ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁ စာ. ၅
  • သူများနဲ့ မနှိုင်းယှဉ်ပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူများနဲ့ မနှိုင်းယှဉ်ပါနဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အပျက်သဘောထားတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မိက္ခာ ၆:၈—‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းပါ’
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • သင်သည် ဘုရားသခင့်အမြင်တွင် တန်ဖိုးရှိ!
    နိုးလော့!—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁ စာ. ၅

အဓိကအချက် ၂

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့

ကျမ်းစာမှာ  ဘာပြောထားသလဲ။  “လူတိုင်း  ကိုယ်ပြုသောအမှုကို  ဆန်းစစ်ပါစေ။  သို့ပြုလျှင် သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။”—ဂလာတိ ၆:၄။

ပြဿနာက  ဘာလဲ။  ကျွန်ုပ်တို့ဟာ  သူများနဲ့ နှိုင်းယှဉ်တတ်တဲ့အကျင့်  ရှိကြတယ်။  တစ်ခါတလေ ကိုယ့်လောက်မရှိတဲ့သူ၊ ကိုယ့်ထက်သာတဲ့သူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊  ကိုယ့်ထက်တော်တဲ့သူတွေနဲ့  နှိုင်းယှဉ်တတ်ကြတယ်။  ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ နှိုင်းယှဉ်တာက  ကောင်းကိုမကောင်းပါဘူး။  လူတစ်ယောက်ရဲ့တန်ဖိုးကို  သူပိုင်ဆိုင်ထားတဲ့အရာ၊  သူလုပ်ဆောင်နိုင်ရာတွေနဲ့ အကဲဖြတ်ရမယ်ဆိုပြီး ကျွန်ုပ်တို့ တလွဲယူမှတ်တတ်ကြတယ်။ သည့်အပြင် ငြူစူတဲ့စိတ်တွေ၊ ယှဉ်ပြိုင်လိုတဲ့စိတ်တွေ ကျွန်ုပ်တို့မှာ ဖြစ်ပေါ်လာနိုင်တယ်။—ဒေ. ၄:၄။

သင် ဘာလုပ်နိုင်သလဲ။ သင့်ကို ဘုရားသခင် ရှုမြင်သလို သင်ရှုမြင်ဖို့ ကြိုးစားပါ။ သင့်ကို ဘုရားသခင် တန်ဖိုးထားတယ်ဆိုတဲ့ အမြင်မျိုး ထားရှိပါ။ ‘လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်သည်’ လို့ကျမ်းစာက ဆိုပါတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇) ယေဟောဝါဘုရားသခင်က သင့်ရဲ့အတွင်းစိတ်သဘော၊ ခံစားချက်နဲ့ ရည်ရွယ်ချက်တွေကို ကြည့်ပြီး သင့်ရဲ့တန်ဖိုးကို အကဲဖြတ်တယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အကဲမဖြတ်ပါဘူး။ (ဟေဗြဲ ၄:၁၂၊ ၁၃) သင့်ရဲ့ကန့်သတ်ချက်တွေကို ကိုယ်တော် နားလည်ပေးပြီး အဲဒီကန့်သတ်ချက်တွေနဲ့အညီ သင့်ကို ကြိုးစားနေထိုင်စေချင်တယ်။ တကယ်လို့ သင်က သင့်ရဲ့တန်ဖိုးကို တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး အကဲဖြတ်မယ်ဆိုရင် ဘဝင်မြင့်လာနိုင်တယ် ဒါမှမဟုတ် ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်မိလာနိုင်တယ်။ ဒါကြောင့် သင့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းက အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ကျိုးနွံစွာလက်ခံပါ။—သု. ၁၁:၂၊ ကဘ။

ဘုရားသခင့်အမြင်မှာ  တန်ဖိုးရှိအောင်  ဘာတွေကို သတ်သတ်မှတ်မှတ် သင်လုပ်ဆောင်ရမလဲ။ ‘အချင်းလူ၊ အဘယ်အရာကောင်းသည်ကို  သင့်အား  ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင်နှင့်အတူ စိတ်နှိမ့်ချစွာ သွားလာခြင်းမှတစ်ပါး အဘယ်အရာကို  ထာဝရဘုရားသခင်  တောင်းတော်မူသနည်း’ လို့ ပရောဖက်မိက္ခာ ရေးသားခဲ့တယ်။ (မိက္ခာ ၆:၈၊ သမ္မာ) အဲဒီအကြံပေးချက်ကို သင်လိုက်လျှောက်မယ်ဆိုရင် ဘုရားသခင်က သင့်ကို စောင်မကြည့်ရှုပါလိမ့်မယ်။ (၁ ပေတရု ၅:၆၊ ၇) အဲဒါလောက် ကျေနပ်ရောင့်ရဲမှု  အပေးနိုင်ဆုံးအကြောင်းရင်း  တခြားမရှိတော့ဘူး။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ရဲ့တန်ဖိုးကို ကျွန်ုပ်တို့နှလုံးထဲမှာရှိတဲ့အရာနဲ့ အကဲဖြတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ