ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မိဘတို့၊ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိစေ’ ဖို့ သားသမီးတွေကို ကူညီပေးပါ
    ကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၇ | ဒီဇင်ဘာ
    • ၃။ (က) ဘယ်အခြေအနေတွေအောက်မှာ တိမောသေ ခရစ်ယာန် ဖြစ်လာသလဲ။ ခရစ်ယာန် သွန်သင်ချက်တွေကို ဘယ်လို တုံ့ပြန်ခဲ့သလဲ။ (ခ) ဘယ်ကဏ္ဍသုံးခုအကြောင်း တိမောသေကို ပေါလု ဖော်ပြခဲ့သလဲ။

      ၃ အေဒီ ၄၇ လောက်မှာ ဖြစ်ပုံရတယ်။ လုတ္တရမြို့ကို တမန်တော်ပေါလု ပထမအကြိမ် လည်ပတ်ချိန်မှာ ခရစ်ယာန်ဘာသာအကြောင်း တိမောသေ စသိလာတယ်။ အဲဒီအချိန်တုန်းက တိမောသေဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိဦးမယ်။ ဒါပေမဲ့ သိလာတာတွေကို လက်တွေ့ကျင့်သုံးခဲ့တယ်။ နှစ်နှစ်အကြာမှာ ပေါလုရဲ့ ခရီးသွားဖော် ဖြစ်လာတယ်။ အဲဒီနောက် ၁၆ နှစ်လောက်ကြာတော့ တိမောသေဆီ ပေါလု စာရေးတယ်– “မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်။ သမ္မာကျမ်းစာ [ဟီဘရူးကျမ်းစောင်တွေ] ကို နို့စို့အရွယ်ကတည်းက မင်းသိရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ ခရစ်တော်ယေရှုကို မင်းယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။” (၂ တိ. ၃:၁၄၊ ၁၅) (၁) သမ္မာကျမ်းစာကို သိရှိခြင်း၊ (၂) သင်ယူသိရှိခဲ့ရာတွေကို လက်ခံယုံကြည်ထားခြင်း၊ (၃) ခရစ်တော်ယေရှုကို ယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် ဉာဏ်ပညာရှိခြင်းအကြောင်း ပေါလု ရေးခဲ့တာ သတိပြုပါ။

  • မိဘတို့၊ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိစေ’ ဖို့ သားသမီးတွေကို ကူညီပေးပါ
    ကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၇ | ဒီဇင်ဘာ
    • “လက်ခံယုံကြည်ထား”

      ၅။ (က) “လက်ခံယုံကြည်ထား” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) ယေရှုနဲ့ပတ်သက်တဲ့ သတင်းကောင်းကို တိမောသေ လက်ခံယုံကြည်ကြောင်း ဘယ်လို သိရသလဲ။

      ၅ ကျမ်းစာအသိပညာဟာ အရေးကြီးတယ်။ ဒါပေမဲ့ သားသမီးတွေကို ကျမ်းစာပညာရေး သင်ပေးတယ်ဆိုရာမှာ ကျမ်းစာထဲက ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်း သင်ပေးရုံထက်မက ပါဝင်တယ်။ တိမောသေ “လက်ခံယုံကြည်” လာတယ်။ မူရင်းစကားအရ အဲဒီစကားစုဟာ “စိတ်ချတယ်၊” “တစ်စုံတစ်ရာ မှန်ကန်ကြောင်း ယုံကြည်တယ်၊ သေချာတယ်” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဟီဘရူးကျမ်းစောင်တွေကို တိမောသေ ငယ်ငယ်ကတည်းက သိခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ မေရှိယ ဖြစ်ကြောင်း အထောက်အထားနဲ့တကွ ယုံကြည်လာတယ်။ တစ်နည်းဆိုရရင် အသိပညာကို ခံယူချက်နဲ့ အားဖြည့်ခဲ့ရတယ်။ သတင်းကောင်းနဲ့ပတ်သက်ပြီး တိမောသေရဲ့ ခံယူချက် အလွန်ခိုင်မာလာတာမို့ နှစ်ခြင်းခံတဲ့ တပည့် ဖြစ်လာပြီး သာသနာပြုလုပ်ငန်းမှာ ပေါလုနဲ့ လက်တွဲပါဝင်ခဲ့တယ်။

      ၆။ ဘုရားသခင့် နှုတ်မြွက်တော်ကနေ သိရှိလာတာတွေကို ယုံကြည်လက်ခံအောင် ကိုယ့်သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

      ၆ သားသမီးတွေ တိမောသေလို လက်ခံယုံကြည်လာအောင် ခံယူချက် ဘယ်လို တည်ဆောက်ပေးနိုင်သလဲ။ ဦးဆုံး စိတ်ရှည်ပါ။ ခံယူချက်ဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်လက်ခံယုံကြည်လို့ သားသမီးတွေလည်း အလိုလို လက်ခံယုံကြည်လာမှာ မဟုတ်ဘူး။ ကျမ်းစာအမှန်တရားအကြောင်း ခံယူချက် ခိုင်မာလာစေဖို့ သားသမီးတိုင်း “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးရမယ်။ (ရောမ ၁၂:၁ ကို ဖတ်ပါ။) အထူးသဖြင့် ကလေးတွေ မေးခွန်းမေးတဲ့အခါ မိဘရဲ့ကဏ္ဍက အရေးကြီးတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။

      ၇၊ ၈။ (က) ခရစ်ယာန် ဖခင်တစ်ယောက် သမီးကို သွန်သင်တဲ့အခါ စိတ်ရှည်မှု ဘယ်လို ပြခဲ့သလဲ။ (ခ) သင်ကော အလားတူ စိတ်ရှည်မှုမျိုး ပြဖို့ လိုသလား။

      ၇ အသက် ၁၁ နှစ်အရွယ် မိန်းကလေးရဲ့ ဖခင် သောမတ် ဒီလိုပြောတယ်– “‘ကမ္ဘာပေါ်မှာ သက်ရှိတွေ စတင်ဖို့ ဆင့်ကဲနည်းကို ယေဟောဝါ အသုံးပြုခဲ့သလား။’ ‘အခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့ လူမှုအသိုင်းအဝိုင်းမှာ၊ ဥပမာ၊ ရွေးကောက်ပွဲတွေမှာ ဘာကြောင့် မပါကြသလဲ’ လို့ ကျွန်တော့်သမီးက မေးတတ်တယ်။ တစ်ခါတလေ တရားသေအဖြေမျိုး မပေးမိဖို့ ကိုယ့်နှုတ်ကို ထိန်းထားရတယ်။ အရေးကြီးဆုံးကတော့ ခံယူချက်ဆိုတာ ကြီးမားတဲ့ အမှန်တရားတစ်ခုကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ သေးငယ်တဲ့ အထောက်အထားများစွာနဲ့ ဖြစ်လာတာ။”

      ၈ သောမတ် သိထားသလိုပဲ သွန်သင်ပေးတဲ့အခါ စိတ်ရှည်ရတယ်။ တကယ်တော့ စိတ်ရှည်ခြင်းဟာ ခရစ်ယာန်အားလုံးအတွက် အရေးကြီးတယ်။ (ကော. ၃:၁၂) အချိန်ကာလအတော်ကြာ အကြိမ်ကြိမ် ဆွေးနွေးဖို့ လိုအပ်ကြောင်း သောမတ် သဘောပေါက်တယ်။ သမီးဖြစ်သူ သိလာတာတွေကို ခံယူချက် ခိုင်မာလာဖို့ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ လိုတယ်။ “အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စတွေမှာ သမီးဟာ သိလာတာကို တကယ် ယုံကြည်ရဲ့လား၊ တကယ်နားလည်ရဲ့လားဆိုတာ ကျွန်တော်တို့ဇနီးမောင်နှံ သိချင်ကြတယ်။ သမီးက မေးခွန်း ထုတ်ရင် ကောင်းတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် သမီး ဘာမှ မမေးဘဲ လက်ခံလိုက်မှာကို စိုးရိမ်မိတယ်။”

      ၉။ သားသမီးတွေကို ဘုရားသခင့် နှုတ်မြွက်တော်အကြောင်း ဘယ်လို စိတ်စွဲမှတ်စေနိုင်သလဲ။

      ၉ မိဘတွေ စိတ်ရှည်စွာ သွန်သင်ပေးရင် သားသမီးတွေဟာ ယုံကြည်ခြင်းရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို” တဖြည်းဖြည်း သဘောပေါက်လာနိုင်မယ်။ (ဧ. ၃:၁၈) သူတို့ရဲ့ အသက်အရွယ်၊ စွမ်းရည်နဲ့အညီ မျှော်လင့်နိုင်တယ်။ သိထားတာတွေကို လက်ခံယုံကြည်လာပြီဆိုရင် ကျောင်းနေဖက်တွေ အပါအဝင် တခြားသူတွေရှေ့မှာ ယုံကြည်ချက်ကို ခုခံကာကွယ်နိုင်စွမ်း တိုးများလာမယ်။ (၁ ပေ. ၃:၁၅) ဥပမာ၊ သေဆုံးတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတာ သားသမီးတွေ ကျမ်းစာကနေ ရှင်းပြနိုင်သလား။ ကျမ်းစာရှင်းပြချက်ကို သူတို့ နားလည်ရဲ့လား။a ဘုရားသခင့် နှုတ်မြွက်တော်ကို စိတ်စွဲမှတ်စေတဲ့အခါ စိတ်ရှည်ဖို့ လိုတယ်။ ဒါပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။—တရား. ၆:၆၊ ၇။

      ၁၀။ သားသမီးတွေကို သွန်သင်ပေးတဲ့အခါ ဘာအရေးကြီးသလဲ။

      ၁၀ ခံယူချက် တည်ဆောက်ပေးရာမှာ မိဘတွေရဲ့ ပုံသက်သေကလည်း အရေးကြီးတယ်။ သမီးသုံးယောက်ရဲ့ မိခင် စတက်ဖနီ ဒီလိုပြောတယ်– “ကလေးတွေ ငယ်ငယ်ကတည်းက ‘ယေဟောဝါ တည်ရှိကြောင်း၊ ဘုရားရဲ့ မေတ္တာ၊ ဘုရားရဲ့ နည်းလမ်းတွေ မှန်ကန်ကြောင်း ငါယုံကြည်ရတဲ့ အကြောင်းရင်းကို သားသမီးတွေကို ပြောပြသလား။ ယေဟောဝါကို ငါတကယ်ချစ်ကြောင်း သားသမီးတွေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကိုယ်တိုင် မယုံကြည်ဘဲနဲ့ ကလေးတွေ ယုံကြည်မယ်လို့ မမျှော်လင့်နိုင်ဘူးလေ။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ