ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • သင်ခန်းစာ ၁။ ဖွင့်ထားတဲ့ကျမ်းစာ။

      သင်ခန်းစာ ၀၁

      ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား

      လူတိုင်းမှာ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ရှိကြတယ်။ ကျွန်တော်တို့ ဘာကြောင့် အသက်ရှင်နေကြသလဲ။ လူတွေ ဘာကြောင့် ဆင်းရဲဒုက္ခ ရောက်ရသလဲ။ လူသေရင် ဘာဖြစ်သွားသလဲ။ အနာဂတ်မှာ ဘာဖြစ်လာမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို လူတိုင်းလိုလို သိချင်ကြတယ်။ စားဝတ်နေရေး၊ မိသားစု ပျော်ရွှင်ရေးအတွက်လည်း နေ့တိုင်း စိတ်ပူနေကြတယ်။ လူများစွာဟာ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုသာမက နေ့စဉ်ဘဝအတွက် လက်တွေ့ကျ အကြံဉာဏ်တွေကိုပါ ကျမ်းစာမှာ ရှာတွေ့ခဲ့ကြပြီ။ ကျမ်းစာကနေ အကျိုးရနိုင်တယ်လို့ ထင်ပါသလား။

      ၁။ ကျမ်းစာထဲမှာ ဘယ်မေးခွန်းတွေရဲ့ အဖြေ ပါသလဲ။

      ကျမ်းစာမှာ ဒီအရေးကြီး မေးခွန်းတွေရဲ့ အဖြေ ပါတယ်။ သက်ရှိတွေ ဘယ်လို အစပြုခဲ့သလဲ။ ဘဝရည်ရွယ်ချက်ဟာ ဘာလဲ။ လူတွေ ဘာကြောင့် ဒုက္ခရောက်ရသလဲ။ လူသေရင် ဘာဖြစ်သွားသလဲ။ လူတိုင်း ငြိမ်းချမ်းရေး လိုလားပေမဲ့ စစ်ပွဲတွေ ဘာကြောင့် ဒီလောက် များရသလဲ။ အနာဂတ်မှာ ကမ္ဘာကြီး ဘာဖြစ်သွားမလဲ။ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ကျမ်းစာ အားပေးထားပါတယ်။ ကျမ်းစာအဖြေကြောင့် လူများစွာ စိတ်ကျေနပ်မှု ရခဲ့ကြတယ်။

      ၂။ နေ့စဉ်ဘဝမှာ ပျော်ရွှင်ဖို့ ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ။

      ကျမ်းစာမှာ အကြံဉာဏ်ကောင်းတွေ ပါတယ်။ ဥပမာ၊ မိသားစု ပျော်ရွှင်အောင် ဘာလုပ်ရမလဲ။ စိတ်ဓာတ်ကျလာရင် ဘာလုပ်ရမလဲ။ အလုပ်မှာ ပျော်အောင် ဘာလုပ်ရမလဲ။ ဒီအကြောင်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေကို သိလာပါလိမ့်မယ်။ အတူလေ့လာရင်း သိလာမယ့်အကြောင်းတွေလည်း ရှိသေးတယ်။ “ကျမ်းစောင်အားလုံး [ကျမ်းစာမှာ ဖော်ပြထားသမျှ] ဟာ . . . အကျိုးဖြစ်ထွန်းစေတယ်” ဆိုတဲ့ ကျမ်းစကားကို လက်ခံလာပါလိမ့်မယ်။​—၂ တိမောသေ ၃:၁၆။

      ဒီစာအုပ်ဟာ ကျမ်းစာကို အစားထိုးလိုက်တာ မဟုတ်ပါဘူး။ ကျမ်းစာကို ကိုယ်တိုင် လေ့လာဖို့ အားပေးပါတယ်။ ဒီသင်ခန်းစာတွေမှာ ပါတဲ့ ကျမ်းချက်တွေကို ဖွင့်ဖတ်ပြီး လေ့လာနေတဲ့အကြောင်းအရာနဲ့ နှိုင်းယှဉ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

      ရှာဖွေလေ တွေ့ရှိလေ

      ကျမ်းစာက ဘဝကို တိုးတက်ကောင်းမွန်စေပုံ၊ ကျမ်းစာဖတ်ရတာ ပျော်လာနိုင်ပုံ၊ ကျမ်းစာကို နားလည်နိုင်အောင် အကူအညီ ယူသင့်ပုံတို့ကို လေ့လာကြည့်ပါ။

      ၃။ ကျမ်းစာက ကျွန်တော်တို့ကို လမ်းညွှန်ပေးနိုင်

      ကျမ်းစာဟာ လက်နှိပ်ဓာတ်မီးနဲ့ တူတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင်၊ အနာဂတ်ကို မြင်နိုင်အောင် လမ်းပြပေးနိုင်တယ်။

      ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

      • ဒီဆာလံကျမ်းကို ရေးတဲ့သူက ကျမ်းစာကို ဘယ်လို သဘောထားသလဲ။

      • သင်ကော ကျမ်းစာကို ဘယ်လို သဘောထားသလဲ။

      ကျောက်ပေါတဲ့ ကမ်းစပ်မှာ ညဘက် ဓာတ်မီး ထိုးပြီး လျှောက်နေတဲ့ အမျိုးသား။

      ၄။ ကျမ်းစာက ကျွန်တော်တို့ရဲ့ မေးခွန်းတွေကို အဖြေပေးနိုင်

      အမျိုးသမီးတစ်ဦးဟာ နှစ်ပေါင်းများစွာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မေးခွန်းတွေရဲ့ အဖြေကို ကျမ်းစာကနေ သိသွားတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဆွေးနွေးပါ။

      ဗီဒီယို။ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်နဲ့ (၁:၄၈)

      • ဗီဒီယိုထဲက အမျိုးသမီးမှာ ဘယ်မေးခွန်းတွေ ရှိနေသလဲ။

      • ကျမ်းစာလေ့လာတာက သူ့အတွက် ဘယ်လို အကူအညီ ဖြစ်စေသလဲ။

      မေးခွန်းတွေ မေးဖို့ ကျမ်းစာ အားပေးတယ်။ မဿဲ ၇:၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

      • ကျမ်းစာကနေ အဖြေရှာကြည့်ချင်တဲ့ ဘယ်မေးခွန်းတွေ သင့်မှာ ရှိသလဲ။

      ၅။ ကျမ်းစာဖတ်ရတာ ပျော်စရာကောင်းလာနိုင်

      လူများစွာဟာ ကျမ်းစာဖတ်ရတာကို ပျော်ပြီး အကျိုးကျေးဇူး ခံစားနေကြတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို ဆွေးနွေးပါ။

      ဗီဒီယို။ ကျမ်းစာဖတ်ခြင်း (၂:၀၅)

      • ဗီဒီယိုထဲက လူငယ်တွေ စာဖတ်ရတာကို ဘယ်လို သဘောထားကြသလဲ။

      • ကျမ်းစာ ဖတ်ရတာကိုတော့ သူတို့ ဘာကြောင့် ကြိုက်ကြသလဲ။

      ကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေက ကျွန်တော်တို့ကို နှစ်သိမ့်ပေးနိုင်တယ်။ မျှော်လင့်ချက် ရှိစေတယ်။ ရောမ ၁၅:၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

      • နှစ်သိမ့်မှုပေးပြီး မျှော်လင့်ချက် ရှိစေတဲ့ ကျမ်းစာကတိကို စိတ်ဝင်စားပါသလား။

      ၆။ ကျမ်းစာကို နားလည်ဖို့ တခြားသူတွေ ကူညီပေးနိုင်

      ကျမ်းစာကို တစ်ယောက်တည်း ဖတ်ရုံမက တခြားသူတွေနဲ့ ဆွေးနွေးတာကလည်း အကူအညီ ဖြစ်စေမှန်း လူများစွာ တွေ့ရှိခဲ့ကြတယ်။ တမန်တော် ၈:၂၆-၃၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

      • ကျမ်းစာကို ဘယ်လို နားလည်နိုင်မလဲ။—အခန်းငယ် ၃၀၊ ၃၁ ကို ကြည့်ပါ။

      ပုံ-၁။ သတင်းကောင်းဟောသူ ဖိလိပ္ပုက အီသီယိုးပီးယား အမျိုးသားကို ကျမ်းစာအကြောင်း ရှင်းပြနေ။ ၂။ ယေဟောဝါသက်သေတစ်ဦးက ကလေးနှစ်ယောက်မိခင်ကို ကျမ်းစာ သင်ပေးနေ။

      အီသီယိုးပီးယား အမျိုးသားတစ်ဦး ကျမ်းစာကို နားလည်နိုင်ဖို့ အကူအညီ လိုခဲ့တယ်။ အခုခေတ် လူများစွာလည်း တခြားသူတွေနဲ့ ကျမ်းစာဆွေးနွေးတာက အကူအညီ ဖြစ်စေကြောင်း တွေ့ရှိကြတယ်။

      လူတချို့ အဆို။ “ကျမ်းစာလေ့လာတာက အချိန်ဖြုန်းနေတာပဲ။”

      • သင်ကော ဘယ်လို ယူဆသလဲ။ ဘာကြောင့်လဲ။

      အနှစ်ချုပ်

      ကျမ်းစာမှာ နေ့စဉ်ဘဝအတွက် အကြံဉာဏ်တွေ၊ အရေးကြီး မေးခွန်းတွေရဲ့ အဖြေ ပါတယ်။ လူတွေကို နှစ်သိမ့်မှု ပေးပြီး မျှော်လင့်ချက် ရှိစေတယ်။

      ပြန်လည်သုံးသပ်ခြင်း

      • ကျမ်းစာမှာ ဘာအကြံဉာဏ်တွေ တွေ့နိုင်သလဲ။

      • ကျမ်းစာမှာ ဘယ်မေးခွန်းတွေရဲ့ အဖြေ ပါသလဲ။

      • ကျမ်းစာထဲက ဘယ်အကြောင်းကို လေ့လာချင်ပါသလဲ။

      ရည်မှန်းပန်းတိုင်

      လေ့လာစရာ ထပ်ဖွေရှာ

      ကျမ်းစာအကြံဉာဏ်ဟာ ဒီနေ့ခေတ်မှာ ဘာကြောင့် လက်တွေ့ကျသလဲဆိုတာ လေ့လာကြည့်ပါ။

      “ကျမ်းစာသွန်သင်ချက်တွေဟာ အချိန်တိုင်း အကျိုးပြု” (ကင်းမျှော်စင် အမှတ် ၁၊ ၂၀၁၈)

      ကလေးဘဝကတည်းက စိတ်ခံစားချက်တွေ ထိန်းဖို့ ခက်နေသူတစ်ဦးကို ကျမ်းစာ ကူညီပေးပုံအကြောင်း လေ့လာကြည့်ပါ။

      ပျော်စရာဘဝသစ် စတင်လာပုံ (၂:၅၇)

      မိသားစုဘဝအတွက် လက်တွေ့ကျတဲ့ ကျမ်းစာအကြံဉာဏ်ကို လေ့လာကြည့်ပါ။

      “မိသားစုအောင်မြင်ရေး လျှို့ဝှက်ချက် ၁၂ ချက်” (နိုးလော့! အမှတ် ၂၊ ၂၀၁၈)

      ကမ္ဘာကြီးကို အမှန်တကယ် အုပ်ချုပ်နေသူနဲ့ပတ်သက်တဲ့ လူတွေရဲ့ ယူဆချက် မှားနေတယ်။ ကျမ်းစာအဆိုကို လေ့လာကြည့်ပါ။

      ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ​—ဗီဒီယိုအရှည် (၃:၁၄)

  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • ၁။ ကျမ်းစာကို လူတွေရေးတာဆိုရင် ဘုရားသခင်ဆီက လာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

      ကျမ်းစာကို ဘီစီ ၁၅၁၃ ကနေ အေဒီ ၉၈ အထိ နှစ်ပေါင်း ၁,၆၀၀ ကျော်အတွင်း လူပေါင်း ၄၀ လောက် ရေးခဲ့တယ်။ နောက်ခံအသီးသီး ရှိတဲ့သူတွေ ရေးတာဖြစ်ပေမဲ့ ကျမ်းစောင်အားလုံး ရှေ့နောက်ညီညွတ်မှု ရှိတယ်။ ဒါ ဘယ်လို ဖြစ်နိုင်မလဲ။ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ဘုရားသခင် ဖြစ်နေလို့ပါ။ (၁ သက်သာလောနိတ် ၂:၁၃ ကို ဖတ်ပါ။) ကျမ်းရေးသူတွေက မိမိတို့ စိတ်ကူးပေါက်ရာကို ရေးကြတာ မဟုတ်ဘူး။ “သန့်ရှင်းသော စွမ်းအားတော်ရဲ့a လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။” (၂ ပေတရု ၁:၂၁) ဘုရားသခင်က မိမိရဲ့အတွေးအခေါ်တွေကို မှတ်တမ်းတင်စေဖို့ လူတွေကို သန့်ရှင်းသော စွမ်းအားတော်နဲ့ လမ်းညွှန်ပေးခဲ့တယ်။​—၂ တိမောသေ ၃:၁၆။

  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • ၄။ ကျမ်းစာမှာ အာဘော်ရှင်အကြောင်း ဖော်ပြထား

      ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် ၂ တိမောသေ ၃:၁၆ ကို ဖတ်ပါ။ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

      ဗီဒီယို။ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ​—ကောက်နုတ်ချက် (၂:၄၈)

      • ကျမ်းစာကို လူတွေရေးတာဆိုရင် ဘုရားသခင်ဆီက လာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

      • ဘုရားသခင်က မိမိရဲ့အတွေးအခေါ်တွေကို ကျမ်းရေးသူတွေဆီ အသိပေးနိုင်တယ်ဆိုတာ ဖြစ်နိုင်သလား။

      အလုပ်ရှင်က မိမိရေးစေချင်တာကို အတွင်းရေးမှူးကို ပြောပြ၊ အတွင်းရေးမှူးက စာရိုက်။

      လူတစ်ယောက်က အတွင်းရေးမှူးကို သုံးပြီး စာရေးသလိုပဲ ဘုရားသခင်ကလည်း လူတွေကို သုံးပြီး မိမိရဲ့သတင်းစကားကို ရေးသားစေတယ်

  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ