ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၃ စာ. ၁၀-၁၁
  • ကိုယ်နဲ့မတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်နဲ့မတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာ
  • ကျမ်းစာအခြေခံမူ
  • မိတ်ဆွေဖွဲ့တာက ကူညီပေးနိုင်ပုံ
  • လုပ်ဆောင်နိုင်တဲ့အချက်
  • မလိုမုန်းထား ခွဲခြားဆက်ဆံမှုကို သူတို့ ထုတ်ပယ်နိုင်ခဲ့ကြ
    နိုးလော့!—၂၀၂၀
  • မေတ္တာပြပါ
    နိုးလော့!—၂၀၂၀
  • အပေါင်းအသင်း တိုးချဲ့သင့်သလား
    လူငယ်များအမေး
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၃ စာ. ၁၀-၁၁
လူမျိုးမတူ၊ နောက်ခံမတူတဲ့ အမျိုးသမီးလေးဦးရဲ့ ကလေးတွေ ကစားကွင်းမှာ ဆော့ကစားနေချိန်မှာ သူတို့က စကားပြောပြီး ရယ်မောနေကြစဉ်။

ကိုယ်နဲ့မတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ

ပြဿနာ

ကိုယ်မကြိုက်တဲ့ လူမျိုးထဲက လူတွေကို ရှောင်နေမယ်ဆိုရင် မလိုမုန်းထားစိတ် ပိုကြီးထွားလာမယ်။ ကိုယ်နဲ့တူတဲ့သူတွေနဲ့ပဲ မိတ်ဆွေဖွဲ့မယ်ဆိုရင် ကိုယ့်ရဲ့ အတွေးအခေါ်၊ ခံစားချက်၊ လုပ်ရပ်တွေကပဲ မှန်တယ်လို့ ယူဆလာနိုင်တယ်။

ကျမ်းစာအခြေခံမူ

“နှလုံးသားကို ကျယ်ကျယ် ဖွင့်ထားပါ။” —၂ ကောရိန္သု ၆:၁၃၊ အောက်ခြေမှတ်ချက်။

ဘာကို ဆိုလိုသလဲ။ “နှလုံးသား” ဆိုတာ စိတ်လှုပ်ရှားမှု၊ ချစ်ခင်စုံမက်မှုကို ရည်ညွှန်းလေ့ရှိတယ်။ ကိုယ်နဲ့တူတဲ့သူတွေကိုပဲ ချစ်ခင်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံးသားတံခါး ပိတ်သွားမယ်။ အဲဒီလို မဖြစ်အောင် ကိုယ်နဲ့မတူတဲ့သူတွေကိုလည်း မိတ်ဆွေဖွဲ့ဖို့ လိုတယ်။

မိတ်ဆွေဖွဲ့တာက ကူညီပေးနိုင်ပုံ

တခြားသူတွေနဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ ကိုယ်နဲ့ ဘာကြောင့် မတူသလဲဆိုတာ သိလာမယ်။ သူတို့နဲ့ ရင်းနှီးလာလေ ကိုယ်နဲ့ တသားတည်း ဖြစ်လာလေပဲ။ သူတို့ကို ပိုတန်ဖိုးထားလာတဲ့အခါ သူတို့ရဲ့ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေကို ဝေမျှခံစားတတ်လာတယ်။

နာဇရင်းရဲ့ နမူနာကို စဉ်းစားကြည့်ပါ။ အရင်တုန်းက သူဟာ တိုင်းတစ်ပါးက ပြောင်းရွှေ့လာသူတွေအပေါ် အပျက်သဘောထား ရှိခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မ သူတို့နဲ့ ပေါင်းပြီး အတူတူ အလုပ်လုပ်တဲ့အခါ သူတို့အုပ်စုနဲ့ပတ်သက်ပြီး ကျွန်မ ကြားထားတာနဲ့ လုံးဝ မတူတဲ့သူတွေကို တွေ့ခဲ့ရတယ်။ ကိုယ်နဲ့ ယဉ်ကျေးမှု မတူတဲ့သူတွေနဲ့ ရင်းနှီးလာတဲ့အခါ သူတို့အားလုံးက ဒီပုတ်ထဲက ဒီပဲ မဟုတ်ဘူးဆိုတာ သိလာတယ်။ သူတို့ကို ပိုချစ်ခင်လာတယ်။ တစ်ယောက်ချင်းစီကို ပိုတန်ဖိုးထားလာတယ်။”

သတိပြုရမယ့်အချက်

တချို့လူတွေဟာ ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်စေတဲ့ အရာတွေကို ရွေးချယ်ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် သေချာရွေးချယ်ပြီး မိတ်ဆွေ ဖွဲ့သင့်တယ်။ မရိုးသားတဲ့သူတွေ၊ အကျင့်ပျက်တဲ့သူတွေကို မိတ်ဆွေ မဖွဲ့တာက ခွဲခြားဆက်ဆံတာ မဟုတ်ဘူး။ ကိုယ်နဲ့ ကိုယ်ကျင့်တရားစံနှုန်း မတူတဲ့သူတွေကို ထိခိုက်အောင် မလုပ်ဘူး၊၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း မထိပါးဘူး။ ဒါပေမဲ့ သူတို့နဲ့ မိတ်ဆွေ မဖွဲ့တာက ပညာရှိရာ ရောက်ပါတယ်။ —ပညာအလိမ္မာ ၁၃:၂၀။

လုပ်ဆောင်နိုင်တဲ့အချက်

ကိုယ်နဲ့ နိုင်ငံ၊ လူမျိုး၊ ဘာသာစကား မတူတဲ့သူတွေနဲ့ စကားပြောဖို့ အခွင့်အရေး ရှာပါ။ ဒါတွေ လုပ်ကြည့်နိုင်တယ်–

  • သူတို့အကြောင်း မေးကြည့်ပါ။

  • အတူစားသောက်ဖို့ ဖိတ်ခေါ်ပါ။

  • သူတို့အကြောင်း ပြောပြတဲ့အခါ နားထောင်ပါ။ သူတို့ အလေးထားတာတွေကို သိအောင် လုပ်ပါ။

သူတို့ တွေ့ကြုံခဲ့တာတွေကို သိလာတဲ့အခါ သူတို့ရဲ့ ဘဝအခြေအနေကို ပိုနားလည်လာတယ်။ အဲဒီအခါ သူတို့ကို အကောင်းမြင်လာမယ်။

ဖြစ်ရပ်မှန်– ကန်ဒါစမီနဲ့ စူခမ်မာ (ကနေဒါ)

“တောင်အာဖရိကနိုင်ငံမှာ လူမျိုးရေး ခွဲခြားမှု ကြီးစိုးနေတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ ကြီးပြင်းခဲ့ရတယ်။ လူမျိုးအလိုက် သီးခြားရပ်ကွက်တွေမှာ နေထိုင်ကြရတယ်။ ဒါနဲ့ လူမျိုးရေး ခွဲခြားတဲ့ သဘောထားတွေ ကြီးထွားလာတယ်။ ကျွန်တော်တို့က လူဖြူတွေ မဟုတ်ဘူး။ ကျွန်တော်တို့ကို နှိမ်တဲ့ လူဖြူတွေကို မကြိုက်ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်တို့မှာ ခွဲခြားဆက်ဆံတဲ့သဘော ရှိတယ်လို့ မထင်ခဲ့ဘူး။ ကျွန်တော်တို့ကသာ ခွဲခြားဆက်ဆံခံရတာလို့ ခံစားခဲ့ရတယ်။

“အဲဒီသဘောထားကို ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ရဲ့ နှလုံးသားတံခါးကို ကျယ်ကျယ်ဖွင့်ပြီး နောက်ခံ မတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အစပြုလုပ်ဆောင်ခဲ့တယ်။ လူဖြူတွေနဲ့ ပေါင်းသင်းကြည့်တဲ့အခါ သူတို့နဲ့ ကျွန်တော်တို့မှာ တူညီတဲ့အချက် တော်တော်များများ ရှိတယ်ဆိုတာ သိလာတယ်။ ကြုံတွေ့ရတဲ့ ဘဝအခြေအနေတွေ၊ ပြဿနာတွေလည်း အတူတူပဲ။

“ကျွန်တော်တို့အိမ်မှာ လူဖြူလင်မယားနှစ်ယောက် အကြာကြီး နေသွားသေးတယ်။ သူတို့နဲ့ ရင်းနှီးလာတယ်။ မကြာခင်မှာ ကျွန်တော်တို့ဟာ မိတ်ဆွေတွေပဲ၊ အတူတူပဲဆိုတာ သိလာတယ်။ ဒါနဲ့ လူဖြူတွေကို ပိုပြီး အကောင်းမြင်လာတယ်။”

ညီအစ်ကို အစစ်အမှန်

ဂျွန်နီနဲ့ ဂီဒီယံ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမ အပြင်ဘက်မှာ ကလေးတွေကို နှုတ်ဆက်နေစဉ်။

လူမျိုးမတူ နိုင်ငံရေးအမြင် မတူတဲ့ ဂျွန်နီနဲ့ ဂီဒီယံဟာ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်လာတယ်။

ဂျွန်နီနဲ့ ဂီဒီယံ– ရန်သူဖြစ်ခဲ့ပေမဲ့ အခုတော့ ညီအစ်ကိုတွေ ဖြစ်နေ ဗီဒီယိုကို ကြည့်ပါ။ ဗီဒီယိုကို jw.org/my မှာ ရှာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ