ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မျှော်လင့်ချက်ဖြင့် စွဲမြဲနေ၊ချစ်ခြင်းမေတ္တာဖြင့် လှုံ့ဆော်ခံရ
    ကင်းမျှော်စင်—၁၉၉၉ | ဇူလိုင် ၁၅
    • ကျောက်ဆူးနှင့်ခိုင်းနှိုင်းထားသော မျှော်လင့်ချက်

      ၁၀၊ ၁၁။ ပေါလုသည် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို အဘယ်အရာနှင့်နှိုင်းယှဉ်ခဲ့သနည်း။ ဤနှိုင်းယှဉ်ချက်သည် အဘယ်ကြောင့်သင့်တော်သနည်း။

      ၁၀ ယေဟောဝါသည် အာဗြဟံအားဖြင့် ကောင်းချီးများပေးမည်ဟု ကတိပြုထားကြောင်း ပေါလုထောက်ပြခဲ့သည်။ ထို့နောက် တမန်တော်က ဤသို့ရှင်းပြခဲ့သည်– “ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။ အကြောင်းမူကား ဘုရားသခင်သည် မုသာမသုံးနိုင်သောအရာတည်းဟူသော မဖောက်ပြန်မပြောင်းလဲနိုင်သော အရာနှစ်ပါး [ကိုယ်တော်၏နှုတ်မြွက်စကားတော်နှင့် ကိုယ်တော်၏အကျိန်] ကိုအမှီပြု၍ ကိုယ်ရှေ့၌ထားသောမျှော်လင့်ရာကို ခိုလှုံခြင်းငှာပြေးသောငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။” (ဟေဗြဲ ၆:၁၇-၁၉; ကမ္ဘာဦး ၂၂:၁၆-၁၈) ဘိသိက်ခံခရစ်ယာန်များအတွက်မျှော်လင့်ချက်သည် မဖောက်ပြန်မပျက်စီးနိုင်သော ကောင်းကင်အသက်တာဖြစ်၏။ ယနေ့ ယေဟောဝါ၏ကျေးကျွန်အများစုသည် မြေကြီးပရဒိသုပေါ်တွင် ထူးမြတ်သောထာဝရအသက်မျှော်လင့်ချက်ရှိကြသည်။ (လုကာ ၂၃:၄၃) ထိုသို့သောမျှော်လင့်ချက်မပါဘဲ ယုံကြည်ခြင်းမရှိနိုင်ချေ။

      ၁၁ ကျောက်ဆူးသည် သင်္ဘောတစ်စီးကို ရပ်နားရာနေရာမှ မျောမသွားစေသည့် အစွမ်းထက်သော လုံခြုံရေးကိရိယာတစ်ခုဖြစ်၏။ မည်သည့်သင်္ဘောသားမျှ ကျောက်ဆူးမပါဘဲ ဆိပ်ကမ်းမှထွက်မည်မဟုတ်ပါ။ ပေါလုသည် အကြိမ်ကြိမ်သင်္ဘောပျက်ခဲ့ဖူးသည့်အတွက် ရေကြောင်းခရီးသည်များ၏အသက်သည် သင်္ဘောကျောက်ဆူးပေါ်တွင်မူတည်လေ့ရှိကြောင်း အတွေ့အကြုံမှပြောဆိုနိုင်သည်။ (တမန်တော် ၂၇:၂၉၊ ၃၉၊ ၄၀; ၂ ကောရိန္သု ၁၁:၂၅) ပထမရာစုတွင် မာလိန်မှူးအလိုရှိသည်အတိုင်းမောင်းနှင်ရန် သင်္ဘောတွင်အင်ဂျင်မရှိပါ။ လှော်တက်ဖြင့် လှော်ခတ်ရသောစစ်သင်္ဘောများမှလွဲ၍ သင်္ဘောများသည် အဓိကအားဖြင့် လေကိုအမှီပြု၍လွှင့်ကြ၏။ သင်္ဘောသည် ကျောက်ဆောင်များ၏အန္တရာယ်ကြုံနေရလျှင် မာလိန်မှူးပြုနိုင်သည့် တစ်ခုတည်းသောနည်းမှာ ကျောက်ချပြီး မုန်တိုင်းကိုလွတ်မြောက်ရန် ပင်လယ်ကြမ်းပြင်မှ ကျောက်ဆူးပြုတ်မသွားဖို့ မျှော်လင့်ရန်သာရှိသည်။ ထို့ကြောင့် ပေါလုသည် ခရစ်ယာန်တစ်ဦး၏မျှော်လင့်ချက်ကို “မြဲမြံခိုင်ခံ့သောစိတ်နှလုံး၏ကျောက်ဆူး” နှင့်နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။ (ဟေဗြဲ ၆:၁၉) အတိုက်အခံပြုမှုမုန်တိုင်း သို့မဟုတ် အခြားသောစမ်းသပ်မှုများ၏ တိုက်ခိုက်မှုကိုခံရသောအခါ ကျွန်ုပ်တို့၏ထူးမြတ်သောမျှော်လင့်ချက်သည် သက်ရှိစိုးလ်များအဖြစ် ကျွန်ုပ်တို့ကိုမြဲမြံစေသည့် ကျောက်ဆူးနှင့်တူသည်။ သို့နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသင်္ဘောသည် အန္တရာယ်ရှိသောသံသယဝင်ခြင်းသောင်ပြင်များပေါ် သို့မဟုတ် ပျက်စီးစေသောအယူဖောက်ပြန်ခြင်းကျောက်ဆောင်များသို့ မျောပါသွားမည်မဟုတ်ချေ။—ဟေဗြဲ ၂:၁; ယုဒ ၈-၁၃။

      ၁၂။ ကျွန်ုပ်တို့သည် ယေဟောဝါထံမှထွက်သွားခြင်းကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

      ၁၂ ပေါလုက ဟေဗြဲခရစ်ယာန်များကို ဤသို့သတိပေးခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာသတိပြုကြလော့။” (ဟေဗြဲ ၃:၁၂) ဂရိစကားတွင် “ထွက်သွားခြင်း” ဟူသည်စာသားအတိုင်း “ခပ်လှမ်းလှမ်းတွင်နေခြင်း” ဟုအဓိပ္ပာယ်ရှိရာ ယင်းသည် အယူဖောက်ပြန်ခြင်းကိုဆိုလိုသည်။ သို့သော် ထိုသို့သင်္ဘောလုံးဝပျက်ခြင်းအဖြစ်ကို ကျွန်ုပ်တို့ရှောင်ကြဉ်နိုင်သည်။ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းသည် စမ်းသပ်မှုမုန်တိုင်းဒဏ်ကို အပြင်းအထန်ခံနေရစဉ်ပင် ယေဟောဝါအား မှီခိုနေစေပါလိမ့်မည်။ (တရားဟောရာ ၄:၄; ၃၀:၁၉၊ ၂၀) ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အယူဖောက်ပြန်သည့်သွန်သင်ခြင်းလေတိုတ်ခတ်မှုကြောင့် သင်္ဘောလူးလိမ့်သကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်ချေ။ (ဧဖက် ၄:၁၃၊ ၁၄) သို့နှင့် ကျွန်ုပ်တို့၏ကျောက်ဆူးကဲ့သို့သော မျှော်လင့်ခြင်းကြောင့် ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ဘဝမုန်တိုင်းဒဏ်ကို ခံနိုင်ကြပါလိမ့်မည်။

  • မျှော်လင့်ချက်ဖြင့် စွဲမြဲနေ၊ချစ်ခြင်းမေတ္တာဖြင့် လှုံ့ဆော်ခံရ
    ကင်းမျှော်စင်—၁၉၉၉ | ဇူလိုင် ၁၅
    • ကျွန်ုပ်တို့၏ပန်းတိုင်ဆီသို့!

      ၁၈။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အနာဂတ်တွင် စမ်းသပ်ခံရတိုင်း အဘယ်အရာက ခံရပ်စေမည်နည်း။

      ၁၈ စနစ်သစ်မရောက်မီ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် အပြင်းအထန်စမ်းသပ်ခံရပေမည်။ သို့သော် ယေဟောဝါသည် “မြဲမြံခိုင်ခံ့သော” ကျောက်ဆူး—ကျွန်ုပ်တို့၏ထူးမြတ်သောမျှော်လင့်ချက်—ကိုပေးထားသည်။ (ဟေဗြဲ ၆:၁၉; ရောမ ၁၅:၄၊ ၁၃) ကျွန်ုပ်တို့သည် အတိုက်အခံပြုမှု သို့မဟုတ် အခြားသောစမ်းသပ်မှုများကိုကြုံရသောအခါ ကျွန်ုပ်တို့၏မျှော်လင့်ချက်အားဖြင့် ကောင်းစွာကျောက်ချထားမည်ဆိုလျှင် ခံနိုင်ရည်ရှိနိုင်သည်။ မုန်တိုင်းတစ်ခုငြိမ်သွားပြီး အခြားတစ်ခုမဖြစ်မီ ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့် ယုံကြည်ခြင်းကိုခိုင်ခံ့စေဖို့ စိတ်ပိုင်းဖြတ်ထားကြစို့။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ