-
“သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်”ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
-
-
၁၀။ ပေရဂေမြို့ကနေ ပိသိဒိပြည်၊ အန္တိအုတ်မြို့ ခရီးစဉ်အကြောင်း ရှင်းပြပါ။
၁၀ ပေရဂေမြို့ကို ရောက်တော့ ယောဟန် မာကုဟာ ပေါလု၊ ဗာနဗတို့ကို ထားခဲ့ပြီး ဂျေရုဆလင်မြို့ကို ပြန်သွားတယ်။ ဘာကြောင့် ရုတ်တရက် ပြန်သွားတယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြမထားဘူး။ ပေါလုနဲ့ ဗာနဗဟာ ပေရဂေမြို့ကနေ ဂလာတိနယ်၊ ပိသိဒိပြည်၊ အန္တိအုတ်မြို့ကို ခရီးဆက်ကြတယ်။ အန္တိအုတ်မြို့ဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃,၆၀၀ လောက်မှာ ရှိလို့ တော်တော် ပင်ပန်းတဲ့ ခရီးစဉ်ပဲ။ ဒါ့အပြင် အန္တရာယ်များတဲ့ တောင်ပေါ်လမ်းတွေမှာ ဓားပြတွေ ရှိတယ်လို့ ဆိုကြတယ်။ ပေါလုမှာ ကျန်းမာရေး ပြဿနာလည်း ရှိနေပုံရတယ်။h
-