-
‘သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’ကင်းမျှော်စင်—၂၀၁၅ | ဇူလိုင် ၁၅
-
-
၁၄၊ ၁၅။ မာဂေါဂပြည်သား ဂေါဂမင်း စတင်တိုက်ခိုက်ပြီးနောက် ဘယ်စုသိမ်းခြင်းလုပ်ငန်း ဖြစ်မလဲ။ ဘယ်လိုဖြစ်လာမလဲ။
၁၄ ဘုရားသခင့်လူမျိုးကို မာဂေါဂပြည်သား ဂေါဂမင်း စတင်တိုက်ခိုက်ပြီးနောက် ဘာဖြစ်မလဲ။ “လူသားသည် ကောင်းကင်တမန်တို့ကို စေလွှတ်၍ မိမိရွေးကောက်သောသူတို့ကို မြေကြီးစွန်းမှ ကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုရုံးစေတော်မူလိမ့်မည်” လို့ ကျမ်းစာပြောတယ်။ (မာ. ၁၃:၂၇; မ. ၂၄:၃၁) ဒီစုသိမ်းခြင်းလုပ်ငန်းဟာ ဘိသိက်ခံတွေကို စတင်ရွေးကောက်တဲ့အချိန်ကို မဆိုလိုဘူး။ မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံတွေကို နောက်ဆုံးတံဆိပ်ခတ်တဲ့အချိန်ကိုလည်း မဆိုလိုဘူး။ (မ. ၁၃:၃၇၊ ၃၈) အဲဒီနောက်ဆုံးတံဆိပ်ခတ်ခြင်းဟာ ကြီးစွာသောဒုက္ခမစခင်လေးမှာ ဖြစ်ပျက်လိမ့်မယ်။ (ဗျာ. ၇:၁-၄) ဒါဆို စုသိမ်းခြင်းလုပ်ငန်းက ဘာကိုဆိုလိုသလဲ။ ဒါက မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံတွေ ကောင်းကင်ဆုကျေးဇူးရရှိမယ့်အချိန်ကို ဆိုလိုတယ်။ (၁ သက်. ၄:၁၅-၁၇; ဗျာ. ၁၄:၁) အဲဒီအဖြစ်အပျက်ဟာ ဘုရားသခင့်လူမျိုးကို မာဂေါဂပြည်သား ဂေါဂမင်း စတင်တိုက်ခိုက်ပြီးနောက် တစ်ချိန်ချိန်မှာ ဖြစ်လိမ့်မယ်။ (ယေဇ. ၃၈:၁၁) ပြီးနောက် ယေရှုပြောထားတဲ့အတိုင်း “ဖြောင့်မတ်သူတို့သည် မိမိတို့အဖ၏နိုင်ငံတော်တွင် နေကဲ့သို့ ထွန်းလင်းကြ” ပါလိမ့်မယ်။—မ. ၁၃:၄၃။b
၁၅ ဒါက ဘိသိက်ခံတွေဟာ ကောင်းကင်ကို “အရှင်လတ်လတ် ချီဆောင်ခံရ” မယ်လို့ ဆိုလိုတာလား။ ခရစ်ယာန်ဘောင်ထဲက လူများစွာကတော့ ခရစ်ယာန်တွေဟာ ကောင်းကင်ကို လူ့ခန္ဓာကိုယ်နဲ့ ချီဆောင်ခံရမယ်လို့ ယုံကြည်ကြတယ်။ မြေကြီးကို အုပ်ချုပ်ဖို့ ယေရှုပြန်ကြွလာတာကိုလည်း ပကတိမျက်စိနဲ့မြင်ရမယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ‘လူသားရဲ့နိမိတ်လက္ခဏာဟာ ကောင်းကင်မှာ ထင်ရှား’ မယ်၊ ယေရှုဟာ “မိုးတိမ်ကိုစီး” ပြီး ကြွလာမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (မ. ၂၄:၃၀) ဒါကြောင့် ယေရှုဟာ မျက်စိနဲ့မမြင်နိုင်တဲ့နည်းနဲ့ ပြန်ကြွလာမယ်ဆိုတာ ထင်ရှားတယ်။ ဒါ့အပြင် “လူ့အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်” လို့လည်း ကျမ်းစာပြောတယ်။ ဒါကြောင့် ကောင်းကင်ကို ခေါ်ဆောင်ခံရမယ့်သူတွေဟာ ‘နောက်ဆုံးတံပိုးမှုတ်တဲ့အခါ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း’ အရင်ဆုံး “ပြောင်းလဲ” ရမှာဖြစ်တယ်။c (၁ ကောရိန္သု ၁၅:၅၀–၅၃ ကိုဖတ်ပါ။) မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံအကြွင်းအကျန်တွေဟာ ချက်ချင်း စုသိမ်းခံရမှာဖြစ်တယ်။
-
-
‘သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’ကင်းမျှော်စင်—၂၀၁၅ | ဇူလိုင် ၁၅
-
-
c အဲဒီအချိန်မှာ အသက်ရှင်နေတဲ့ ဘိသိက်ခံတွေဟာ ကောင်းကင်ကို အသွေးအသားခန္ဓာကိုယ်နဲ့ ခေါ်ဆောင်ခံရမှာမဟုတ်ဘူး။ (၁ ကော. ၁၅:၄၈၊ ၄၉) ယေရှုရဲ့ ခန္ဓာကိုယ် ပျောက်သွားသလိုမျိုး သူတို့ရဲ့ ခန္ဓာကိုယ်တွေလည်း ပျောက်ပျက်သွားမှာ ဖြစ်နိုင်တယ်။
-