-
လိင်အကြောင်း ကျမ်းစာအဆိုပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၄။ သွေးဆောင်မှုကို တွန်းလှန်နိုင်
လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ တွန်းလှန်ဖို့ ဘာက အခက်တွေ့စေနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာပါတဲ့ ညီအစ်ကိုဟာ မိမိရဲ့အတွေးနဲ့ လုပ်ရပ်တွေက ဇနီးကို သစ္စာမဲ့စေနိုင်ကြောင်း သတိပြုမိတဲ့အခါ ဘာလုပ်ခဲ့သလဲ။
သစ္စာရှိခရစ်ယာန်တွေတောင် သန့်ရှင်းတဲ့အတွေးတွေ တွေးဖို့ ကြိုးစားရတဲ့အခါတွေလည်း ရှိတယ်။ အကျင့်ယိုယွင်းမှုအကြောင်း မတွေးမိအောင် ဘယ်လို ရှောင်မလဲ။ ဖိလိပ္ပိ ၄:၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ကျွန်တော်တို့ ဘာအကြောင်း တွေးသင့်သလဲ။
ကျမ်းစာဖတ်တာ၊ ယေဟောဝါအမှုတော်မှာ အလုပ်များနေတာက အပြစ်သွေးဆောင်မှုကို တွန်းလှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
-
-
ယေဟောဝါ နှစ်သက်တဲ့ အပြောအဆိုပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၃။ အားရှိစေတဲ့စကားတွေ ပြောဖို့ ဘာက ကူညီပေးမလဲ။
ကိုယ်ပြောတဲ့စကားက ကိုယ့်စိတ်ထဲ ဘာတွေ ရှိသလဲ၊ ဘာတွေ စဉ်းစားနေသလဲဆိုတာ ဖော်ပြလေ့ရှိတယ်။ (လုကာ ၆:၄၅) ဒါကြောင့် ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာတွေကို စဉ်းစားတတ်အောင် ကြိုးစားရမယ်။ (ဖိလိပ္ပိ ၄:၈) အဲဒီလိုလုပ်နိုင်ဖို့ အပန်းဖြေမှုနဲ့ မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်ရမယ်။ (ပညာအလိမ္မာ ၁၃:၂၀) ဒါဆိုရင် စဉ်းစားချင့်ချိန်ပြီးမှ ပြောတတ်လာမယ်။ ကိုယ့်စကားကြောင့် တခြားသူတွေ ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားပါ။ “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာက ဆိုတယ်။—ပညာအလိမ္မာ ၁၂:၁၈။
-