ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’
    ကင်းမျှော်စင်—၂၀၀၇ | ဖေဖော်ဝါရီ ၁၅
    • ‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’

      “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။”—⁠ဧဖက် ၆:၁။

      ကျွန်ုပ်တို့သည် မိုးသားများတက်လာသည်ကို မြင်ရပြီး မိုးချုန်းသံကိုကြားရသည်။ ထို့နောက် ကြက်သီးမွေးညှင်းထလောက်အောင် လျှပ်စီးများလက်လာသည်။ ဖြစ်လာနိုင်ဖွယ်အန္တရာယ်များကို သိထားသူများအဖို့ ယင်းတို့သည် ကျရောက်တော့မည့် မုန်တိုင်းဘေးမှလွတ်ရာသို့ ထွက်ပြေးရန် သတိပေးချက်ဖြစ်၏။ “ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံ” သော ကိုယ်ခန္ဓာ၏ သတိပေးချက်များကို နာခံသောကြောင့် ကျွန်ုပ်တို့ ယခု အသက်ရှင်နေခြင်းဖြစ်နိုင်ပြီး အခြားသူများမူ နာခံမှုမရှိသောကြောင့် သေဆုံးသွားကြခြင်းဖြစ်နိုင်သည်။—⁠ဆာလံ ၁၃၉:၁၄။

      ၂ ဖြစ်လာနိုင်ဖွယ် အန္တရာယ်များနှင့်ပတ်သက်သော သတိပေးချက်များကို အသင်လူငယ်များလိုအပ်ပြီး မိဘများက ယင်းတို့ကို ပြောပြရန်တာဝန်ရှိသည်။ “မီးဖိုကိုမထိနဲ့၊ ပူတယ်။” “ရေစပ်နားမသွားနဲ့၊ အန္တရာယ်ရှိတယ်။” “လမ်းမကူးခင် ဘယ်ညာကြည့်” စသောသတိပေးချက်များကို သင်မှတ်မိပေမည်။ ဝမ်းနည်းစရာမှာ သားသမီးများသည် သတိပေးချက်ကို မနာခံသောကြောင့် ထိခိုက်ဒဏ်ရာရခဲ့ သို့မဟုတ် သေဆုံးခဲ့ရသည်။ မိဘစကားနားထောင်ခြင်းသည် “တရားသောအမှု” ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်ရာဖြစ်သည်။ ပညာရှိလမ်းစဉ်လည်းဖြစ်၏။ (သု. ၈:၃၃) ယင်းသည် သခင်ယေရှု “နှစ်သက်တော်မူသောအမှုဖြစ်၏” ဟုနောက်ကျမ်းတစ်ချက်ကဆိုသည်။ မှန်ပါသည်၊ မိဘစကားကိုနာခံရန် ဘုရားသခင်မိန့်မှာထားသည်။—⁠ကောလောသဲ ၃:၂၀; ၁ ကောရိန္သု ၈:၆။

  • ‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’
    ကင်းမျှော်စင်—၂၀၀၇ | ဖေဖော်ဝါရီ ၁၅
    • နာခံမှုတင်ပြခြင်းသည် စိန်ခေါ်ချက်ဖြစ်

      ၁၂ နာခံမှုတင်ပြရန် အမြဲမလွယ်ကူပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က မိန်းကလေးနှစ်ဦးသည် ခြောက်လမ်းသွားအဝေးပြေးလမ်းမကို  လူကူးတံတားမှမဟုတ်ဘဲ ကားလမ်းပေါ်မှ ဖြတ်ပြေးခဲ့ကြသည်။ လူကူးတံတားမှဖြတ်ရန် သွားနေသော သူငယ်ချင်းဖြစ်သူဂျွန်ကိုလည်း “ငါတို့နဲ့အတူလိုက်ခဲ့စမ်းပါ” ဟုပြောသည်။ တွန့်ဆုတ်နေသောဂျွန်ကို မိန်းကလေးတစ်ဦးက “ငကြောက်ပဲ” ဟု သရော်လိုက်သည်။ ဂျွန်ကမကြောက်သော်လည်း “ငါအမေ့စကားနားထောင်ရမယ်” ဟုပြန်ပြောခဲ့သည်။ မကြာမီ ကျယ်လောင်သော ကားဘရိတ်အုပ်သံကြားရ၍ အောက်သို့ငုံ့ကြည့်လိုက်ရာ မိန်းကလေးနှစ်ဦး ကားတိုက်ခံလိုက်ရခြင်းဖြစ်၏။ တစ်ဦးမှာသေဆုံးသွားပြီး နောက်တစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရသည်။ လူကူးတံတားမှဖြတ်ရန် အတန်တန်သတိပေးခဲ့သော မိန်းကလေးများ၏မိခင်က ဂျွန်၏မိခင်ကို “သူတို့သာ ရှင့်သားလို နားထောင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ” ဟုပြောခဲ့သည်။—⁠ဧဖက် ၆:၁။

      ၁၃ ‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’ ဟုဘုရားသခင် အဘယ်ကြောင့်မိန့်မှာရသနည်း။ မိဘစကားကိုနာခံခြင်းက ဘုရားသခင်ကို နာခံရာရောက်သည်။ ထို့ပြင် မိဘများသည် သင့်ထက် အတွေ့အကြုံပိုရင့်ကျက်သည်။ ဥပမာ၊ အထက်ပါကားတိုက်မှုမဖြစ်မီ ငါးနှစ်တွင် မိမိသူငယ်ချင်း၏သားဖြစ်သူသည် ထိုအဝေးပြေးလမ်းမကိုဖြတ်ကူးရင်း ကားတိုက်သေဆုံးသွားသည်ကို ဂျွန်၏မိခင်ကြုံခဲ့ရသည်။ မိဘစကားကိုနာခံရန် အမြဲမလွယ်ကူသည်မှာ မှန်သော်လည်း သင်ထိုသို့ပြုသင့်သည်ဟု ဘုရားသခင်မိန့်မှာ၏။ သို့သော် သင့်မိဘများ သို့မဟုတ် အခြားသူများက သင့်ကို လိမ်လည်ရန်၊ ခိုးရန်၊ ဘုရားသခင်မနှစ်သက်ရာများကို ပြုလုပ်ရန် ပြောလာပါက “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကိုနားထောင်” ရမည်။ ထို့ကြောင့်လည်း “မိဘစကားကိုနားထောင်ကြလော့” ဟုမပြောမီ “သခင်ဘုရား၏အလိုတော်နှင့်အညီ” ဟုကျမ်းစာကဆိုသည်။ ယင်းက ဘုရားသခင်ပညတ်နှင့်ကိုက်ညီရာမှန်သမျှတွင် မိဘကိုနာခံခြင်းဖြစ်၏။—⁠တမန်တော် ၅:၂၉။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ