ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၁ စာ. ၈-၉
  • ကျေနပ်ရောင့်ရဲနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေနပ်ရောင့်ရဲနိုင်ပုံ
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလုပ် ကြိုးစားပါ
  • ရိုးသားပါ
  • ငွေနောက်ပဲ မလိုက်ပါနဲ့
  • အကောင်းဆုံး ပညာရေးကို ရွေးချယ်ပါ
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေကြေး
    နိုးလော့!—၂၀၁၄
  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၁ စာ. ၈-၉
လူအများက ရုပ်ဝတ္ထုပစ္စည်းတွေကို အာရုံစိုက်နေကြတဲ့ အိန္ဒိယ လူစည်ကားတဲ့ ဈေးလမ်းမကြီးမှာ သားအမိနှစ်ယောက် ကျေနပ်ရောင့်ရဲစိတ်နဲ့ လမ်းလျှောက်သွားနေကြစဉ်။

ကျေနပ်ရောင့်ရဲနိုင်ပုံ

အိမ်ထောင်သည်၊ တစ်ကိုယ်ရေ၊ လူကြီး၊ လူငယ်အားလုံး ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှု ခံစားချင်ကြတယ်။ ဖန်ဆင်းရှင်ကလည်း အဲဒီအတိုင်း ဖြစ်စေချင်တဲ့အတွက် အကြံဉာဏ်ကောင်းတွေ ပေးထားတယ်။

အလုပ် ကြိုးစားပါ

“ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ပါ။ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။”—ဧဖက် ၄:၂၈။

အလုပ်လုပ်တာကို ပျော်စရာလို့ ဖန်ဆင်းရှင် ယူမှတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ် ကြိုးစားလုပ်ရင် ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့နိုင်လို့ ပျော်ရွှင်မယ်။ လိုအပ်နေတဲ့သူကိုတောင် ကူညီပေးနိုင်တယ်။ အလုပ်ရှင်လည်း ကြိုက်တယ်။ အလုပ်ကြိုးစားသူဟာ အလုပ်မြဲတယ်။ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ “ဘုရားသခင်ဆီက ရတဲ့ လက်ဆောင်ပဲ” လို့ ကျမ်းစာက ဆိုတယ်။—ဒေသနာ ၃:၁၃။

ရိုးသားပါ

“ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေတဲ့အတွက် အမှားအမှန်သိစိတ် ကြည်လင်နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်။”—ဟီဘရူး ၁၃:၁၈။

ရိုးသားတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတယ်။ စိတ်ငြိမ်သက်မှု ရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်။ အဲဒီအပြင် တခြားသူတွေက သူ့ကို ယုံကြည်ပြီး လေးစားမယ်။ မရိုးသားသူကတော့ အဲဒါတွေ မရဘူး။ သိစိတ် အနှောင့်အယှက်ပေးပြီး မရိုးသားမှု ပေါ်သွားမှာကို ကြောက်နေမယ်။

ငွေနောက်ပဲ မလိုက်ပါနဲ့

“ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။”—ဟီဘရူး ၁၃:၅။

အစားအသောက်နဲ့ တခြားအရာတွေ ဝယ်ဖို့ ငွေလိုတယ်။ ဒါပေမဲ့ “ငွေတပ်မက်တာ” က တကယ့်ကို အန္တရာယ် များတယ်။ ငွေရဖို့ပဲ အချိန်ပြည့် လုံးပန်းနေနိုင်တယ်။ အိမ်ထောင်ရေးကို ထိခိုက်လာနိုင်တယ်။ ကလေးတွေကိုလည်း အချိန်မပေးနိုင်တော့ဘူး။ ကျန်းမာရေးလည်း ထိခိုက်လာနိုင်တယ်။ (၁ တိမောသေ ၆:၉၊ ၁၀) အဲဒီအပြင် ငွေတပ်မက်တဲ့သူဟာ မရိုးမသား လုပ်မိနိုင်တယ်။ ပညာရှိတစ်ယောက် ဒီလိုပြောခဲ့တယ်– “သစ္စာရှိသူက ကောင်းချီး အများကြီး ရလိမ့်မယ်။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၈:၂၀။

အကောင်းဆုံး ပညာရေးကို ရွေးချယ်ပါ

“လက်တွေ့ကျ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။”—ပညာအလိမ္မာ ၃:၂၁။

ပညာရေးကောင်းမှ ယုံကြည်စိတ်ချထိုက်သူတွေ၊ မိဘကောင်းတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ လောကမှာ ရနိုင်တဲ့ ပညာရေး တစ်ခုတည်းနဲ့တော့ တည်မြဲတဲ့ လုံခြုံမှုနဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ ဘဝကဏ္ဍတိုင်းမှာ တကယ် အောင်မြင်ဖို့ဆိုရင် ဘုရား ပေးတဲ့ ပညာရေး လိုတယ်။ ဘုရားစကား နားထောင်တဲ့သူဟာ “လုပ်သမျှ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။—ဆာလံ ၁:၁-၃။

ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှု ခံစားနေရ

“ကျွန်တော့် အသိုင်းအဝိုင်းမှာဆိုရင် အများစုဟာ အဆင့်မြင့် ပညာရေး လိုက်စားကြတယ်။ ချမ်းသာဖို့၊ နာမည်ကြီးဖို့ ကြိုးစားကြတယ်။ အဲဒါတွေ ရပြီးတာတောင် စစ်မှန်တဲ့ ပျော်ရွှင်မှု မခံစားကြရဘူး။ ဘဝမှာ ဘာက အရေးကြီးသလဲဆိုတာကို ကျမ်းစာကနေ ကျွန်တော် သိခဲ့တယ်။ ငွေက တစ်နည်းနည်းနဲ့ အကာအကွယ်ပေးပေမဲ့ ပျော်ရွှင်မှုနဲ့ စစ်မှန်တဲ့ မေတ္တာကိုတော့ မဝယ်ပေးနိုင်ဘူး။ ငွေ၊ အလုပ်အကိုင်နဲ့ပတ်သက်လာရင် ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ကျမ်းစာက ကူညီပေးလို့ အခု ကျွန်တော် ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှု ခံစားနေရပြီ။”—ကီရှော။

ကီရှော။

ထပ်လေ့လာပါ–

အလုပ်အကိုင်၊ ငွေကြေး၊ ပညာရေးနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင် ဘုရားသခင်ဆီက အကြံဉာဏ်ကောင်းတွေ ရချင်တယ်ဆိုရင် jw.org/my ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းမှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ