ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဇူလိုင် စာ. ၃၀-၃၁
  • ယေရှု အသေခံခဲ့တာ တကယ်ပဲ ငါ့အတွက်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု အသေခံခဲ့တာ တကယ်ပဲ ငါ့အတွက်လား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိမိပူဇော်သက္ကာအပေါ် ယေရှုရဲ့ ရှုမြင်ပုံ
  • ပေါလုကို ကူညီပေးခဲ့တဲ့အရာ
  • ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်
  • သင့်ကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဘုရားက သင့်ကို နှစ်သိမ့်ပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေရှု၏မေတ္တာတော်ကိုသင်တုံ့ပြန်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဇူလိုင် စာ. ၃၀-၃၁
တက်တူးအပြည့် ထိုးထားပြီး ဆွဲကြိုးကြီးတွေ၊ လက်ပတ်တွေ ဝတ်ထားသူကို ညီအစ်ကိုနှစ်ယောက် ကျမ်းစာ သင်ပေးနေ

ယေရှု အသေခံခဲ့တာ တကယ်ပဲ ငါ့အတွက်လား

“ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့” သစ္စာရှိ အမျိုးသားတွေရဲ့ စကားတွေကို ကျမ်းစာထဲမှာ ဖတ်ရတယ်။ (ယာ. ၅:၁၇) ဥပမာ၊ ရောမ ၇:၂၁-၂၄ မှာ ‘မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာ လုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်။ ကျွန်တော့်အဖြစ် ဆိုးလိုက်တာ’ ဆိုတဲ့ ပေါလုရဲ့ စကားကို ကျွန်တော်တို့ နားလည်နိုင်ပါတယ်။ အဲဒီစကားတွေက အားနည်းချက်တွေကို တိုက်လှန်နေရတဲ့ ကျွန်တော်တို့ကို အားရှိစေတယ်။

တခြားခံစားချက်တွေအကြောင်းလည်း ပေါလု ပြောတယ်။ ‘ယေရှုက ကျွန်တော့်ကိုချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တယ်’ လို့ ဂလာတိ ၂:၂၀ မှာ ပြောတယ်။ ဒါကို ပေါလု အခိုင်အမာ ယုံကြည်တယ်။ သင်ကော။ အမြဲတော့ အဲဒီလို ယုံချင်မှ ယုံမယ်။

အရင်က အပြစ်လုပ်ခဲ့လို့ တန်ဖိုးမရှိဘူးဆိုပြီး ခံစားနေရရင် ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ခွင့်လွှတ်တယ်ဆိုတာ ယုံဖို့ တစ်ခါတလေ ခက်နိုင်တယ်။ ယေရှုရဲ့ ရွေးဖိုးက ကျွန်တော်တို့တစ်ဦးစီကို ပေးထားတဲ့ လက်ဆောင်ပါဆိုတာ လက်ခံဖို့ ပိုလို့တောင် ခက်နိုင်တယ်။ ယေရှုဟာ မိမိရွေးဖိုးကို လက်ဆောင်အဖြစ် ရှုမြင်စေချင်သလား။ ဒီလို ရှုမြင်နိုင်အောင် ဘာက ကူညီပေးနိုင်မလဲ။ အဲဒီမေးခွန်း နှစ်ခုကို သုံးသပ်ကြည့်ရအောင်။

မိမိပူဇော်သက္ကာအပေါ် ယေရှုရဲ့ ရှုမြင်ပုံ

ယေရှုဟာ မိမိရဲ့ ပူဇော်သက္ကာကို ကျွန်တော်တို့တစ်ဦးစီအတွက် လက်ဆောင်အဖြစ် ရှုမြင်စေချင်တယ်။ ဒါကို ဘယ်လို သိရသလဲ။ လုကာ ၂၃:၃၉-၄၃ မှာပါတဲ့ မြင်ကွင်းကို ပုံဖော်ကြည့်ပါ။ လူတစ်ယောက် ယေရှုဘေးမှာ သစ်တိုင်တင်ခံနေရတယ်။ သစ်တိုင်တင်ခံရတာဆိုတော့ အပြစ် တော်တော် ကြီးလို့ပဲ။ အပြစ်တွေ ကျူးလွန်ခဲ့ကြောင်း သူဝန်ခံပြီး “ဘုရင်ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ ယေရှုကို အသနားခံတယ်။

ရာဇဝတ်သားနှစ်ယောက်အလယ်မှာ ယေရှု သစ်တိုင်တင်ခံရ

ယေရှု ဘယ်လို တုံ့ပြန်သလဲ။ ဝေဒနာ အကြီးအကျယ် ခံစားနေရတာတောင် ရာဇဝတ်သားဘက် လှည့်ကြည့်ပြီး အားတင်းပြုံးပြရင်း “ဒီနေ့ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” လို့ အာမခံတယ်။ ‘လူသားဟာ လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့ ရောက်လာတာ’ လို့ ယေရှု ပြောလိုက်ရင်လည်း ရတာပဲ။ (မ. ၂၀:၂၈) ဒါပေမဲ့ မိမိရဲ့ ပူဇော်သက္ကာဟာ အဲဒီရာဇဝတ်သားအတွက်ဖြစ်ကြောင်း ပြောပြတယ်။ ရင်းနှီးတဲ့သဘောနဲ့ “ကျွန်တော်၊” “ခင်ဗျား” ဆိုတဲ့ နာမ်စားတွေကို သုံးပြီး ပရဒိသုမှာ အသက်ရှင်ရလိမ့်မယ်လို့ ပြောခဲ့တယ်။

မိမိရဲ့ ပူဇော်သက္ကာကို ရာဇဝတ်သားအတွက် လက်ဆောင်အဖြစ် ယေရှု လက်ခံစေချင်တာ ရှင်းနေပါတယ်။ ဘုရားကို ဝတ်ပြုဖို့ အခွင့်အရေး မရခဲ့တဲ့ ရာဇဝတ်သားကိုတောင် ယေရှု အဲဒီလို လက်ခံစေချင်ရင် ဘုရားကို ဝတ်ပြုနေတဲ့ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်ကို ပိုလို့တောင် လက်ခံစေချင်မှာ သေချာတယ်။ ဒါဆို အရင်က အပြစ်တွေ ကျူးလွန်ခဲ့ရင်တောင် ယေရှုရဲ့ ရွေးဖိုးကနေ ကျွန်တော်တို့ ယောက်တိုင်း အကျိုးခံစားနိုင်ဖို့ ဘာက ကူညီပေးမလဲ။

ပေါလုကို ကူညီပေးခဲ့တဲ့အရာ

အမှုဆောင်လုပ်ငန်း ပေးအပ်ခံရလို့ မိမိအတွက် ယေရှု အသေခံခဲ့တယ်လို့ ပေါလု ခံစားရတယ်။ ဒါကြောင့် “ငါ့ကို အစွမ်းတန်ခိုးပေးတဲ့ သခင်ခရစ်တော်ယေရှုကို ကျေးဇူးတင်တယ်။ ခရစ်တော်က ငါ့ကို သစ္စာရှိသူလို့ ယူမှတ်ပြီး ဘုရားအမှုဆောင်ဖို့ ခန့်အပ်ထားလို့ပဲ။ ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူဖြစ်ခဲ့တာတောင် အဲဒီလို ခန့်အပ်ခံရတယ်” လို့ ပေါလု ပြောတယ်။ (၁ တိ. ၁:၁၂-၁၄) မကောင်းမှုတွေ ကျူးလွန်ခဲ့တဲ့ ပေါလုကို တာဝန်ခန့်အပ်ခြင်းက ယေရှု သူ့ကို ချစ်ကြောင်း၊ ယုံကြည်ကြောင်း စိတ်ချစေတယ်။ ကျွန်တော်တို့ ယောက်တိုင်းကိုလည်း သတင်းကောင်း ဟောပြောဖို့ ယေရှု တာဝန်ပေးထားတယ်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်တော်တို့လည်း ပေါလုလို ခံစားရသလား။

နှင်ထုတ်ခံရတာ ၃၄ နှစ် ကြာပြီးနောက် ယေဟောဝါဆီ မကြာသေးခင်က ပြန်လှည့်လာတဲ့ အဲလ်ဘတ် ဒီလိုပြောတယ်– “ကိုယ့်အပြစ်တွေကို အတွေးထဲကနေ မဖျောက်နိုင်ဘူး။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ယေရှုက ကျွန်တော့်ကို ဒီတာဝန်ပေးထားတာဆိုပြီး ခံစားရတယ်။ တမန်တော်ပေါလုလိုပေါ့။ ဒါက ကျွန်တော့်ကို ပျော်ရွှင်စေပြီး ကိုယ့်အပေါ်၊ ကိုယ့်ဘဝနဲ့ အနာဂတ်အပေါ် အပြုသဘော ရှိစေတယ်။”—ဆာ. ၅၁:၃။

တက်တူးအပြည့် ထိုးထားပြီး ဆွဲကြိုးကြီးတွေ၊ လက်ပတ်တွေ ဝတ်ထားသူကို ညီအစ်ကိုနှစ်ယောက် ကျမ်းစာ သင်ပေးနေ

လူအမျိုးမျိုးကို ကျမ်းစာသင်ပေးတဲ့အခါ ယေရှုရဲ့ မေတ္တာနဲ့ ကရုဏာကို စိတ်ချစေပါ

အမှန်တရား မသိခင်က ရာဇဝတ်မှုများစွာ ကျူးလွန်ပြီး ကြမ်းကြုတ်ခဲ့တဲ့ အယ်လန် ဒီလို ဝန်ခံတယ်– “လူတွေ ဒုက္ခရောက်အောင် လုပ်ခဲ့တာတွေကို ပြန်တွေးမိနေတုန်းပဲ။ တစ်ခါတလေ စိတ်ဓာတ်ကျမိတယ်။ ဒါပေမဲ့ ကျွန်တော့်လို အပြစ်သားကို သတင်းကောင်း ဟောပြောခွင့် ပေးတဲ့အတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ သတင်းကောင်းကို လူတွေ တုံ့ပြန်တဲ့အခါ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းနဲ့ မေတ္တာကို ပိုသိလာတယ်။ ကိုယ့်လို နောက်ခံရှိသူတွေကို ကူညီပေးဖို့ ကျွန်တော့်ကို ယေဟောဝါ အသုံးပြုနေတယ်လို့ ခံစားရတယ်။”

အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက ကောင်းတာကို လုပ်ဖို့၊ တွေးတောဖို့ ကူညီပေးတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ခြင်းက ကျွန်တော်တို့ကို ယေရှု ချစ်မှန်း၊ ယုံကြည်မှန်း စိတ်ချစေတယ်။

ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်

စာတန့် စနစ်ဆိုး ကုန်ဆုံးချိန် မရောက်မချင်း အရင်က အပြစ်တွေရဲ့ ထိုးနှက်မှုကို ဆက်ခံရနိုင်တယ်။ တိုက်လှန်နိုင်အောင် ဘာက ကူညီပေးမလဲ။ လူငယ်ဘဝတုန်းက နှစ်ဘဝစံခဲ့လို့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကို တိုက်လှန်နေရတဲ့ ဂျန်းက “‘ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်’ ဆိုတဲ့ ကျမ်းစကားကို ကျွန်မ ကြိုက်တယ်” လို့ ပြောတယ်။ (၁ ယော. ၃:၁၉၊ ၂၀) ကျွန်တော်တို့လည်း ကိုယ့်အခြေအနေကို ကိုယ့်သိတာထက် ယေဟောဝါနဲ့ ယေရှု ပိုသိတယ်ဆိုတာ နားလည်မယ်ဆိုရင် နှစ်သိမ့်မှု ရနိုင်တယ်။ ရွေးဖိုးဟာ စုံလင်တဲ့ လူသားတွေအတွက် မဟုတ်ဘဲ နောင်တရတဲ့ အပြစ်သားတွေအတွက် ဖြစ်ကြောင်း မမေ့ပါနဲ့။—၁ တိ. ၁:၁၅။

မစုံလင်တဲ့ လူသားတွေကို ယေရှု ဆက်ဆံပုံအကြောင်း အသေအချာ တွေးတောပြီး ယေရှု ပေးအပ်တဲ့ အမှုဆောင်လုပ်ငန်းကို ကျေပွန်အောင် အကောင်းဆုံး လုပ်ဆောင်မယ်ဆိုရင် ရွေးဖိုးဟာ ကိုယ့်အတွက်ဖြစ်ကြောင်း စိတ်ချလာမယ်။ ဒီနည်းအားဖြင့် ‘ယေရှုက ကျွန်တော့်ကို ချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တယ်’ ဆိုပြီး ပေါလုလို ပြောနိုင်ပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ