ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၈၉
  • ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ရှိလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ရှိလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဒုက္ခရောက်ခြင်း
  • ချစ်ရသူ ဆုံးပါးသွားခြင်း
  • အပြစ်ကြီးတယ်လို့ ခံစားနေရခြင်း
  • ဝမ်းနည်းခြင်း
  • ဖျားနာခြင်း
  • စိုးရိမ်ပူပန်နေခြင်း
  • စစ်ပွဲ
  • အနာဂတ်အတွက် စိုးရိမ်ခြင်း
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • အပြစ်ရှိတယ်လို့ ခံစားရခြင်းကို သက်သာအောင် ကျမ်းစာ ကူညီပေးနိုင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၈၉
ကျမ်းစာကို ကျေနပ်အားရစွာ ဖတ်နေတဲ့ အမျိုးသမီး။

ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ပါသလား

ကျမ်းစာအဖြေ

ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ပါတယ်။ (ရောမ ၁၅:၄) ခက်ခဲတဲ့ အခြေအနေ ကြုံရသူတွေ၊ စိတ်ဒုက္ခ ရောက်နေသူတွေကို နှစ်သိမ့်ပေးတဲ့ ကျမ်းချက်တချို့ကို သုံးသပ်ကြည့်ကြရအောင်။

ဒီဆောင်းပါးမှာ

  • ဒုက္ခရောက်ခြင်း

  • ချစ်ရသူ ဆုံးပါးသွားခြင်း

  • အပြစ်ကြီးတယ်လို့ ခံစားနေရခြင်း

  • ဝမ်းနည်းခြင်း

  • ဖျားနာခြင်း

  • စိုးရိမ်ပူပန်ခြင်း

  • စစ်ပွဲ

  • အနာဂတ်အတွက် စိုးရိမ်ခြင်း

ဒုက္ခရောက်ခြင်း

ဆာလံ ၂၃:၄။ “မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရပေမဲ့ ကိုယ်တော် ရှိနေလို့ ဘာအန္တရာယ်မှ မကြောက်ဘူး။”

အဓိပ္ပာယ်။ ဘုရားကို ဆုတောင်းပြီး လမ်းပြမှု ရဖို့ ကျမ်းစာ ညွှန်ကြားတာကို လုပ်တဲ့အခါ ဒုက္ခတွေကို မကြောက်မရွံ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ်။

ဖိလိပ္ပိ ၄:၁၃။ “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်။

အဓိပ္ပာယ်။ ဘာပြဿနာကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ဘုရားက အစွမ်းခွန်အား ပေးနိုင်တယ်။

ဒုက္ခတွေကို ရေရှည် ကြုံနေရတာနဲ့ပတ်သက်ပြီး ကျမ်းစာ ကူညီပေးနိုင်ပုံကို သိဖို့ “အခက်အခဲ– မပြောင်းလဲနိုင်တဲ့ အခြေအနေ” ဆောင်းပါးကို ကြည့်ပါ။

ချစ်ရသူ ဆုံးပါးသွားခြင်း

ဒေသနာ ၉:၁၀။ ‘သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိဘူး။’

အဓိပ္ပာယ်။ ကွယ်လွန်သူတွေဟာ ဆင်းရဲဒုက္ခ မခံရဘူး၊ ကျွန်တော်တို့ကို ဒုက္ခလည်း မပေးနိုင်ဘူး။ ဘာကိုမှ မသိတဲ့ အနေအထားမှာ ရှိကြတယ်။

တမန်တော် ၂၄:၁၅။ “ရှင်ပြန်ထမြောက်လာမယ်။”

အဓိပ္ပာယ်။ ကျွန်တော်တို့ ချစ်ရတဲ့ ကွယ်လွန်သူတွေကို ဘုရား အသက်ပြန်ရှင်စေနိုင်တယ်။

ချစ်ရသူ ကွယ်လွန်သွားလို့ ဝမ်းနည်းပူဆွေး မနေရအောင် ကျမ်းစာကနေ အကူအညီရဖို့ “ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း—ယခု လုပ်ဆောင်နိုင်ရာ” ဆောင်းပါးကို ဖတ်ပါ။

အပြစ်ကြီးတယ်လို့ ခံစားနေရခြင်း

ဆာလံ ၈၆:၅။ “အို ယေဟောဝါ၊a ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှပါတယ်။”

အဓိပ္ပာယ်။ အရင်က အမှားတွေအတွက် တကယ် နောင်တရပြီး ပြန်မလုပ်မိအောင် စိတ်ဆုံးဖြတ်သူတွေကို ဘုရား ခွင့်လွှတ်တယ်။

ဆာလံ ၁၀၃:၁၂။ “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။”

အဓိပ္ပာယ်။ ဘုရား ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ရဲ့ အပြစ်တွေကို အဝေးကြီးမှာ ထားပေးတယ်။ ကျွန်တော်တို့ကို ပြစ်တင်ဝေဖန်ဖို့၊ ဒဏ်ပေးဖို့ အဲဒီအပြစ်တွေကို ပြန်မဖော်ဘူး။

အပြစ်ရှိတယ်လို့ ခံစားနေရရင် ကျမ်းစာ အကူအညီရဖို့ “အပြစ်ရှိတယ်လို့ ခံစားရခြင်းကို သက်သာအောင် ကျမ်းစာ ကူညီပေးနိုင်သလား” ဆောင်းပါးကို ကြည့်ပါ။

ဝမ်းနည်းခြင်း

ဆာလံ ၃၁:၇။ “ကျွန်တော် ဒုက္ခရောက်နေတာကို ကိုယ်တော် မြင်တယ်။ အကြီးအကျယ် သောကရောက်နေတာကို သိတယ်။”

အဓိပ္ပာယ်။ ကျွန်တော်တို့ ခံစားနေရတဲ့ ဒုက္ခအားလုံးကို ဘုရား သိတယ်၊ မြင်တယ်။ ဘယ်လို ခံစားနေရတယ်ဆိုတာကို တခြားသူ မသိ၊ မမြင်ပေမဲ့ ဘုရား ကောင်းကောင်း သိတယ်။

ဆာလံ ၃၄:၁၈။ “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”

အဓိပ္ပာယ်။ ဝမ်းနည်းနေတဲ့အခါ ကူညီထောက်မမယ်လို့ ဘုရား ကတိပေးတယ်။ ခံနိုင်ရည် ရှိဖို့ ခွန်အားပေးနိုင်တယ်။

ဝမ်းနည်းစိတ် ပြေပျောက်အောင် ကျမ်းစာ ကူညီပေးနိုင်ပုံကို သိဖို့ ဝမ်းနည်းခြင်းမှ ဝမ်းသာခြင်းသို့ ဗီဒီယိုကို ကြည့်ပါ။

ဖျားနာခြင်း

ဆာလံ ၄၁:၃။ “သူ အိပ်ရာထဲ လဲနေချိန်မှာ ယေဟောဝါ ဖေးမပေးမယ်။”

အဓိပ္ပာယ်။ ရောဂါဆိုး ခံစားရတဲ့အခါ ဘုရားက စိတ်ငြိမ်သက်မှု၊ ခွန်အား၊ ခံနိုင်ရည်နဲ့အတူ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ဉာဏ်ပညာ ပေးပြီး ကူညီနိုင်တယ်။

ဟေရှာယ ၃၃:၂၄။ “ပြည်သူပြည်သားတွေက “နေမကောင်းဘူး” လို့ မညည်းရတော့ဘူး။”

အဓိပ္ပာယ်။ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာနေမယ့်အချိန် ရှိမယ်လို့ ဘုရား ကတိပေးထားတယ်။

ဖျားနာတဲ့အခါ ကျမ်းစာ ကူညီပေးနိုင်ပုံကို သိနိုင်ဖို့ “ရုတ်တရက် ကျန်းမာရေး ထိခိုက်သွားရင် ဘယ်လို လုပ်ရပါ့မလဲ” ဆောင်းပါးကို ဖတ်ပါ။

စိုးရိမ်ပူပန်နေခြင်း

ဆာလံ ၉၄:၁၉။ “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”

အဓိပ္ပာယ်။ စိတ်ဖိစီးနေချိန်မှာ ဘုရားဆီ အကူအညီ တောင်းမယ်ဆိုရင် အေးဆေးတည်ငြိမ်နိုင်တယ်။

၁ ပေတရု ၅:၇။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”

အဓိပ္ပာယ်။ ကျွန်တော်တို့ ခံနေရတဲ့ဒုက္ခတွေကို သိတယ်၊ ဂရုစိုက်တယ်။ ပြဿနာအခက်အခဲတွေ ဆုတောင်းပြီး ဘုရားအပေါ် ပုံအပ်စေချင်တယ်။

စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကျမ်းစာ ကူညီနိုင်ပုံကို သိရအောင် “စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ” ဆောင်းပါးကို ဖတ်ပါ။

စစ်ပွဲ

ဆာလံ ၄၆:၉။ “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။”

အဓိပ္ပာယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်က စစ်မှုအားလုံးကို မကြာခင် ဖယ်ရှားပစ်တော့မယ်။

ဆာလံ ၃၇:၁၁၊ ၂၉။ “စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။ . . . ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”

အဓိပ္ပာယ်။ လူကောင်းတွေ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ် နေထိုင်ရလိမ့်မယ်။

ဘုရားသခင့် နိုင်ငံတော် နီးပြီဆိုတာ သိနိုင်ဖို့ “ဘုရားသခင့် နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ” ဆောင်းပါးကို ဖတ်ပါ။

အနာဂတ်အတွက် စိုးရိမ်ခြင်း

ယေရမိ ၂၉:၁၁။ “ယေဟောဝါ ပြောတာက- ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”

အဓိပ္ပာယ်။ တကယ် ဝမ်းသာအားရစရာ အနာဂတ် ရောက်တော့မယ်လို့ ဘုရား ကတိပြုထားတယ်။

ဗျာဒိတ် ၂၁:၄။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”

အဓိပ္ပာယ်။ အခုမြင်နေရ၊ ကြုံတွေ့နေရတဲ့ မကောင်းတာအားလုံးကို ဘုရား ဖယ်ရှားပစ်မယ်လို့ ကတိပေးထားတယ်။

အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာပါ ကတိတွေအကြောင်း ပိုသိနိုင်ဖို့ “စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်” ဆောင်းပါးကို ဖတ်ပါ။

a ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ