ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၉/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုသည် အမှန်ပင် ဘုရားသခင့်သားတော်လော
    နိုးလော့!—၂၀၀၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၉/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

“ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့အလိုငှာလည်းကောင်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏” ဟူ၍ ဘုရားသခင့်သားတော်အကြောင်း ကောလောသဲ ၁:၁၆ ကဆိုသည်။ ခပ်သိမ်းသောအရာတို့သည် အဘယ်သဘောမျိုးဖြင့် ဘုရားသခင့်သားတော်ယေရှု “အဖို့အလိုငှာ” ဖန်ဆင်းခဲ့သနည်း။

ယေဟောဝါသည် ယေရှုကိုယ်တော်တိုင်မှတစ်ပါး အရာခပ်သိမ်းကိုဖန်ဆင်းရာ၌ ကိုယ်တော်၏တစ်ပါးတည်းသော သားတော်ကို လုပ်သားချုပ်အဖြစ် အသုံးပြုခဲ့သည်။ (သု. ၈:၂၇-၃၀၊ ကဘ; ယောဟန် ၁:၃) သားတော်သည် အဆိုပါဖန်ဆင်းရာများမှ ပျော်ရွှင်မှုရရှိသည်ဖြစ်ရာ ဤသဘောမျိုးဖြင့် ကိုယ်တော် “အဖို့အလိုငှာ” ဖြစ်သည်ဟုဆိုခြင်းသည် လျောက်ပတ်ပေသည်။

လူသားမိဘများသည် မိမိတို့မွေးထုတ်ထားသော သားသမီးများထံမှ ပျော်ရွှင်မှုများစွာခံစားရမည်ဟု မျှော်လင့်ကြပြီး များသောအားဖြင့်လည်း ပျော်ရွှင်မှုရရှိကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ ထို့ကြောင့် ‘အဘသည် သားထံမှ ပျော်ရွှင်ကိုရရှိ၏’ ဟူ၍ နယပုံပြင်ကျမ်းကဆိုသည်။ (သု. ၃:၁၂; ၂၉:၁၇) ဤသို့ဖြင့် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏လူမျိုးတော်ဣသရေလတို့ သစ္စာရှိသောအခါ အလွန်အားရဝမ်းသာခဲ့၏။ (ဆာလံ ၄၄:၃; ၁၁၉:၁၀၈; ၁၄၇:၁၁) ကိုယ်တော်သည် ကျွန်ုပ်တို့ခေတ်ကာလထိတိုင် မိမိအားသစ္စာစောင့်သိသူများ၏သစ္စာရှိမှုမှလည်း ရွှင်လန်းမှုရရှိသည်။—သု. ၁၂:၂၂; ဟေဗြဲ ၁၀:၃၈။

ထိုနည်းတူစွာ ဘုရားသခင်သည် မိမိ၏တွဲဖက်လုပ်သား ယေရှုအား သူ၏ဖြစ်မြောက်အောင်မြင်မှုများမှ ပျော်ရွှင်မှုရရှိစေသည်မှာ လျောက်ပတ်ပေ၏။ အမှန်မှာ၊ နယပုံပြင် ၈:၃၁ ကသားတော်သည် “ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏” ဟုဆိုသည်။ ဤသဘောမျိုးဖြင့် ကောလောသဲ ၁:၁၆ က “ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့အလိုငှာလည်းကောင်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏” ဟုဆိုထားခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ