ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၇ | အမှတ် ၁
    • ‘ဧနောက် ပြောင်းရွှေ့ခံရ’

      ဧနောက်ရဲ့ နောက်ဆုံးအချိန် ဘယ်လိုရောက်လာသလဲ။ သူသေဆုံးပုံဟာ သူ့ဘဝဇာတ်ကြောင်းထက် ဆန်းကြယ်သလို စိတ်ဝင်စားစရာလည်း ကောင်းတယ်။ ကမ္ဘာဦးကျမ်းမှတ်တမ်းမှာ “ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တစ်ဖန် သူသည် မရှိ။ အကြောင်းမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း” ဆိုပြီး ဖော်ပြထားတယ်။ (ကမ္ဘာဦး ၅:၂၄) ဘုရားသခင်က ဧနောက်ကို ဘယ်လိုသိမ်းယူလိုက်တာလဲ။ နောက်ပိုင်းမှာ တမန်တော်ပေါလုက ‘ယုံကြည်ခြင်းကြောင့် ဧနောက်က ပြောင်းရွှေ့ခံလိုက်ရပြီး သေဆုံးချိန်မှာ ဝေဒနာ မခံစားခဲ့ရဘူး။ ဘုရားသခင် ပြောင်းရွှေ့လိုက်တဲ့အတွက် သူ့ကို ရှာလို့မတွေ့ကြဘူး။ ဒါပေမဲ့ ပြောင်းရွှေ့မခံရခင်မှာ သူဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့တယ်’ ဆိုပြီး ရှင်းပြခဲ့တယ်။ (ဟေဗြဲ ၁၁:၅၊ ကဘ) ပေါလုပြောခဲ့တဲ့ ဧနောက် ‘ပြောင်းရွှေ့ခံလိုက်ရတယ်’ ဆိုတဲ့စကားဟာ ဘာကိုဆိုလိုသလဲ။ ဧနောက်ကို ကောင်းကင်ဘုံဆီ ဘုရားသခင် ခေါ်ဆောင်သွားတယ်လို့ တချို့ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ဒါဟာ မဖြစ်နိုင်ဘူး။ ကောင်းကင်ကို ရှင်ပြန်ထမြောက်သူတွေထဲမှာ ယေရှုခရစ်ဟာ ဦးဆုံးပဲလို့ ကျမ်းစာထဲမှာ ဖော်ပြထားလို့ပဲ။—ယောဟန် ၃:၁၃။

      ဒါဆို ဧနောက်ဟာ ဘယ်လိုသဘောနဲ့ ‘ပြောင်းရွှေ့’ ခံလိုက်ရတာလဲ။ ယေဟောဝါဘုရားက ဧနောက်ကို ဝေဒနာမခံစားရစေဘဲ အသက်ရှင်ခြင်းကနေ သေခြင်းဆီ ညင်ညင်သာသာ ပြောင်းရွှေ့လိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင့်စိတ်တော်နဲ့ တွေ့တဲ့သူဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ပြောင်းရွှေ့မခံရခင်မှာ သူရခဲ့တယ်။ ဘယ်လိုရခဲ့တာလဲ။ သူမသေဆုံးခင်မှာ ဘုရားသခင်ဆီက စိတ်အာရုံတစ်ခု ရခဲ့တာဖြစ်နိုင်တယ်။ စိတ်အာရုံထဲမှာ ကမ္ဘာတစ်ခွင်လုံးဟာ သာယာလှပတဲ့ဥယျာဉ် ဖြစ်နေပါလိမ့်မယ်။ ဘုရားသခင့်နှစ်သက်မှုကို ရရှိကြောင်းဖော်ပြတဲ့ အဲဒီအထောက်အထားကို ရရှိပြီးနောက် သေခြင်းမှာ သူအိပ်ပျော်သွားတယ်။ ဧနောက်နဲ့ တခြားသစ္စာရှိ အမျိုးသားအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တမန်တော်ပေါလုက ‘ထိုသူအပေါင်းတို့သည် . . . ယုံကြည်ခြင်းအားဖြင့် သေလွန်ကြ၏’ လို့ ရေးခဲ့တယ်။ (ဟေဗြဲ ၁၁:၁၃) နောက်ပိုင်းမှာ ရန်သူတွေက သူ့အလောင်းကို ရှာကောင်းရှာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ‘ရှာလို့မတွေ့ကြ’ ဘူး။ ယေဟောဝါဘုရားက သူ့အလောင်းကို ရန်သူတွေ ဖျက်လိုဖျက်ဆီးမလုပ်နိုင်အောင် ဒါမှမဟုတ် အဲဒါကို အသုံးချပြီး မှားယွင်းတဲ့ဘာသာတစ်ခုကို အစပြုတာမျိုး မလုပ်နိုင်အောင် တားဆီးတဲ့အနေနဲ့ သူ့အလောင်းကို ဖျောက်ဖျက်လိုက်ပုံရတယ်။b

      အဲဒီကျမ်းဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီး ဧနောက်သေဆုံးခဲ့ပုံကို မြင်ယောင်ကြည့်ကြစို့။ ဒါဟာ ဖြစ်နိုင်ချေပဲဆိုတာကို အမှတ်ရပြီး ဒီမြင်ကွင်းကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ။ ဧနောက်ဟာ ထွက်ပြေးရင်းနဲ့ တအားမောဟိုက်လာတယ်။ နှိပ်စက်ချင်သူတွေက သူကြေညာခဲ့တဲ့ တရားစီရင်ခြင်းသတင်းကြောင့် ဒေါသတကြီးနဲ့ သူ့ကို လိုက်ဖမ်းနေတယ်။ ထွက်ပြေးနေရင်း ပုန်းခိုစရာနေရာတစ်ခုကို သူတွေ့တော့ ခဏနားလိုက်တယ်။ ဒါပေမဲ့ ကြာကြာပုန်းရှောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူ သိနေတယ်။ မကြာခင် အသေဆိုးနဲ့ သေရတော့မှာပါလား။ အဲဒီမှာ နားနေတုန်း ဘုရားသခင်ဆီ သူဆုတောင်းတယ်။ အဲဒီအခါ တစ်မူထူးခြားတဲ့ ငြိမ်သက်အေးချမ်းမှုကို ခံစားလိုက်ရတယ်။ အဲဒီနောက် ကိုယ်တိုင်ရောက်နေသလို ထင်ရတဲ့ စိတ်အာရုံတစ်ခုကို ကွက်ကွက်ကွင်းကွင်း သူမြင်ရတယ်။ အဲဒီစိတ်အာရုံနဲ့အတူ ဝေးလံတဲ့ နေရာတစ်ခုဆီ သူရောက်သွားတယ်။

      လိုဏ်ဂူထဲ ဧနောက်ပုန်းနေချိန်မှာ ညှဉ်းပန်းနှိပ်စက်သူတွေ ဖြတ်ကျော်သွား

      ယေဟောဝါဘုရားသာ မသိမ်းယူခဲ့ရင် ဧနောက်ဟာ အသေဆိုးနဲ့သေရမယ့်ပုံပဲ

      သူ့ရှေ့မှာ မြင်ကွင်းတစ်ခုပေါ်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ မြင်ကွင်းထဲမှာ ကမ္ဘာ့အခြေအနေဟာ သူ့ခေတ်နဲ့တခြားစီပဲ။ ဧဒင်ဥယျာဉ်လို သာယာလှပနေတယ်။ ဥယျာဉ်ကိုစောင့်ကြပ်နေတဲ့ ကောင်းကင်တမန်တွေတော့ မရှိဘူး။ ကျန်းမာသန်စွမ်းပြီး နုပျိုနေတဲ့လူတွေ အများကြီး တွေ့ရတယ်။ သူတို့ဟာ ငြိမ်သက်အေးချမ်းနေတယ်။ သူကိုယ်တိုင် ကြုံခဲ့ရတဲ့ မုန်းတီးမှု၊ ဘာသာရေးဖိနှိပ်မှုတွေ လုံးဝမရှိဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှု၊ နှစ်သက်မှုနဲ့ အာမခံချက်ဖြစ်မှန်း ဧနောက်သိလိုက်တယ်။ သူ့အိမ်သူ့ယာ၊ သူပိုင်ဆိုင်တဲ့ နေရာပဲဆိုတာကိုလည်း အသေအချာ သိလိုက်တယ်။ သူ့ရဲ့စိတ်ဟာ ငြိမ်းအေးသည်ထက် ငြိမ်းအေးလာပြီးနောက် မျက်လုံးအစုံကို မှိတ်လိုက်တဲ့အခါ အကြီးအကျယ် အိပ်မောကျသွားတော့တယ်။

      သူဟာ အခုချိန်ထိ သေခြင်းမှာ အိပ်မောကျနေတုန်းပါပဲ။ ယေဟောဝါဘုရားရဲ့ အတိုင်းအဆမဲ့ မှတ်ဉာဏ်ထဲမှာ သူရှိနေတယ်။ နောက်ပိုင်းမှာ ယေရှုကတိပေးခဲ့တဲ့အတိုင်း ဘုရားသခင့်မှတ်ဉာဏ်ထဲမှာရှိသူတွေ ခရစ်တော်ရဲ့ အသံကိုကြားတဲ့အခါ သင်္ချိုင်းကနေ ထွက်လာမယ့်နေ့ ရောက်တော့မယ်။ သူတို့မျက်လုံးအစုံ ပွင့်လာတဲ့အခါ သာယာလှပပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ကို မြင်ရပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉။

  • ‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၇ | အမှတ် ၁
    • b ဘုရားသခင်က မောရှနဲ့ ယေရှုရဲ့အလောင်းကိုလည်း အဲဒီလို တလွဲအသုံးမပြုနိုင်အောင် အသေအချာ လုပ်ဆောင်ခဲ့ပုံရတယ်။—တရားဟောရာ ၃၄:၅၊ ၆။ လုကာ ၂၄:၃-၆။ ယုဒ ၉။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ