ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    • ၆ တိတုဆီကိုလည်း ပေါလု ရေးခဲ့တယ်– “ခရိကျွန်းမှာ မင်းကို ထားခဲ့တဲ့ အကြောင်းရင်းက ချွတ်ယွင်းချက်တွေကို တည့်မတ်ပေးဖို့၊ ငါညွှန်ကြားထားတဲ့အတိုင်း မြို့တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်ပေးဖို့ပဲ။ အကြီးအကဲဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိတဲ့သူ၊ ဇနီးတစ်ဦးတည်းရှိသူ ဖြစ်ရမယ်။ သားသမီးတွေလည်း ယုံကြည်သူတွေ ဖြစ်ရမယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့သူ၊ ဆုံးမရခက်သူတွေလို့ နာမည်မထွက်ရဘူး။ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုး ဖြစ်တဲ့ ကြီးကြပ်မှူးဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိတဲ့သူ ဖြစ်ရမယ်။ ထင်ရာစိုင်းသူ၊ ဒေါသထွက်လွယ်သူ၊ သောက်ကြူးသူ၊ ရိုက်နှက်တတ်သူ၊ မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။ ဧည့်ဝတ်ကျေပွန်သူ၊ ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ၊ ချင့်ချိန်တတ်သူ၊ ဖြောင့်မတ်သူ၊ သစ္စာစောင့်သိသူ၊ ချုပ်တည်းခြင်းရှိသူ ဖြစ်ရမယ်။ သွန်သင်ခြင်း နည်းပညာကို အသုံးပြုတဲ့အခါ စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ ဖြစ်ရမယ်။ ဒါမှ သူဟာ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်တွေနဲ့ အားပေးနိုင်ရုံမက အဲဒီသွန်သင်ချက်ကို အတိုက်အခံ လုပ်သူတွေကိုလည်း ပဲ့ပြင်နိုင်လိမ့်မယ်။”—တိ. ၁:၅-၉။

  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    • ၉ ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီသူတွေဟာ ဉာဏ်ပညာရှိရှိ အသက်ရှင်နေထိုင်ကြတယ်။ အိမ်ထောင်သည် ဖြစ်တယ်ဆိုရင် အိမ်ထောင်နဲ့ပတ်သက်တဲ့ ခရစ်ယာန်စံနှုန်းတွေကို လိုက်နာရမယ်။ ဇနီးတစ်ဦးတည်း ရှိရမယ်။ အိမ်ထောင်ကို ကောင်းစွာဦးစီးတတ်သူ ဖြစ်ရမယ်။ ကြီးကြပ်မှူးတွေမှာ အမူအကျင့်ကောင်းပြီး နာခံတတ် တဲ့၊ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး ဆုံးမရခက်သူတွေလို့ နာမည်မထွက် တဲ့ ယုံကြည်သူ သားသမီးတွေ ရှိမယ်ဆိုရင် အသင်းတော်မှာရှိတဲ့ တခြားသူတွေလည်း မိသားစုဘဝ၊ ခရစ်ယာန် အသက်တာတွေနဲ့ပတ်သက်ပြီး ကြီးကြပ်မှူးဆီမှာ ယုံကြည်စိတ်ချစွာ အကြံဉာဏ်တောင်းနိုင်မှာ ဖြစ်တယ်။ ကြီးကြပ်မှူးဟာ အပြစ်ပြောစရာ မရှိသူ၊ ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိတဲ့သူ၊ အသင်းတော်ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်းရှိတဲ့သူ လည်း ဖြစ်တယ်။ မသင့်လျော်တဲ့ အပြုအမူတွေ ပြုကျင့်နေတယ်ဆိုပြီး အသင်းတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် သူ့ကို စွပ်စွဲဖို့ ဘယ်သူမှ အကြောင်းရှာမရနိုင်ဘူး။ ကြီးလေးတဲ့အမှား ကျူးလွန်မိလို့ မကြာသေးခင်က ပဲ့ပြင်ခံထားရသူ မဖြစ်ရဘူး။ အသင်းတော်မှာရှိတဲ့ တခြားသူတွေက သူ့ရဲ့ စံနမူနာကောင်းကို တုပဖို့ လှုံ့ဆော်ခံရပြီး သူ့ရဲ့ ဂရုစိုက် စောင့်ရှောက်မှုအောက်မှာ စိတ်ချလက်ချ ရှိနေကြတယ်။—၁ ကော. ၁၁:၁။ ၁၆:၁၅၊ ၁၆။

      ၁၀ ခရစ်ယာန် အသင်းတော်မှာ အဲဒီအရည်အချင်းရှိ အမျိုးသားတွေရဲ့ အနေအထားဟာ “ပညာအမြော်အမြင်နဲ့ အတွေ့အကြုံရှိ” တယ်လို့ ဖော်ပြခံရတဲ့ အစ္စရေး အကြီးအကဲတွေရဲ့ အနေအထားနဲ့ ဆင်တူတယ်။ (တရား. ၁:၁၃) ခရစ်ယာန် အကြီးအကဲတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဖြောင့်မှန်သူ၊ ဘုရားတရား ကြောက်ရွံ့ရိုသေသူ၊ ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်နေထိုင်ကြောင်း အချိန်အတိုင်းအတာတစ်ခုအထိ တင်ပြသူတွေအဖြစ် အသင်းတော်နဲ့ ရပ်ကွက်မှာ လူသိများတယ်။ အပြစ်တင်စရာအကြောင်း မရှိတဲ့အတွက် အသင်းတော်ရှေ့မှာ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့် ရှိကြတယ်။—ရော. ၃:၂၃။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ