ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၁
  • သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောပြောစို့
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါသက်သေတွေက ဘာကြောင့် အိမ်တိုင်းကိုသွားပြီး ဟောပြောနေကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၁
သင်ခန်းစာ ၂၁။ မြို့ထဲမှာ လူတစ်ဦး လက်တွန်းစင်ဘေးက ယေဟောဝါသက်သေနှစ်ဦးနဲ့ စကားပြောနေ။

သင်ခန်းစာ ၂၁

သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဟောဝါက မိမိရဲ့နိုင်ငံတော်အားဖြင့် လူ့ပြဿနာအားလုံးကို ဖယ်ရှားပေးတော့မယ်။ ဒီသတင်းကောင်းကို လူတိုင်းကြားဖို့ လိုနေတယ်။ လူတိုင်းကို ဟောဖို့ နောက်လိုက်တွေကို ယေရှု မှာခဲ့တယ်။ (မဿဲ ၂၈:​၁၉၊ ၂၀) ဒီမှာကြားချက်ကို ယေဟောဝါသက်သေတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

၁။ ဒီနေ့ခေတ်မှာ မဿဲ ၂၄:၁၄ ဘယ်လို ပြည့်စုံနေသလဲ။

“နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်” လို့ ယေရှု ကြိုပြောတယ်။ (မဿဲ ၂၄:၁၄) အရေးကြီးတဲ့ ဒီအလုပ်ကို ယေဟောဝါသက်သေတွေ ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်နေတယ်။ ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းကို ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ဟောနေပါတယ်။ ဒီလောက်ကြီးမားတဲ့ အလုပ်အတွက် စီစဉ်ဖွဲ့စည်းဖို့၊ ကြိုးစားအားထုတ်ဖို့ လိုတယ်။ ယေဟောဝါရဲ့ အကူအညီ မပါရင် မအောင်မြင်နိုင်ဘူး။

၂။ လူတွေကို ဟောဖို့ ဘယ်လို ကြိုးစားကြသလဲ။

လူတွေရှိတဲ့ နေရာတိုင်းမှာ ကျွန်တော်တို့ ဟောကြတယ်။ ပထမရာစုက ခရစ်ယာန်တွေလိုပဲ “တစ်အိမ်ပြီးတစ်အိမ် သွားပြီး” ဟောကြတယ်။ (တမန်တော် ၅:၄၂) ဒီလို စေ့စေ့စပ်စပ် ဟောတဲ့အတွက် နှစ်စဉ် လူသန်းနဲ့ချီကို ဟောနိုင်ခဲ့တယ်။ အိမ်မှာ လူတွေ အမြဲမရှိတဲ့အတွက် လူစုလူဝေး ရှိတဲ့နေရာတွေမှာလည်း ဟောကြတယ်။ ယေဟောဝါနဲ့ ဘုရားရည်ရွယ်ချက်အကြောင်း အခွင့်အရေး ရှာပြီး ပြောပြကြတယ်။

၃။ သတင်းကောင်းဟောဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။

ခရစ်ယာန်စစ်အားလုံး သတင်းကောင်းဟောဖို့ တာဝန်ရှိတယ်။ အသက်ရေးနဲ့ဆိုင်မှန်း သိလို့ အလေးအနက်ထားပြီး အတတ်နိုင်ဆုံး ဟောပြောကြတယ်။ (၁ တိမောသေ ၄:၁၆ ကို ဖတ်ပါ။) ဒီအတွက် အခကြေးငွေ မယူကြဘူး။ “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” လို့ ကျမ်းစာ ဆိုထားတယ်။ (မဿဲ ၁၀:​၇၊ ၈) ဟောပြောခြင်းက ယေဟောဝါကို နာခံရာရောက်ပြီး ဘုရားကို စိတ်ရွှင်လန်းစေတဲ့အတွက် လူတိုင်း နားမထောင်ပေမဲ့ ဆက်ဟောကြတယ်။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ဝန်းမှာ ဟောဖို့ ကြိုးစားနေကြပုံ၊ ယေဟောဝါ ကူညီပေးနေပုံကို လေ့လာကြည့်ပါ။

က။ ယေဟောဝါသက်သေနှစ်ဦး ကော့စတာရီကာက မြက်ခင်းစိမ်းနဲ့ တောင်ကုန်းပေါ် လူတစ်ဦးကို ဟောပြောနေ။ ခ။ အမေရိကန်နိုင်ငံ၊ မြစ်ဆိပ်မှာ သက်သေခံနှစ်တွဲ ငါးဖမ်းသမားတွေကို ဟောပြောနေ။ ဂ။ ဘီနင်က ကျေးလက်ဒေသမှာ လူတစ်ဦးကို ယေဟောဝါသက်သေနှစ်ယောက် ဟောပြောနေ။ ဃ။ ထိုင်းနိုင်ငံ၊ ရေပေါ်စျေးမှာ အမျိုးသမီးကို သက်သေခံက ဟောပြောနေ။ င။ ယာ့ပ်ကျွန်းမှာ ကျောက်ပြားကြီး ရှေ့က အမျိုးသမီးကို ယေဟောဝါသက်သေနှစ်ယောက် ဟောပြောနေ။ စ။ ဆွီဒင် တူးမြောင်းဘေး နှင်းဖုံးနေတဲ့ လမ်းပေါ် အမျိုးသမီးတစ်ဦးကို ယေဟောဝါသက်သေနှစ်ယောက် ဟောပြောနေ။

ကမ္ဘာတစ်ဝန်း ဟောပြောခြင်း (က) ကော့စတာရီကာ၊ (ခ) အမေရိကန်ပြည်ထောင်စု၊ (ဂ) ဘီနင်၊ (ဃ) ထိုင်း၊ (င) ယာ့ပ်၊ (စ) ဆွီဒင်

၄။ လူတိုင်းကို ဟောဖို့ ကြိုးစားကြ

နေရာတိုင်းက လူတွေကို သတင်းကောင်းဟောဖို့ ယေဟောဝါသက်သေတွေ အလွန် ကြိုးစားကြတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ “ကမ္ဘာမြေ အစွန်အဖျားအထိ” ဟောပြောပါ (၇:၃၃)

  • ဟောပြောဖို့ ယေဟောဝါသက်သေတွေရဲ့ ကြိုးစားမှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို ကြိုက်သလဲ။

မဿဲ ၂၂:၃၉ နဲ့ ရောမ ၁၀:၁၃-၁၅ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဟောပြောခြင်းက လူလူချင်းကို ချစ်ကြောင်း ဘယ်လို ပြသလဲ။

  • သတင်းကောင်း ဟောသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။​—အခန်းငယ် ၁၅ ကို ကြည့်ပါ။

၅။ ကျွန်တော်တို့ဟာ ဘုရားရဲ့ လုပ်ဖော်ဆောင်ဖက်တွေဖြစ်

ဟောပြောခြင်းကို ယေဟောဝါ လမ်းညွှန်နေကြောင်း တွေ့ကြုံမှုတွေက ဖော်ပြတယ်။ ဥပမာ၊ နယူးဇီလန်နိုင်ငံက ညီအစ်ကို ပေါလ်ဟာ မွန်းလွဲပိုင်း တစ်အိမ်တက်ဆင်း ဟောချိန်မှာ အမျိုးသမီးတစ်ဦးနဲ့ ဆုံတယ်။ တစ်ယောက်ယောက် လွှတ်ပေးပါလို့ ယေဟောဝါဘုရား နာမည်တပ်ပြီး မနက်ကပဲ ဆုတောင်းခဲ့သူပါ။ “နောက်သုံးနာရီအကြာမှာ သူ့အိမ်တံခါးရှေ့ကို ကျွန်တော် ရောက်နေပြီ” လို့ ပေါလ် ပြောပြတယ်။

၁ ကောရိန္သု ၃:၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နယူးဇီလန်နိုင်ငံက တွေ့ကြုံမှုအရ ဟောပြောခြင်းကို ယေဟောဝါ လမ်းညွှန်နေကြောင်း ဘယ်လို သိရသလဲ။

တမန်တော် ၁:၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်ဖို့ ယေဟောဝါရဲ့ အကူအညီ ဘာကြောင့် လိုသလဲ။

စိတ်ဝင်စားစရာအချက်

ပတ်စဉ် ကြားရက်အစည်းအဝေးမှာ ဟောပြောနည်းတွေ လေ့ကျင့်ပေးတယ်။ အဲဒီအစည်းအဝေးကို တက်ဖူးတယ်ဆိုရင် ဒီလေ့ကျင့်မှုကို ဘယ်လို ယူဆသလဲ။

အသင်းတော်အစည်းအဝေးမှာ ယေဟောဝါသက်သေ နှစ်ယောက် သတင်းကောင်း ဟောပြောပုံ သရုပ်ပြနေ။

၆။ ဟောပြောဖို့ ဘုရားမိန့်မှာချက်ကို နာခံကြ

ပထမရာစုမှာ သတင်းကောင်းဟောတာကို တားဆီးသူတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ယေရှုနောက်လိုက်တွေက ‘ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်ကြတယ်။’ (ဖိလိပ္ပိ ၁:၇) ယေဟောဝါသက်သေတွေလည်း အဲဒီအတိုင်း လုပ်ဆောင်ကြတယ်။a

ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ သတင်းကောင်းကို ဥပဒေအရ ကာကွယ်ကြ (၂:၂၈)

တမန်တော် ၅:၂၇-၄၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘာကြောင့် လက်မလျှော့ဘဲ ဆက်ဟောရမလဲ။​ —အခန်းငယ် ၂၉၊ ၃၈၊ ၃၉ တို့ကို ကြည့်ပါ။

လူတချို့ အမေး။ “ယေဟောဝါသက်သေတွေ ဘာကြောင့် တစ်အိမ်တက်ဆင်း လိုက်ဟောနေကြသလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

လူအားလုံးကို သတင်းကောင်း ဟောဖို့ နောက်လိုက်တွေကို ယေရှု ညွှန်ကြားတယ်။ ယေဟောဝါကလည်း ကူညီပေးနေတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းကို ဘယ်သူတွေ ဟောနေသလဲ။

  • ဟောပြောခြင်းက လူလူချင်းကို ချစ်ကြောင်း ဘယ်လို ပြသလဲ။

  • သတင်းကောင်းဟောရင် ပျော်မယ် ထင်သလား။ ဘာကြောင့်လဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

မြို့ကြီးတွေမှာ ယေဟောဝါ သက်သေတွေ ဘယ်လို ဟောနေသလဲ ရှုစားကြည့်ပါ။

ပါရီမြို့ လူစည်ကားတဲ့နေရာမှာ လူထုရှေ့ သက်သေခံခြင်း (၅:၁၁)

ဒုက္ခသည်တွေကို ယေဟောဝါသက်သေတွေ ဘယ်လို ကူညီပေး ကြသလဲ။

ဒုက္ခသည်တွေရဲ့ ဘုရားရေးရာတောင့်တမှုကို ဖြည့်ဆည်းပေး (၅:၅၉)

အချိန်ပြည့်အမှုဆောင်တစ်ဦးရဲ့ ကျေနပ်စရာဘဝအကြောင်း နားထောင်ကြည့်ပါ။

ဒီအလုပ် ရွေးခဲ့လို့ ပျော်ရွှင်ရ (၆:၂၉)

သတင်းကောင်း ဟောခွင့်ရစေတဲ့ တရားရုံး ဆုံးဖြတ်ချက်တွေအကြောင်း ဖတ်ကြည့်ပါ။

‘နိုင်ငံတော်သတင်းဟောသူတွေ တရားရုံးမှာ အမှုတင်ပြ’ (နိုင်ငံတော် စိုးစံပြီ၊ အခန်း ၁၃)

a သတင်းကောင်း ဟောဖို့ တာဝန်ပေးသူက ဘုရားသခင် ဖြစ်လို့ လူ့အာဏာပိုင်တွေဆီက ခွင့်ပြုချက် မလိုဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ