ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁ စာ. ၂၉-၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မယုံကြည်သူတို့နှင့်တွဲဖက်၍ ထမ်းပိုးကိုမထမ်းကြနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မယုံကြည်သူအိမ်ထောင်ဖက်တစ်ဦးကို ကြိုးစားကူညီပေးနိုင်မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁ စာ. ၂၉-၃၀

စာရှုသူများထံမှ မေးခွန်းလွှာ

သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်” ဟုပြောထားရာ ခရစ်ယာန်တစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့်တွဲ၍ စီးပွားရှာနိုင်သလော။

ထိုသြဝါဒကို ၂ ကောရိန္သု ၆:၁၄-၁၆ တွင် ကျွန်ုပ်တို့တွေ့နိုင်သည်–“မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့်အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။ ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့်အဘယ်သို့စပ်ဆိုင်ရမည်နည်း။”

ဤသြဝါဒကိုပေးခဲ့ရာတွင် ခရစ်ယာန်တစ်ဦးသည် စီးပွားရေးလုပ်ငန်း၌ မယုံကြည်သူတစ်ဦးနှင့်အတူရှိနေခြင်းကိုဆန့်ကျင်ခြင်းစသည့် တိကျသောတားမြစ်ချက်များထုတ်ရန် ပေါလုရည်ရွယ်ခဲ့သည်ဟု ယုံကြည်စရာအကြောင်းမရှိပါ။ သို့သော် သူ့သြဝါဒသည် ယင်းအချက်နှင့်အမှန်ပင်ပတ်သက်နေပြီး ဘဝ၏အခြားကဏ္ဍများနှင့်လည်းသက်ဆိုင်သည်။

ဤသြဝါဒကို ရှေးကောရိန္သုမြို့ရှိ မိမိ၏ခရစ်ယာန်ညီအစ်ကိုများထံသို့ ပေါလုရေးခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့်ဖောက်ပြန်ယိုယွင်းနေသည့်မြို့တွင် နေထိုင်ရသည့်အတွက် စာရိတ္တနှင့်ဝိညာဏအန္တရာယ်များကို နေ့စဉ်သူတို့တွန်းလှန်ကြရသည်။ သူတို့ဂရုမစိုက်ကြပါက ကောင်းကျိုးမပေးသည့်သြဇာလွှမ်းမိုးမှုများသည် ‘ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်တော်မူရာများ’ အနေနှင့် သီးခြားလူများအဖြစ်လျာထားခံရသည့်အဖြစ်မှ သူတို့အား တရွေ့ရွေ့လျှောကျသွားစေနိုင်သည်—၁ ပေတရု ၂:၉။

၂ ကောရိန္သု ၆:၁၄-၁၆ ပါအချက်များကိုမရေးသားမီ ပေါလုသည် ကောရိန္သုမြို့သားညီအစ်ကိုများအလယ်တွင် အလွန်ကြီးလေးသည့်ပြဿနာတစ်ရပ်ကိုကြုံခဲ့ရသည်။ ကြီးလေးသည့်စာရိတ္တယိုယွင်းမှုတစ်ခုကို သူတို့ထဲ၌ခွင့်ပြုထားကြသည်။ ထို့ကြောင့် နောင်တမယူသောအပြစ်ပြုသူကို ထုတ်ပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် သူတို့အားပေါလုညွှန်ကြားခဲ့သည်။ (၁ ကောရိန္သု ၅:၁) မကောင်းသောအပေါင်းအသင်း သို့မဟုတ် လောက၏စာရိတ္တဝန်းကျင်တွင် မဆင်မခြင်စုံးစုံးမြုပ်နေခြင်းသည် ခရစ်ယာန်များကိုထိခိုက်နိုင်ကြောင်း ထိုသူ၏မှားယွင်းမှုကတင်ပြသည်။

ကောရိန္သုခရစ်ယာန်များသည် နှင်ထုတ်ထားသူနှင့်ပေါင်းသင်းခြင်းကို ရှောင်ရသော်လည်း ယင်းက မယုံကြည်သူများနှင့် လုံးဝသီးခြားနေရမည်ဟုဆိုလိုပါသလော။ တကယ်တမ်းအားဖြင့် ဆက်သွယ်မှုအားလုံးကိုဖြတ်တောက်ခြင်း သို့မဟုတ် ခရစ်ယာန်မဟုတ်သူများနှင့်မဆက်ဆံတော့ခြင်းအားဖြင့် ပင်လယ်သေအနားရှိကွမ္မရမ်အရပ်တွင် တသီးတခြားသွားနေသောဂျူးများနည်းတူ ရဟန်းဂိုဏ်းဝင်ကဲ့သို့ဖြစ်လာရမည်လော။ ပေါလုဖြေပါစေ–“သင်တို့သည် မတရားသောမေထုန်၌မှီဝဲသောသူတို့နှင့် မပေါင်းဖော်မည်အကြောင်း အထက်သြဝါဒစာ၌ ငါရေးထားခဲ့ပြီ။ ထိုသို့ရေးထားသော် မတရားသောမေထုန်၌မှီဝဲခြင်း . . . ကိုပြုသော လောကီသားတို့နှင့် အလျင်းမပေါင်းဖော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှထွက်သွားရကြမည်။”—၁ ကောရိန္သု ၅:၉၊ ၁၀။

ဤစကားများ၏အဓိပ္ပာယ်မှာ ရှင်းပါသည်။ ခရစ်ယာန်များသည် ဤဂြိုဟ်ပေါ်တွင်နေနေရပြီး စာရိတ္တနိမ့်ကျ၍စံချိန်ခြားနားသော မယုံကြည်သူများကြားတွင်ရှိကာ သူတို့နှင့် နေ့စဉ်ထိတွေ့နေကြရကြောင်း ပေါလုသဘောပေါက်ခဲ့သည်။ အခြေခံအားဖြင့် ယင်းသည် မရှောင်မလွဲနိုင်သဖြင့် ခရစ်ယာန်များသည် ထိုသို့ထိတွေ့ဆက်သွယ်မှုများ၏အန္တရာယ်ကို သတိပြုနေသင့်သည်။

ယခုတစ်ဖန် ကောရိန္သုမြို့သားများထံ ပေါလု၏ဒုတိယစာကို ဆင်ခြင်ကြည့်ကြဦးစို့။ ဘိသိက်ခံခရစ်ယာန်များသည် ဘုရားသခင်၏ဓမ္မအမှုဆောင်များ၊ ခရစ်တော်၏ကိုယ်စားသံတမန်များအဖြစ် အရည်အချင်းရှိသူများဟု သူထောက်ပြခဲ့သည်။ သူတို့၏ဓမ္မအမှုကိုကဲ့ရဲ့စရာဖြစ်စေသည့် မည်သည့်ထိမိလဲစရာမဆိုအား သတိထားရန် သူပြောခဲ့သည်။ (၂ ကောရိန္သု ၄:၁–၆:၃) မိမိ၏ဝိညာဏသားသမီးများနှင့်တူကြသော ကောရိန္သုညီအစ်ကိုများအား သူတို့၏ချစ်ခင်စုံမက်ခြင်းကိုတိုးချဲ့ရန် ပေါလုတိုက်ရိုက်တိုက်တွန်းခဲ့သည်။ (၂ ကောရိန္သု ၆:၁၃) ထိုနောက်ဤသို့တိုက်တွန်းပြန်သည်– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။” ဆွဲဆောင်မှုရှိသည့်ဆန့်ကျင်ဘက်အသုံးအနှုန်းများအားဖြင့် ထိုအချက်ကို သူပေါ်လွင်စေခဲ့သည်။

ပေါလုသည် စီးပွားရေးလုပ်ငန်း သို့မဟုတ် အလုပ်အကိုင်ကဲ့သို့သော ဘဝကဏ္ဍတစ်ခုခုကို အလေးပေးဖော်ပြပြီး ယင်းနှင့်ပတ်သက်၍ တရားဝင်ဥပဒေသတစ်ခုချမှတ်ကာ အတင်းအကျပ်လိုက်နာခိုင်းနေခြင်းမဟုတ်ကြောင်း အထက်အောက်စကားများက ဖော်ပြသည်။ ယင်းအစား သူချစ်သောညီအစ်ကိုများအား ခြုံငုံဖော်ပြသော၊ ကျိုးကြောင်းညီညွတ်သော၊ အကူအညီဖြစ်စေသောသြဝါဒကို ပေးနေခြင်းဖြစ်သည်။

ဤသြဝါဒသည် ဥပမာအားဖြင့် အိမ်ထောင်ပြုခြင်းကို စိတ်ဝင်စားနေသောခရစ်ယာန်တစ်ဦးနှင့် သက်ဆိုင်သလော။ အမှန်သက်ဆိုင်ပါသည်။ ကောရိန္သုမြို့သားများမှအိမ်ထောင်ပြုလိုသူများသည် “သခင်ဘုရား၌သာ” ပြုကြရန် တမန်တော်က သူ၏ပထမစာတွင်သြဝါဒပေးထားသည်။ (၁ ကောရိန္သု ၇:၃၉) ထိုစကားများ၏ဉာဏ်ပညာကို နောက်ရေးသည့်စာဖြစ်သော ၂ ကောရိန္သု ၆:၁၄-၁၈ တွင် ဖော်ပြထားသည်။ ခရစ်ယာန်တစ်ဦးသည် ယေဟောဝါ၏ကျေးကျွန်မဟုတ်၊ ခရစ်တော်၏နောက်တော်လိုက်မဟုတ်သူတစ်ဦးအား အိမ်ထောင်ပြုရန်ရည်စူးနေပါက သူ သို့မဟုတ် သူမသည် မယုံကြည်သူနှင့်ပတ်သက်ဆက်နွယ်လာတော့မည်ကို စဉ်းစားဆင်ခြင်ရမည်။ (ဝတ်ပြုရာ ၁၉:၁၉; တရားဟောရာ ၂၂:၁၀ နှိုင်းယှဉ်။) ရှင်းနေသည်မှာ အခြေခံချင်းမတူညီမှုက ဝိညာဏရေးရာအပါအဝင် ပြဿနာများစွာကို ဖြစ်ပေါ်စေသည်။ ဥပမာ၊ မယုံကြည်သူသည် လောလောဆယ် သို့မဟုတ် နောင်တွင် မှောက်မှားသောဝတ်ပြုရေးကိုလိုက်စားပေမည်။ ပေါလုက “ခရစ်တော်နှင့်ဗေလျာလသည် အဘယ်သို့သင့်တင့်နိုင်မည်နည်း” ဟုဆင်ခြင်ပြသည်။

ဘဝ၏နောက်ကဏ္ဍတစ်ခုဖြစ်သည့် မယုံကြည်သူနှင့်တွဲ၍စီးပွားလုပ်ခြင်းကား မည်သို့နည်း။ စားဝတ်နေရေးအတွက်ငွေရှာပြီး မိသားစုကိုထောက်ပံ့ခြင်းသည် ခရစ်ယာန်ချင်းမဟုတ်သည့်သူနှင့် တွဲဖက်စီးပွားလုပ်ကိုင်ရန် လိုအပ်သည့်အခါများရှိသည်ဟု ခရစ်ယာန်တစ်ဦးယူမှတ်ပေမည်။ (၁ တိမောသေ ၅:၈) ဥပမာသက်သက်များကိုစဉ်းစားကြည့်ပါ–

ခရစ်ယာန်တစ်ဦးသည် ကုန်ပစ္စည်းတစ်မျိုးကိုရောင်းချခြင်းအားဖြင့် စီးပွားရေးတစ်ခုကိုစလိုပေမည်။ သို့သော် လိုအပ်သည့်ထုတ်ကုန် သို့မဟုတ် အရင်းအနှီးထုတ်ပေးနိုင်သူနှင့် တွဲဖက်လုပ်ကိုင်ရမည့်နည်းသာရှိသည်။ နောက်ခရစ်ယာန်တစ်ဦးသည် စိုက်ပျိုးရေး (သို့မဟုတ် မွေးမြူရေးတစ်မျိုးမျိုး) ကိုလုပ်ကိုင်လိုသော်လည်း လိုအပ်သည့်မြေကွက်မရှိလျှင် မြေကွက်ကိုငှားရမ်းပြီး အကျိုးအမြတ်ခွဲဝေခံစားလိုသည့်မြေရှင်နှင့် တွဲဖက်လုပ်ကိုင်ရပေမည်။ အခြားခရစ်ယာန်တစ်ဦးမူ ပိုက်ပြင်ပိုက်ဆက်လုပ်ငန်းနှင့်ပတ်သက်၍ ကဲသာက လုပ်ကိုင်ခွင့်လိုင်စင်အနည်းငယ်သာထုတ်ပေးပြီး ထိုလိုင်စင်များလည်းကုန်ပြီဖြစ်သောကြောင့် ထိုလုပ်ငန်းကိုမလုပ်ကိုင်နိုင်ဘဲဖြစ်နေမည်; သူ့အတွက် တစ်ခုတည်းသောနည်းမှာ လိုင်စင်ရထားသည့် မယုံကြည်သူဆွေမျိုးတစ်ဦးနှင့် တွဲဖက်လုပ်ကိုင်ခြင်းသာဖြစ်သည်။—မာကု ၁၂:၁၇။

ယင်းတို့သည် ဥပမာများသာဖြစ်သည်။ ဖြစ်နိုင်စရာများကို မရမကဖော်ထုတ်ရန် သို့မဟုတ် လက်ခံဖွယ်ရှိခြင်းမရှိခြင်းကို အဆိုပြုရန် ကျွန်ုပ်တို့ကြိုးစားနေခြင်းမဟုတ်ပါ။ သို့သော် ဤဥပမာများကိုသတိထားကြည့်ပါက ၂ ကောရိန္သု ၆:၁၄-၁၈ ပါသြဝါဒကို လျစ်လျူမရှုသင့်ကြောင်း သင်မသိမြင်နိုင်ပေလော။

ခရစ်ယာန်တစ်ဦးသည် ဆွေမျိုးသားချင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မယုံကြည်သူတစ်ဦးနှင့် တွဲဖက်လုပ်ကိုင်ပါက မမျှော်လင့်သောပြဿနာများနှင့် စုံစမ်းခြင်းများကို ကောင်းစွာကြုံတွေ့ရပေမည်။ အကျိုးအမြတ်ကောင်းကောင်းရရှိရန်မှာ အစိုးရဥပဒေနှင့်ဆန့်ကျင်ပါစေ အလုပ်သမားများ သို့မဟုတ် သူတို့၏လုပ်အားခများဆိုင်ရာ လိုအပ်သည့်မှတ်တမ်းများမထားရှိခြင်းဖြစ်သည်ဟု လုပ်ကိုင်ဖက်ကဆုံးဖြတ်ပေမည်။ တရားဝင်ကုန်စာရင်းတွင်မပါသောကုန်များကို ရရန်အတွက် ကုန်ပို့သူအားမသမာလာဘ်ထိုးလိုပေမည်။ ခရစ်ယာန်တစ်ဦးသည် ယင်းကဲ့သို့ သို့မဟုတ် အလားတူမရိုးသားမှုမျိုးတွင် ပါဝင်နိုင်မည်လော။ အခွန်အကောက်စာရွက်စာတမ်းများ သို့မဟုတ် လုပ်ငန်းကိုမည်သို့လုပ်ကိုင်ကြောင်း တရားဝင်စာရွက်စာတမ်းများကို သူတို့နှစ်ဦးလုံးလက်မှတ်ရေးထိုးရမည့်အချိန်ရောက်လာခဲ့သော် ခရစ်ယာန်တစ်ဦးဘာလုပ်မည်နည်း။—ထွက်မြောက်ရာ ၂၃:၁; ရောမ ၁၃:၁၊ ၇။

သို့မဟုတ် မယုံကြည်သူစီးပွားလုပ်ကိုင်ဖက်သည် တိတ္ထိဘာသာရေးပွဲများနှင့်ဆိုင်သောပစ္စည်းများကို သိုလှောင်ထားခြင်း၊ ကုမ္ပဏီ၏အမည်ဖြင့် ပွဲနေ့သဝဏ်လွှာများပေးပို့ခြင်း၊ အလုပ်ခွင်ကို ဘာသာရေးအခမ်းအနားများအတွက်ပြင်ဆင်ခြင်းများကို ပြုလုပ်လိုပေမည်။ ပေါလုဤသို့မေးခဲ့သည်– ‘ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။’ မည်မျှသင့်လျော်လှပါတကား– “ ‘ “ထို့ကြောင့် ဘုရားသခင်မိန့်တော်မူပြန်သည်ကား သင်တို့သည် သူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” ’; “ ‘ထိုသို့ပြုလျှင် သင်တို့ကိုငါသည်လက်ခံမည်” ’ ”! (၂ ကောရိန္သု ၆:၁၆၊ ၁၇) ထိုပညာရှိသြဝါဒကိုလိုက်လျှောက်သောအားဖြင့် ခရစ်ယာန်များစွာတို့သည် ကြီးမားသည့်ပြဿနာများ နည်းနိုင်သမျှနည်းသည့်လုပ်ငန်းမျိုးကို ရွေးချယ်ကြသည်။—ဟေဗြဲ ၁၃:၅၊ ၆၊ ၁၈။

ခရစ်ယာန်အားလုံး အလုပ်သမားဖြစ်စေ၊ အလုပ်ရှင်ဖြစ်စေ မည်သို့လုပ်ကိုင်ဆောင်ရွက်သည်များကို သတိပြုစောင့်ကြည့်နေရန် သို့မဟုတ် စုံစမ်းစစ်ဆေးရန် အသင်းတော်၌တာဝန်မရှိပေ။ မှောက်မှားသည့်ဝတ်ပြုရေးကိုအားပေးခြင်း သို့မဟုတ် တစ်နည်းနည်းအားဖြင့်လိမ်လည်ခြင်း၊ ခိုးခြင်းများစသည့် မှားယွင်းသောလုပ်ရပ်များတွင် ခရစ်ယာန်တစ်ဦးပါဝင်ကြောင်းသတင်းထွက်လာလျှင် အသင်းတော်သည် ယေဟောဝါ၏စံချိန်များကိုစွဲကိုင်ရန် စတင်လုပ်ဆောင်ရပေမည်။

မည်သို့ဆိုစေ အဓိကသော့ချက်ကား “မယုံကြည်သောသူနှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်” ဟူသော ပေါလု၏မှုတ်သွင်းခံသြဝါဒသည် ခရစ်ယာန်များအား ပြဿနာများနှင့် တရားရေးရာအရေးယူဆောင်ရွက်မှုများကို ရှောင်နိုင်ရန် အကူအညီပေးသည်။ ပညာရှိခရစ်ယာန်များသည် ထိုသြဝါဒကိုနှလုံးသွင်းပြီး သမ္မာကျမ်းစာစည်းမျဉ်းများကို အထင်အမြင်လွဲမှားစေသည့်ထပ်ဆင့်ဖိစီးမှုများအောက် ရောက်ရှိသည့်အခြေအနေကို မရွေးချယ်ရပါ။ တစ်ဦးတစ်ယောက်သည် မယုံကြည်သူနှင့်စီးပွားတွဲဖက်လုပ်ရမည်ဟုယူဆလျှင် သူ့ရွေးချယ်မှုအတွက် သူသာတာဝန်ခံရမည်ကို သဘောပေါက်သောအားဖြင့် သူ့အားအလျင်စလိုစီရင်ခြင်း သို့မဟုတ် ပြစ်တင်ဝေဖန်ခြင်းပြုရန်မလိုပါ။ အခြေခံအားဖြင့် ပေါလုသည် မယုံကြည်သူနှင့်တွဲဖက်၍စီးပွားလုပ်ခြင်းကိုဆန့်ကျင်၍ တရားဝင်တင်းကျပ်သည့်စည်းမျဉ်းထုတ်ခြင်းမဟုတ်ပါ။ သို့တိုင် သူ့သြဝါဒကိုလျစ်လျူရှုရန်လည်းမဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အကျိုးအတွက် ထိုသြဝါဒကိုမှုတ်သွင်းပြီး သမ္မာကျမ်းစာတွင်မှတ်တမ်းတင်စေတော်မူခဲ့သည်။ ယင်းကိုကျွန်ုပ်တို့လိုက်နာလျှင် ပညာရှိရာရောက်ပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ