ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၃/၁၅ စာ. ၂၉-၃၁
  • သန့်ရှင်းသူများအတွက် ကယ်ဆယ်ရေးအလှူငွေများ ပေါလုစီစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းသူများအတွက် ကယ်ဆယ်ရေးအလှူငွေများ ပေါလုစီစဉ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်အသင်းတော်အခြေအနေ
  • အလှူငွေကောက်ခံရန်စီစဉ်ခြင်း
  • ပါဝင်ပေးကမ်းသူများ၏စိတ်သဘောထား
  • အလှူငွေပေးအပ်ခြင်း
  • ယနေ့ ကျွန်ုပ်တို့၏အလှူငွေများ
  • ‘တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ‘စေတနာစိတ်နှင့်ပေးလှူသူကို ဘုရားသခင်နှစ်သက်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခရစ်ယာန်များ တစ်ဦးကိုတစ်ဦး လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “သင်တို့သည် ယုံကြည်ခြင်း၌ တည်သလောမတည်သလောဟု ကိုယ့်ကိုယ်ကိုစစ်ကြောကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၃/၁၅ စာ. ၂၉-၃၁

သန့်ရှင်းသူများအတွက် ကယ်ဆယ်ရေးအလှူငွေများ ပေါလုစီစဉ်

ဝိညာဉ်ရေးအကျိုးစီးပွားသည် ခရစ်ယာန်စစ်များအတွက် အဓိကအရေးပါရာဖြစ်သည်။ သို့ဖြစ်စေကာမူ သူတစ်ပါး၏ကာယရေးအကျိုးကို ပူပင်ခြင်းသည်လည်း သူတို့အတွက်အရေးပါသည်။ ခက်ခဲနွမ်းပါးနေသူများကို သူတို့ထောက်ပံ့ပေးတတ်ကြသည်။ ညီအစ်ကိုချင်းမေတ္တာသည် ဆင်းရဲချို့ငဲ့နေသော ယုံကြည်သူချင်းများကို ထောက်မကူညီပေးရန် ခရစ်ယာန်များအား လှုံ့ဆော်ပေး၏။—ယောဟန် ၁၃:၃၄၊ ၃၅။

ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများကိုချစ်သည့်မေတ္တာက အခါယပြည်၊ ဂလာတိပြည်၊ မာကေဒေါနိပြည်နှင့် အာရှိပြည်တို့ရှိ အသင်းတော်များမှ အလှူငွေကောက်ခံရန် တမန်တော်ပေါလုကိုလှုံ့ဆော်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ရန် အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။ ကယ်ဆယ်ရေးအစီအစဉ်ကို မည်သို့စီစဉ်ဆောင်ရွက်ခဲ့သနည်း။ တုံ့ပြန်မှုကားအဘယ်နည်း။ ဖြစ်ပျက်ခဲ့ရာကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။

ယေရုရှလင်အသင်းတော်အခြေအနေ

စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲပြီးနောက်တွင် ထိုပွဲ၌တပည့်များဖြစ်လာကြသော အခြားဒေသများမှ ဂျူးများနှင့် ဘာသာပြောင်းဝင်လာကြသူများသည် စစ်မှန်သောယုံကြည်ခြင်းအကြောင်းကို ပို၍သိရှိရန် ယေရုရှလင်မြို့တွင် အတန်ကြာနေရစ်ခဲ့ကြသည်။ ဤသို့ဆက်နေကြသည့်အတွက် အခက်အခဲပေါ်လာတိုင်း ဝတ်ပြုသူချင်းများက ဝမ်းမြောက်စွာကူညီပေးခဲ့ကြသည်။ (တမန်တော် ၂:၇-၁၁၊ ၄၁-၄၄; ၄:၃၂-၃၇) ဂျူးအမျိုးသားရေးဝါဒီများက ပုန်ကန်ရန်နှင့်လူအုပ်ဖြင့်အကြမ်းဖက်ရန် လှုံ့ဆော်ပေးသောအခါ ပြည်တွင်းဆူပူအုံကြွမှုကြောင့် ပို၍ပင်ဆင်းရဲချို့တဲ့ခဲ့ကြပေမည်။ သို့သော် မည်သည့်ခရစ်တော်နောက်လိုက်မျှ မငတ်မွတ်စေရန် ဆင်းရဲသောမုဆိုးမများအတွက် နေ့စဉ်လှူဒါန်းခဲ့ကြသည်။ (တမန်တော် ၆:၁-၆) ဟေရုဒ်ကိုယ်တိုင် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး စီ.အီး. ၄၀ ပြည့်လွန်နှစ်အလယ်တွင် အစာခေါင်းပါးခြင်းသည် ယုဒနယ်ကို အကြီးအကျယ်ပျက်စီးစေခဲ့၏။ ယေရှု၏နောက်လိုက်များနှင့်စပ်လျဉ်း၍မူကား ယင်းတို့အားလုံးတို့ကြောင့် ပေါလုပြောသည့် “ကဲ့ရဲ့ညှဉ်းဆဲခြင်း၊” “ကြီးစွာသောဆင်းရဲဒုက္ခ၊” “[သူတို့] ပစ္စည်းဥစ္စာများကို သူတစ်ပါးလုယူဖျက်ဆီးခြင်း” တို့ဖြစ်ခဲ့ပေမည်။—ဟေဗြဲ ၁၀:၃၂-၃၄; တမန်တော် ၁၁:၂၇–၁၂:၁။

စီ.အီး. ၄၉ ခန့်တွင် အခြေအနေမှာ စိုးရိမ်စရာရှိနေဆဲပင်။ သို့နှင့် ပေါလု၏ဟောပြောခြင်းလုပ်ငန်းတွင် သူသည် တစ်ပါးအမျိုးသားများကို အာရုံစိုက်မည်ဟု သဘောတူကြပြီးနောက် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် “ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှာ” သူ့ကိုတိုက်တွန်းခဲ့ကြသည်။ ထိုသို့ ပေါလုကြိုးစားလုပ်ဆောင်ခဲ့၏။—ဂလာတိ ၂:၇-၁၀။

အလှူငွေကောက်ခံရန်စီစဉ်ခြင်း

ပေါလုသည် ယုဒနယ်ရှိ ချို့ငဲ့သောခရစ်ယာန်များအတွက် ရန်ပုံငွေကို ကြီးကြပ်ပေးခဲ့သည်။ စီ.အီး. ၅၅ ခန့်တွင် သူသည် ကောရိန္သုမြို့သားများကို ဤသို့ဆိုခဲ့သည်– “သန့်ရှင်းသူတို့အဖို့လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ . . . ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီးကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြလော့။ . . . [ထိုနောက်] သင်တို့အလိုရှိသောသူတို့ကို ငါသည်လက်မှတ်စာပေး၍ သင်တို့လှူသောအလှူကို ယေရုရှလင်မြို့သို့ပို့စိမ့်သောငှာ စေလွှတ်မည်။” (၁ ကောရိန္သု ၁၆:၁-၃) နောက်တစ်နှစ်အကြာတွင် မာကေဒေါနိပြည်နှင့် အခါယပြည်တို့ ပါဝင်လှူဒါန်းခဲ့ကြသည်ဟု ပေါလုပြောခဲ့သည်။ ရရှိသည့်ငွေကို ယေရုရှလင်မြို့သို့ပို့သောအချိန်တွင် အာရှိပြည်မှကိုယ်စားလှယ်များရောက်ရှိနေခြင်းက ထိုဒေသမှအသင်းတော်များကလည်း အလှူငွေထည့်ဝင်ခဲ့ကြောင်း ဖော်ပြနေပုံရသည်။—တမန်တော် ၂၀:၄; ၂ ကောရိန္သု ၈:၁-၄; ၉:၁၊ ၂။

တတ်နိုင်သည်ထက်ပိုပေးရန် မည်သူကိုမျှ မတိုက်တွန်းခဲ့ချေ။ ယင်းအစား ပိုလျှံသည့်အရာများသည် ယေရုရှလင်နှင့်ယုဒနယ်ရှိ သန့်ရှင်းသူများ၏လိုအပ်ချက်များကို ဖြည့်စွက်ပေးခြင်းဖြင့် ညီမျှစေခဲ့သည်။ (၂ ကောရိန္သု ၈:၁၃-၁၅) “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်၏” ဟုပေါလုပြောခဲ့သည်။—၂ ကောရိန္သု ၉:၇။

ရက်ရက်ရောရောပေးကမ်းကြရန် ကောရိန္သုမြို့သားများကို တမန်တော်က အကြောင်းကောင်းပေးခဲ့သည်။ ဝိညာဉ်ရေးအရ ‘သူတို့ စည်းစိမ်ရှိစေခြင်းငှာ သူတို့အတွက်ကြောင့်’ ယေရှုသည် ‘ဆင်းရဲခြင်းကိုခံခဲ့ရသည်။’ (၂ ကောရိန္သု ၈:၉) ကိုယ်တော်၏ပေးကမ်းစွန့်ကြဲသောစိတ်ဓာတ်ကို သူတို့အမှန်ပင်တုပလိုကြပေမည်။ ထို့ပြင် ဘုရားသခင်သည် သူတို့ကို “စေတနာစိတ်နှင့်အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလို့ငှာ” ကြွယ်ဝစေခဲ့သောကြောင့် သန့်ရှင်းသူတို့၏လိုအပ်ရာများကို ဖြည့်စွက်ပေးခြင်းသည် သင့်လျော်လှ၏။—၂ ကောရိန္သု ၉:၁၀-၁၂။

ပါဝင်ပေးကမ်းသူများ၏စိတ်သဘောထား

သန့်ရှင်းသူများအတွက် ပထမရာစုကယ်ဆယ်ရေးအစီအစဉ်တွင် ပါဝင်ပေးကမ်းကြသူများ၏စိတ်သဘောထားကို သုံးသပ်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့သည် စေတနာစိတ်နှင့်ပေးကမ်းခြင်းအကြောင်း အတော်များများသိရှိနိုင်သည်။ အလှူငွေကောက်ခံခြင်းသည် ချို့ငဲ့သောယေဟောဝါ၏ဝတ်ပြုသူချင်းများအတွက် စိုးရိမ်ပူပင်ခြင်းထက်မကချေ။ ယင်းသည် ဂျူးနှင့် တစ်ပါးအမျိုးသားခရစ်ယာန်များစပ်ကြား ညီအစ်ကိုချင်းမေတ္တာခိုင်လုံကြောင်း ထင်ရှားစေသည်။ အလှူငွေများပေးကမ်းခြင်းနှင့် လက်ခံခြင်းတို့သည် အဆိုပါတစ်ပါးအမျိုးသားများနှင့်ဂျူးများစပ်ကြား စည်းလုံးမှုနှင့်ချစ်ခင်ကြင်နာမှုရှိကြောင်း ပေါ်လွင်စေသည်။ သူတို့သည် ရုပ်ပစ္စည်းသာမက ဝိညာဉ်ရေးဘက်ပါ ဝေမျှခဲ့ကြသည်။—ရောမ ၁၅:၂၆၊ ၂၇။

အစပိုင်းတွင် ပေါလုသည် မာကေဒေါနိခရစ်ယာန်များကို ပါဝင်လှူဒါန်းရန် ဖိတ်ခေါ်ခဲ့ပုံမရှိချေ၊ သူတို့ကိုယ်တိုင် အလွန့်အလွန်ဆင်းရဲကြသည်။ သို့တိုင် သူတို့သည် ‘ပေးကမ်းခြင်းအခွင့်ထူးကို အဖန်တလဲလဲတောင်းခံခဲ့ကြသည်။’ သူတို့သည် “ညှဉ်းဆဲခြင်းအားဖြင့် များစွာသောစုံစမ်းခြင်းကို” ခံစားနေကြရသော်လည်း “တတ်နိုင်သမျှထက်” ဝမ်းမြောက်စွာပေးကမ်းခဲ့ကြသည်။ (၂ ကောရိန္သု ၈:၁-၄) သူတို့၏ကြီးမားသောစမ်းသပ်မှုတွင် ရောမသားတို့အဖို့ ဥပဒေနှင့်ဆန့်ကျင်သည့်ဘာသာကို သူတို့ဝင်သည်ဟူသော စွပ်စွဲချက်များပါဝင်ခဲ့မည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် အလားတူအခက်အခဲမျိုးကြုံနေကြရသည့် သူတို့၏ယုဒညီအစ်ကိုများအပေါ် ကိုယ်ချင်းစာနာစိတ်ရှိကြမည်ကို နားလည်နိုင်၏။—တမန်တော် ၁၆:၂၀၊ ၂၁; ၁၇:၅-၉; ၁ သက်သာလောနိတ် ၂:၁၄။

ပေါလုသည် မာကေဒေါနိမြို့သားများကိုအားပေးရန် အလှူငွေကောက်ခံခြင်းနှင့်ပတ်သက်၍ ကောရိန္သုမြို့သားများ၏ကနဦးစေတနာစိတ်အားကြီးခြင်းကို အသုံးပြုခဲ့သော်လည်း ကောရိန္သုမြို့မှစိတ်အားထက်သန်မှုသည် တဖြည်းဖြည်းလျော့နည်းခဲ့သည်။ ယခု တမန်တော်သည် ကောရိန္သုမြို့သားများကိုလှုံ့ဆော်ရန် မာကေဒေါနိမြို့သားများ၏ရက်ရောမှုကို ရည်ညွှန်းဖော်ပြနေခြင်းဖြစ်သည်။ ယမန်နှစ်က သူတို့စတင်လုပ်ဆောင်ခဲ့ရာကိုအဆုံးသတ်ရန် အချိန်တန်ပြီဟု သူတို့အား သတိပေးဖို့လိုအပ်ခဲ့သည်ကို သူတွေ့ရှိခဲ့၏။ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။—၂ ကောရိန္သု ၈:၁၀၊ ၁၁; ၉:၁-၅။

တိတုသည် ကောရိန္သုမြို့တွင် အလှူငွေစကောက်ခံခဲ့သော်လည်း ပြဿနာများပေါ်ပေါက်ခဲ့ရာ ဆက်မကြိုးစားခဲ့ပုံရှိသည်။ ထိုအခါ မာကေဒေါနိပြည်တွင် ပေါလုနှင့်တိုင်ပင်ပြီးနောက် ကောရိန္သုအသင်းတော်ကိုကူညီပေးရန်နှင့် အလှူငွေကောက်ခံခြင်းကိုလက်စသတ်ရန် အခြားနှစ်ဦးနှင့်အတူ တိတုပြန်လာခဲ့၏။ ပေါလုသည် ကောရိန္သုမြို့သားများကို ခေါင်းပုံဖြတ်ဖို့ကြိုးစားခဲ့သည်ဟု အချို့က စောင်းမြောင်းပြောဆိုခဲ့ကြပေမည်။ ယင်းကြောင့် သူသည် အလှူငွေကောက်ခံခြင်းကိုပြီးစီးစေရန် လူသုံးဦးကိုစေလွှတ်ခဲ့ကာ သူတို့တစ်ဦးစီကို ထောက်ခံပေးခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်။ “ငါတို့သည် ထိုများစွာသောအလှူကျေးဇူးကိုပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိစေခြင်းငှာ သတိပြုကြ၏” ဟူ၍ ပေါလုပြောခဲ့သည်။ ငါတို့သည် “သခင်ဘုရားရှေ့တော်၌မက လူတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြ၏။”—၂ ကောရိန္သု ၈:၆၊ ၁၈-၂၃; ၁၂:၁၈။

အလှူငွေပေးအပ်ခြင်း

စီ.အီး. ၅၆၊ နွေဦးရာသီရောက်သော် အလှူငွေများကို ယေရုရှလင်မြို့သို့ပို့ရန် အသင့်ရှိခဲ့သည်။ ပေါလုသည် အလှူရှင်များကရွေးချယ်ထားသော ကိုယ်စားလှယ်များနှင့်အတူ သွားမည်ဖြစ်သည်။ တမန်တော် ၂၀:၄ ကဤသို့ဆိုသည်– “ပေါလုနှင့်အတူ အာရှိပြည်သို့လိုက်သောသူဟူမူကား၊ ဗေရိမြို့သားဖြစ်သောပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။” သူတို့တွင် ဖိလိပ္ပိမြို့မှခရစ်ယာန်များ၏ ကိုယ်စားလှယ် လုကာလည်းပါမည်။ ထိုသို့ဖြင့် ဤလုပ်ငန်းတွင် လူအနည်းဆုံးကိုးဦးပါဝင်လုပ်ဆောင်ခဲ့၏။

“စုစုပေါင်းအလှူငွေသည် အတော်ပင်များရပေမည်၊ သို့မဟုတ်လျှင် ပေါလုနှင့်ဤမျှများသောကိုယ်စားလှယ်များ၏လုပ်ဆောင်မှုသည် အကျိုးရှိလိမ့်မည်မဟုတ်” ဟုကျမ်းပညာရှင် ဒီတာရ် ဂျေအောရ်ဂျီကဆိုသည်။ ထိုအဖွဲ့သည် လုံခြုံရေးအတွက်သာမက ပေါလုကို မရိုးမသားစွပ်စွဲခြင်းမှကာကွယ်ပေးရန်အတွက်လည်းဖြစ်သည်။ စေလွှတ်ခံရသူတို့သည် ယေရုရှလင်မြို့မှ သန့်ရှင်းသူများရှေ့မှောက်ရှိ တစ်ပါးအမျိုးသားအသင်းတော်များကို ကိုယ်စားပြုကြသည်။

ကောရိန္သုမြို့မှ ရှုရိမြို့သို့ ရွက်လွှင့်ခဲ့ရာ ထိုကိုယ်စားလှယ်များသည် ပသခါပွဲတိုင်သော် ယေရုရှလင်မြို့သို့ ရောက်ရှိခဲ့ကြပေမည်။ သို့သော် ပေါလုကိုသတ်ဖို့ကြံစည်နေသည့်သတင်းကြောင့် အစီအစဉ်ကိုပြောင်းလဲခဲ့ကြရ၏။ (တမန်တော် ၂၀:၃) သူ၏ရန်သူများသည် သူ့ကို ပင်လယ်ထဲသို့တွန်းချပစ်မည့်အကြံရှိကောင်းရှိနိုင်သည်။

ပေါလုတွင် အခြားပူပင်စရာများလည်းရှိသေးသည်။ သူမထွက်ခွာမီ ‘ယုဒပြည်၌ငြင်းဆန်သောသူတို့လက်မှ သူလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား သူလုပ်ကျွေးခြင်းအမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း’ ဆုတောင်းပေးရန် ရောမမြို့မှခရစ်ယာန်များအား စာရေးခဲ့သည်။ (ရောမ ၁၅:၃၀၊ ၃၁) သန့်ရှင်းသူများသည် အလွန့်အလွန်ကျေးဇူးတင်စွာဖြင့် အလှူငွေများကို မုချလက်ခံကြမည်ဖြစ်သော်လည်း ပေါလုသည် မိမိရောက်ရှိလာခြင်းက ယေဘုယျဂျူးများတွင် ဖြစ်ပေါ်လာစေနိုင်မည့် ပြဿနာများကြောင့် စိုးရိမ်ပူပန်ခဲ့ပေမည်။

တမန်တော်သည် ဆင်းရဲချို့ငဲ့သူများကို အမှန်ပင်သတိရခဲ့ပေမည်။ အလှူငွေလွှဲပြောင်းပေးချိန်ကို ကျမ်းစာက မဖော်ပြသော်လည်း ယင်းကိုပေးအပ်ခြင်းသည် စည်းလုံးမှုကိုဖြစ်စေသည့်အပြင် တစ်ပါးအမျိုးသားခရစ်ယာန်များက မိမိတို့၏ယုဒယုံကြည်သူချင်းများမှရရှိသော ဝိညာဉ်ရေးစည်းစိမ်များအတွက် ကျေးဇူးတင်ကြောင်းဖော်ပြနိုင်ခဲ့ကြပေသည်။ ယေရုရှလင်သို့ပေါလုရောက်ရှိပြီးမကြာမီ ဗိမာန်တော်တွင် သူရောက်ရှိနေခြင်းက ဆူပူအုံကြွမှုကိုဖြစ်ပေါ်စေပြီး သူဖမ်းဆီးခံရလေသည်။ သို့သော် ယင်းကြောင့် နောက်ဆုံးတွင် ဘုရင်ခံများနှင့်ဘုရင်များကို သူသက်သေခံခွင့်ရရှိခဲ့၏။—တမန်တော် ၉:၁၅; ၂၁:၁၇-၃၆; ၂၃:၁၁; ၂၄:၁-၂၆:၃၂။

ယနေ့ ကျွန်ုပ်တို့၏အလှူငွေများ

ပထမရာစုကတည်းက အတော်အတန်ပြောင်းလဲလာခဲ့သော်လည်း အခြေခံမူများမှာမူ မပြောင်းလဲခဲ့ချေ။ ငွေကြေးလိုအပ်ရာများကို ခရစ်ယာန်များအား သင့်လျော်စွာအကြောင်းကြား၏။ ဆင်းရဲသားများအတွက် လှူသောမည်သည့်အလှူငွေမဆို စိတ်လိုကိုယ်လျောက်ဖြစ်သင့်ပြီး ဘုရားသခင်နှင့်လူသားချင်းတို့ကို ချစ်သည့်စိတ်၏လှုံ့ဆော်မှုကြောင့်ဖြစ်သင့်သည်။—မာကု ၁၂:၂၈-၃၁။

ပထမရာစုမှ သန့်ရှင်းသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များက ဤသို့သောအလှူငွေကောက်ခံခြင်းကို ကောင်းစွာစီစဉ်ရပြီး တိကျသေချာရိုးသားစွာ ကိုင်တွယ်ရကြောင်း ဖော်ပြသည်။ အမှန်မှာ ယေဟောဝါဘုရားသခင်သည် လိုအပ်ရာများကိုသိရှိတော်မူပြီး မိမိ၏ကျေးကျွန်များသည် အခက်အခဲများကြုံရလင့်ကစား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတစ်ပါးအား ဆက်၍ဝေမျှနိုင်ရန် သူတို့အတွက်စီစဉ်ပေးသည်။ (မဿဲ ၆:၂၅-၃၄) သို့တိုင် ကျွန်ုပ်တို့၏စီးပွားရေးအခြေအနေ မည်သို့ပင်ရှိနေပါစေ ကျွန်ုပ်တို့အားလုံးသည် ပါဝင်ဆောင်ရွက်နိုင်ကြသည်။ ထိုနည်းဖြင့် “များများရသောသူမပို၊ နည်းနည်းရသောသူမလို” ဖြစ်ပါလိမ့်မည်။—၂ ကောရိန္သု ၈:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ