ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်
    ကင်းမျှော်စင်—၂၀၀၅ | ဩဂုတ် ၁
    • ၄။ မပြီးဆုံးနိုင်သည့် အဘယ်အခြေအနေမျိုးကို ပေါလု ခံရပ်ခဲ့ရသနည်း၊ ဤအခြေအနေမျိုးက ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေနိုင်သနည်း။

      ၄ တမန်တော်ပေါလု၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူက “ငါ့ကိုဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌စူးသောဆူးကို ပေးတော်မူ၏။ ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံ” ၏ဟုရေးသားခဲ့သည်။ သူ၏အသနားခံချက်ကို ယေဟောဝါ ကြားတော်မူ၏။ မည်သို့ပင်ဖြစ်စေ၊ အံ့ဖွယ်နည်းဖြင့် ဖြေရှင်းပေးမည်မဟုတ်ကြောင်း ပေါလုကို သိရှိစေခဲ့သည်။ ယင်းအစား၊ ပေါလုသည် “ကိုယ်၌စူးသောဆူး” နှင့်နပန်းလုံးနိုင်ရန် ဘုရားသခင်၏တန်ခိုးတော်ကို မှီခိုအားထားရလိမ့်မည်။b (၂ ကောရိန္သု ၁၂:၇-၉) ပေါလုနည်းတူ၊ အသင်လည်း မပြီးဆုံးနိုင်သော ဆင်းရဲခက်ခဲမှုတစ်မျိုးမျိုးကို ကြုံတွေ့နေရပေမည်။ ‘အကျွန်ုပ်၏ဆင်းရဲခက်ခဲမှုကို ယေဟောဝါ မဖြေရှင်းပေးနိုင်ခြင်းမှာ ကိုယ်တော်သည် ကျွန်ုပ်၏အခြေအနေကို မသိ၍လော၊ အကျွန်ုပ်ကို ဂရုမစိုက်၍လော’ ဟူ၍ သင်,သိချင်ပေမည်။ အဖြေမှာ လုံးဝမဟုတ်ပါ! သစ္စာရှိကျေးကျွန်တစ်ဦးစီကို ယေဟောဝါ အလွန်ဂရုစိုက်ကြောင်း တမန်တော်များကို ရွေးချယ်ပြီးမကြာမီ ယေရှုမိန့်ဆိုသောစကားက သိသာထင်ရှားစေ၏။ ကိုယ်တော်၏မိန့်ဆိုချက်က ယနေ့ ကျွန်ုပ်တို့အတွက် အားရှိစေနိုင်ပုံကို ကြည့်ကြစို့။

  • “သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်
    ကင်းမျှော်စင်—၂၀၀၅ | ဩဂုတ် ၁
    • b ပေါလု၏ “ကိုယ်၌စူးသောဆူး” ကိုသမ္မာကျမ်းစာက အတိအကျ မဖော်ပြထားချေ။ ယင်းက မျက်စိမှုန်ခြင်းဖြစ်နိုင်သည်။ သို့မဟုတ် “ကိုယ်၌စူးသောဆူး” ဟူသော အသုံးအနှုန်းသည် ပေါလု၏တမန်တော်ဖြစ်မှု၊ ဓမ္မအမှုတို့ကို လက်မခံခဲ့ကြသည့် တမန်တော်အတုအယောင်များနှင့် တခြားသူများကို ရည်ညွှန်းနိုင်၏။—၂ ကောရိန္သု ၁၁:၆၊ ၁၃-၁၅; ဂလာတိ ၄:၁၅; ၆:၁၁။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ