုကျော်၍ မိမိ၏သစ္စာရှိမှုလမ်းစဉ်အတွက် မသေတော့မည့်အသက်တာသို့ ချီးမြှင့်ခံရမည်ဟူသည့် ဆုကျေးဇူးကို ကြည့်မြင်ခဲ့သည်။ ထို့နောက် မေရှိယဘုရင်အနေနှင့် ဒုက္ခရောက်နေသည့်လူသားများအား ၎င်းတို့၏တန်ဖိုးမရှိဂုဏ်နိမ့်သောအခြေအနေမှ ယေဟောဝါမူလရည်ရွယ်ထားတော်မူသော စုံလင်ခြင်းအဖြစ်သို့ မြှင့်တင်ပေးခွင့်လည်း ကိုယ်တော်ရရှိမည်ဖြစ်သည်။ ဤမမြင်ရသောအနာဂတ်မျှော်လင့်ချက်အပေါ် မိမိ၏မျက်စိကို ဆက်၍အာရုံစိုက်နေခြင်းက တစ်နေ့ပြီးတစ်နေ့ မြင်တွေ့နေရသောဆင်းရဲဒုက္ခများအကြားတွင် မိမိ၏ဘုရားရေးရာလုပ်ငန်းတော်ကို ရွှင်လန်းစွာ ဆက်လက်ထိန်းသိမ်းရန် ကိုယ်တော့်အားအကူအညီဖြစ်စေခဲ့သည်။ နောက်ပိုင်း ဤသို့ပေါလုရေးသားခဲ့သည်– “ထိုသခင်သည် မိမိရှေ့ ၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။”—ဟေဗြဲ ၁၂:၂။

      ခက်ခဲမှုများနှင့် စုံစမ်းမှုဖြစ်သောအခြေအနေများက မိမိကိုစိတ်ဓာတ်ပျက်ပြားသွားစေရန်၊ လမ်းလွဲသွားစေရန် သို့မဟုတ် ယုံကြည်ခြင်းတွင် ယိမ်းယိုင်သွားစေရန် ဘယ်တော့မျှ ယေရှုခွင့်မပြုခဲ့ချေ။ ကိုယ်တော်၏တပည့်တော်များအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မြင့်မြတ်လှသောပုံသက်သေကို အနီးကပ်ဆုံးလိုက်လျှောက်ရမည်ဖြစ်သည်။—မဿဲ ၁၆:၂၄။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ