ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ နိုဝင်ဘာ စာ. ၁၄-၁၈
  • ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို သင် အလွန် တန်ဖိုးထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို သင် အလွန် တန်ဖိုးထားသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့် စကားတော် ကျမ်းစာနဲ့ လူ့ခံစားချက်များ
  • ကျွန်တော်တို့ကို ယေဟောဝါ ဦးဆောင်နေ
  • ယေဟောဝါရဲ့ ရထား ရွေ့လျားနေ
  • ယေဟောဝါအပေါ် သစ္စာစောင့်သိပါ၊ အဖွဲ့အစည်းကို ထောက်မပါ
  • တစ်ယောက်နှင့်တစ်ယောက် မေတ္တာ၌ သင့်မြတ်စွာ နေထိုင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ နိုဝင်ဘာ စာ. ၁၄-၁၈
အသင်းတော်မှာ တခြားသူတွေနဲ့ ပေါင်းသင်းရင်း ဧဝေါဒိနဲ့ သုန္တုတ် တစ်ယောက်ကို တစ်ယောက် ဒေါသတကြီး ရပ်ကြည့်နေကြစဉ်

ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို သင် အလွန် တန်ဖိုးထားသလား

“သင်တို့သည် . . . ဘုရားသခင်၏ တရားစကားတော်ကို . . . ဘုရားသခင်၏ တရားစကားတော်ဖြစ်သည်ဟု အဖြစ်မှန်အတိုင်း ခံယူကြ၏။” —၁ သက်. ၂:၁၃။

သီချင်း– ၁၁၄၊ ၁၁၃

သင် ဘယ်လို ဖြေမလဲ

  • ခံစားချက်တွေကို ထိန်းချုပ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို သွန်သင်ပေးထားသလဲ။

  • ယေဟောဝါရဲ့ ရထား ရွေ့လျားနေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

  • ယေဟောဝါရဲ့ အဖွဲ့အစည်းကို အပြည့်အဝ ထောက်ခံကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

၁–၃။ ဧဝေါဒိနဲ့ သုန္တုတ်တို့ကြားမှာ ဘာပြဿနာတွေ ပေါ်ပေါက်ခဲ့နိုင်သလဲ။ အဲဒီပြဿနာတွေကို ဘယ်လို ရှောင်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ဘုရားသခင့် စကားတော် ကျမ်းစာကို အလွန် တန်ဖိုးထားကြတယ်။ မစုံလင်သူတွေမို့ ကျမ်းစာသွန်သင်ချက်တွေ မကြာခဏ ရရှိကြတယ်။ အဲဒီအခါ ဘယ်လို တုံ့ပြန်ကြမလဲ။ ပထမရာစု ခရစ်ယာန် ဧဝေါဒိနဲ့ သုန္တုတ်တို့အကြောင်း သုံးသပ်ကြည့်ပါ။ ဒီဘိသိက်ခံ ညီအစ်မတွေကြားမှာ ကြီးမားတဲ့ပြဿနာတွေ ပေါ်ပေါက်ခဲ့တယ်။ ဘာပြဿနာတွေလဲ။ ကျမ်းစာမှာ အတိအကျ မပြောထားဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေတွေကို သုံးသပ်ကြည့်ကြစို့။

၂ ဧဝေါဒိက ညီအစ်ကို/မတချို့ကို ဖိတ်ပြီး အိမ်မှာ ပျော်ပျော်ပါးပါး စားသောက်၊ စုဆုံပေါင်းသင်းကြတယ် ဆိုပါစို့။ သုန္တုတ်ကိုတော့ မဖိတ်ဘူး။ အားလုံး ပျော်ခဲ့ကြတဲ့အကြောင်း သုန္တုတ် ပြန်ကြားတယ်။ ‘ငါ့ကို ဧဝေါဒိ ဘာကြောင့် မဖိတ်တာပါလိမ့်။ ငါတို့က အခင်ဆုံးသူငယ်ချင်းတွေပဲ’ လို့ သုန္တုတ် စဉ်းစားမိမယ်။ သစ္စာဖောက်ခံရတယ်လို့ ခံစားရတဲ့အတွက် ဧဝေါဒိအပေါ် အမြင်မကြည်တော့ဘူး။ ဒါနဲ့ သုန္တုတ်လည်း အိမ်မှာ အဲဒီညီအစ်ကို/မတွေကိုပဲ ခေါ်ဖိတ်ပြီး ဧဝေါဒိကို မဖိတ်ဘူး။ သူတို့ရဲ့ ပြဿနာက အသင်းတော်တစ်ခုလုံးရဲ့ ငြိမ်သက်မှုကို ပျက်စီးစေနိုင်တယ်။ ဘာတွေ ဆက်ဖြစ်သလဲဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ဒီညီအစ်မနှစ်ယောက်စလုံး တမန်တော် ပေါလုရဲ့ မေတ္တာပါ သွန်သင်ချက်ကို လိုက်နာခဲ့ကြမှာပဲ။—ဖိ. ၄:၂၊ ၃။

၃ ဒီနေ့လည်း အလားတူ အခြေအနေတွေက ယေဟောဝါလူမျိုးရဲ့ အသင်းတော်တွေကို တစ်ခါတလေ စိတ်ဝမ်းကွဲပြားစေနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေကို လိုက်လျှောက်မယ်ဆိုရင် အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်၊ လုံးဝတောင် ရှောင်နိုင်ပါမယ်။ ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို အလွန် တန်ဖိုးထားမယ်ဆိုရင် ကျမ်းစာညွှန်ကြားချက်တွေအတိုင်း အသက်ရှင်ပါလိမ့်မယ်။—ဆာ. ၂၇:၁၁။

ဘုရားသခင့် စကားတော် ကျမ်းစာနဲ့ လူ့ခံစားချက်များ

၄၊ ၅။ ခံစားချက်တွေကို ထိန်းချုပ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို သွန်သင်ပေးထားသလဲ။

၄ မမျှမတ ဆက်ဆံခံရတယ်လို့ ထင်တဲ့အခါမျိုးမှာ ခံစားချက်တွေကို ထိန်းချုပ်ရခက်တတ်တယ်။ လူမျိုး၊ အသားအရောင်၊ တခြားကွဲပြားမှုတွေကြောင့် ခွဲခြားဆက်ဆံခံရတဲ့အခါ ပိုဆိုးတတ်တယ်။ ခရစ်ယာန်ချင်းတစ်ယောက်က အဲဒီလို ဆက်ဆံရင် ပိုပြီးတော့တောင် နာကျင်ခံစားရတယ်။ အဲဒီမစုံလင်တဲ့ လူ့စရိုက်ဆိုးကို ရင်ဆိုင်ရတဲ့အခါ ကျမ်းစာသွန်သင်ချက်တွေက ဘယ်လို ကူညီပေးသလဲ။

၅ လူ့သမိုင်းအစကတည်းက လူတွေအကြောင်း၊ လူ့ခံစားချက်၊ လုပ်ရပ်တွေအကြောင်း ယေဟောဝါ သိတယ်။ စိတ်ထိခိုက်လာတဲ့အခါ နောက်မှ နောင်တရစေမယ့် အပြုအမူ၊ အပြောအဆိုတွေ လုပ်မိပြောမိနိုင်တယ်။ စိတ်ထိန်းဖို့၊ ထစ်ခနဲဆို ဒေါသမထွက်ဖို့ ကျမ်းစာ သွန်သင်ချက်ကို လိုက်လျှောက်ခြင်းက အလွန်ပညာရှိပါတယ်။ (သုတ္တံ ၁၆:၃၂ နဲ့ ဒေသနာ ၇:၉ တို့ကိုဖတ်ပါ။) ထိလွယ်ရှလွယ် မဖြစ်လွန်းဖို့၊ ပိုခွင့်လွှတ်တတ်ဖို့ ကြိုးစားကြရမယ်။ ယေဟောဝါနဲ့ ယေရှုဟာ ခွင့်လွှတ်မှုကို သိပ်အလေးထားတယ်။ (မ. ၆:၁၄၊ ၁၅) သင်ဟာ ပိုခွင့်လွှတ်တတ်ဖို့၊ ခံစားချက်တွေကို ပိုထိန်းချုပ်နိုင်ဖို့ လိုအပ်နေသလား။

၆။ နာကြည်းစိတ် မဝင်အောင် ဘာကြောင့် သတိထားသင့်သလဲ။

၆ ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့သူတွေဟာ စိတ်နာကြည်းလာတတ်ကြတယ်။ ရလဒ်အနေနဲ့ တခြားသူတွေဟာ သူတို့နဲ့ မပေါင်းချင်ကြတော့ဘူး။ စိတ်နာကြည်းသူဟာ အသင်းတော်အပေါ် အပျက်သြဇာ လွှမ်းမိုးနိုင်တယ်။ နာကြည်းမှု၊ မုန်းတီးမှုကို ဖုံးကွယ်ထားနိုင်ပေမဲ့ စိတ်နှလုံးထဲမှာ ကိန်းအောင်းနေတဲ့ အပျက်သဘောတွေက “ပရိသတ်ရှေ့မှာ ထင်ရှား” လာလိမ့်မယ်။ (သု. ၂၆:၂၄-၂၆) နာကြည်းမှု၊ မုန်းတီးမှု၊ အငြိုးထားမှုတွေ ဘုရားအဖွဲ့အစည်းထဲမှာ မရှိသင့်ကြောင်း နားလည်လာအောင် အကြီးအကဲတွေ ကူညီပေးနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ဝတ်. ၁၉:၁၇၊ ၁၈။ ရော. ၃:၁၁-၁၈) သင် သဘောတူပါသလား။

ကျွန်တော်တို့ကို ယေဟောဝါ ဦးဆောင်နေ

၇၊ ၈။ (က) အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ယေဟောဝါ ဘယ်လို ဦးဆောင်နေသလဲ။ (ခ) ကျမ်းစာမှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တချို့က ဘာတွေလဲ။ ဘာကြောင့် နာခံသင့်သလဲ။

၇ မိမိအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို “အသင်းတော်၏ ဦးခေါင်း” ခရစ်တော် လမ်းညွှန်နေတဲ့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အားဖြင့် ယေဟောဝါ ဦးဆောင် သွန်သင်ပေးနေတယ်။ (မ. ၂၄:၄၅-၄၇။ ဧ. ၅:၂၃) ပထမရာစု အုပ်ချုပ်ရေးအဖွဲ့လိုပဲ ဒီကျွန်ဟာ ဘုရားသခင့် စကားတော်ကို လက်ခံပြီး အလွန်တန်ဖိုးထားတယ်။ (၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။) ကျွန်တော်တို့အကျိုးအတွက် ကျမ်းစာမှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တချို့က ဘာတွေလဲ။

၈ အစည်းအဝေး ပုံမှန်တက်ဖို့ ကျမ်းစာမှာ လမ်းညွှန်ထားတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အယူဝါဒပိုင်းမှာ စည်းလုံးနေဖို့ တိုက်တွန်းထားတယ်။ (၁ ကော. ၁:၁၀) ဘဝမှာ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ မိန့်မှာထားတယ်။ (မ. ၆:၃၃) တစ်အိမ်မှ တစ်အိမ်ဖြစ်စေ၊ လူအများရှေ့မှာဖြစ်စေ၊ အလွတ်သဘောဖြစ်စေ ဟောပြောရမယ့် တာဝန်နဲ့ အခွင့်ထူးအကြောင်း အလေးပေးဖော်ပြထားတယ်။ (မ. ၂၈:၁၉၊ ၂၀။ တ. ၅:၄၂။ ၁၇:၁၇။ ၂၀:၂၀) အဖွဲ့အစည်းကို သန့်ရှင်းနေစေဖို့ အကြီးအကဲတွေကို ကျမ်းစာမှာ ညွှန်ကြားထားတယ်။ (၁ ကော. ၅:၁-၅၊ ၁၃။ ၁ တိ. ၅:၁၉-၂၁) အဖွဲ့အစည်းဝင်အားလုံး ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း သန့်ရှင်းနေဖို့ ယေဟောဝါ မိန့်မှာထားတယ်။—၂ ကော. ၇:၁။

၉။ ကျမ်းစာ နားလည်အောင် ကူညီပေးဖို့ ဘယ်လမ်းကြောင်းကို အသုံးပြုနေသလဲ။

၉ ကျမ်းစာကို ကိုယ့်ဘာသာကိုယ် အနက်ဖွင့်လို့ရတယ်ဆိုပြီး တချို့ယူဆနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာအကြောင်းအရာတွေကို ဖြန့်ဝေပေးတဲ့ တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ‘သစ္စာရှိကျွန်’ ကိုပဲ ယေရှု ခန့်အပ်ထားတယ်။ မိမိနောက်လိုက်တွေကို ကျမ်းစာနားလည်အောင်၊ ကျမ်းစာ လမ်းညွှန်ချက်တွေကို လိုက်နာနိုင်အောင် ကူညီပေးဖို့ အဲဒီကျွန်ကို ၁၉၁၉ ခုနှစ်ကစပြီး ယေရှုခရစ် အသုံးပြုနေတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေကို နာခံခြင်းအားဖြင့် အသင်းတော်ရဲ့ သန့်ရှင်းမှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှုကို အားဖြည့်ပေးနေကြတယ်။ ဒါကြောင့် ‘ဒီနေ့ ယေရှု သုံးနေတဲ့ လမ်းကြောင်းကို ငါသစ္စာစောင့်သိနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

ယေဟောဝါရဲ့ ရထား ရွေ့လျားနေ

၁၀။ ယေဟောဝါ့ အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းအကြောင်း ယေဇကျေလကျမ်းမှာ ဘယ်လို ဖော်ပြထားသလဲ။

၁၀ ယေဟောဝါရဲ့ စကားတော် ကျမ်းစာက အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းနဲ့လည်း အကျွမ်းဝင်စေတယ်။ ဥပမာ၊ ပရောဖက် ယေဇကျေလဟာ ကောင်းကင်ရထားနဲ့ တင်စားထားတဲ့ ဘုရားသခင့် အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းကို စိတ်အာရုံမှာ မြင်ခဲ့ရတယ်။ (ယေဇ. ၁:၄-၂၈) ယေဟောဝါက ရထားကို မောင်းနှင်နေတယ်။ စွမ်းအားတော် စေလိုရာအတိုင်း ရထား သွားတယ်။ အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းက မြေကြီးဆိုင်ရာအပိုင်းကို ဩဇာလွှမ်းထားတယ်။ ရထားဟာ အမှန်တကယ် ရွေ့လျားနေပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများစွာအကြောင်း စဉ်းစားကြည့်ပါ။ အဲဒါတွေရဲ့ နောက်ကွယ်မှာ ယေဟောဝါ ရှိနေကြောင်း သတိရပါ။ ဒီဆိုးညစ်တဲ့ လောကကို ခရစ်တော်နဲ့ သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေ ဖျက်ဆီးကြတော့မှာမို့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေး၊ နာမတော် သန့်ရှင်းမြင့်မြတ်ရေးအတွက် ယေဟောဝါရဲ့ ရထား အလျင်အမြန် ရွေ့လျားနေတယ်။

ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတစ်ယောက် အလုပ်လုပ်နေစဉ်

ဆောက်လုပ်ရေး စီမံကိန်းတွေမှာ မနားမနေ လုပ်ဆောင်နေကြတဲ့ စေတနာ့ ဝန်ထမ်းများစွာကို ကျေးဇူးတင်ကြပါတယ် (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁၊ ၁၂။ ယေဟောဝါရဲ့ အဖွဲ့အစည်း ပြီးမြောက်နေတဲ့အရာတချို့ကို ဖော်ပြပါ။

၁၁ ဒီနောက်ဆုံးကာလအတွင်း ဘုရားသခင့် အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်း ပြီးမြောက်အောင်မြင်ခဲ့ရာတွေကို သုံးသပ်ကြည့်ပါ။ ဆောက်လုပ်ရေး။ ထောင်နဲ့ချီတဲ့လုပ်သားတွေဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ်မြို့က ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်အသစ် ဆောက်လုပ်ရာမှာ အလုပ်များနေကြတယ်။ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနရဲ့ ညွှန်ကြားမှုအောက်မှာ သောင်းနဲ့ချီတဲ့လုပ်သားတွေဟာ နိုင်ငံတော်ခန်းမ အသစ်တွေ ဆောက်လုပ်ဖို့၊ ဌာနခွဲအဆောက်အဦတွေ တိုးချဲ့ဖို့ ကြိုးစားလုပ်ဆောင်နေကြတယ်။ အဲဒီစီမံကိန်းတွေမှာ မနားမနေ ကြိုးစားနေကြတဲ့ စေတနာ့ ဝန်ထမ်းများစွာကို ကျေးဇူးတင်ကြပါတယ်။ အဲဒီစီမံကိန်းတွေအတွက် သစ္စာရှိစွာ၊ နှိမ့်ချစွာ ငွေကြေးထောက်ပံ့နေတဲ့ ကမ္ဘာတစ်ဝန်းက ကြေညာသူတွေကို ယေဟောဝါ ကောင်းချီးပေးနေကြောင်း သတိရပါ။—လု. ၂၁:၅။

၁၂ ပညာရေး။ မြင့်မြတ်တဲ့ပညာရေးကို ပို့ချပေးနေတဲ့ သင်တန်းများစွာကိုလည်း စဉ်းစားကြည့်ပါ။ (ဟေရှာ. ၂:၂၊ ၃) ရှေ့ဆောင်လုပ်ငန်းသင်တန်း၊ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း၊ ဂိလဒ်သင်တန်းကျောင်း၊ ဗေသလဝင်ခွင့်သင်တန်း၊ တိုက်နယ်ကြီးကြပ်မှူးများနဲ့ ဇနီးများအတွက် သင်တန်း၊ အသင်းတော် အကြီးအကဲများအတွက် သင်တန်း၊ နိုင်ငံတော် ဓမ္မအမှုကျောင်း၊ ဌာနခွဲ ကော်မတီဝင်များနဲ့ ဇနီးများအတွက် သင်တန်းတွေ ရှိတယ်။ မိမိလူမျိုးကို သွန်သင်ပေးရတာကို ယေဟောဝါ နှစ်သက်တယ်။ ဘာသာစကား ရာပေါင်းများစွာနဲ့ စာပေတွေ ရရှိနေတဲ့ jw.org ဝက်ဘ်ဆိုက်မှာလည်း ကျမ်းစာပညာရေးကို အားပေးထားတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ ကလေးတွေ၊ မိသားစုတွေ၊ သတင်းတွေအတွက် အထူးကဏ္ဍတွေ ပါဝင်တယ်။ အမှုဆောင်လုပ်ငန်းမှာ၊ မိသားစု ဝတ်ပြုမှုမှာ jw.org ကို သင်သုံးနေပါသလား။

ယေဟောဝါအပေါ် သစ္စာစောင့်သိပါ၊ အဖွဲ့အစည်းကို ထောက်မပါ

၁၃။ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေအနေနဲ့ ဘာတာဝန်ရရှိထားသလဲ။

၁၃ ယေဟောဝါရဲ့ အဖွဲ့အစည်းဝင် ဖြစ်ရတာ အခွင့်ထူးပါပဲ။ ယေဟောဝါရဲ့ တောင်းဆိုချက်၊ စံနှုန်းတွေကို သိထားတဲ့အတွက် မှန်ရာကို လုပ်ဆောင်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့ တာဝန်ရလာတယ်။ ဒီလောကဟာ အကျင့်ပျက်နွံထဲမှာ နစ်သည်ထက် နစ်နေပေမဲ့ ကျွန်တော်တို့ကတော့ ယေဟောဝါလိုပဲ “မကောင်းသောအမှုကို ရွံရှာ” ကြရမယ်။ (ဆာ. ၉၇:၁၀) “မကောင်းကို အကောင်း၊ အကောင်းကို မကောင်း” လို့ပြောတဲ့ တရားမဲ့သူတွေနဲ့ မပေါင်းကြဘူး။ (ဟေရှာ. ၅:၂၀) ယေဟောဝါကို ပျော်စေချင်တဲ့အတွက် ရုပ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဘုရားရေးရာပိုင်းမှာ သန့်ရှင်းနေဖို့ ကြိုးစားကြတယ်။ (၁ ကော. ၆:၉-၁၁) ယေဟောဝါကို ချစ်ကြတယ်။ ယုံကြည်ကိုးစားကြတယ်။ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ခြင်းအားဖြင့် ကိုယ်တော့်အပေါ် သစ္စာစောင့်သိနေကြတယ်။ အိမ်မှာ၊ အသင်းတော်မှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ နေရာတိုင်းမှာ အဲဒီစံနှုန်းတွေအတိုင်း နေထိုင်ဖို့ ကြိုးစားကြတယ်။ (သု. ၁၅:၃) ဘုရားသခင်ကို သစ္စာစောင့်သိကြောင်း တင်ပြနိုင်တဲ့ နောက်ထပ်နည်းတွေကို သုံးသပ်ကြည့်ပါ။

၁၄။ ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်း ခရစ်ယာန်မိဘတွေ ဘယ်လို တင်ပြနိုင်သလဲ။

၁၄ သားသမီး ပြုစုပျိုးထောင်ရေး။ ခရစ်ယာန်မိဘတွေက သားသမီးတွေကို ကျမ်းစာနဲ့အညီ လေ့ကျင့်ပေးခြင်းအားဖြင့် ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း တင်ပြနေကြတယ်။ သားသမီး ပြုစုပျိုးထောင်ရေးနဲ့ပတ်သက်ပြီး ဒေသထုံးစံတွေရဲ့ မသင့်တော်တဲ့ လွှမ်းမိုးမှုကို မခံကြဘူး။ ခရစ်ယာန်အိမ်ထောင်မှာ လောကစိတ်ဓာတ်ကို လက်သင့်မခံကြဘူး။ (ဧ. ၂:၂) နှစ်ခြင်းခံပြီးသား ဖခင်တစ်ယောက်က ‘ငါတို့နိုင်ငံမှာတော့ သားသမီးတွေကို မိန်းမတွေပဲ သွန်သင်ဆုံးမတယ်’ လို့မတွေးဘူး။ “အဖဖြစ်သူတို့၊ . . . [သားသမီးတို့ကို] ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော် [ညွှန်ကြားချက်၊ လမ်းညွှန်ချက်] အတိုင်း မွေးမြူလျက်နေကြလော့” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း မိန့်မှာထားတယ်။ (ဧ. ၆:၄) ဘုရားသခင်ကို ကြောက်ရွံ့တဲ့ မိခင်ဖခင်တွေက သားသမီးတွေကို ယေဟောဝါနဲ့အတူ ရှိခဲ့တဲ့ ရှမွေလလို ဖြစ်စေချင်ကြတယ်။—၁ ရာ. ၃:၁၉။

၁၅။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း ဘယ်လို တင်ပြကြသလဲ။

၁၅ ဆုံးဖြတ်ချက်များ ချခြင်း။ ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်း တင်ပြနိုင်တဲ့ နည်းတစ်နည်းကတော့ ကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ အကူအညီကို ရှာယူခြင်းပါပဲ။ ဥပမာ၊ မိဘများစွာနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတစ်ခုကို သုံးသပ်ကြည့်ပါ။ နိုင်ငံခြားကို ပြောင်းရွှေ့သွားသူတချို့က မွေးကင်းစ ကလေးတွေကို ဆွေမျိုးတွေဆီ ပြန်ပို့ပြီး တိုင်းပြည်သစ်မှာ ငွေဆက်ရှာကြတာ ထုံးစံလို ဖြစ်နေတယ်။ ဒါ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်အတွက် ဘုရားသခင်ရှေ့မှာ စာရင်းရှင်းရမယ်ဆိုတာ သတိရသင့်တယ်။ (ရောမ ၁၄:၁၂ ကိုဖတ်ပါ။) ကျမ်းစာလမ်းညွှန်ချက်တွေကို အရင်မရှာဖွေဘဲ မိသားစုနဲ့ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတာ ပညာရှိပါ့မလား။ မရှိပါဘူး။ ကိုယ့်ခြေလှမ်းတွေကို လမ်းမညွှန်နိုင်တဲ့အတွက် ကောင်းကင်ဖခင်ရဲ့ အကူအညီ လိုအပ်ကြတယ်။—ယေ. ၁၀:၂၃။

၁၆။ အမျိုးသမီးတစ်ယောက် သားလေး မွေးလာတဲ့အခါ ဘာဆုံးဖြတ်ခဲ့ရသလဲ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။

၁၆ နိုင်ငံခြားမှာ နေထိုင်ရင်း သားလေးတစ်ယောက် မွေးတဲ့ အမျိုးသမီးတစ်ယောက်က ကလေးကို အဘိုးအဘွားတွေ ထိန်းပေးဖို့ ပြန်ပို့တော့မယ်။ အဲဒီအချိန်မှာပဲ ယေဟောဝါ သက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ယေဟောဝါကို ဝတ်ပြုလာအောင် သားလေးကို ပြုစုပျိုးထောင်ရမှာက သူ့ရဲ့ ဘုရားပေးတာဝန်ပဲဆိုတာ သိလာတယ်။ (ဆာ. ၁၂၇:၃။ သု. ၂၂:၆) ဒါနဲ့ ကျမ်းစာမှာ အားပေးထားတဲ့အတိုင်း ဒီကိစ္စကို ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းခဲ့တယ်။ (ဆာ. ၆၂:၇၊ ၈) ကျမ်းစာသင်ပေးတဲ့သူနဲ့ အသင်းတော်က တခြားသူတွေကိုလည်း ဒီအကြောင်း ပြောပြတယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့ ဖိအားပေးမှုကြားကနေ ကလေးကို အဘိုးအဘွားတွေဆီ ပြန်မပို့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အသင်းတော်က သူနဲ့ ကလေးအတွက် မှီခိုအားကိုးရာ ဖြစ်တာကို ခင်ပွန်းဖြစ်သူ အထင်ကြီးပြီး ကျမ်းစာသင်အံမှု လက်ခံခဲ့တယ်။ ဇနီး၊ သားနဲ့အတူ အစည်းအဝေး လိုက်တက်လာတယ်။ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးခဲ့တယ်လို့ ဒီမိခင် ယူဆသလား။ ယူဆမှာ သေချာပါတယ်။

၁၇။ ကျမ်းစာသင်သားတွေနဲ့ပတ်သက်ပြီး ဘယ်လမ်းညွှန်ချက် ရရှိထားသလဲ။

၁၇ လမ်းညွှန်ချက်များကို လိုက်လျှောက်ခြင်း။ ဘုရားသခင်ကို သစ္စာစောင့်သိကြောင်း တင်ပြနိုင်တဲ့ အရေးကြီး နည်းတစ်နည်းကတော့ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းပါပဲ။ ဥပမာ၊ ကျမ်းစာသင်သားတွေနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်နဲ့ ကျမ်းစာ စလေ့လာပြီး မကြာခင်မှာပဲ သင်အံမှုပြီးတိုင်း မိနစ်အနည်းငယ် အချိန်ယူပြီး အဖွဲ့အစည်းအကြောင်း ပြောပြပါ။ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုနဲ့ ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဘရိုရှာကို သုံးနိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်နဲ့ လေ့လာပြီးနောက် နှစ်ခြင်းခံပြီးရင်တောင် “ဘုရားသခင့် မေတ္တာတော်၌ တည်နေကြလော့” စာအုပ်နဲ့ ဆက်လေ့လာဖို့ အကြံပြုထားတယ်။ တပည့်သစ်တွေ “ယုံကြည်ခြင်း၌ တည်မြဲ” နေဖို့ အဖွဲ့အစည်းက အဲဒီလို လမ်းညွှန်ထားတာ ဖြစ်တယ်။ (ကော. ၂:၇) ယေဟောဝါ့ အဖွဲ့အစည်းရဲ့ အဲဒီအကြံပြုချက်တွေကို သင် လိုက်လျှောက်နေသလား။

၁၈၊ ၁၉။ ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်းတချို့ကို ဖော်ပြပါ။

၁၈ ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယေဟောဝါကြောင့်သာ ကျွန်တော်တို့ ရှင်သန်လှုပ်ရှားနေကြတာမို့ ကျွန်တော်တို့အသက်ကို ကိုယ်တော် ပိုင်တယ်။ (တ. ၁၇:၂၇၊ ၂၈) အဖိုးတန်လက်ဆောင်ဖြစ်တဲ့ ဘုရားသခင့် စကားတော် ကျမ်းစာကိုလည်း ပေးထားတယ်။ သက်သာလောနိတ် ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာကို ဘုရားသခင့် စကားတော်အဖြစ် ကျေးဇူးတင်စွာ ခံယူကြတယ်။—၁ သက်. ၂:၁၃။

၁၉ ဘုရားသခင့် စကားတော်ကျမ်းစာကြောင့်သာ ဘုရားသခင်ဆီ ချဉ်းကပ်နိုင်ပြီး ကိုယ်တော်လည်း ကျွန်တော်တို့ဆီ ချဉ်းကပ်တယ်။ (ယာ. ၄:၈) ကိုယ်တော့် အဖွဲ့အစည်းဝင် ဖြစ်ရတဲ့ အခွင့်ထူးကြီးကိုလည်း ပေးထားတယ်။ အဲဒီကောင်းချီးတွေကို တန်ဖိုးထားကြပါတယ်။ ‘ယေဟောဝါဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့’ လို့ ဆာလံဆရာ သီဆိုခဲ့တယ်။ (ဆာ. ၁၃၆:၁) ဆာလံ ၁၃၆ မှာ “ကရုဏာတော် အစဉ်အမြဲ တည်” ဆိုတဲ့ စကားစု ၂၆ ကြိမ်ပါတယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းအားဖြင့် ထာဝစဉ် အသက်ရှင်မှာဖြစ်လို့ အဲဒီစကားတွေရဲ့ မှန်ကန်မှုကို တွေ့ကြုံခံစားကြရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ