ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁၅ စာ. ၂၆
  • ယုံကြည်ခြင်းတွင်ကျန်းခံ့လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းတွင်ကျန်းခံ့လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြီးကြပ်ရေးမှူးများမှ ဘာလိုအပ်သနည်း
  • ကျန်းခံ့သောသွန်သင်ချက်ကိုကျင့်သုံး
  • ကျန်းခံ့သောသွန်သင်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြစ်စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • တိတု—‘သင်တို့အမှုကို ပေါင်းဖော်ဆောင်ရွက်သူချင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မေတ္တာနှင့်စည်းလုံးမှုတည်ဆောက် ပေးသည့် အသင်းတော်များ
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁၅ စာ. ၂၆

ယုံကြည်ခြင်းတွင်ကျန်းခံ့လော့

တိတုမှပေါ်လွင်ချက်များ

မြေထဲပင်လယ်မှကရေတေကျွန်းပေါ်ရှိ ခရစ်ယာန်အသင်းတော်များသည် ဝိညာဉ်ရေးဂရုမူရန်လိုအပ်သည်။ သူတို့အားမည်သူ ကူညီပေးနိုင်မည်နည်း။ တမန်တော်ပေါလု၏လုပ်ဖော်ချင်း တိတုရှိနေသည်မဟုတ်ပေလော။ သူသည်ရဲရင့်ကာ၊ သွန်သင်ရန်အရည်အချင်းပြည့်မီ၍၊ ဇွဲရှိပြီး၊ ဝိညာဉ်ရေးအရကျန်းမာသည်။

ပေါလုသည်ကရေတေကျွန်းကို ရောမမြို့တွင်သူ၏ပထမနှင့်ဒုတိယအကြိမ် အကျဉ်းကျစဉ် လည်ပတ်ခဲ့သည်။ သူသည်ထိုကျွန်းပေါ်တွင် အရာအချို့ကိုပြုပြင်ရန်နှင့် အသင်းတော်အကြီးအကဲများ ခန့်အပ်ရန်တိတုကို ထားရစ်ခဲ့သည်။ တိတုသည် မှောက်မှားသောသွန်သင်သူများကိုလည်း ဆုံးမရန်နှင့် ပုံသက်သေကောင်းတင်ပြရန်လည်းဖြစ်သည်။ ထိုအရာအားလုံးကို ၆၁ နှင့် ၆၄ စီအီးကြား မာကေဒေါနိမှပို့ပုံရသော တိတုထံပေါလု၏စာတွင်ဖော်ပြထားသည်။ တမန်တော်၏သွန်သင်ချက်ကို ကျင့်သုံးခြင်းဖြင့် မျက်မှောက်ခေတ်ကြီးကြပ်ရေးမှူးများနှင့် ယုံကြည်သူချင်းတို့အား ရဲရင့်ရန်၊ ဇွဲရှိရန်နှင့် ဝိညာဉ်ရေးအရကျန်းမာရန် ကူညီပေးနိုင်သည်။

ကြီးကြပ်ရေးမှူးများမှ ဘာလိုအပ်သနည်း

ကြီးကြပ်ရေးမှူးများခန့်အပ်ရန်နှင့် အချို့ပြဿနာကြီးများကို ကိုင်တွယ်ရန်လိုအပ်ခဲ့သည်။ (တိတု ၁:၁-၁၆) ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ်ခန့်အပ်ရန် ယောက်ျားတစ်ဦးသည် ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်သောသူ၊ မိမိကိုယ်နှိုက်နှင့် မိမိ၏အိမ်ထောင်ပုံသက်သေကောင်းသောသူ၊ ဧည့်ဝတ်ပြုသောသူ၊ မျှတသောသူနှင့် ချုပ်တည်းနိုင်သောသူဖြစ်ရမည်။ သူသည်မှန်ရာကို သွန်သင်ရမည်ဖြစ်ပြီး၊ ဆန့်ကျင်ဘက်အမြင်ရှိသူများကို တိုက်တွန်း၊ ဆုံးမရမည်။ ဥပဒေမလိုက်လျှောက်သူများကို ငြိမ်သွားရန်လုပ်ရမည်ဖြစ်၍ သတ္တိရှိရန်လိုသည်။ အထူးသဖြင့်အရေဖျားလှီးခြင်းကို စွဲကိုင်ထားသူများကိုဖြစ်သည်။ အကြောင်းမှာသူတို့သည် အိမ်တော်တစ်ခုလုံးကို မှောက်လှန်သောကြောင့်ဖြစ်သည်။ အသင်းတော်များသည် ဝိညာဉ်ရေးတွင်ကျန်းမာစွာနေဖို့ရန်အတွက် ပြင်းထန်စွာဆုံးမရန်လိုအပ်သည်။ ယနေ့တွင်၊ ခရစ်ယာန်ကြီးကြပ်ရေးမှူးများသည်လည်း အသင်းတော်ကိုတည်ဆောက်ရန်သဘောဖြင့် ဆုံးမ၊ တိုက်တွန်းရန် ရဲစွမ်းလိုအပ်သည်။

ကျန်းခံ့သောသွန်သင်ချက်ကိုကျင့်သုံး

တိတုသည်ဝိညာဉ်ရေးအရ ကျန်းခံ့သောသွန်သင်ချက်ကို ပေးအပ်ရန်ဖြစ်သည်။ (၂:၁-၁၅၊ သမာ) အသက်ကြီးသောယောက်ျားတို့သည် ချင့်ချိန်မှု၊ လေးနက်မှု၊ သတိရှိမှု၊ ယုံကြည်ခြင်း၊ မေတ္တာနှင့်ခံနိုင်ရည်တို့တွင် ပုံသက်သေပြရန်ဖြစ်သည်။ အသက်ကြီးသူမိန်းမတို့သည် “ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ” ဖြစ်ရပေမည်။ “ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ” အနေနှင့် သူတို့သည်အသက်ပျိုသောမိန်းမများကို ဇနီးသည်များနှင့်မိခင်များအဖြစ် သူတို့၏တာဝန်အပေါ် မှန်ကန်သောအမြင်ရှိရန် ကူညီပေးနိုင်ပေမည်။ အသက်ပျိုသောယောက်ျားတို့သည် ဣန္ဒြေစောင့်သောသူများဖြစ်ရန်လိုပြီး၊ ဘုရားသခင်၏သွန်သင်ချက်များကို တန်ဆာဆင်ရန်အနေဖြင့် ကျွန်များသည်သူတို့ပိုင်ရှင်ထံ လက်အောက်ခံရန်ဖြစ်သည်။ ခရစ်ယာန်အားလုံးသည် ဘုရားတရားမဲ့ခြင်းကို စွန့်ပစ်ရမည်ဖြစ်ပြီး၊ “ခပ်သိမ်းသောဒုစရိုက်မှငါတို့ကိုရွေးနှုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဖို့စင်ကြယ်စေခြင်းငှာလည်းကောင်း၊ ကိုယ်ကိုယ်ကိုစွန့်” တော်မူသော ယေရှုခရစ်နှင့်ဘုရားရှင်၏ ဘုန်းထင်ရှားပေါ်ထွန်းခြင်းကိုစောင့်မျှော်ရင်း ဤစနစ်တွင်သတိရှိလျက်နေရန်ဖြစ်သည်။ ထိုကျန်းခံ့သောသွန်သင်ချက်များကို ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့လည်း ‘ဘုရားသခင့်သွန်သင်ချက်ကိုတန်ဆာဆင်’ ကြပါစို့။

ပေါလု၏နိဂုံးချုပ်သွန်သင်ချက်က ဝိညာဏကျန်းမာမှုကို တိုးပွားစေသည်။ (၃:၁-၁၅) အုပ်စိုးရှင်များအောက် လျောက်ပတ်သောဝန်ခံမှုပြရန်လိုအပ်ပြီး၊ ဖြေးညှင်းသောသဘောမွေးမြူရန်ဖြစ်သည်။ ခရစ်ယာန်များသည် ထာဝရအသက်ရရန် မျှော်လင့်ချက်ရှိပြီး၊ ပေါလု၏စကားများက မွန်မြတ်သောလုပ်ငန်းများတွင် သူတို့စိတ်ကိုထားဖို့အားပေးရန်ဖြစ်မည်။ မိုက်မဲသောမေးခွန်းများနှင့် ပညတ်တရားအပေါ်ရန်တွေ့ခြင်းကို ရှောင်ရှားရန်ဖြစ်ပြီး၊ သင်းခွဲသူကိုနှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှပယ်ရှားရန်ဖြစ်သည်။ အကြီးအကဲများသည် ထို့သို့သောသွန်သင်ချက်ကိုယနေ့လိုက်လျှောက်စဉ် သူတို့နှင့်သူတို့၏ယုံကြည်သူချင်းတို့သည် ယုံကြည်ခြင်းတွင်ကျန်းမာလျက်နေပေမည်။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

စပျစ်ရည်၌မလွန်ကြူးတတ်သောသူ—မိန်းမများသည် အသင်းတော်ရှိယောက်ျားများကို သွန်သင်ရမည်မဟုတ်သော်လည်း အသက်ကြီးသောမိန်းမများသည် အသက်ပျိုသောမိန်းမများကို သီးသန့်သွန်သင်ပေးနိုင်သည်။ သို့သော်ယင်းနှင့်စပ်လျဉ်း၍ထိရောက်မှုရှိရန် “အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ” ဖြစ်ဖို့ ပေါလု၏စကားများကို နာယူရမည်။ (တိတု ၂:၁–၅။ ၁ တိမောသေ ၂:၁၁–၁၄) သောက်ခြင်း၏ဖြစ်ပေါ်လာနိုင်မှုကို စိုးရိမ်သောကြောင့် ကြီးကြပ်ရေးမှူးများ၊ ဓမ္မအမှုထမ်းများနှင့် အသက်ကြီးသောမိန်းမတို့သည် လွန်ကြူးစွာစပျစ်ရည်သုံးသူမဖြစ်ဘဲ ချင့်ချိန်မှုရှိရမည်။ (၁ တိမောသေ ၃:၂၊ ၃၊ ၈၊ ၁၁) ခရစ်ယာန်အားလုံးသည် သတင်းကောင်းကိုဟောပြောခြင်းတည်းဟူသော “သန့်ရှင်းသောလုပ်ငန်း” ကိုထမ်းဆောင်စဉ် အရက်ယမကာသောက်ခြင်းကိုရှောင်ရန်လိုအပ်ပြီး သောက်ကြူးခြင်းကို ရှောင်ရှားရမည်ဖြစ်သည်။—ရောမ ၁၅:၁၆။ သု၊ ၂၃:၂၀၊ ၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ