ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၀/၁၅ စာ. ၃၂
  • “မညီသောထမ်းပိုးကို မထမ်းကြနှင့်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မညီသောထမ်းပိုးကို မထမ်းကြနှင့်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၀/၁၅ စာ. ၃၂

“မညီသောထမ်းပိုးကို မထမ်းကြနှင့်”

ဤတွင် သင်တွေ့မြင်ရသည့်အတိုင်း ကုလားအုတ်နှင့်နွား အတူယှဉ်တွဲ၍ ထယ်ထိုးနေသည်မှာ အလွန်အကြည့်ရဆိုးသည်။ ၎င်းတို့ကို ချိတ်ဆက်ထားသောထမ်းပိုးသည်—အရွယ်အစားနှင့် ခွန်အားတူညီသော တိရစ္ဆာန်နှစ်ကောင်အတွက်ဖြစ်ရာ—တိရစ္ဆာန်နှစ်ကောင်စလုံးကို ထိခိုက်နစ်နာစေသည်။ ထိုသို့သောဝန်တင်တိရစ္ဆာန်များ၏အကျိုးကိုထောက်၍ ဘုရားသခင်က “နွားနှင့်မြည်းကိုဖက်၍ လယ်မထွန်ရ” ဟုဣသရေလအမျိုးကို မိန့်မှာခဲ့ခြင်းဖြစ်သည်။ (တရားဟောရာ ၂၂:၁၀) အဆိုပါမူသည် နွားနှင့် ကုလားအုတ်နှင့်လည်း သက်ဆိုင်ပေမည်။

ပုံမှန်အားဖြင့် လယ်သမားတစ်ဦးသည် သူ၏တိရစ္ဆာန်များကို ထိုသို့အခက်တွေ့စေမည်မဟုတ်ပါ။ သို့သော် နွားထီးနှစ်ကောင်မရှိပါက ရှိသည့်တိရစ္ဆာန်နှစ်ကောင်ကို ဖက်စပ်၍ သူထမ်းပိုးတင်ပေမည်။ ပုံတွင်ပါသော ၁၉ ရာစုမှ လယ်သမားသည် ထိုသို့ပြုလုပ်ခဲ့ပုံရသည်။ ၎င်းတို့၏အရွယ်အစားနှင့် အလေးချိန်မတူသောကြောင့် ခွန်အားနည်းသောတိရစ္ဆာန်သည် အမီလိုက်ဖို့ ရုန်းကန်လှုပ်ရှားရပြီး အားကြီးသောတိရစ္ဆာန်မှာလည်း ဝန်ပိုဆွဲရပေမည်။

တမန်တော်ပေါလုသည် မတူညီသောထမ်းပိုးပုံဥပမာကိုသုံး၍ ကျွန်ုပ်တို့ကို အရေးပါသောသင်ခန်းစာတစ်ခုပေးခဲ့သည်။ “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ မညီသောထမ်းပိုးကိုမထမ်းကြနှင့်” ဟုသူရေးသားခဲ့သည်။ “တရားသောအမှုသည် မတရားသောအမှုနှင့် အဘယ်သို့ပေါင်းဖက်နိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။” (၂ ကောရိန္သု ၆:၁၄၊ သမ္မာ) ခရစ်ယာန်တစ်ဦးသည် မတူညီသောထမ်းပိုးကို မည်သို့ထမ်းလာနိုင်သနည်း။

တစ်နည်းမှာ ခရစ်ယာန်တစ်ဦးသည် သူ၏ယုံကြည်ချက်များကို လက်မခံသောအိမ်ထောင်ဖက်တစ်ဦးကို ရွေးချယ်လျှင်ဖြစ်မည်။ ဤသို့တွဲဖက်သည့်မောင်နှံစုံသည် အဓိကကျသောအချက်များတွင် သဘောကွဲလွဲကြရာ ထိုစုံဖက်မှုသည် နှစ်ဖက်စလုံးအတွက် စိတ်မချမ်းသာစရာဖြစ်ပေမည်။

ယေဟောဝါသည် အိမ်ထောင်ရေးကို စတီထွင်သောအခါ ဇနီးသည်ကို “အထောက်အမ” အခန်းကဏ္ဍမှ ပါဝင်စေခဲ့သည်။ (ကမ္ဘာဦး ၂:၁၈) ထိုနည်းတူ ပရောဖက်မာလခိမှတစ်ဆင့် ဘုရားသခင်သည် ဇနီးတစ်ဦးကို ‘အဖော်အဖက်’ အဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်။ (မာလခိ ၂:၁၄) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အိမ်ထောင်သည်မောင်နှံစုံများအား ဝန်ထုပ်ဝန်ပိုးများကို အတူဝေမျှထမ်းဆောင်စေလိုပြီး အကျိုးကျေးဇူးများကို သာတူညီမျှခံစားကာ ဝိညာဉ်ရေးလမ်းကြောင်း တစ်ခုတည်းအပေါ် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲကြိုးပမ်းသွားစေလိုသည်။

ခရစ်ယာန်တစ်ဦးသည် “သခင်ဘုရား၌သာ” လက်ထပ်ထိမ်းမြားခြင်းဖြင့် ကောင်းကင်ခမည်းတော်၏သွန်သင်ချက်ကို လေးစားကြောင်းပြ၏။ (၁ ကောရိန္သု ၇:၃၉) ထိုသို့ပြုခြင်းက စည်းလုံးသောအိမ်ထောင်မင်္ဂလာအတွက် အုတ်မြစ်ချပေး၍ ၎င်းဇနီးမောင်နှံနှစ်ဦးစလုံး အထူးသဘောမျိုးဖြင့် ‘အမှုတော်ထမ်းဖက်စစ်များ’ အဖြစ် ဘုရားသခင့်အမှုတော်ထမ်းကြစဉ် ကိုယ်တော်အား ဂုဏ်တင်ချီးမွမ်းနိုင်သည်။—ဖိလိပ္ပိ ၄:၃၊ သမ္မာ။

[Picture Credit Line on page 32]

Camel and ox: From the book La Tierra Santa, Volume 1, 1830

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ