ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁၅ စာ. ၂၈-၂၉
  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတိပေးနိမိတ်
  • “ကမ္ဘာ့အစိုးရ”
  • ဆိုးရွားသော အကြံပြုချက်
  • ငလျင်များ—သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့် အသင်
    နိုးလော့!—၂၀၀၃
  • အင်အားပြင်း ငလျင်တွေအကြောင်း ကျမ်းစာမှာ ဘာကြိုဟောထားသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဘုရားသခင့်သတိပေးချက်ကို သင်ဂရုပြုမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁၅ စာ. ၂၈-၂၉

အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

သတိပေးနိမိတ်

ပြီးခဲ့သည့် ဒီဇင်ဘာက ဆိုဗီယက် အာမေးနီးယားတွင် အပျက်အစီးများသော ၆.၉ ရစ်တာစကေးရှိ ငလျင်တစ်ခုလှုပ်သွားသည်။ “ဆိုဗီယက်သမိုင်းတွင် အဆိုးရွားဆုံးတစ်ခု” ဟုဖေါ်ပြထားပြီး ၂၅၀၀၀ သောသူများသေကာ၊ လူ ၅၀၀၀၀၀ အိုးအိမ်မဲ့ဖြစ်စေသည်ဟုဆိုသည်။ လူဦးရေ ၂၉၀၀၀၀ ရှိအာမေးနီးယား၏ ဒုတိယအကြီးဆုံးမြို့၊ လီနီနာကင် (Leninakan) မြို့၏ သုံးပုံနှစ်ပုံကို ဖျက်ဆီးလိုက်၍ လူဦးရေ ၃၀၀၀၀ ခန့်ရှိ စပစ်တတ်ခ် (Spitak) မြို့ကို လုံးဝဖျက်ဆီးလိုက်သည်။ ငလျင်ဒဏ်ကြောင့် လူနေရာ အတော်များများလည်း ပြားပြားဝပ်သွားသည်။ အနည်းဆုံးအသက်ရှင်သူ ၅၄၀၀ ကို ကျောက်ပုံများအောက်မှ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးလုပ်သားများက ဆွဲထုတ်ခဲ့ရသည်။ ဆိုဗီယက်အာဏာပိုင်များအဆိုအရ ဒဏ်ရာရသူ ၁၃၀၀၀ ခန့်အထိရှိခဲ့သည်။

သိပ္ပံပညာရှင်အများသည် ငလျင်များဖြစ်ပေါ်ပုံ အခြေခံပထဝီသဘောကို သိရှိကြသော်လည်း ယင်းကိုဘယ်တော့လှုပ်မည်ကို အတိအကျကြိုမဟောနိုင်ကြချေ။ သို့သော်ယေရှုခရစ်ကြိုတင်ဟောခဲ့သော မိမိ၏မျက်မြင်မရ “ရောက်ရှိခြင်း” နှင့် “အစီအစဉ်များကုန်ဆုံးခြင်း” ၏ နိမိတ်များနှင့် အကျွမ်းဝင်သော ကျမ်းစာသင်သားများမူ ဤရာစုတွင် သိမ်းကျုံးဖျက်ဆီးသော ငလျင်လှုပ်မှုကို မအံ့သြချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုသည် ငလျင်လှုပ်ရခြင်းအကြောင်းရင်းကို မရှင်းပြသော်လည်း စုပေါင်း“နိမိတ်” တွင် အပါအဝင်အဖြစ် “တစ်နေရာပြီးတစ်နေရာ ငလျင်လှုပ်ခြင်း” ရှိမည်ဟု ကိုယ်တော်သတိပေးခဲ့သည်။—မဿဲ ၂၄:၃၊ ၇။

“ကမ္ဘာ့အစိုးရ”

ဖန်လုံအိမ်အာနိသင်နှင့် အခြားပေါ်ပေါက်လာသော ဝန်းကျင်အန္တရာယ်ကို တွန်းလှန်ရန် တစ်ခုတည်းသောနည်းမှာ ကမ္ဘာ့အစိုးရတစ်ခုသာဖြစ်သည်ဟု ပထဝီနှင့် ရာသီပြောင်းလဲမှုပညာရှင် ဒေါက်တာကဲနက်၊ ဟေးကဆိုသည်။ လူသားသည် သဘာဝကို အသေတိုက်ခိုက်မှုများ စုပြုံနေသည်ဟု ဟေးကသတိပေးသည်။ မြေကြီးသည် နျူးကလီးယားမီးလောင်တိုက်သွင်းမှုသာမကဘဲ “တိရစ္ဆာန်နှင့် သစ်ပင်များအပေါ် အလွဲသုံးစားပြုခြင်း” ခြိမ်းခြောက်မှုကိုလည်း ခံနေရသည်ဟု ကနေဒါသတင်းစာ Calgary Herald ကဖေါ်ပြသည်။ နှစ်စဉ်မော်တော်ကား အိတ်ဇောပိုက်နှင့် စက်ရုံခေါင်းတိုင်များမှ ကာဘွန်တန်ချိန် သန်းပေါင်းသုံးထောင်ကို လေထဲမှုတ်ထုတ်နေသည်ဟု ဟေးကဆိုသည်။ အတော်အသင့် စီးပွားရေးတိုးတက်နှုန်း၌ပင် ၂၀၇၅ ခုနှစ်တွင် ကာဘွန်ဒိုင်အောက်ဆိုက်အခြေအနေသည် နှစ်ဆဖြစ်လိမ့်မည်ဟု ကွန်ပြူတာလေ့လာချက်များက ပြသနေသည်။ “ကျွန်တော်တို့ တစ်ကမ္ဘာလုံးဆိုင်ရာပြဿနာကို ဖန်တီးလိုက်ပြီ။ ကမ္ဘာချီအတိုင်းအတာနဲ့ ဝန်းကျင်ဥပဒေသတ်မှတ်ချက်တွေ မထုတ်ရင်တော့ ကျွန်တော်တို့ ဒုက္ခရောက်ကုန်ကြတော့မယ်” ဟု ဟေးပြောသည်။

ဒေါက်တာဟေး၏တင်ပြချက်မှာ အမှန်ပင်ကျိုးကြောင်းညီညွတ်သည်။ သို့ပင်ငြားလည်း စီးပွားရေးတိုးတက်မှုနှုန်း၊ ညစ်ညမ်းမှုမဖြစ်စေသော စွမ်းအင်များထုတ်လုပ်ရန်နှင့် ကမ္ဘာချီဝန်းကျင်စောင့်ရှောက်မှုတွင် ပါဝင်လာစေရန် လုပ်ဆောင်ချုပ်ကိုင်ပေးနိုင်မည့် ကမ္ဘာ့အစိုးရ ထူထောင်နိုင်လိမ့်မည်ဟု မျှော်လင့်နိုင်ပါမည်လော။

လုံးဝမဖြစ်နိုင်ပေ။ ဘုရားနှုတ်ကပတ်တော်က ရှင်းလင်းစွာ ဖေါ်ပြထားသည်။ “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) သို့သော် ယင်းသည် ဘုရားလက်ထဲတွင်ရှိသည်။ ကိုယ်တော်၏သားတော် “ငြိမ်သက်ခြင်းမင်းသား” ယေရှုခရစ်သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်စွာအုပ်ချုပ်မည့် ကမ္ဘာ့အစိုးရကို ဦးစီးပါလိမ့်မည်။ ကိုယ်တော်၏ ကောင်းကင်အုပ်ချုပ်ရေးအောက်တွင် လူသားသည် ဝန်းကျင်ကို အန္တရာယ်ပြုမည်မဟုတ်ချေ။—ဟေရှာယ ၉:၆၊ ၇။ ၁၁:၉။ ဒံယေလ ၂:၄၄။

ဆိုးရွားသော အကြံပြုချက်

ကလေးတစ်ဦး သူ၏မိဘများကို နာမခံလျှင် ဆိုးသည်ဟုဆိုမည်လော။ မဆိုးပါဟူ၍ ကနေဒါ အောန်တေရီယိုတက္ကသိုလ်မှ စိတ်ဖွံ့ဖြိုးမှုဆိုင်ရာ ပါမောက္ခလီအောန်၊ ကူဇင်စကီဆိုသည်။ The Toronto Star က မိခင် ၇၀ နှင့် သူတို့၏ကလေးများကို လေ့လာပြီးနောက် ကူဇင်စကီက ဤသို့ယုံကြည်ကြောင်း တင်ပြထားသည်။ “ကလေးတစ်ဦးသည် သူ၏မိဘကို နာမခံရာတွင် သုံးသောနည်းသည် သူ၏လူမှုဖွံ့ဖြိုးမှုအတွက် အရေးပါသည်။” ထိုအတိုင်းဆိုလျှင် ကလေးများသည် ပြောသည်ကိုမလုပ်လျှင် မိဘများစိတ်မပျက်သင့်ချေ။ အဘယ်ကြောင့်နည်း။ ကူဇင်စကီက ထိုသို့သောအပြုအမူသည် ဓမ္မတာပင်ဟုဆိုသည်။ ပါမောက္ခက “ကလေးသည် သူ၏မိဘကိုနာခံရန် ငြင်းဆန်ခြင်းသည် လွတ်လပ်မှုနှင့် ဝါရင့်မှု၏ လက္ခဏာတစ်ရပ်” ဟုလည်း သူယုံကြည်သည်။

ကလေးများ မိဘကိုနာမခံခြင်းသည် ဝါရင့်မှုလက္ခဏာမဟုတ်ချေ။ ယင်းအဆိုနှင့်ဆန့်ကျင်လျက် ပညာရှိဘုရင်ရှောလမုန်က “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” ဟုရေးခဲ့သည်။ (သု၊ ၂၂:၁၅) အချို့က ကလေးများ၏ နာမခံခြင်းသည် ရလဒ်ကောင်းများရရှိစေသည်ဟု ယူဆသော်လည်း ဘုရားနှုတ်ကပတ်တော်က သဘောမတူချေ။ ရာစုများစွာက တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “သားသမီးတို့၊ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏။” (ကောလောသဲ ၃:၂၀) ပညာရှိသောမိဘများသည် ကလေးလေ့ကျင့်ရေးအာဏာပိုင်အဖြစ် ယေဟောဝါဘုရားကိုအားကိုးကြမည်။—သု၊ ၁၉:၁၈။ ၂၉:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ