ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂၀
  • ယေရှု ဘာကြောင့် သေရသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ဘာကြောင့် သေရသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ယေရှု ကယ်တင်သည်—မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်းစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂၀
ယေရှု သစ်တိုင်ကို ထမ်းထား

ယေရှု ဘာကြောင့် သေရသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

လူတွေ အပြစ် ခွင့်လွှတ်ခံရပြီး ထာဝရအသက်ရဖို့ ယေရှုသေခဲ့ရတယ်။ (ရောမ ၆:၂၃။ ဧဖက် ၁:၇) လူဟာ အပြင်းထန်ဆုံး စမ်းသပ်မှုတွေ ခံရပေမဲ့ ဘုရားကို သစ္စာရှိနိုင်တယ်လို့ ယေရှုရဲ့ သေခြင်းက သက်သေထူတယ်။​—ဟေဗြဲ ၄:၁၅။

လူတစ်ယောက်ရဲ့ သေခြင်းက ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် အကျိုးပေးနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ပါ။

  1. ၁။ ယေရှုဟာ ‘ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရ’ ဖို့ အသေခံခဲ့တာပါ။​—ကောလောသဲ ၁:၁၄။

    ပထမလူ အာဒံကို အပြစ်မရှိတဲ့ ပြီးပြည့်စုံလင်သူအဖြစ် ဖန်ဆင်းခဲ့တယ်။ သူက ဘုရားစကား နားမထောင်ဖို့ ရွေးချယ်တယ်။ သူ့ရဲ့ မနာခံမှု အပြစ်ကြောင့် သူ့ သားစဉ်မြေးဆက်တွေ ဆိုးကျိုးခံခဲ့ရတယ်။ ကျမ်းစာက “လူတစ်ယောက်ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်” လို့ ရှင်းပြတယ်။​—ရောမ ၅:၁၉။

    ယေရှုလည်း ပြီးပြည့်စုံလင်သူဖြစ်တယ်။ ဒါပေမဲ့ လုံးဝ အပြစ်မလုပ်ခဲ့ဘူး။ ဒါကြောင့် သူဟာ “တစ်လောကလုံးရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာ” ဖြစ်နိုင်ခဲ့တယ်။ (၁ ယောဟန် ၂:၂) အာဒံရဲ့ မနာခံမှုက လူသားအားလုံးကို အပြစ်သားတွေ ဖြစ်စေပေမဲ့ ယေရှုရဲ့ သေခြင်းက ယုံကြည်သူအားလုံးကို အာဒံဆီက အမွေရတဲ့အပြစ်ကနေ လွတ်စေတယ်။

    တစ်နည်းပြောရရင် အာဒံဟာ လူတွေကို အပြစ်ရဲ့ကျွန်အဖြစ် ရောင်းလိုက်ပေမဲ့ ယေရှုက စိတ်စေတနာအပြည့်နဲ့ အသေခံပြီး လူတွေကို ပြန်ဝယ်ယူလိုက်တယ်။ ဒါကြောင့် “တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။ သူကတော့ အဖဘုရားနဲ့အတူရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်ပဲ” လို့ ကျမ်းစာဆိုထားတာပါ။​—၁ ယောဟန် ၂:၁။

  2. ၂။ ယေရှုက သူ့ကို “ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့” အသေခံခဲ့တယ်။​—ယောဟန် ၃:၁၆။

    အာဒံကို ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းထားပေမဲ့ သူ့အပြစ်ကြောင့် သေခြင်းဆိုတဲ့ ပြစ်ဒဏ် ရခဲ့တယ်။ အာဒံကြောင့် “အပြစ်ဟာ . . . လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။”​—ရောမ ၅:၁၂။

    ယေရှုရဲ့သေခြင်းကတော့ သူ့ကိုယုံကြည်သူတွေရဲ့ အပြစ်ကို ဖယ်ရှားပေးရုံမက အပြစ်ရဲ့အခဖြစ်တဲ့ သေခြင်းကိုလည်း ပယ်ဖျက်ပေးတယ်။ ကျမ်းစာက ဒီလိုအကျဉ်းချုပ် ဖော်ပြထားတယ်- “အပြစ်နဲ့ သေခြင်းက ဘုရင်တစ်ပါးလို စိုးမိုးနေသလို မဟာကရုဏာတော်ကလည်း လူတွေကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်ပြီး ဘုရင်တစ်ပါးလို စိုးမိုးနေဖို့ပဲ။ ဒီနည်းနဲ့ လူတွေက သခင်ယေရှုခရစ်ကြောင့် ထာဝရအသက် ရနိုင်ကြမယ်။”​—ရောမ ၅:၂၁။

    အခုအချိန်အထိ လူတွေဟာ သက်တမ်းတိုတိုနဲ့ သေနေရတုန်းပဲ။ ဒါပေမဲ့ ဘုရားသခင်က ဖြောင့်မတ်သူတွေကို ထာဝရအသက် ပေးမယ်လို့ ကတိပေးထားတယ်။ ယေရှု အသေခံပေးခဲ့တဲ့ အကျိုးကို ခံစားရဖို့ လူသေတွေကို ထမြောက်စေမယ်လို့လည်း ကတိပေးတယ်။​—ဆာလံ ၃၇:၂၉။ ၁ ကောရိန္သု ၁၅:၂၂။

  3. ၃။ ယေရှုဟာ “အသေခံတဲ့အထိ နာခံခဲ့” တဲ့အတွက် လူဟာ ဘယ်လိုပဲ စမ်းသပ်ခံရပါစေ ဘုရားကို သစ္စာရှိနိုင်တယ်ဆိုတာ သက်သေထူခဲ့တယ်။​—ဖိလိပ္ပိ ၂:၈။

    အာဒံက ကိုယ်စိတ်နှစ်ဖြာ ပြီးပြည့်စုံလင်လျက်နဲ့ သူမပိုင်တာကို တပ်မက်လို့ ဘုရားစကား နားမထောင်ခဲ့ဘူး။ (ကမ္ဘာဦး ၂:​၁၆၊ ၁၇။ ၃:၆) အဲဒီနောက်ပိုင်းမှာ ဘုရားရဲ့ရန်သူကြီး စာတန်က လူဟာ အကျိုးမရှိဘဲ ဘုရားကို နာခံမှာ မဟုတ်ဘူး၊ အထူးသဖြင့် သေရေးရှင်ရေးနဲ့ ကြုံရတဲ့အခါမှာ နာခံမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ (ယောဘ ၂:၄) ဒါပေမဲ့ ပြီးပြည့်စုံလင်သူ ယေရှုကျတော့ အရှက်တကွဲနဲ့ နာကျင်စွာ သေဆုံးခဲ့ရတာတောင် ဘုရားစကားကို နားထောင်ခဲ့တယ်၊ ကိုယ်တော့်ကို သစ္စာစောင့်သိခဲ့တယ်။ (ဟေဗြဲ ၇:၂၆) ဒါကြောင့် လူဟာ ဘယ်လိုပဲ စမ်းသပ်ခံရပါစေ ဘုရားကို သစ္စာရှိနိုင်တယ်ဆိုတဲ့ အဖြေ ထွက်သွားတယ်။

လူဆိုးနှစ်ယောက်ရဲ့အလယ် သစ်တိုင်ပေါ်က ယေရှု

ယေရှု အသေခံတာနဲ့ပတ်သက်တဲ့ မေးခွန်းများ

  • လူတွေကို ရွေးနုတ်ဖို့ ယေရှု ဘာကြောင့် ဆင်းရဲဒုက္ခခံပြီး သေရတာလဲ။ သေဒဏ်ကို ဘုရားချေဖျက်ပေးလို့ မရဘူးလား။

    “အပြစ်တရား၏အခကား သေခြင်းပေတည်း” လို့ ကျမ်းစာပညတ် ရှိတယ်။ (ရောမ ၆:​၂၃၊ ယုဒသန်) အပြစ်ရဲ့အကျိုးဆက်ကို အာဒံသိထားတယ်။ စကားနားမထောင်ရင် သေမယ်လို့ ဘုရားက သူ့ကို အသိပေးထားပြီးသား ဖြစ်တယ်။ (ကမ္ဘာဦး ၃:၃) အာဒံအပြစ်လုပ်တဲ့အခါ “မုသာမသုံးတဲ့ ဘုရားသခင်” ပြောခဲ့တဲ့အတိုင်း အပြစ်ရဲ့အခ သေခြင်းကို အာဒံသာမက သူ့ရဲ့ သားစဉ်မြေးဆက်ပါ ခံခဲ့ရတယ်။​—တိတု ၁:၂။

    လူသားတွေဟာ အပြစ်သားတွေဖြစ်လို့ သေဒဏ်ခံထိုက်ပေမဲ့ ဘုရားသခင်က ‘ကြီးမာလှတဲ့ သူ့ရဲ့ မဟာကရုဏာတော်’ ပြခဲ့တယ်။ (ဧဖက် ၁:၇) လူတွေကို ကယ်တင်ဖို့ ပြီးပြည့်စုံလင်တဲ့ ပူဇော်သက္ကာအဖြစ် ယေရှုကို စေလွှတ်ခဲ့တာက တကယ့်ကို ကရုဏာပြည့်ဝပြီး တရားမျှတတဲ့ ဘုရားသခင့် အစီအစဉ် ဖြစ်ပါတယ်။

  • ယေရှု ဘယ်အချိန်မှာ သေဆုံးခဲ့သလဲ

    ဂျူးပသခါပွဲနေ့ရဲ့ “မွန်းလွဲ ၃ နာရီ” အချိန်မှာ ယေရှု သေဆုံးခဲ့တယ်။ (မာကု ၁၅:​၃၃-၃၇) အဲဒီရက်စွဲက ခေတ်သစ် ပြက္ခဒိန်ရဲ့ အေဒီ ၃၃၊ ဧပြီ ၁၊ သောကြာနေ့နဲ့ ကိုက်ညီတယ်။

  • ယေရှု ဘယ်နေရာမှာ သေဆုံးခဲ့သလဲ

    ဟီဘရူးစကားနဲ့ ဂေါလဂေါသ လို့ခေါ်တဲ့ “ဦးခေါင်းခွံအရပ်” မှာ ယေရှု အသတ်ခံခဲ့ရတယ်။ (ယောဟန် ၁၉:​၁၇၊ ၁၈) အဲဒီနေရာဟာ ယေရှုလက်ထက်တုန်းက ဂျေရုဆလင် “မြို့တံခါးရဲ့ အပြင်ဘက်” မှာရှိတယ်။ (ဟေဗြဲ ၁၃:၁၂) တချို့က ယေရှုအသတ်ခံရတာကို “အဝေးကနေ ကြည့်နေတယ်” လို့ ကျမ်းစာဆိုထားတဲ့အတွက် တောင်ကုန်းတစ်ခုပေါ်မှာ ဖြစ်နိုင်တယ်။ (မာကု ၁၅:၄၀) ဒီနေ့အချိန်မှာတော့ ဂေါလဂေါသဟာ ဘယ်နေရာလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။

  • ယေရှု ဘယ်လို သေဆုံးခဲ့တာလဲ

    ယနေ့ လူအများက ယေရှုဟာ လက်ဝါးကားတိုင်ပေါ်မှာ သေဆုံးခဲ့တယ်လို့ ထင်ကြပေမဲ့ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ” လို့ကျမ်းစာက ဆိုတယ်။ (၁ ပေတရု ၂:​၂၄၊ ယုဒသန်ကျမ်း) ယေရှုကို ကွပ်မျက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကို ဖော်ပြဖို့ ကျမ်းရေးသူတွေက ဂရိစကားလုံးနှစ်လုံးဖြစ်တဲ့ စတောရော့စ်နဲ့ ဇိုင်လွန်ကို သုံးခဲ့တယ်။ ဒီဂရိစကားလုံးတွေဟာ ရက်မ ဒါမှမဟုတ် တိုင်ဖြောင့်တစ်ချောင်းကို ဆိုလိုတယ်လို့ ကျမ်းပညာရှင်တွေ ပြောတယ်။

  • ယေရှုရဲ့သေခြင်းကို ဘယ်လို သတိရအောက်မေ့သင့်သလဲ

    နှစ်ပတ်လည် ဂျူးပသခါပွဲနေ့ညမှာ ယေရှုက အစီအစဉ် ရိုးရိုးကလေးတစ်ခုကို အစပြုပေးခဲ့ပြီး “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ပါ” လို့ တပည့်တွေကို ပြောခဲ့တယ်။ (၁ ကောရိန္သု ၁၁:၂၄) အဲဒီလိုပြောပြီး သိပ်မကြာခင်မှာ ယေရှု အသတ်ခံခဲ့ရတယ်။

    ကျမ်းရေးသူတွေက ယေရှုကို “ပသခါ သိုးသငယ်” နဲ့ နှိုင်းယှဉ်ခဲ့တယ်။ (၁ ကောရိန္သု ၅:၇) ပသခါပွဲက အစ္စရေးတွေ ကျွန်အဖြစ်ကနေ လွတ်မြောက်တာကို သတိရစေသလို ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာပွဲကလည်း အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်ပြီလို့ ခရစ်ယာန်တွေကို သတိရစေတယ်။ ဂျူးပြက္ခဒိန်ရဲ့ နိသန်လ ၁၄ ရက်မှာ ကျင်းပတဲ့ ပသခါပွဲဟာ နှစ်စဉ်ကျင်းပတဲ့ပွဲ ဖြစ်တယ်။ အဲဒီလိုပဲ အစောပိုင်းခရစ်ယာန်တွေဟာ သတိရအောက်မေ့ပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ကြတယ်။

    နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးက သန်းနဲ့ချီတဲ့လူတွေဟာ နိသန်လ ၁၄ ရက်နဲ့ ကိုက်ညီတဲ့ ရက်စွဲမှာ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ကျင်းပကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ