ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၂၆
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏နာမတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် သိရမည်အကြောင်း
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ဘုရားသခင့်နာမည်
    နိုးလော့!—၂၀၁၇
  • နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၂၆

စာရှုသူများထံမှ မေးခွန်းလွှာ

ဖိလိပ္ပိ ၂:၉ တွင် ပေါလုက ယေရှုနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ (“အခြား၊” ကဘ) ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။” ဤအသစ်သောနာမတော်ကား အဘယ်နည်း၊ ထို့ပြင် ယေရှုသည် ယေဟောဝါထက်အဆင့်နိမ့်ပါက ယေရှုနာမသည် အခြားနာမအားလုံး၏အထက်၌ မည်သို့ရှိသနည်း။

ဖိလိပ္ပိ ၂:၈၊ ၉ တွင် ဤသို့ဖတ်ရသည်– “ထိုသို့ [ယေရှုသည်] လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ (“အခြား၊” ကဘ) ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။”

ဤစာပိုဒ်က ယေဟောဝါတစ်ဦးတည်းသာ အခြားနာမအားလုံး၏အထက်တွင် လုံးလုံးရှိသောကြောင့် ယေရှုသည် ယေဟောဝါနှင့် ပုဂ္ဂိုလ်တူချင်းဖြစ်ရမည်ဟု မဆိုလိုပါ။ ဖိလိပ္ပိကျမ်း အခန်းကြီး ၂ ပါ ရှေ့နောက်စကားဖော်ပြချက်အရ ယေရှုသည် မိမိ၏မြင့်မြတ်သောနာမတော်ကို ရှင်ပြန်ထမြောက်ပြီးနောက်မှ ရရှိသည်။ ယင်းမတိုင်မီ ကိုယ်တော်မပိုင်ဆိုင်ခဲ့ပါ။ တစ်ဖက်မှကြည့်ပြန်လျှင် ယေဟောဝါသည် အမြဲအထွတ်အထိပ်အာဏာရှင်ဖြစ်ပြီး ကိုယ်တော့်ရာထူးသည် ဘယ်တော့မျှမပြောင်းလဲပါ။ ယေရှုသည် ကမ္ဘာမြေကြီး၌အမှုတော်မဆောင်မီက ရှိခဲ့သောနာမထက် ကြီးမြင့်သည့်နာမကို ရရှိသည်ဟူသည့်အဖြစ်က ယေဟောဝါနှင့်တန်းတူဖြစ်မသွားကြောင်း သက်သေထူသည်။ ယေရှုသည် အခြားနာမအားလုံး၏အထက်၌ရှိသော နာမကိုပေးအပ်ခံရသည်ဟု ပေါလုပြောရာတွင် ယခု ယေရှု၌ ဘုရားသခင့်သတ္တဝါအားလုံး၏နာမထက် မြင့်မြတ်သောနာမရှိပြီဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

ယေရှု၏မြင့်မြတ်သောနာမတော်ကား အဘယ်နည်း။ ဟေရှာယ ၉:၆ က အဖြေအတွက် ကျွန်ုပ်တို့ကို ထောက်ကူပေးသည်။ လာမည့်မေရှိယဖြစ်သော ယေရှုအကြောင်း ပရောဖက်ပြုရာတွင် ထိုအခန်းငယ်က ဤသို့ဆိုသည်– “ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။” ဤနေရာ၌ ယေရှု၏ “နာမတော်” သည် ကိုယ်တော်၏မြင့်မြတ်သောရာထူး၊ အခွင့်အာဏာနှင့်ပတ်သက်နေသည်။ ဖိလိပ္ပိ ၂:၉ တွင်ဖော်ပြထားသည့် (“အခြား၊” ကဘ) ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမ” ကိုလည်း ထိုသို့ပင်ကျွန်ုပ်တို့နားလည်ထားကြသည်။ ကိုယ်တော်အား ယေဟောဝါပေးထားသည့် မြင့်မြတ်သောအခွင့်အာဏာရာထူးကို အသိအမှတ်ပြုရာတွင် အားလုံးသည် ယေရှုအားဒူးထောက်ကြရန် အမိန့်ပေးခံရသည်—အခြားမည်သည့်သတ္တဝါတို့မဆိုကို ပေးထားသည့် အခွင့်အာဏာထက်မြင့်မြတ်သောရာထူးဖြစ်သည်။ ဤဘာသာပြန်၌ “အခြား (ကဘ)” ဟူသည့်စကားလုံးသည် မူရင်းဂရိစာသားတွင် အခြေခံအားဖြင့်တိုက်ရိုက်ဖော်ပြမှုမရှိဘဲ ယင်းသည် ဤအခန်းငယ်၏သဘောတရားကြောင့် အဓိပ္ပာယ်သက်ရောက်ခြင်းဖြစ်သည်။ ယေရှု၏ “နာမတော်” သည် ကိုယ်တော်တိုင်၏နာမ အထက်တွင်မရှိသော်လည်း အခြားသတ္တဝါအားလုံး၏နာမ အထက်တွင်ရှိသည်။

သစ္စာရှိကောင်းကင်တမန်များ၊ လူသားတို့နှင့်အတူ ယေရှု၏နာမတော်ကို အသိအမှတ်ပြုကြောင်း ဒူးထောက်ဦးညွတ်ရာတွင် တွဲဖက်ရခြင်းသည် မည်မျှဝမ်းသာစရာပါတကား! ယင်းကို ယေဟောဝါပေးသနားတော်မူသည့် မြင့်မြတ်၊ တန်ခိုးကြီးမားသောရာထူး ရရှိထားသည့်ယေရှုအား ကျွန်ုပ်တို့ကိုယ်ကို လက်အောက်ခံခြင်းဖြင့် လုပ်ဆောင်ကြသည်—“ခမည်းတော်ဘုရား၏ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။”—ဖိလိပ္ပိ ၂:၁၁; မဿဲ ၂၈:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ