ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၆/၁၅ စာ. ၄-၇
  • လူ့ပြဿနာများ မကြာမီ အဆုံးတိုင်တော့မည်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူ့ပြဿနာများ မကြာမီ အဆုံးတိုင်တော့မည်!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေ”
  • ဆိုးသွမ်းမှုကို ခေတ္တခွင့်ပြုထားခြင်း
  • “ဤကမ္ဘာမတည်မရှိမီ”
  • မည်သူလွတ်မြောက်စေမည်နည်း
  • “အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်း”
  • ဘုရားသခင်၏ “နက်နဲသောအရာ”
  • ယေဟောဝါ၏ ရည်ရွယ်ချက် ခမ်းနားထည်ဝါစွာ အောင်မြင်ပြည့်စုံခြင်း
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • သင်သည် “အုတ်မြစ်ပေါ်တွင် အမြစ်စွဲလျက် အခြေခိုင်” သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံမယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဘုရားသခင့်ရည်ရွယ်တော်မူချက်ကိုပြည့်စုံစေသည့် စီမံခန့်ခွဲမှုတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၆/၁၅ စာ. ၄-၇

လူ့ပြဿနာများ မကြာမီ အဆုံးတိုင်တော့မည်!

“ပဋိပက္ခဖြစ်စေသော အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းဖို့ရည်ရွယ်သည့် သာ၍ကျယ်ပြန့်သောနည်းဗျူဟာနှင့် အစိုးရ၏အားပေးထောက်ခံမှု တစ်စိတ်တစ်ပိုင်းမပါဝင်ပါက လူလူချင်းစာနာထောက်ထားသည့် အကျိုးဆောင်လုပ်ငန်းသည် တန်ဖိုးအကန့်အသတ်သာရှိသည်။ အခြေခံအားဖြင့် နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသော ပြဿနာများကို လူလူချင်းစာနာထောက်ထားသည့် အကျိုးဆောင်လုပ်ငန်းတစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ကြောင်း မကြာခဏကြုံတွေ့ခဲ့ကြပြီ။”—၂၀၀၀ ပြည့်နှစ် ကမ္ဘာ့ဒုက္ခသည်များအခြေအနေ။

လူလူချင်းစာနာထောက်ထားသည့် အကျိုးဆောင်လုပ်ငန်းကို အကြီးအကျယ်လုပ်ဆောင်ကြသည့်ကြားမှ လူ့ပြဿနာများ တားမရအောင် တိုးများလာသည်။ နိုင်ငံရေးအရ တည်မြဲသောဖြေရှင်းနည်း ရှိနိုင်ပါမည်လော။ အမှန်စင်စစ် မရှိသလောက်ပင်။ သို့သော် အဘယ်နေရာသို့ ကျွန်ုပ်တို့မျှော်ကိုးနိုင်သနည်း။ တမန်တော်ပေါလုသည် ဧဖက်မြို့ရှိ ခရစ်ယာန်များထံရေးသားခဲ့သော သူ၏စာနိဒါန်းပိုင်းတွင် မှတ်သားလောက်သောစာပိုဒ်တစ်ပိုဒ်၌ လူ့ပြဿနာအားလုံးကို ဘုရားသခင်မည်သို့အဆုံးတိုင်စေမည့်အကြောင်း ရှင်းပြခဲ့သည်။ ထိုသို့ပြုရန် ဘုရားသခင်အသုံးပြုမည့်အကူအညီကိုပင် သူဖော်ပြခဲ့သည်၊ ထိုအသုံးတော်ခံသည် ယနေ့ ကျွန်ုပ်တို့ကြုံတွေ့နေရသော ပြဿနာအားလုံး၏ ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းပါလိမ့်မည်။ ပေါလု၏စကားကို သုံးသပ်ကြည့်ကြစို့။ ထိုစာပိုဒ်ကို ဧဖက် ၁:၃-၁၀ တွင်တွေ့ရှိရသည်။

“ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေ”

တမန်တော်က ဘုရားသခင့်ရည်ရွယ်ချက်မှာ သူခေါ်ဆိုသည့် ‘ကာလအချိန်စေ့စုံခြင်း၏ စီမံခန့်ခွဲမှု [သို့မဟုတ် လုပ်ငန်းများကိုစီမံခန့်ခွဲမှု] တစ်ရပ်’ အတွက်ဖြစ်သည်ဟုဆို၏။ အဘယ်အရာကို သူဆိုလိုသနည်း။ ဘုရားသခင်သည် “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေ [“တစ်ဖန်စုစည်းစေ၊” ကဘ]” ရန် အချိန်သတ်မှတ်ထားသည်ဟူသော အဓိပ္ပာယ်ရှိသည်။ (ဧဖက် ၁:၁၀) မှန်ပါသည်၊ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းကို ကိုယ်တော်တိုင် ကွပ်ကဲ၍ တညီတညွတ်တည်းဖြစ်လာစေရန် အစီအစဉ်ကို စတင်တော်မူခဲ့ပြီ။ စိတ်ဝင်စားစရာမှာ ဤတွင် ‘တစ်ဖန်စုစည်းစေရန်’ ဟူသောအသုံးအနှုန်းနှင့်စပ်လျဉ်း၍ ကျမ်းပညာရှင် ဂျေ. အိပ်ချ်. သေယာက ဤသို့ဖော်ပြသည်– “ကိုယ်တော်တိုင်အတွက် . . . အရာခပ်သိမ်းကို တစ်ဖန်ပြန်စုစည်း၍ (အပြစ်ကြောင့် ယခုအချိန်အထိ စည်းလုံးမှုမရှိ) သူတို့အား ခရစ်တော်၌ အဖော်အဖက်များအဖြစ်သို့ တပေါင်းတစည်းဖြစ်စေသည်။”

အစကနဦး၌ စည်းလုံးမှုပျောက်ဆုံးခဲ့ရခြင်းကြောင့် ထိုသို့ဘုရားသခင်ပြုလုပ်ပေးဖို့ လိုအပ်ခြင်းကို ဖော်ပြသည်။ လူ့သမိုင်းအစပိုင်းတွင် ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧဝတို့သည် စာတန်နောက်လိုက်ပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့ကြသည်။ ကောင်းမကောင်းကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိစေသော အမှီအခိုကင်းသည့်အဖြစ်ကို ရလိုခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၅) ဘုရားသခင့်တရားမျှတမှုနှင့်အညီ သူတို့သည် ဘုရားသခင့်မိသားစုမှ နှင်ထုတ်ခံရကြပြီး ကိုယ်တော်နှင့်မိတ်ပျက်သွားခဲ့ကြလေသည်။ သူတို့သည် လူသားတို့အား မစုံလင်မှုနှင့်အတူ ယနေ့ ကျွန်ုပ်တို့ကြုံတွေ့နေရသော ကြောက်မက်ဖွယ်ဆိုးကျိုးများကို ခံစားစေခဲ့ကြသည်။—ရောမ ၅:၁၂။

ဆိုးသွမ်းမှုကို ခေတ္တခွင့်ပြုထားခြင်း

‘အဲဒါကို ဘုရားသခင်ဘာကြောင့်ခွင့်ပြုတာလဲ။ အခု ကျွန်တော်တို့ခံစားနေကြရတဲ့ နာကျင်မှုနဲ့ ဆင်းရဲခြင်းအားလုံးမရှိစေဖို့ ကိုယ်တော်ရဲ့ ကြီးမားလှတဲ့တန်ခိုးတော်ကိုသုံးပြီး အလိုတော်အတိုင်းဖြစ်ရအောင် ဘာကြောင့်အရေးယူ မဆောင်ရွက်ခဲ့တာလဲ’ ဟုအချို့ကမေးကြပေမည်။ ထိုသို့စဉ်းစားတွေးတောဖို့ လွယ်ကူပေမည်။ သို့သော် ဤသို့သောကြီးမားလှသည့်တန်ခိုးတော်ကို အသုံးပြုခဲ့ခြင်းက အမှန်အားဖြင့် အဘယ်အရာကို တင်ပြမည်နည်း။ မိမိ၌တန်ခိုးရှိသောကြောင့် သဘောထားဆန့်ကျင်သည့် လက္ခဏာတွေ့သည်နှင့် ဆန့်ကျင်သူအားလုံးကို ချေမှုန်းဖျက်ဆီးသူတစ်ဦးကို သင်အထင်ကြီးမည်၊ သို့မဟုတ် သဘောကျမည်လော။ ဝေးလေစွ။

အမှန်မှာ ထိုသူပုန်များသည် ဘုရားသခင့် အတိုင်းအဆမဲ့တန်ခိုးတော်ကို စိန်ခေါ်ခဲ့သည်မဟုတ်ပါ။ ကိုယ်တော့်အုပ်ချုပ်ပုံနည်းလမ်း၏ တော်မှန်ဖြောင့်မတ်မှုကို သူတို့ အထူးသဖြင့် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ပေါ်ပေါက်နေသော အရင်းခံပြဿနာများကို တစ်ခါတည်းနှင့်အပြီးအပိုင် ဖြေရှင်းဖို့ ယေဟောဝါသည် ကိုယ်တော်မပါဘဲ မိမိတို့ဘာသာအုပ်ချုပ်ရန် အချိန်အကန့်အသတ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ (ဒေ. ၃:၁; လုကာ ၂၁:၂၄) ထိုအချိန်စေ့သောအခါ ကိုယ်တော်ကြားဝင်တော်မူပြီး မြေကြီးကို လုံးလုံးအုပ်ချုပ်ပါလိမ့်မည်။ ထိုအခါ ကိုယ်တော့်အုပ်ချုပ်ပုံ အုပ်ချုပ်နည်းသည် မြေကြီးသားများအတွက် တည်မြဲသောငြိမ်သက်မှု၊ ပျော်ရွှင်မှုနှင့် ကြီးပွားမှုကို အာမခံသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း အထင်အရှားပေါ်လွင်လာပါလိမ့်မည်။ ထိုအခါ ဖိနှိပ်သူများအားလုံးကို ကမ္ဘာပေါ်မှ ထာဝရဖယ်ရှားပစ်ပါလိမ့်မည်။—ဆာလံ ၇၂:၁၂-၁၄; ဒံယေလ ၂: ၄၄၊ ၄၅။

“ဤကမ္ဘာမတည်မရှိမီ”

ဤသို့ပြုလုပ်ရန် ကြာမြင့်စွာကတည်းက ယေဟောဝါရည်ရွယ်တော်မူခဲ့သည်။ ပေါလုက “ဤကမ္ဘာမတည်မရှိမီ” ဟုဖော်ပြသည်။ (ဧဖက် ၁:၄) ၎င်းသည် မြေကြီး သို့မဟုတ် အာဒံနှင့်ဧဝတို့ကို မဖန်ဆင်းမီကို မဆိုလိုပါ။ ထိုကမ္ဘာသည် “အလွန်ကောင်း” ၏၊ ပုန်ကန်မှုလည်း မဖြစ်ပွားခဲ့သေးချေ။ (ကမ္ဘာဦး ၁:၃၁) သို့ဖြစ်လျှင် အဘယ် “ကမ္ဘာ” ကို တမန်တော်ပေါလုဆိုလိုသနည်း။ အာဒံနှင့်ဧဝတို့၏ သားသမီးများကမ္ဘာ၊ အပြစ်ရှိ၍ မစုံလင်သော ရွေးနုတ်ခံရရန်လိုသည့် လူသားကမ္ဘာဖြစ်သည်။ မည်သည့်သားသမီးမျှ အာဒံမမွေးဖွားမီကတည်းက ရွေးနုတ်ခံထိုက်သော သူ၏သားမြေးများ သက်သာရာရစေဖို့ မည်သို့လုပ်ဆောင်ရမည်ကို ယေဟောဝါသိရှိထားနှင့်ပြီးဖြစ်သည်။—ရောမ ၈:၂၀၊ ၂၁။

ယင်းကြောင့် စကြဝဠာ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်သည် လူသားများကဲ့သို့ ကိစ္စရပ်များကို ကိုင်တွယ်ရမည်ဟု မဆိုလိုပါ။ လူသားတို့သည် အရေးပေါ်ကိစ္စပေါ်လာမည်ကို သိရှိလျက် ကိုင်တွယ်ဖြေရှင်းနည်းအမျိုးမျိုးကို အသေးစိတ်စီစဉ်ထားတတ်ကြသည်။ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်မူကား ရည်ရွယ်တော်မူချက်ကို ဖော်ပြရုံဖော်ပြပြီး အထမြောက်စေတော်မူ၏။ သို့တိုင် လူသားတို့ တည်မြဲသောသက်သာမှုရှိစေရန် မည်သို့လုပ်ဆောင်မည်ကို ယေဟောဝါစီစဉ်ထားကြောင်း ပေါလုရှင်းပြသည်။ ထိုစီမံချက်များကား အဘယ်နည်း။

မည်သူလွတ်မြောက်စေမည်နည်း

ခရစ်တော်၏ဝိညာဉ်တော်ဖွား နောက်တော်လိုက်များသည် အာဒံ၏အပြစ်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုကို ပယ်ဖျက်ပေးရန် အထူးတာဝန်ရရှိထား၏။ ပေါလုက ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူအုပ်ချုပ်ရန် ယေဟောဝါသည် “ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူသည်” ဟုဆို၏။ ယင်းကို ထပ်ဆင့်ရှင်းပြရာ၌ ပေါလုက “ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း” ယေဟောဝါသည် “ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏’ ဟုဆိုသည်။ (ဧဖက် ၁:၄-၆) သူတို့တစ်ဦးချင်းစီကို ယေဟောဝါရွေးကောက်ခြင်း၊ သို့မဟုတ် ရှေးမဆွက ခွဲခန့်မှတ်သားခြင်းမပြုသည်မှာ အမှန်ပင်။ သို့သော် စာတန်နှင့်အတူ အာဒံနှင့်ဧဝတို့ လူ့မိသားစုအပေါ် ကျရောက်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ခရစ်တော်နှင့်အတူ ပယ်ဖျက်မည့် တည်ကြည်၍ အပ်နှံထားသောလူတန်းစားတစ်စုကို ကိုယ်တော်ကြိုတင် ခွဲခန့်မှတ်သားထားတော်မူသည်။—လုကာ ၁၂:၃၂; ဟေဗြဲ ၂:၁၄-၁၈။

အမှန်တကယ် အံ့ချီးဖွယ်ရာပါတကား! ဘုရားသခင့်ပိုင်သအုပ်စိုးခွင့်ကို ကနဦးစိန်ခေါ်ခဲ့ချိန်တွင် စာတန်က ဘုရားသခင့်ဖန်ဆင်းခံ လူသားများသည် အပြစ်အနာအဆာရှိ၍ သူတို့သည် နှိပ်စက်ညှဉ်းပန်းခံရ သို့မဟုတ် မက်လုံးပေးခံရမည်ဆိုလျှင် ဘုရားသခင့်အုပ်ချုပ်မှုကို အားလုံးဆန့်ကျင်ပုန်ကန်ကြလိမ့်မည်ဟု သွယ်ဝိုက်ပြောဆိုခဲ့သည်။ (ယောဘ ၁:၇-၁၂; ၂:၂-၅) “ကျေးဇူးတော်၏ဘုန်းအသရေ” ကို သိသာထင်ရှားစွာ ဖော်ပြရာတွင် ယေဟောဝါဘုရားသခင်သည် အချိန်တန်သော် အာဒံ၏အပြစ်ရှိသောမိသားစုမှ အချို့ကို မိမိ၏ဝိညာဉ်ရေးသားများအဖြစ် မွေးစားခြင်းဖြင့် မြေကြီးဆိုင်ရာဖန်ဆင်းခံရသူများအပေါ် ယုံကြည်စိတ်ချမှုရှိကြောင်း တင်ပြတော်မူခဲ့သည်။ ဤအုပ်စုငယ်မှ သူများကို ကောင်းကင်၌အမှုထမ်းစေရန် ခေါ်ဆောင်သွားမည်ဖြစ်သည်။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။—ဧဖက် ၁:၃-၆; ယောဟန် ၁၄:၂၊ ၃; ၁ သက်သာလောနိတ် ၄:၁၅-၁၇; ၁ ပေတရု ၁:၃၊ ၄။

ဘုရားသခင်၏ ဤမွေးစားခံရသောသားများသည် ကောင်းကင်နိုင်ငံတော်တွင် “ခရစ်တော်နှင့်အတူ . . . အမွေခံ” များဖြစ်လာကြမည်ဟု တမန်တော်ပေါလုဆို၏။ (ရောမ ၈:၁၄-၁၇) ယခု ခံစားနေကြရသော နာကျင်မှုနှင့် ဆင်းရဲခြင်းမှ လူ့မိသားစုကိုလွတ်မြောက်စေရာ၌ သူတို့သည် ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ် ပါဝင်ကြလိမ့်မည်။ (ဗျာဒိတ် ၅:၁၀) မှန်ပါသည်၊ “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟု ငါတို့သိကြ၏။” များမကြာမီ ဤအထူးရွေးချယ်ခံရသော ဘုရားသခင်၏သားများသည် ယေရှုခရစ်နောက်သို့လိုက်ကာ အရေးယူဆောင်ရွက်ကြပြီး နာခံမှုရှိသောလူသားအားလုံး “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို” တစ်ဖန်ပြန် “ဝင်စားမည်။”—ရောမ ၈:၁၈-၂၂။

“အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်း”

ရွေးနုတ်နိုင်သော လူသားလောကအပေါ် ဘုရားသခင်၏မခံစားထိုက်သော ကြင်နာမှုကို အထူးခြားဆုံး၊ အမြင့်မြတ်ဆုံး တင်ပြခြင်းဖြစ်မည့် ယေရှုခရစ်၏ရွေးဖိုးပူဇော်ရာယဇ်အားဖြင့် အဆိုပါအရာအားလုံး ဖြစ်မြောက်နိုင်ခဲ့ပြီ။ ပေါလုဤသို့ရေးသားခဲ့သည်– “ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။”—ဧဖက် ၁:၈။

ဘုရားသခင့်ရည်ရွယ်တော်မူချက် အကောင်အထည်ဖော်ရေးတွင် ယေရှုခရစ်သည် အဓိကပုဂ္ဂိုလ်ဖြစ်သည်။ (ဟေဗြဲ ၂:၁၀) ကိုယ်တော်၏ရွေးဖိုးပူဇော်ရာယဇ်သည် အာဒံ၏သားစဉ်မြေးဆက်အချို့ကို ယေဟောဝါ၏ကောင်းကင်မိသားစုတွင် ပါဝင်စေဖို့ မွေးစားရန်နှင့် ကိုယ်တော်၏ပညတ်တော်များနှင့် မူများကို ယုံကြည်စိတ်ချမှု လျော့မသွားစေဘဲ အာဒံ့အပြစ်၏အကျိုးဆက်များမှ လူသားကိုလွတ်မြောက်စေရန် တရားဝင်အခြေခံအကြောင်းရင်းကိုပေးသည်။ (မဿဲ ၂၀:၂၈; ၁ တိမောသေ ၂:၆) ယေဟောဝါသည် မိမိ၏ဖြောင့်မတ်ခြင်းကိုအတည်ပြု၍ ပြည့်ဝစုံလင်သောတရားမျှတမှုကို ဖြည့်ဆည်းပေးသည့်နည်းဖြင့် ကိစ္စရပ်များကို ပြုမူတော်မူခဲ့ပြီ။—ရောမ ၃:၂၂-၂၆။

ဘုရားသခင်၏ “နက်နဲသောအရာ”

ဘုရားသခင်သည် မြေကြီးအတွက် မိမိ၏ရည်ရွယ်တော်မူချက် မည်သို့အကောင်အထည်ပေါ်စေမည်ဟု နှစ်ပေါင်းထောင်ချီပြီး အတိအကျမဖော်ပြခဲ့ချေ။ စီ.အီး. ပထမရာစုတွင် “အလိုတော်၏နက်နဲသောအရာကို [ခရစ်ယာန်များ] အားပြတော်မူ၏။” (ဧဖက် ၁:၉) ပေါလုနှင့် သူ၏အပေါင်းအဖော်များဖြစ်သည့် ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် ဘုရားသခင့်ရည်ရွယ်တော်မူချက် အကောင်အထည်ပေါ်ရေးတွင် ယေရှုခရစ်၏ ကြီးကျယ်ခမ်းနားသောအခန်းကဏ္ဍကို ကောင်းစွာနားလည်ခဲ့ကြသည်။ ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်၏တွဲဖက်အမွေခံများအဖြစ် သူတို့၏အထူးအခန်းကဏ္ဍကိုလည်း သူတို့သဘောပေါက်လာကြသည်။ (ဧဖက် ၃:၅၊ ၆၊ ၈-၁၁) ကောင်းကင်၌သာမက မြေကြီးပေါ်တွင် ငြိမ်သက်မှုတည်မြဲစေရန် ယေရှုခရစ်နှင့် ကိုယ်တော်၏တွဲဖက် အုပ်ချုပ်သူများလက်၌ရှိသော ဘုရားသခင့်ကောင်းကင်အစိုးရကို ဘုရားသခင်အသုံးပြုတော်မူလိမ့်မည်။ (မဿဲ ၆:၉၊ ၁၀) ၎င်းအားဖြင့် ယေဟောဝါသည် မြေကြီးအတွက် မူလကရည်ရွယ်ထားတော်မူသည့်အခြေအနေကို ဤကမ္ဘာပေါ် ပြန်ရောက်ရှိစေပါလိမ့်မည်။—ဟေရှာယ ၄၅:၁၈; ၆၅:၂၁-၂၃; တမန်တော် ၃:၂၁။

မြေကြီးပေါ်မှ ဖိနှိပ်မှုနှင့် မတရားမှုအားလုံးကို ဖယ်ရှားပစ်ဖို့ ကိုယ်တော်တိုင်အရေးယူဆောင်ရွက်ရန် သတ်မှတ်ထားချိန်သည် မဝေးတော့သည့်အနာဂတ်တွင်ရှိ၏။ သို့သော် အမှန်မှာ ယေဟောဝါသည် စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စတင်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ ထိုအချိန်၌ ကောင်းကင်တွင်ခရစ်တော်နှင့်အတူ အုပ်ချုပ်ကြမည့်သူများ၊ ‘ကောင်းကင်ပေါ်ရှိအရာများ’ ကိုစတင်စုစည်းခဲ့သည်။ ဤသူများတွင် ဧဖက်မြို့မှခရစ်ယာန်များလည်း ပါဝင်သည်။ (ဧဖက် ၂:၄-၇) များမကြာမီကကျွန်ုပ်တို့ခေတ်တွင်ပင် ယေဟောဝါသည် ‘မြေကြီးပေါ်ရှိအရာများ’ ကိုစုစည်းတော်မူခဲ့၏။ (ဧဖက် ၁:၁၀) ကိုယ်တော်သည် ယေရှုခရစ်လက်၌ရှိသော ဘုရားသခင့်နိုင်ငံတော်အစိုးရနှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်းကင်ပိန်းအားဖြင့် လူမျိုးအားလုံးအား ကြားသိနေစေတော်မူ၏။ လက်ခံတုံ့ပြန်ကြသူများသည် ယခုအချိန်တွင်ပင် ဝိညာဉ်ရေးအကာအကွယ်နှင့် ကုသမှုရှိရာအရပ်သို့ စုသိမ်းခံနေရကြသည်။ (ယောဟန် ၁၀:၁၆) များမကြာမီ သူတို့သည် သန့်စင်ပြီးသော ပရဒိသုမြေကြီးပေါ်တွင် မတရားမှုနှင့် ဆင်းရဲခြင်းရှိသမျှမှ လုံးဝလွတ်မြောက်ကြပါလိမ့်မည်။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၁၁:၁၈။

ဖိနှိပ်ခံရသောလူသားများကိုကူညီရန် လူလူချင်းစာနာသည့် အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် “အံ့မခန်းဖွယ်တိုးတက်မှု အတော်များများ” ကိုပြုလုပ်ခဲ့ကြပြီ။ (၂၀၀၀ ပြည့်နှစ် ကမ္ဘာ့ကလေးငယ်များ၏အခြေအနေ) သို့သော် ခရစ်တော်ယေရှုနှင့် ကိုယ်တော့်တွဲဖက်အုပ်စိုးရှင်များ၏ ကောင်းကင်နိုင်ငံတော်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုသည် အံ့မခန်းဖွယ်အကောင်းဆုံး တိုးတက်မှုဖြစ်ပါလိမ့်မည်။ ၎င်းသည် ပဋိပက္ခဖြစ်စေသည့် ဇာစ်မြစ်အားလုံးနှင့် ကျွန်ုပ်တို့အပေါ် ကျရောက်သော ဆိုးသွမ်းမှုဟူသ၍ကို သူတို့လုံးလုံးကိုင်တွယ်ဖြေရှင်းပစ်မည်ဖြစ်သည်။ သူတို့သည် လူ့ပြဿနာအားလုံးကို အဆုံးတိုင်စေပါလိမ့်မည်။—ဗျာဒိတ် ၂၁:၁-၄။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

လူလူချင်းစာနာသည့် အကျိုးဆောင်လုပ်ငန်း များသည် လူ့ပြဿနာများကို မဖြေရှင်းပေးခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ခရစ်တော်၏ရွေးဖိုးပူဇော်ရာယဇ်သည် လူသားတို့ကို အာဒံ့အပြစ်မှလွတ်မြောက်စေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဝိညာဉ်ရေးကာကွယ်မှုနှင့် ကုသမှုကို ယနေ့ရှာတွေ့နိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မကြာမီ၊ မေရှိယနိုင်ငံတော်အားဖြင့် ပြဿနာများမှ လုံးဝလွတ်မြောက်ပါလိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ