ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၅ စာ. ၂
  • သင်၏တိုးပွားမှုကို ထင်ရှားစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏တိုးပွားမှုကို ထင်ရှားစေခြင်း
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏တိုးတက်မှု ထင်ရှားပါလေစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အဆင့်ဆင့်တိုးတက်သွားပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်၏တိုးတက်မှုကို ထင်ရှားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၂/၉၅ စာ. ၂

သင်၏တိုးပွားမှုကို ထင်ရှားစေခြင်း

၁ နိုင်ငံတော်သတင်းကို ဦးဆုံးကြားနာခဲ့သောအချိန်ကို ပြန်သတိရပါ။ ရိုးရိုးကလေးမျှဖြစ်သော သမ္မာတရားတို့က အသိပညာရလိုစိတ်ရှိစေခဲ့သည်။ မကြာမီပင် သင့်လမ်းစဉ်များထက် ယေဟောဝါ၏နည်းလမ်းတော်များ၏ သာလွန်ကောင်းမြတ်ခြင်းကို တွေ့ရှိလာသောအခါ သင့်ဘဝပုံစံကို ပြောင်းလဲဖို့လိုကြောင်း အသိအမှတ်ပြုခဲ့လေသည်။ (ဟေရှာ. ၅၅:၈၊ ၉) သို့နှင့် သင်သည်တိုးတက်လာပြီး မိမိအသက်တာကို ဆက်ကပ်အပ်နှံ၍ နှစ်ခြင်းခံခဲ့လေသည်။

၂ ဝိညာဉ်ရေးဘက် အနည်းငယ်တိုးတက်ပြီးနောက်ပင်လျှင် သင်ချိုးနှိမ်ရမည့် အားနည်းချက်များ ရှိနေဦးမည်။ (ရော. ၁၂:၂) သင်၌ လူကိုကြောက်သောစိတ်ရှိနေသဖြင့် လယ်ကွင်းလုပ်ငန်းတွင် မပါဝင်ဝံ့ဘဲ ဖြစ်နေမည်။ သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်အသီးသီးဖို့လိုနေပေမည်။ နောက်တွန့်ဆုတ်မည့်အစား ကိုယ်ပိုင်သီအိုကရက်တစ်ပန်းတိုင်များထားပြီး တိုးတက်ဖို့ရန် သင်စိတ်ပိုင်းဖြတ်ထားပေမည်။

၃ ယခု သင့်ကိုယ်သင် ဆက်ကပ်အပ်နှံခဲ့ပြီး၍ နှစ်အတန်ကြာပင် ကုန်လွန်ခဲ့ပေမည်။ နောက်ကြောင်းကိုပြန်ကြည့်သည့်အခါ မိမိတွင် အဘယ်တိုးတက်မှုကို တွေ့ရှိသနည်း။ သင့်ပန်းတိုင်အချို့ကို မီခဲ့ပြီလော။ “အစပြု” ချိန်ကကဲ့သို့သောဇွဲမျိုး အသင်၌ရှိနေသေးသလော။ (ဟေဗြဲ ၃:၁၄) တိမောသေကို ပေါလုက ဤသို့တိုက်တွန်းချိန်တွင် သူသည် အတွေ့အကြုံအတော်အတန်ရှိသော ဝါရင့်ခရစ်ယာန်တစ်ဦး ဖြစ်နေပါပြီ– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။”—၁ တိ. ၄:၁၅။

၄ မိမိကိုယ်ကိုစစ်ဆေးရန်လို– လွန်ခဲ့သောနှစ်အနည်းငယ်ကို ကျွန်ုပ်တို့ပြန်သုံးသပ်ဆင်ခြင်သည့်အခါ ကျွန်ုပ်တို့တွင် အစအဦး၌ရှိခဲ့သောအားနည်းချက်အချို့ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိသလော။ ကျွန်ုပ်တို့ချမှတ်ခဲ့သောပန်းတိုင်အချို့ကို မမီဘဲဖြစ်နေသလော။ သို့ဖြစ်လျှင် အဘယ်ကြောင့်နည်း။ ရည်ရွယ်ချက်ကောင်းလျက်ပင် အချိန်ဆွဲခဲ့၍ဖြစ်ပေမည်။ လောကီစိုးရိမ်ခြင်း သို့မဟုတ် ဤစနစ်ဟောင်း၏ဖိစီးမှုများက ကျွန်ုပ်တို့ကိုဟန့်တားနေပေမည်။—လု. ၁၇:၂၈-၃၀။

၅ လွန်ခဲ့သောအချိန်အတွက် ကျွန်ုပ်တို့ဘာမျှမတတ်နိုင်တော့သော်လည်း လာမည့်အချိန်တွင် အမှန်ကြိုးစားနိုင်ပါသည်။ မိမိကိုယ်ကို ရိုးသားမှန်ကန်စွာ အကဲဖြတ်ပြီး အဘယ်ကဏ္ဍတွင် မိမိလိုအပ်နေကြောင်း အသိအမှတ်ပြုကာ တိုးတက်မှုရှိရန် ဂရုစိုက်ကြိုးစားနိုင်သည်။ ချုပ်တည်းခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း သို့မဟုတ် စိတ်ရှည်ခြင်း အစရှိသော ဘုရားသခင်၏ဝိညာဉ်အသီးများကိုသီးရန် ပိုမိုကြိုးစားဖို့လိုနေပေမည်။ (ဂလ. ၅:၂၂၊ ၂၃) သူတစ်ပါးနှင့် အသင့်အတင့်ရှိရန် သို့မဟုတ် အကြီးအကဲများကို ဝိုင်းဝန်းကူညီရန် အခက်အခဲတွေ့နေမည်ဆိုလျှင် စိတ်နှိမ့်ချမှုကို မွေးမြူရန်အရေးကြီးသည်။—ဖိ. ၂:၂၊ ၃။

၆ လုပ်ငန်းတော်အခွင့်အရေးများကို ရရှိနိုင်ရန် မိမိ၏တိုးတက်မှုကို ထင်ရှားပြသနိုင်မည်လော။ ပိုမိုကြိုးစားအားထုတ်ခြင်းဖြင့် ညီအစ်ကိုများသည် ဓမ္မအမှုထမ်းများ သို့မဟုတ် အကြီးအကဲများဖြစ်လာနိုင်ကြမည်။ ကျွန်ုပ်တို့အနက် အချို့သူများသည် မှန်မှန်ရှေ့ဆောင်နိုင်ကြမည်။ အရန်ရှေ့ဆောင်ရန် ပန်းတိုင်ထားနိုင်သူ မြောက်မြားစွာလည်းရှိသည်။ အခြားသူများမူကား မိမိတို့၏ကိုယ်ပိုင်လေ့လာမှုအစီအစဉ်မှ ပိုမိုအကျိုးရရှိခြင်း၊ အသင်းတော်အစည်းအဝေးများတွင် ပိုမိုပါဝင်ခြင်း၊ သို့မဟုတ် အသင်းတော်ကြေညာသူများအဖြစ် ပိုမိုတိုးတက်မှုရှိခြင်းတို့ဘက် ကြိုးစားရန်လိုပေမည်။

၇ သို့သော် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် အဘယ်နေရာတွင် မိမိတိုးတက်ရန်လိုကြောင်း ဆုံးဖြတ်ရန်လိုသည်။ “အရွယ်ရောက်သူအဖြစ်သို့တက်ကြ” ရန်ကျွန်ုပ်တို့ကြိုးစားအားထုတ်လေ ပျော်ရွှင်မှုပိုများလာလေဖြစ်ပြီး တိုးတက်ကြီးပွားသော အသင်းတော်သားများအမှန်ဖြစ်ဖို့အကြောင်းရှိသည်။—ဟေဗြဲ ၆:၁၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ