ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၈/၁ စာ. ၃၂
  • ဆိတ်မွေးကြမ်းအင်္ကျီ နှင့်ဝိညာဉ်ရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိတ်မွေးကြမ်းအင်္ကျီ နှင့်ဝိညာဉ်ရေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၈/၁ စာ. ၃၂

ဆိတ်မွေးကြမ်းအင်္ကျီ နှင့်ဝိညာဉ်ရေး

ယင်းကို ပြင်သစ်နိုင်ငံ၏ နဝမမြောက် လူဝီစ်ဘုရင် ဝတ်ဆင်ခဲ့ဖူးသည်။ ယင်း၏အကူအညီဖြင့် ဆာ တောမတ်စ်မိုးသည် လူငယ်ဘဝတွင် ဥပဒေပညာရပ်ကို တစ်နေ့လျှင် ၁၉/၂၀ နာရီကြာ လပေါင်းများစွာ မအိပ်မနေဆည်းပူးခဲ့သည်။ မိုးသည် သူ၏ဘဝတစ်လျှောက်လုံးနီးပါး ယင်းကိုဝတ်ဆင်ခဲ့ကြောင်း လူသိများသည်။ ကဲန်တာဘာရီဘုရားကျောင်းတွင် ယင်း၏ဂိုဏ်းချုပ်ကြီး သောမတ်စ်ဘက်ကက် အသတ်ခံရချိန်က သူ့ကိုယ်ပေါ်ရှိအဝတ်အစားများအောက်တွင် ယင်းကိုဝတ်ဆင်ထားကြောင်း မမျှော်လင့်ဘဲ တွေ့ခဲ့ကြသည်။ ဤအထင်ကရပုဂ္ဂိုလ်များ၏တူညီချက်ကား အဘယ်နည်း။ သူတို့သည် ဆိတ်မွေးကြမ်းအင်္ကျီဝတ်ဆင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုဆုံးမ၍ သူတို့၏သွေးသားဆန္ဒကို ချိုးနှိမ်ခဲ့ကြခြင်းဖြစ်သည်။

ဆိတ်မွေးဖြင့်ပြုလုပ်ထားသည့် အထည်ကြမ်းကို အသားနှင့်ကပ်လျက် ဝတ်ဆင်ရသည်ဖြစ်ရာ အရေပြားကို ယားယံပွန်းပဲ့စေသဖြင့် အလွန်ပင် နေရထိုင်ရခက်ပြီး နာကျင်စေသည်။ ထိုတွင် သန်းများလည်း အလွယ်တကူ တွယ်ကပ်လာနိုင်သည်။ သောမတ်စ် ဘက်ကက်သည် သူ၏ဆိတ်မွေးကြမ်းအင်္ကျီနှင့် ဆိတ်မွေးကြမ်းဘောင်းဘီတိုကို “ကိုယ်သန်းများပြွတ်ခဲနေသည့်” အထိ ဝတ်ဆင်ခဲ့သည်ဟုဆို၏။ ၁၆ ရာစုနောက်ပိုင်းတွင် အချို့က ဆိတ်မွေးကြမ်းအစား ဆူးထစ်များပါသော ပါးလွှာသည့်နန်းကြိုးကို အသုံးပြုလာကြသည်။ အတွင်းဖက်တွင် ဆူးထစ်များပါသော ၎င်းအင်္ကျီသည် ဝတ်ဆင်သူကို ပို၍ပင် နာကျင်စေသည်။

ကိုးကားချက်တစ်ခုအရ ဆိတ်မွေးကြမ်းအင်္ကျီဝတ်ဆင်ခြင်းသည် ကိုယ့်ကိုယ်ကိုဆုံးမသည့် အခြားနည်းများကဲ့သို့ “သွေးသားဆန္ဒကို နှိပ်ကွပ်ခြင်းဖြင့် ဝိညာဉ်ရေးကိုအဓိကထားသည့် စိတ်သဘောနှင့် ဘဝပုံစံကို ဖြစ်ပေါ်စေ” ရန်ဖြစ်သည်။ ကိုယ့်ကိုယ်ကို အလွန့်အလွန်ခြိုးခြံကျင့်ကြံသူများသာ မဟုတ်ဘဲ ဩဇာအာဏာရှိသူများအပါအဝင် သာမန်လူဝတ်ကြောင်များလည်း ယင်းကို ဝတ်ဆင်ခဲ့ကြသည်။ ယခုခေတ်၌ပင် ဘာသာရေးဂိုဏ်းအချို့သည် ယင်းဓလေ့ကို ကျင့်သုံးနေကြဆဲဖြစ်သည်။

ဆိတ်မွေးကြမ်းအင်္ကျီဝတ်ဆင်ခြင်း သို့မဟုတ် ခြိုးခြံကျင့်ကြံခြင်းသည် လူတစ်ဦးအား ဝိညာဉ်ရေးကိုအလေးထားသူ ဖြစ်စေသလော။ မဖြစ်စေပါ။ ဝိညာဉ်ရေးကို အလေးထားသူဖြစ်ခြင်းသည် အဆိုပါကျင့်ကြံမှုများအပေါ် မမူတည်ပါ။ အမှန်မှာ “ကိုယ်ကာယကိုနှိပ်စက်ခြင်း” ကိုတမန်တော်ပေါလု ပြစ်တင်ပြောဆိုခဲ့သည်။ (ကောလောသဲ ၂:၂၃)a ယင်းအစား သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာခြင်းဖြင့် ဘုရားသခင်အား သိကျွမ်းခြင်းပညာကို ဆည်းပူးယူပြီး ယင်းကို ဘဝတွင်ကျင့်သုံးမှသာ ဝိညာဉ်ရေးကိုအလေးထားသူ အမှန်ဖြစ်နိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

a ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၇၊ အောက်တိုဘာ ၈၊ နိုးလော့! [လိပ်] မှ “သမ္မာကျမ်းစာရှုထောင့်– ခြိုးခြံကျင့်ကြံခြင်းသည် ဉာဏ်ပညာ၏သော့ချက်လော” ကိုရှု။

[Picture Credit Lines on page 32]

King Louis IX, top: From the book Great Men and Famous Women; Thomas Becket, center: From the book Ridpath’s History of the World (Vol. IV); Thomas More, bottom: From the book Heroes of the Reformation, 1904

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ