ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၀၈
  • ပရောဖက်ပြုချက်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရောဖက်ပြုချက်ဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • သမ္မာကျမ်းစာကို ဘုရားသခင် မည်သို့မှုတ်သွင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားသခင်ကို မြင်ဖူးတဲ့သူ ရှိသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မောရှေထက်သာ၍ကြီးမြတ်သောအရှင်ကို တန်ဖိုးထားလေးမြတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းဖြင့် လူတို့ ပရောဖက်ပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၀၈
နှစ်ခြင်းပေးသူ ယောဟန်

ပရောဖက်ပြုချက်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

ပရောဖက်ပြုချက်ဆိုတာ ဘုရားဆီကလာတဲ့ သတင်းစကား၊ ဗျာဒိတ် ဖြစ်တယ်။ ပရောဖက်တွေက “သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဒါကြောင့် ပရောဖက်ဆိုတာ ဘုရားဆီက သတင်းစကား ရရှိပြီး လူတွေကို ပြန်အသိပေး ကြေညာသူ ဖြစ်တယ်။​—တမန်တော် ၃:၁၈။

ဘုရားဆီက သတင်းစကားကို ပရောဖက်တွေ ဘယ်လို ရရှိကြသလဲ

ဘုရားသခင်က မိမိရဲ့အကြံအစည်တွေကို အောက်ပါနည်းတွေ သုံးပြီး ပရောဖက်တွေကို အသိပေးတယ်-

  • အရေးအသား။ ပညတ်တော်ဆယ်ပါးကို ဘုရားကိုယ်တိုင် ရေးပြီး မောရှေဆီ ပေးအပ်ခဲ့တဲ့အတွက် ဒီနည်းကို အနည်းဆုံး တစ်ကြိမ်တစ်ခါ သုံးခဲ့တယ်။​—ထွက်မြောက်ရာ ၃၁:၁၈။

  • ကောင်းကင်တမန်တွေကတစ်ဆင့်။ ဥပမာ၊ အီဂျစ်ပြည်က ဖာရောကို မောရှေ ဘာတွေ ပြောရမလဲဆိုတာ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး သင်ပေးခဲ့တယ်။ (ထွက်မြောက်ရာ ၃:၂-၄၊ ၁၀) “ဒီစကားတွေကို ရေးမှတ်ထားပါ။ ဒီမှာပါတဲ့အတိုင်း မင်းနဲ့ရော အစ္စရေးလူမျိုးနဲ့ပါ ငါပဋိညာဉ် ဖွဲ့မယ်” ဆိုပြီး မောရှေကို ပြောတုန်းကလိုမျိုး တိကျတဲ့စကားလုံးတွေကို သုံးဖို့ အရေးကြီးတဲ့အခါ ကောင်းကင်တမန်ကို နှုတ်တိုက်ချပေးခိုင်းတယ်။​—ထွက်မြောက်ရာ ၃၄:၂၇။a

  • စိတ်အာရုံများ။ ပရောဖက် နိုးနိုးကြားကြား၊ သတိရှိနေချိန်မှာ စိတ်အာရုံတွေ ပေးတတ်တယ်။ (ဟေရှာယ ၁:၁။ ဟဗက္ကုတ် ၁:၁) ဘယ်လောက် ပီပြင်သလဲဆိုရင် စိတ်အာရုံရသူပါ စိတ်အာရုံမှာ ပါဝင်နေတဲ့အထိပဲ။ (လုကာ ၉:၂၈-၃၆။ ဗျာဒိတ် ၁:၁၀-၁၇) စိတ်အာရုံရသူ မိန်းမောနေတုန်း မြင်ရတဲ့ စိတ်အာရုံလည်း ရှိတယ်။ (တမန်တော် ၁၀:၁၀၊ ၁၁။ ၂၂:၁၇-၂၁) ပရောဖက် အိပ်ပျော်နေတုန်း အိပ်မက်ပေးတာလည်း ရှိတယ်။​—ဒံယေလ ၇:၁။ တမန်တော် ၁၆:၉၊ ၁၀။

  • စိတ်မနောကို လမ်းညွှန်မှု။ ဘုရားသခင်က မိမိရဲ့ သတင်းစကားကို အသိပေးဖို့ ပရောဖက်ရဲ့ စိတ်မနောကို လမ်းညွှန်ပေးတယ်။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တယ်ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့” ဆိုတဲ့ စကားစုကို ယုဒသန်ကျမ်းက “ဘုရားသခင် မှုတ်သွင်း” လို့ ပြန်ဆိုထားတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင်က စွမ်းအားတော်ကို သုံးပြီး မိမိရဲ့ အကြံအစည်တွေကို မိမိရဲ့ ကျေးကျွန်တွေ စိတ်ထဲ “မှုတ်သွင်း” ပေးတယ်။ ဘုရားရဲ့ သတင်းစကား မှန်ပေမဲ့ ပရောဖက်တွေက စကားလုံး ရွေးချယ်ရတယ်။​—၂ ရှမွေလ ၂၃:၁၊ ၂။

ပရောဖက်ပြုချက်တွေက အနာဂတ် ကြိုဟောချက်တွေချည်းပဲလား

မဟုတ်ပါဘူး။ ကြိုဟောချက်ချည်းပဲ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားဆီက သတင်းစကားအများစုက အနာဂတ်နဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတတ်တယ်။ ဥပမာ၊ မကောင်းတဲ့ လမ်းစဉ် လိုက်ခဲ့ကြတဲ့ ရှေးအစ္စရေးတွေကို ပရောဖက်တွေ အကြိမ်ကြိမ် သတိပေးတယ်။ သတိပေးချက်တွေ လိုက်နာမယ်ဆိုရင် ကောင်းချီးခံစားရမယ်၊ မလိုက်နာရင် ဘေးဆိုးကြုံရမယ်ဆိုတဲ့ ဆင့်ဆိုချက်တွေပဲ။ (ယေရမိ ၂၅:၄-၆) ရလဒ်ကတော့ အစ္စရေးတွေရဲ့ ရွေးချယ်မှုပေါ် မူတည်တယ်။​—တရားဟောရာ ၃၀:၁၉၊ ၂၀။

ကြိုဟောချက် မဟုတ်တဲ့ ကျမ်းစာပရောဖက်ပြုချက်များ

  • အစ္စရေးတွေ အော်ဟစ်အကူအညီတောင်းတဲ့ တစ်ခေါက်မှာ ဘုရားက ပရောဖက်တစ်ယောက် စေလွှတ်လိုက်တယ်။ ဘုရားရဲ့ မိန့်မှာချက်တွေကို အစ္စရေးတွေ မနာခံကြလို့ မကယ်ဘူးဆိုပြီး ပြောခိုင်းတယ်။​—တရားသူကြီး ၆:၆-၁၀။

  • ရှမာရိအမျိုးသမီးနဲ့ စကားပြောတဲ့အခါ ယေရှုက ဘုရားဖွင့်ပြမှသာ သိနိုင်မယ့် ရှမာရိအမျိုးသမီးရဲ့ နောက်ကြောင်းကို ပြောခဲ့တယ်။ အနာဂတ် ကြိုဟောချက်တစ်ခုမှ မပြောပေမဲ့လည်း ယေရှုကို ပရောဖက်အဖြစ် အသိအမှတ်ပြုခဲ့တယ်။​—ယောဟန် ၄:၁၇-၁၉။

  • ယေရှု စစ်ဆေးခံရချိန်မှာ ရန်သူတွေက သူ့မျက်နှာကို ဖုံးပြီး ရိုက်နှက်ကြတယ်။ ပြီးတော့ “မင်းကို ဘယ်သူ ရိုက်သလဲ ဟောစမ်းပါဦး” လို့ ပြောကြတယ်။ အနာဂတ် ဟောကိန်း ထုတ်ခိုင်းတာ မဟုတ်ဘဲ ဘယ်သူ ရိုက်သလဲဆိုတာ ဘုရားပေးတန်ခိုးနဲ့ ပြောခိုင်းတာ ဖြစ်တယ်။​—လုကာ ၂၂:၆၃၊ ၆၄။

a စစချင်းမှာတော့ ဘုရားသခင်က မောရှေကို တိုက်ရိုက် ပြောနေတယ် ထင်ရပေမဲ့ မောရှေပညတ် ပဋိညာဉ်ကို ကောင်းကင်တမန်တွေကတစ်ဆင့် ပေးခဲ့ကြောင်း ကျမ်းစာ ဖော်ပြတယ်။​—တမန်တော် ၇:၅၃။ ဂလာတိ ၃:၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ