ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၉/၁၅ စာ. ၂၉-စာ. ၃၁ ပိုဒ်. ၁၀
  • သက်သာလောနိတ်မြို့သားများနှင့် တိမောသေထံရေးသောစာများမှ ပေါ်လွင်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်သာလောနိတ်မြို့သားများနှင့် တိမောသေထံရေးသောစာများမှ ပေါ်လွင်ချက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သတိရှိ” ကြ
  • (၁ သက်. ၁:၁–၅:၂၈)
  • “တည်ကြည် . . . ကြလော့”
  • (၂ သက်. ၁:၁–၃:၁၈)
  • “သင်၌အပ်ထားသောအရာကိုစောင့်ရှောက်လော့”
  • (၁ တိ. ၁:၁–၆:၂၁)
  • ကျမ်းစာမေးခွန်းများအဖြေ–
  • ‘နှုတ်မြွက်တရားတော်ကိုဟောပြောလော့၊ . . . ကြိုးစားအားထုတ်လော့’
  • (၂ တိ. ၁:၁–၄:၂၂)
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အမှန်တရားကို မှန်ကန်စွာကိုင်တွယ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယုံကြည်ခြင်းနှင့် ဩတ္တပ္ပစိတ်ကောင်းကို စွဲကိုင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • တိမောသေ—အမှုဆောင်ရန် အဆင်သင့်ရှိပြီး အမှုဆောင်လိုစိတ် ရှိသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၉/၁၅ စာ. ၂၉-စာ. ၃၁ ပိုဒ်. ၁၀

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

သက်သာလောနိတ်မြို့သားများနှင့် တိမောသေထံရေးသောစာများမှ ပေါ်လွင်ချက်များ

တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့သို့လည်ပတ်ခဲ့ပြီး ထိုတွင် အသင်းတော်တည်ထောင်ခဲ့ချိန်မှစ၍ ဤအသင်းတော်သစ်သည် ဆန့်ကျင်မှုကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် အသက် ၂၀ ကျော်ဖြစ်နိုင်သည့်တိမောသေသည် သက်သာလောနိတ်မြို့မှ ကောင်းသောသတင်းနှင့်ပြန်လာသောခါ ပေါလုသည် သက်သာလောနိတ်မြို့သားများကို ချီးမွမ်းအားပေးရန် စာတစ်စောင်ရေးဖို့ လှုံ့ဆော်ခံခဲ့ရသည်။ စီအီး ၅၀ နှောင်းပိုင်းတွင်ရေးခဲ့ဖွယ်ရှိသော ယင်းစာသည် ပေါလု၏မှုတ်သွင်းခံစာများထဲမှ ပထမဆုံးစာဖြစ်သည်။ ထို့နောက် မကြာမီတွင် သက်သာလောနိတ်မြို့ရှိခရစ်ယာန်များထံ ဒုတိယစာတစ်စောင်ကို ရေးသည်။ ဤအကြိမ်တွင် အချို့သူတို့စွဲကိုင်ထားသော မှားယွင်းသည့်အယူအဆကို ပြုပြင်ပေးပြီး ညီအစ်ကိုများအား ယုံကြည်ခြင်းတွင် မြဲမြံစွာရပ်တည်ကြရန် အားပေးသည်။

နောက်ဆယ်နှစ်ခန့်အကြာတွင် ပေါလုသည် မာကေဒေါနိပြည်တွင်၊ တိမောသေမှာမူ ဧဖက်မြို့တွင် ရှိကြသည်။ ပေါလုသည် တိမောသေအား ဧဖက်မြို့တွင်နေပြီး အသင်းတော်တွင် မှားယွင်းသောသွန်သင်သူများ၏သြဇာလွှမ်းမိုးမှုရှိသော်လည်း ဧဖက်မြို့ရှိညီအစ်ကို၊ ညီအစ်မများအား ယေဟောဝါနှင့်သူတို့၏ဆက်ဆံရေးကောင်းကို ဆက်ထိန်းရန်ကူညီပေးဖို့ အားပေးစာရေးသည်။ စီအီး ၆၄ တွင် ရောမမြို့ အကြီးအကျယ်မီးလောင်ပျက်စီးပြီးနောက် ခရစ်ယာန်များအပေါ် နှိပ်စက်ညှဉ်းပန်းမှုလှိုင်းလုံးကြီး ကျရောက်သောအခါ ပေါလုသည် တိမောသေထံ ဒုတိယစာစောင်ရေးသည်။ ယင်းသည် သူ၏မှုတ်သွင်းခံစာစောင်များထဲမှ နောက်ဆုံးစာစောင်ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့သည် ပေါလု၏ဤစာလေးစောင်တွင်ပါသော အားပေးစကားနှင့်အကြံပေးချက်မှ အကျိုးရရှိနိုင်သည်။—ဟေဗြဲ ၄:၁၂။

“သတိရှိ” ကြ

(၁ သက်. ၁:၁–၅:၂၈)

ပေါလုသည် သက်သာလောနိတ်မြို့သားများကို သူတို့၏ “ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း . . . တည်ကြည်ခြင်းတို့” အတွက်ချီးမွမ်းသည်။ ပေါလုက သူတို့သည် မိမိ၏ “မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း ဝါကြွားခြင်း၏ဦးရစ်သရဖူ” ဖြစ်သည်ဟုပြောသည်။—၁ သက်. ၁:၃၊ ၄; ၂:၁၉။

သက်သာလောနိတ်မြို့ရှိခရစ်ယာန်များကို ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ဖြင့် တစ်ဦးကိုတစ်ဦး နှစ်သိမ့်ကြရန် အားပေးပြီးနောက် ပေါလုဤသို့ဖော်ပြသည်– ‘သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ယေဟောဝါ၏နေ့ရက်သည်လာလိမ့်မည်။’ “သတိရှိ” ကြရန်နှင့် စောင့်နေကြရန် သူတို့ကိုအကြံပေးသည်။—၁ သက်. ၄:၁၆-၁၈; ၅:၂၊ ၆။

ကျမ်းစာမေးခွန်းများအဖြေ–

၄:၁၅-၁၇—“အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ . . . မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသော” သူတို့ကား မည်သူတို့ဖြစ်ပြီး ယင်းသို့ မည်သို့ဖြစ်မည်နည်း။ ဤသူတို့မှာ ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ခရစ်တော်ရောက်ရှိချိန်အတွင်း အသက်ရှင်နေသော ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်ကြသည်။ သူတို့သည် မမြင်နိုင်သောကောင်းကင်ဘုံတွင် ယေရှု “သခင်ကိုတွေ့ဆုံ [ကဘ]” ကြသည်။ သို့သော် ယင်းကိုကြုံတွေ့ရန် သူတို့သည် ဦးစွာသေရမည်ဖြစ်ပြီး ဝိညာဉ်သတ္တဝါများအဖြစ် ထမြောက်ဖို့လိုသည်။ (ရော. ၆:၃-၅; ၁ ကော. ၁၅:၃၅၊ ၄၄) ခရစ်တော်၏ရောက်ရှိခြင်း စတင်ပြီဖြစ်၍ ယနေ့ သေဆုံးသွားသောဝိညာဉ်တော်ဖွားခရစ်ယာန်များသည် သေခြင်း၌အိပ်ပျော်နေရမည်မဟုတ်။ သူတို့သည် “ချီဆောင်ခံရ” သို့မဟုတ် ချက်ချင်းထမြောက်ကြသည်။—၁ ကော. ၁၅:၅၁၊ ၅၂။

၅:၂၃ [သမ္မာ]—ညီအစ်ကိုတို့၏ ‘စိတ်၊ ဝိညာဉ်၊ ကိုယ်ခန္ဓာကို စောင့်ထိန်းတော်မူပါစေသော’ ဟုပေါလုဆုတောင်းသောအခါ အဘယ်အရာကိုဆိုလိုသနည်း။ သက်သာလောနိတ်မြို့ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များပါဝင်သော စုပေါင်းထားသည့်ခရစ်ယာန်အသင်းတော်တစ်ခုလုံး၏ စိတ်၊ ဝိညာဉ်၊ ကိုယ်ခန္ဓာကို ရည်ညွှန်းနေခြင်းဖြစ်သည်။ အသင်းတော်ကို စောင့်ထိန်းတော်မူပါဟုသာ ဆုတောင်းမည့်အစား အသင်းတော်၏ “စိတ်” သို့မဟုတ် စိတ်သဘောစောင့်မခံရရန် သူဆုတောင်းခဲ့သည်။ အသင်းတော်၏ “ဝိညာဉ်” [ဤတွင်အသုံးပြုသောဂရိစကားလုံး၏အဓိပ္ပာယ်ဖြစ်သော အသက် သို့မဟုတ် တည်ရှိခြင်း] အတွက်နှင့် ဝိညာဉ်တော်ဖွားခရစ်ယာန်များစုပေါင်းအဖွဲ့ဖြစ်သော “ကိုယ်ခန္ဓာ” အတွက်လည်း ဆုတောင်းခဲ့သည်။ (၁ ကော. ၁၂:၁၂၊ ၁၃) ထို့ကြောင့် ဤဆုတောင်းချက်က အသင်းတော်အတွက် ပေါလု၏အလွန်စိုးရိမ်မကင်းဖြစ်မှုကို ဖော်ပြသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁:၃၊ ၄၊ ၇; ၂:၁၃; ၄:၁-၁၂; ၅:၁၅။ ထိရောက်စွာအကြံဉာဏ်ပေးနိုင်သည့်နည်းတစ်နည်းမှာ စိတ်ရင်းမှန်ဖြင့်ချီးမွမ်းပေးပြီး ပိုကောင်းအောင်လုပ်ဖို့ အားပေးခြင်းဖြင့်ဖြစ်သည်။

၄:၁၊ ၉၊ ၁၀။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတို့သည် ဝိညာဉ်ရေးတွင် ဆက်၍တိုးတက်နေသင့်သည်။

၅:၁-၃၊ ၈၊ ၂၀၊ ၂၁။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ချဉ်းကပ်လာသည်နှင့်အမျှ “သတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း ဝတ်ဆောင်ကြကုန်အံ့။” ထို့ပြင် ဘုရားသခင့်ပရောဖက်ပြုစကားတော်ဖြစ်သော သမ္မာကျမ်းစာကို ခါတိုင်းထက်ပို၍ ကျွန်ုပ်တို့အာရုံစိုက်သင့်သည်။

“တည်ကြည် . . . ကြလော့”

(၂ သက်. ၁:၁–၃:၁၈)

ပထမစာစောင်တွင် ပေါလုပြောဆိုခဲ့ရာများကို တလွဲဖော်ပြကြသော အသင်းတော်ရှိအချို့သူတို့သည် “သခင် . . . ရောက်ရှိတော်မူခြင်း” နီးပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုနေပုံရသည်။ ထိုရှုမြင်ချက်ကိုပြင်ရန် “ဦးစွာ” ဖြစ်ရမည့်အရာကို ပေါလုဖော်ပြသည်။—၂ သက်. ၂:၁-၃၊ ကဘ။

ပေါလုဤသို့တိုက်တွန်းသည်– “သင်တို့သည် သင်ခဲ့ပြီးသောနည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူစွဲလမ်းကြလော့။” “မတရားစွာပြုသောညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြ” ရန်သူတို့ကို ညွှန်ကြားချက်ပေးသည်။—၂ သက်. ၂:၁၅; ၃:၆။

ကျမ်းစာမေးခွန်းများအဖြေ–

၂:၃၊ ၈၊ ကဘ—“တရားမဲ့သောသူ” ကားမည်သူနည်း၊ မည်သို့ ပယ်ရှားခံရမည်နည်း။ စုပေါင်းထားသည့်ဤ “သူ” မှာ ခရစ်ယာန်ဘောင်ဓမ္မဆရာအတန်းအစားဖြစ်သည်။ လူဆိုးများအပေါ် ဘုရားသခင့်တရားစီရင်ချက်ကြေညာရန်နှင့် သူတို့ကိုဖျက်ဆီးဖို့ ညွှန်ကြားချက်ပေးရန် အခွင့်အာဏာရှိသူမှာ ‘နှုတ်မြွက်တော်’ ဖြစ်သော ဘုရားသခင်၏အဓိကပြောရေးဆိုခွင့်ရှိသူ ယေရှုခရစ်ဖြစ်သည်။ (ယော. ၁:၁) ထို့ကြောင့် ယေရှုသည် “နှုတ်တော်ထွက်စွမ်းအားဖြင့်” တရားမဲ့သောသူကိုဖျက်ဆီးမည်ဟု ဆိုနိုင်သည်။

၂:၁၃၊ ၁၄—ဝိညာဉ်တော်ဖွားခရစ်ယာန်များကို “ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှာ . . . ရှေးဦးစွာ [“အစအဦး၊” ကဘ] ကပင်” မည်သို့ “ရွေးကောက်တော်မူ” ခဲ့သနည်း။ မိန်းမ၏အမျိုးအနွယ်သည် စာတန့်ခေါင်းကိုကြိတ်ရန် ယေဟောဝါရည်ရွယ်ခဲ့ချိန်တွင် ဝိညာဉ်တော်ဖွားများသည် အုပ်စုတစ်စုအနေဖြင့် ကြိုတင်သတ်မှတ်ခံခဲ့ရသည်။ (က. ၃:၁၅) ယေဟောဝါသည် သူတို့ပြည့်မီရမည့်တောင်းဆိုချက်များ၊ လုပ်ရမည့်လုပ်ငန်းနှင့် ရင်ဆိုင်ကြုံတွေ့ရမည့်စမ်းသပ်မှုတို့ကိုလည်း ကြိုဖော်ပြခဲ့သည်။ ကိုယ်တော်သည် သူတို့ကို “ထိုသို့အလို့ငှာ [“ဤရည်ရွယ်ချက်အတွက်၊” ကဘ]” ခေါ်တော်မူခဲ့သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁:၆-၁၀။ ယေဟောဝါ၏တရားစီရင်ချက်သည် ရွေးချယ်စိစစ်၍ စီရင်သောတရားစီရင်ချက်ဖြစ်သည်။

၃:၈-၁၂။ ယေဟောဝါ၏နေ့နီးပြီဟူသည့်အချက်ကို ဓမ္မအမှုတွင် မိမိတို့ကိုယ်ကိုထောက်မရန် အလုပ်လုပ်စရာမလိုတော့ဟူ၍ ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုသင့်ချေ။ အလုပ်မလုပ်ဘဲနေခြင်းက ကျွန်ုပ်တို့အား ပျင်းရိစေနိုင်ပြီး “သူတစ်ပါးအမှု၌ရောနှောသော” သူအဖြစ်သို့ ရောက်စေနိုင်သည်။—၁ ပေ. ၄:၁၅။

“သင်၌အပ်ထားသောအရာကိုစောင့်ရှောက်လော့”

(၁ တိ. ၁:၁–၆:၂၁)

ပေါလုက တိမောသေအား “ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း၍ ကောင်းသောစစ်ကိုတိုက်” ရန်ညွှန်ကြားသည်။ တမန်တော်သည် အသင်းတော်ရှိခန့်အပ်ခံအမျိုးသားများအတွက် ပြည့်မီရမည့်အရည်အသွေးများကို ဖော်ပြသည်။ ပေါလုသည် တိမောသေအား “တရားမဲ့ဖြစ်သောဒဏ္ဍာရီစကားကိုပယ်ရှား” ရန်လည်း ညွှန်ကြားသည်။—၁ တိ. ၁:၁၈၊ ၁၉; ၃:၁-၁၀၊ ၁၂၊ ၁၃; ၄:၇။

“အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်” ဟုပေါလုရေးသည်။ တိမောသေကို သူဤသို့တိုက်တွန်း၏– “သင်၌အပ်ထားသောအရာကိုစောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကိုလည်းကောင်း၊ သိပ္ပံအတတ်ဟူ၍အလွဲခေါ်ဝေါ်သော ‘သိပ္ပံအတတ်’ ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။”—၁ တိ. ၅:၁; ၆:၂၀။

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၈; ၄:၁၄—တိမောသေကိုရည်မှတ်၍ အဘယ် “အနာဂတ္တိစကား” ကိုဟောခဲ့သနည်း။ ယင်းမှာ ခရစ်ယာန်အသင်းတော်တွင် တိမောသေ၏အနာဂတ်တာဝန်နှင့်ပတ်သက်သော ပရောဖက်ပြုချက်တချို့ဖြစ်ရပေမည်၊ ပေါလုသည် သူ၏ဒုတိယခရစ်ယာန်သာသနာပြုခရီးစဉ်အတွင်း လုတ္တရမြို့သို့လည်ပတ်ခဲ့ချိန်တွင် ဘုရားသခင့်တန်ခိုးတော်ခံရကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ (တ. ၁၆:၁၊ ၂) ဤ “အနာဂတ္တိစကား” ပေါ်အခြေခံ၍ အသင်းတော်ရှိအသက်ကြီးသူတို့သည် လူငယ်တိမောသေအပေါ် “လက်တင်” ကြပြီး သူ့အတွက် သတ်သတ်မှတ်မှတ်လုပ်ငန်းတစ်ခု သီးသန့်ခန့်ခွဲခဲ့သည်။

၂:၁၅—အမျိုးသမီးတစ်ဦးသည် “သားဖွားခြင်းအမှု၌” မည်သို့ “ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” သားဖွားခြင်း၊ ကလေးကြည့်ရှုစောင့်ရှောက်ခြင်းနှင့် အိမ်မှုကြည့်ရှုပြုစုခြင်းတို့က အမျိုးသမီးတစ်ဦးကို “မပြောအပ်သောအရာကိုပြောသဖြင့် ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်” ခြင်းမှ “ကယ်တင်” ပေးနိုင်သည်။—၁ တိ. ၅:၁၁-၁၅။

၃:၁၆၊ ကဘ—ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းနှင့်ဆိုင်သော မြင့်မြတ်သောလျှို့ဝှက်ချက်ကား အဘယ်နည်း။ လူတို့သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အပြည့်အဝနာခံနိုင်သည်၊ မနာခံနိုင်သည်နှင့်ပတ်သက်၍ နှစ်ပေါင်းများစွာမသိခဲ့ကြချေ။ ယေရှုသည် သေသည်အထိ ဘုရားသခင်အပေါ် စုံလင်သောသမာဓိစောင့်သိခြင်းအားဖြင့် ယင်းအချက်ကို အဖြေပေးခဲ့သည်။

၆:၁၅၊ ၁၆—ယင်းစကားများသည် ယေဟောဝါဘုရားသခင် သို့မဟုတ် ယေရှုခရစ်နှင့် သက်ဆိုင်သလော။ ယင်းစကားများဖော်ပြချက်အတိုင်း ထင်ရှားပေါ်ထွန်းတော်မူသောအရှင် ယေရှုခရစ်နှင့်သက်ဆိုင်သည်။ (၁ တိ. ၆:၁၃) ဘုရင်များနှင့် သခင်များအဖြစ် အုပ်စိုးကြသောလူသားတို့နှင့် နှိုင်းယှဉ်သောအခါ ယေရှုသည် “တစ်ပါးတည်းသောအရှင်” ဖြစ်ပြီး ကိုယ်တော်တစ်ပါးတည်းသာ မသေနိုင်သောအဖြစ်ကိုရ၏။ (ဒံ. ၇:၁၄; ရော. ၆:၉) မျက်မြင်မရသောကောင်းကင်သို့ တက်ကြွသည့်အချိန်မှစ၍ ကိုယ်တော်ကို ကမ္ဘာပေါ်ရှိမည်သည့်လူသားကမျှ ပကတိမျက်စိဖြင့် “မမြင်ဖူး” ကြပါ။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၄:၁၅။ ကျွန်ုပ်တို့သည် မကြာသေးမီက သို့မဟုတ် နှစ်ပေါင်းများစွာကတည်းက ခရစ်ယာန်ဖြစ်လာသည်ဖြစ်ပါစေ ဆက်၍တိုးတက်ရန်ကြိုးစားသင့်ပြီး ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေသင့်သည်။

၆:၂။ ကျွန်ုပ်တို့သည် ယုံကြည်သူချင်းတစ်ဦးထံတွင် အလုပ်လုပ်သည်ဆိုလျှင် အခွင့်အရေးရဖို့ကြိုးစားမည့်အစား အသင်းတော်ပြင်ပရှိသူတစ်ဦးဦးအတွက် လိုလိုလားလားလုပ်ဆောင်ပေးသည်ထက် ပို၍ပင် သူ့အတွက် လုပ်ဆောင်ပေးသင့်သည်။

‘နှုတ်မြွက်တရားတော်ကိုဟောပြောလော့၊ . . . ကြိုးစားအားထုတ်လော့’

(၂ တိ. ၁:၁–၄:၂၂)

ရှေ့တွင်ရှိသောခက်ခဲသည့်အချိန်ကာလအတွက် တိမောသေကိုပြင်ဆင်ပေးသည့်အနေနှင့် ပေါလုဤသို့ရေးသည်– “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏။” တိမောသေကို ဤသို့အကြံပေးသည်– ‘သခင်၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမသွန်သင်ပေး . . . နိုင်သောသူဖြစ်ရမည်။’—၂ တိ. ၁:၇; ၂:၂၄။

တိမောသေကို ပေါလုဤသို့တိုက်တွန်းသည်– ‘သင်ယူခဲ့ပြီး ယုံကြည်စိတ်ချစေသောအရာများတွင် တည်မြဲတည်နေလော့။’ အယူဖောက်ပြန်သောသွန်သင်ချက်များ ပျံ့နှံ့လျက်ရှိသောကြောင့် တမန်တော်သည် ငယ်ရွယ်သောကြီးကြပ်မှူးကို ဤသို့အကြံပေးသည်– ‘နှုတ်မြွက်တရားတော်ကိုဟောပြောလော့၊ . . . ကြိုးစားအားထုတ်လော့။ အပြစ်ကိုဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ . . . တိုက်တွန်းသွေးဆောင်လော့။’—၂ တိ. ၃:၁၄၊ ကဘ; ၄:၂။

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၃၊ ကဘ—“အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံ” ကားအဘယ်နည်း။ “အကျိုးဖြစ်ထွန်းသောတရားစကားတော်ပုံစံ” မှာ “ငါတို့သခင်ယေရှုခရစ်၏စကားတည်းဟူသော” စစ်မှန်သောခရစ်ယာန်သွန်သင်ချက်များဖြစ်သည်။ (၁ တိ. ၆:၃) ယေရှု၏သွန်သင်ချက်နှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ညီညွတ်သည်ဖြစ်ရာ “အကျိုးဖြစ်ထွန်းသော တရားစကားတော်” ဟူသောအသုံးအနှုန်းသည် သမ္မာကျမ်းစာသွန်သင်ချက်အားလုံးကိုလည်း ကျယ်ပြန့်စွာရည်ညွှန်းနိုင်သည်။ ယင်းသွန်သင်ချက်များသည် ကျွန်ုပ်တို့အား ယေဟောဝါတောင်းဆိုထားရာများကို သိမြင်ရန်အထောက်အကူပြုနိုင်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာမှသင်ယူသိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ယင်းပုံစံကို ဆက်၍စွဲကိုင်ထားကြသည်။

၄:၁၃—“သားရေစာ” ကားအဘယ်နည်း။ “သားရေစာ” ဟူ၍မှတ်သားဖော်ပြခြင်းက ပြင်ဆင်ထားသောသားရေပေါ် ရေးသားထားသည့်စာလိပ်ကို ရည်ညွှန်းသည်။ ရောမတွင် ပေါလုအကျဉ်းချခံရစဉ်အတွင်း ဟေဗြဲကျမ်းစာထဲမှစာလိပ်တချို့ကို လေ့လာနိုင်ရန် ယင်းတို့ကို တောင်းဆိုနေခြင်းဖြစ်နိုင်သည်။ စာလိပ်တချို့သည် ကျူစာများဖြစ်နိုင်ပြီး အခြားမှာမူ သားရေစာဖြစ်နိုင်သည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၅; ၃:၁၅။ ခရစ်တော်ယေရှုကို တိမောသေယုံကြည်ရသည့် အဓိကအကြောင်းရင်းမှာ တိမောသေလုပ်ခဲ့သမျှကိုသြဇာလွှမ်းမိုးခဲ့သော ယုံကြည်ခြင်းကြောင့်ဖြစ်ပြီး ယင်းသည် နို့စို့အရွယ်မှစ၍ သူသင်ယူခဲ့သောကျမ်းစာအသိပညာဖြစ်သည်။ မိသားစုဝင်များသည် ဘုရားသခင်နှင့် မိမိတို့၏ကလေးများအပေါ် တာဝန်ကျေပွန်ရန် မည်သို့လုပ်ဆောင်နေသည်ကို အလေးအနက်စဉ်းစားရန် အလွန်အရေးကြီးသည်!

၁:၁၆-၁၈။ ယုံကြည်သူချင်းတို့သည် စမ်းသပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကြုံတွေ့ရ သို့မဟုတ် အကျဉ်းချခံရသောအခါ သူတို့အတွက် ဆုတောင်းပေးပြီး သူတို့ကိုကူညီပေးနိုင်သည့်အရာမှန်သမျှ လုပ်ဆောင်ကြစို့။—သု. ၃:၂၇; ၁ သက်. ၅:၂၅။

၂:၂၂။ ခရစ်ယာန်များ အထူးသဖြင့် လူငယ်များသည် ဝိညာဉ်ရေးရာများအတွက် မဆိုစလောက်သာအချိန်ပေးပြီး ခန္ဓာကိုယ်ကြံ့ခိုင်ရေး၊ အားကစားများ၊ တေးဂီတ၊ အပန်းဖြေမှု၊ ဝါသနာပါရာများ၊ ခရီးထွက်ခြင်း၊ ရည်ရွယ်ချက်မဲ့စကားစမြည်ပြောဆိုခြင်းနှင့် ထိုသို့သောအရာများတွင် အာရုံကပ်ညှိစွဲလမ်းခြင်းမျိုးမဖြစ်သင့်ပါ။

[စာမျက်နှာ ၃၁ ပါပုံ]

တမန်တော်ပေါလုရေးခဲ့သော နောက်ဆုံးမှုတ်သွင်းခံစာစောင်ကား အဘယ်အရာနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ