ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၈ စာ. ၁
  • သင့်တွင် “ကိုယ်၌စူးသောဆူး” ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်တွင် “ကိုယ်၌စူးသောဆူး” ရှိသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကိုယ်၌စူးသောဆူး” ကို ကိုင်တွယ်ဖြေရှင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါ၏တန်ခိုးတော်ကို လူ့အားနည်းမှုက ထင်ရှားစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ပေါလုရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ၂ ကောရိန္သု ၁၂:၉—“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၅/၉၈ စာ. ၁

သင့်တွင် “ကိုယ်၌စူးသောဆူး” ရှိသလော

၁ ကျွန်ုပ်တို့သည် မိမိတို့၏အစွမ်းရှိသမျှဖြင့် သတင်းကောင်းဟောပြောခြင်းတာဝန်ကို ပြီးမြောက်စေရန် အလွန်ဆန္ဒပြင်းပြကြသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ချစ်လှစွာသောညီအစ်ကိုညီအစ်မများစွာသည် ကာယရေးအသည်းအသန်ဖျားနာမှု သို့မဟုတ် မသန်မစွမ်းဖြစ်မှုများကြောင့် အပြည့်အဝပါဝင်ရန် အခက်တွေ့ရပြီး မိမိတို့လုပ်လိုသလောက်မလုပ်ဆောင်နိုင်ကြချေ။ အထူးသဖြင့် သူတို့ဝန်းကျင်ရှိအခြားသူများသည် ဓမ္မအမှုတွင် အလွန်တက်တက်ကြွကြွရှိသည်ကို တွေ့ရသည့်အခါ စိတ်ဓာတ်ကျမှုများကို တိုက်လှန်နိုင်ခြင်းသည် သူတို့အတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပေမည်။—၁ ကော. ၉:၁၆။

၂ တုပရန်ပုံသက်သေတစ်ရပ်– တမန်တော်ပေါလုသည် “ကိုယ်၌စူးသောဆူး” ကိုတိုက်လှန်ခဲ့သည်။ သူ့အားထိုးနှက်သော “စာတန်၏တမန်” ဟူ၍သူဖော်ပြသည့် စိတ်မချမ်းမြေ့ဖွယ်အတားအဆီးများကို ဖယ်ရှားပေးရန် ယေဟောဝါထံ သုံးကြိမ်တိုင် သူအသနားခံခဲ့သည်။ သို့တိုင် ၎င်းတို့ကြားမှ ပေါလုသည် ဓမ္မအမှုတွင် ကြံ့ကြံ့ခံရပ်ပြီး မမှိတ်မသုန်ဆက်လုပ်ဆောင်ခဲ့သည်။ သူသည် မိမိကိုယ်ကိုသနားခဲ့ခြင်းမရှိ သို့မဟုတ် ညည်းညူသည့်အကျင့်ပါနေသူတစ်ဦး ဖြစ်မလာခဲ့ပါ။ အတတ်နိုင်ဆုံး သူလုပ်ဆောင်ခဲ့သည်။ ရင်ဆိုင်တိုက်လှန်ရာတွင် သူအောင်မြင်ရသည့်သော့ချက်မှာ ဘုရားသခင့်ထံတော်မှ ဤအာမခံချက်ဖြစ်သည်– “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။” မိမိ၏အခြေအနေကိုလက်ခံရန်နှင့် ခံရပ်နိုင်အောင် ယေဟောဝါနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုအားထားရန်ဖြစ်ကြောင်း သူတတ်သိနားလည်လာသည့်အခါ ပေါလု၏အားနည်းမှုက ခွန်အားဖြစ်လာသည်။—၂ ကော. ၁၂:၇-၁၀။

၃ သင်ခံရပ်နိုင်ပုံ– လူ့အားနည်းချက်က သင့်ဘုရားသခင်အမှုတော်ဆောင်ခြင်းအပေါ် အကန့်အသတ်ဖြစ်မှုများကို အခွင့်ကောင်းယူပါသလော။ သို့ဖြစ်လျှင် ပေါလု၏ရှုမြင်ပုံကို တုပပါ။ သင်၏ ဖျားနာမှု သို့မဟုတ် မသန်မစွမ်းဖြစ်မှုအတွက် ဤအစီအစဉ်စနစ်တွင် တည်မြဲသောကုစားချက်မရှိသည့်တိုင် သင့်လိုအပ်ရာများကို သိနားလည်ပြီး “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ကိုပေးတော်မူမည့် ယေဟောဝါကို အပြည့်အဝယုံကြည်အားကိုးနိုင်သည်။ (၂ ကော. ၄:၇၊ ကဘ) တစ်သီးပုဂ္ဂလမနေဘဲ အသင်းတော်တွင် သင် ရရှိနိုင်သည့်အကူအညီကို ရယူပါ။ (သု. ၁၈:၁) တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင်ပါဝင်ရန် သင်အခက်တွေ့နေလျှင် အလွတ်သဘော သို့မဟုတ် တယ်လီဖုန်းဖြင့်သက်သေခံရန် လက်တွေ့ကျနည်းလမ်းများကို ရှာကြံပါ။

၄ ကိုယ်၌စူးသောဆူးသည် ဓမ္မအမှုတွင် သင်လုပ်ဆောင်နိုင်ရာကို အကန့်အသတ်ဖြစ်စေသော်လည်း ပါဝင်ခွင့်မရသကဲ့သို့ သင်ခံစားရဖို့မလိုပေ။ ပေါလုကဲ့သို့ သင်သည်လည်း သင့်အစွမ်းခွန်အား၊ အခြေအနေခွင့်ပြုသရွေ့လုပ်ဆောင်ကာ “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံ” နိုင်သည်။ (တ. ၂၀:၂၄) သင့်ဓမ္မအမှုကို ပြီးမြောက်စေရန် သင် ကြိုးစားအားထုတ်သည်နှင့်အမျှ ယေဟောဝါ အလွန်ကျေနပ်နှစ်သက်တော်မူမည်ကို သိရှိထားပါ။—ဟေဗြဲ ၆:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ