ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ အောက်တိုဘာ စာ. ၂၁-၂၅
  • မျှော်လင့်တဲ့အရာအပေါ် ယုံကြည်ခြင်း ခိုင်မာစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျှော်လင့်တဲ့အရာအပေါ် ယုံကြည်ခြင်း ခိုင်မာစေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်း ခိုင်မာတဲ့ ရှေးခေတ် ကျေးကျွန်တွေဆီကနေ သင်ယူခြင်း
  • သူတို့ ဆက်သစ္စာစောင့်သိခဲ့
  • ယုံကြည်ခြင်း ခိုင်မာတဲ့ ဒီနေ့ခေတ် ကျေးကျွန်တွေ
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သမ္မာတရားတွင်အခြေခံသော ယုံကြည်ခြင်းကို ကျင့်သုံးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ အောက်တိုဘာ စာ. ၂၁-၂၅
ခရစ်ယာန်ခေတ် မတိုင်ခင်က သစ္စာရှိအသက်ကြီးသူတစ်ယောက် ငယ်ရွယ်တဲ့​မိသားစုနဲ့ ​စကားပြောဆိုနေစဉ်

မျှော်လင့်တဲ့အရာအပေါ် ယုံကြည်ခြင်း ခိုင်မာစေပါ

‘ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာ စောင့်မျှော်ခြင်း ဖြစ်၏။’—ဟေဗြဲ ၁၁:၁။

သီချင်း– ၈၁၊ ၁၃၄

သင် ဘယ်လိုဖြေမလဲ

  • ယေဟောဝါရဲ့ ရှေးခေတ် ကျေးကျွန်တွေ ယုံကြည်ခြင်း ခိုင်မာအောင် ဘယ်လို လုပ်ဆောင်ခဲ့ကြသလဲ။

  • ယုံကြည်ခြင်း ခိုင်မာစေဖို့ ဘာတွေ ပြင်ဆင်ပေးထားသလဲ။

  • ခိုင်မာတဲ့ ယုံကြည်ခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရရှိသလဲ။

၁၊ ၂။ (က) ခရစ်ယာန်စစ်တွေနဲ့ စာတန့်လောကက လူတွေရဲ့ မျှော်လင့်ချက် ဘယ်လို ကွာခြားသလဲ။ (ခ) ဘယ်အရေးကြီးတဲ့ မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ခရစ်ယာန်စစ်တွေမှာ ကောင်းမွန်လှတဲ့ မျှော်လင့်ချက် ရှိထားကြတယ်။ ဘိသိက်ခံဖြစ်စေ၊ “အခြားသိုး” ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ ဘုရားသခင့် မူလရည်ရွယ်ချက် ပြည့်စုံလာတာ၊ ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်လာတာကို မြင်ရဖို့ မျှော်လင့်နေကြတယ်။ (ယော. ၁၀:၁၆။ မ. ၆:၉၊ ၁၀) အဲဒါတွေဟာ အမွန်မြတ်ဆုံး မျှော်လင့်ချက်တွေပါပဲ။ “ကောင်းကင်သစ်” မှာဖြစ်စေ၊ “မြေကြီးသစ်” မှာဖြစ်စေ ထာဝရအသက်ဆု ရဖို့လည်း မျှော်လင့်နေကြတယ်။ (၂ ပေ. ၃:၁၃) ဒီအတောအတွင်း မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ဆက်လမ်းပြမယ်ဆိုတာ စောင့်မျှော်နေကြတယ်။

၂ စာတန့်လောကက လူတွေမှာလည်း မျှော်လင့်ချက်တွေ ရှိကြတယ်။ ဒါပေမဲ့ အဲဒါတွေ ပြည့်စုံလာမလားဆိုတာတော့ မသေချာဘူး။ ဥပမာ၊ ထီထိုးတဲ့သူများစွာဟာ ထီပေါက်ဖို့ မျှော်လင့်ကြပေမဲ့ ပေါက်မပေါက်တော့ မသေချာဘူး။ စစ်မှန်တဲ့ ယုံကြည်ခြင်းကတော့ ခရစ်ယာန် မျှော်လင့်ချက်ကို “စိတ်ချစွာ စောင့်မျှော်ခြင်း” ဖြစ်တယ်။ (ဟေဗြဲ ၁၁:၁) ဒါပေမဲ့ မျှော်လင့်တဲ့အရာတွေကို ဘယ်လို ပိုသေချာစေနိုင်မလဲလို့ စဉ်းစားမိနိုင်တယ်။ မျှော်လင့်တဲ့အရာအပေါ် အခိုင်အမာ ယုံကြည်ခြင်းကနေ ဘာအကျိုးတွေ ရရှိနိုင်သလဲ။

၃။ ဘုရားသခင့် ကတိတွေ ပြည့်စုံလာမယ်လို့ ဘာကြောင့် ယုံကြည်သလဲ။

၃ အပြစ်ရှိတဲ့ လူသားတွေဟာ မွေးကတည်းက ယုံကြည်ခြင်း ပါလာကြတာ မဟုတ်သလို အလိုလို ဖြစ်လာတာလည်း မဟုတ်ဘူး။ ခရစ်ယာန် ယုံကြည်ခြင်းဆိုတာ လက်ခံတတ်တဲ့ စိတ်နှလုံးမှာ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ (ဂလ. ၅:၂၂) ယေဟောဝါမှာ ယုံကြည်ခြင်း ရှိတယ်၊ ယုံကြည်ခြင်း လိုအပ်တယ်လို့ ကျမ်းစာမှာ မပြောထားဘူး။ ယေဟောဝါဟာ တန်ခိုးအကြီးဆုံး၊ ပညာအရှိဆုံးဘုရား ဖြစ်တဲ့အတွက် ရည်ရွယ်တော်မူချက် မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်ဘူး။ ကတိပေးထားတဲ့ ကောင်းချီးတွေ ပြည့်စုံလာမှာ သေချာလွန်းတဲ့အတွက် ပြည့်စုံပြီးသားလို့ပဲ ယူဆထားတယ်။ ဒါကြောင့် “အမှုပြီးပြီ” လို့ ဘုရား ပြောတယ်။ (ဗျာဒိတ် ၂၁:၃–၆ ကိုဖတ်ပါ။) ယေဟောဝါဟာ ကတိပြုထားတဲ့အတိုင်း အမြဲ လုပ်ဆောင်တဲ့ “သစ္စာစောင့်သောဘုရား” ဖြစ်တယ်။ ဒါကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်တော်ပြောသမျှကို ကျွန်တော်တို့ ယုံကြည်ကြတယ်။—တရား. ၇:၉။

ယုံကြည်ခြင်း ခိုင်မာတဲ့ ရှေးခေတ် ကျေးကျွန်တွေဆီကနေ သင်ယူခြင်း

၄။ ခရစ်ယာန်ခေတ် မတိုင်ခင် သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေမှာ ဘာမျှော်လင့်ချက် ရှိခဲ့ကြသလဲ။

၄ ဟေဗြဲအခန်းကြီး ၁၁ မှာ ယုံကြည်ခြင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီး ၁၆ ယောက်ရဲ့ နာမည်တွေကို ဖော်ပြထားတယ်။ ကျမ်းရေးသူက “ယုံကြည်ခြင်းအားဖြင့် သက်သေခံတော်မူချက်ကို ရ” ထားတဲ့သူတွေနဲ့ တခြားသူများစွာအကြောင်း ရည်ညွှန်းဖော်ပြထားတယ်။ (ဟေဗြဲ ၁၁:၃၉) စာတန်ရဲ့ ပုန်ကန်မှုကို ချေဖျက်ဖို့၊ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာဖို့ “အမျိုးအနွယ်” ကို ဘုရားသခင် ပေါ်ထွန်းစေမယ်ဆိုတာ သူတို့ “စိတ်ချစွာ စောင့်မျှော်” ခဲ့ကြတယ်။ (က. ၃:၁၅) “အမျိုးအနွယ်” ဖြစ်တဲ့ ယေရှုခရစ်က ကောင်းကင်အသက်တာအတွက် လမ်းမဖွင့်ပေးခင်မှာ အဲဒီသစ္စာရှိသူတွေ သေဆုံးသွားခဲ့ကြတယ်။ ဒါကြောင့် သူတို့ ကောင်းကင်သွားဖို့ မမျှော်လင့်ခဲ့ဘူး။ (ဂလ. ၃:၁၆) အဲဒီအစား မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ခဲ့ကြတယ်။—ဆာ. ၃၇:၁၁။ ဟေရှာ. ၂၆:၁၉။ ဟော. ၁၃:၁၄။

၅၊ ၆။ အာဗြဟံနဲ့ မိသားစုဝင်တွေ ဘာကို မျှော်လင့်ခဲ့ကြသလဲ။ ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်မာစေခဲ့ကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၅ ဟေဗြဲ ၁၁:၁၃ မှာ အဲဒီသစ္စာရှိသူတွေအကြောင်း အခုလို ပြောတယ်– “ထိုသူအပေါင်းတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း အဝေးမှ မြော်မြင်လျက်၊ ဝမ်းသာစွာ ကြိုဆိုလျက် ယုံကြည်ခြင်းအားဖြင့် သေလွန်ကြ၏။” သူတို့ထဲက တစ်ယောက်ကတော့ အာဗြဟံပါပဲ။ ကတိထားရာ “အမျိုးအနွယ်” ရဲ့ အုပ်ချုပ်မှုအောက် အသက်ရှင်ဖို့ အာဗြဟံ မျှော်လင့်ခဲ့သလား။ “သင်တို့အဖ အာဗြဟံသည် ငါ၏နေ့ရက်ကို အလွန်မြင်လို၏။ မြင်ရသောအခါ၌လည်း ဝမ်းမြောက်လေ၏” လို့ ယေရှု အဖြေပေးတယ်။ (ယော. ၈:၅၆) စာရာ၊ ဣဇာက်၊ ယာကုပ်နဲ့ တခြားသူများစွာလည်း “ဘုရားသခင် တည်ထောင်ပြုစုသော” နိုင်ငံတော်ကို မျှော်လင့်ခဲ့ကြတယ်။—ဟေဗြဲ ၁၁:၈-၁၁။

၆ အာဗြဟံနဲ့ မိသားစုဝင်တွေ ယုံကြည်ခြင်းကို ဘယ်လို ခိုင်မာစေခဲ့ကြသလဲ။ ယေဟောဝါအကြောင်း သူတို့ ဆက်သင်ယူခဲ့ကြတယ်။ ကောင်းကင်တမန်တွေ၊ စိတ်အာရုံတွေ၊ အိပ်မက်တွေကတစ်ဆင့် ဘုရားသခင် စကားပြောတဲ့အခါတွေ ရှိတယ်။ သစ္စာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ရှေးခေတ်မှတ်တမ်းတွေကနေလည်း သင်ယူခဲ့ကြတယ်။ ဘုရားသခင့် ကတိတွေကို မမေ့ဘဲ တွေးတောဆင်ခြင်ခဲ့ကြတယ်။ သူတို့ရဲ့ မျှော်လင့်ချက် သေချာလွန်းတဲ့အတွက် ဘုရားသခင်အပေါ် သစ္စာစောင့်သိဖို့ ဘယ်အခက်အခဲကိုမဆို ခံရပ်ခဲ့ကြတယ်။

၇။ ယုံကြည်ခြင်း ခိုင်မာစေဖို့ ယေဟောဝါ ဘာတွေ ပြင်ဆင်ပေးထားသလဲ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၇ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်မာစေဖို့ ကျမ်းစာအပြည့်အစုံကို ယေဟောဝါ ပေးထားတယ်။ “ပျော်ရွှင်” ဖို့၊ “အောင်မြင်” ဖို့ ကျမ်းစာ ပုံမှန် ဖတ်ရမယ်။ ဖြစ်နိုင်မယ်ဆိုရင် နေ့တိုင်း ဖတ်ရမယ်။ (ဆာ. ၁:၁-၃။ တမန်တော် ၁၇:၁၁ ကိုဖတ်ပါ။) ရှေးခေတ် သစ္စာရှိကျေးကျွန်တွေလိုပဲ ဘုရားသခင့် ကတိတွေကို တွေးတောဆင်ခြင်ပြီး တောင်းဆိုချက်တွေကို လိုက်နာရမယ်။ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကတစ်ဆင့်လည်း ကျမ်းစာအခြေပြုအကြောင်းအရာတွေ အလျှံအပယ် ပြင်ဆင်ပေးထားတယ်။ (မ. ၂၄:၄၅) ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေ လေ့လာရတာကို ပျော်မွေ့ခြင်းအားဖြင့် နိုင်ငံတော်မျှော်လင့်ချက်ကို “စိတ်ချစွာ စောင့်မျှော်” နေတဲ့ ရှေးခေတ်သစ္စာရှိသူတွေလို ဖြစ်နိုင်ပါလိမ့်မယ်။

၈။ ဆုတောင်းခြင်းက ယုံကြည်ခြင်းကို ဘယ်လို ခိုင်မာစေနိုင်သလဲ။

၈ ဆုတောင်းခြင်းကလည်း ရှေးခေတ်သစ္စာရှိသူတွေကို ယုံကြည်ခြင်း ခိုင်မာနေအောင် ကူညီပေးခဲ့တယ်။ ဆုတောင်းချက်တွေကို ဘုရားသခင် အဖြေပေးတဲ့အခါ သူတို့ရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ (နေ. ၁:၄၊ ၁၁။ ဆာ. ၃၄:၄၊ ၁၅၊ ၁၇။ ဒံ. ၉:၁၉-၂၁) ကျွန်တော်တို့လည်း ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြနိုင်တယ်။ ကိုယ်တော် နားထောင်ပေးပြီး ပျော်ရွှင်စွာ ခံရပ်နိုင်ဖို့ ခွန်အားပေးပါလိမ့်မယ်။ ဆုတောင်းချက်တွေ ဖြေကြားခံရတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။ (၁ ယောဟန် ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) ယုံကြည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးဖြစ်တဲ့အတွက် ယေရှု အားပေးတဲ့အတိုင်း ဘုရားသခင့် စွမ်းအားတော်ရဖို့ “တောင်းမြဲတောင်း” ရမယ်။—လု. ၁၁:၉၊ ၁၃။

၉။ ကိုယ့်အတွက်အပြင် ဘယ်သူတွေအတွက်လည်း ဆုတောင်းပေးသင့်သလဲ။

၉ ဆုတောင်းတဲ့အခါ အကူအညီ တောင်းရုံလောက်ပဲ မဖြစ်သင့်ဘူး။ “ရေတွက်၍ မကုန်နိုင်အောင် များလှ” တဲ့ “အံ့သြဖွယ်အမှု” တွေအတွက် ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင် ချီးမွမ်းနိုင်တယ်။ (ဆာ. ၄၀:၅) ဆုတောင်းတဲ့အခါ “အကျဉ်းခံနေရသူတို့နှင့်အတူ အကျဉ်းခံနေရသကဲ့သို့ မှတ်ယူလျက် သူတို့ကို သတိရ” သင့်တယ်။ ကမ္ဘာချီ ညီအစ်ကို/မတွေ၊ အထူးသဖြင့် “ဦးဆောင်နေသောသူ” တို့အတွက်လည်း ဆုတောင်းပေးသင့်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးမှန်း သိရတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။—ဟေဗြဲ ၁၃:၃၊ ၇။

သူတို့ ဆက်သစ္စာစောင့်သိခဲ့

၁၀။ ဘုရားသခင်အပေါ် သစ္စာစောင့်သိခဲ့တဲ့ ကျေးကျွန်တချို့အကြောင်း ပြောပြပါ။ သစ္စာစောင့်သိနိုင်အောင် ဘာက ခွန်အားပေးခဲ့သလဲ။

၁၀ ဟေဗြဲ အခန်းကြီး ၁၁ မှာ တမန်တော် ပေါလု အခုလို ပြောတယ်– “အမျိုးသမီးများ၏ သေဆုံးသွားသော ချစ်ရသူများ ရှင်ပြန်ထမြောက်လာကြ၏။ အချို့သူတို့မူ သာ၍မြတ်သော ရှင်ပြန်ထမြောက်ခြင်းကို ရရန် တစ်နည်းနည်းဖြင့် ရွေးနုတ်ခြင်းကို လက်မခံဘဲ ညှဉ်းဆဲခံခဲ့ကြ၏။” (ဟေဗြဲ ၁၁:၃၅) ဘယ်သူတွေကို ပေါလု ရည်ညွှန်းနေမှန်း အသေအချာ မသိရပေမဲ့ နာဗုတ်နဲ့ ဇာခရိတို့လို ဘုရားသခင်ကို နာခံလို့ ကျောက်ခဲနဲ့ ပေါက်သတ်ခံရသူတချို့ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။ (၃ ရာ. ၂၁:၃၊ ၁၅။ ၆ ရာ. ၂၄:၂၀၊ ၂၁) ဒံယေလနဲ့ အဖော်တွေဟာ အလျှော့ပေးမယ့်အစား အသေခံဖို့ လိုလိုလားလား ရှိခဲ့ကြတယ်။ ယေဟောဝါကို အခိုင်အမာ ယုံကြည်တဲ့အတွက် “ခြင်္သေ့နှုတ်ကို ပိတ်” ပြီး “မီးအရှိန်ကို ငြိမ်း” နိုင်ခဲ့ကြတယ်။—ဟေဗြဲ ၁၁:၃၃၊ ၃၄။ ဒံ. ၃:၁၆-၁၈၊ ၂၀၊ ၂၈။ ၆:၁၃၊ ၁၆၊ ၂၁-၂၃။

၁၁။ ယုံကြည်ခြင်းကြောင့် ပရောဖက်တချို့ ဘယ်လိုစမ်းသပ်မှုတွေ ခံရပ်ခဲ့ရသလဲ။

၁၁ မိက္ခာ၊ ယေရမိစတဲ့ ပရောဖက်တွေဟာ ယုံကြည်ခြင်းကြောင့် “ကဲ့ရဲ့ခြင်း၊ . . . ထောင်ကျခြင်းတို့ဖြင့်လည်း စမ်းသပ်ခံကြရ” တယ်။ ဧလိယလို တခြားသူတွေကတော့ “တောကြိုတောင်ကြား၊ ဥမင်လိုဏ်ခေါင်းများတွင် လှည့်လည်သွားလာခဲ့” ကြရတယ်။ သူတို့အားလုံးဟာ “မျှော်လင့်သောအရာများကို စိတ်ချစွာ စောင့်မျှော်” ခဲ့တဲ့အတွက် ခံရပ်နိုင်ခဲ့ကြတယ်။—ဟေဗြဲ ၁၁:၁၊ ၃၆-၃၈။ ၃ ရာ. ၁၈:၁၃။ ၂၂:၂၄-၂၇။ ယေ. ၂၀:၁၊ ၂။ ၂၈:၁၀၊ ၁၁။ ၃၂:၂။

၁၂။ အထူးခြားဆုံး စံနမူနာကို ဘယ်သူ ချမှတ်ခဲ့သလဲ။ စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။

၁၂ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ပြောပြီးတဲ့နောက် အထူးခြားဆုံး စံနမူနာရှင် ယေရှုခရစ်အကြောင်း ပေါလု ပြောခဲ့တယ်။ “မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ဘဲ ညှဉ်းဆဲရာသစ်တိုင်တွင် အသေခံပြီးလျှင် ဘုရားသခင်၏ပလ္လင် လက်ယာတော်ဘက်တွင် ထိုင်နေ၏” လို့ ဟေဗြဲ ၁၂:၂ မှာ ဖော်ပြထားတယ်။ အပြင်းထန်ဆုံး စမ်းသပ်မှုတွေကို ရင်ဆိုင်ရချိန်မှာ ယေရှုရဲ့ ပုံသက်သေကို “စေ့စေ့ဆင်ခြင်” သင့်တယ်။ (ဟေဗြဲ ၁၂:၃ ကိုဖတ်ပါ။) တပည့်အန္တိပလို ပထမရာစု ခရစ်ယာန်တွေဟာ ယေရှုလိုပဲ သေတဲ့အထိ ယေဟောဝါအပေါ် သစ္စာစောင့်သိခဲ့ကြတယ်။ (ဗျာ. ၂:၁၃) ရှေးခေတ် သစ္စာရှိသူတွေ စောင့်မျှော်ခဲ့တာထက် “သာ၍မြတ်သော ရှင်ပြန်ထမြောက်ခြင်း” ဖြစ်တဲ့ ကောင်းကင်အသက်တာဆုကို ရရှိခဲ့ကြတယ်။ (ဟေဗြဲ ၁၁:၃၅) ၁၉၁၄ ခုနှစ်၊ နိုင်ငံတော် တည်ထောင်ပြီးနောက်ပိုင်း တစ်ချိန်ချိန်မှာ သေဆုံးသွားတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေဟာ ကောင်းကင်ကို ထမြောက်ခဲ့ကြပြီး ယေရှုနဲ့အတူ လူသားတွေကို အုပ်ချုပ်ပါလိမ့်မယ်။—ဗျာ. ၂၀:၄။

ယုံကြည်ခြင်း ခိုင်မာတဲ့ ဒီနေ့ခေတ် ကျေးကျွန်တွေ

၁၃၊ ၁၄။ ဘယ်လိုစမ်းသပ်မှုတွေကို ရူဒေါ့ဖ် ဂရိုက်ကန် ကြုံခဲ့ရသလဲ။ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။

၁၃ ဒီနေ့ခေတ် ကျေးကျွန်များစွာဟာ မျှော်လင့်ချက်ကို အာရုံစိုက်ပြီး စမ်းသပ်မှုတွေကို ခံရပ်ခြင်းအားဖြင့် ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်နေကြတယ်။ ၁၉၂၅ ခုနှစ်တုန်းက ဂျာမနီမှာ မွေးဖွားခဲ့တဲ့ ရူဒေါ့ဖ် ဂရိုက်ကန်အကြောင်း သုံးသပ်ကြည့်ပါ။ အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ ကျမ်းစာရှုခင်းပုံတွေကို သူမှတ်မိနေတုန်းပဲ။ “ပုံတစ်ပုံက တောခွေးနဲ့ သိုးသငယ်၊ ကျားသစ်နဲ့ ဆိတ်သငယ်၊ နွားသငယ်နဲ့ ခြင်္သေ့သငယ်တို့ဟာ လူငယ်လေးတစ်ဦးရဲ့ ဦးဆောင်မှုအောက် အတူတကွ ငြိမ်ငြိမ်သက်သက် ရှိနေကြပုံကို သရုပ်ဖော်ထားတယ်။ . . . အဲဒီလိုပုံတွေက ကျွန်တော့်ရဲ့ စိတ်ဘဝင်မှာ ထာဝစဉ် စွဲမှတ်သွားစေတယ်” လို့ သူရေးခဲ့တယ်။ (ဟေရှာ. ၁၁:၆-၉) နာဇီဂတ်စတာပိုတွေနဲ့ နောက်ပိုင်း ရှတာဇီလို့ခေါ်တဲ့ အရှေ့ဂျာမနီ လျှို့ဝှက်ရဲအဖွဲ့ရဲ့ နှစ်အတော်ကြာ ရက်ရက်စက်စက် နှိပ်စက်မှုတွေကြား ယေဟောဝါအပေါ် သစ္စာစောင့်သိခဲ့တယ်။ မြေကြီးပရဒိသုကို အခိုင်အမာ ယုံကြည်ခဲ့တယ်။

၁၄ တခြားစမ်းသပ်မှုတွေကိုလည်း သူခံရပ်ခဲ့ရတယ်။ သူ့အမေဟာ ရာဗန်ဘရွတ်ခ် ချွေးတပ်စခန်းမှာ ငန်းဖျားရောဂါနဲ့ သေဆုံးခဲ့တယ်။ အဖေကလည်း ယေဟောဝါသက်သေ မဟုတ်တော့ဘူးလို့ လက်မှတ် ထိုးလိုက်တယ်။ ရူဒေါ့ဖ် ထောင်က လွတ်လာပြီးတဲ့နောက် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခွင့် ရရှိခဲ့ပြီး ဂိလဒ်ကျောင်း တက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ချီလီနိုင်ငံမှာ သာသနာပြုအဖြစ် တာဝန်ကျပြီး တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပြန်အမှုဆောင်ခဲ့တယ်။ ဒါပေမဲ့ ရူဒေါ့ဖ် ကြုံရတဲ့ စမ်းသပ်မှုတွေ မပြီးသေးပါဘူး။ သာသနာပြု ညီအစ်မ ပက်စီနဲ့ လက်ထပ်ပြီး တစ်နှစ်ကြာပြီးနောက်မှာ သမီးလေး သေဆုံးသွားတယ်။ နောက်ပိုင်း အသက် ၄၃ နှစ်ပဲ ရှိသေးတဲ့ ဇနီးလည်း သေဆုံးသွားရှာတယ်။ အဲဒီလိုစမ်းသပ်မှုတွေ ရင်ဆိုင်ရတာတောင် ယေဟောဝါကို ဆက်ဝတ်ပြုနေတုန်းပဲ။ အသက်ကြီးပြီး မကျန်းမမာ ဖြစ်နေပေမဲ့ မှန်မှန်ရှေ့ဆောင်နဲ့ အကြီးအကဲအဖြစ် အမှုဆောင်နေတုန်းပဲ။ သူ့ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ဩဂုတ် ၁၊ ၁၉၉၇ ကင်းမျှော်စင် စာမျက်နှာ ၂၀-၂၅ မှာ ဖတ်နိုင်တယ်။

၁၅။ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပျော်ရွှင်စွာ ခံရပ်နေတဲ့ လက်ရှိ ပုံသက်သေတွေအကြောင်း ပြောပြပါ။

၁၅ ယေဟောဝါသက်သေတွေဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြား ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုနေကြတယ်။ ဥပမာ၊ အဲရိထရိအာ၊ စင်္ကာပူ၊ တောင်ကိုးရီးယားမှာရှိတဲ့ ညီအစ်ကို/မများစွာဟာ ထောင်ချခံနေရတယ်။ အများအားဖြင့် ဓားလက်နက် မကိုင်ဆောင်ရဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာလို့ပဲ။ (မ. ၂၆:၅၂) ထောင်ချခံနေရသူတွေထဲမှာ အိဇက်၊ နယ်ဂဲဒဲ၊ ပေါ်လိုစ်တို့လည်း ပါတယ်။ အဲရိထရိအာထောင်မှာ အကျဉ်းကျနေတာ အနှစ် ၂၀ ကျော်ပြီ။ အဲဒီမှာ ဆိုးဆိုးရွားရွား ဆက်ဆံခံရတယ်။ ဒီနှစ်တွေအတွင်း အိမ်ထောင်ပြုခွင့်၊ သက်ကြီးရွယ်အို မိဘတွေကို စောင့်ရှောက်ခွင့်လည်း မရကြဘူး။ ဒါပေမဲ့ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိနေကြတယ်။ jw.org ဝက်ဘ်ဆိုက်မှာပါတဲ့ ပြုံးရွှင်နေတဲ့ သူတို့ရဲ့ပုံတွေက ယုံကြည်ခြင်း ခိုင်မာနေတယ်ဆိုတာ ဖော်ပြတယ်။ ထောင်စောင့်တွေကတောင် သူတို့ကို လေးစားလာကြတယ်။

အသက်ကြီးတဲ့ သစ္စာရှိညီအစ်ကိုက ​မိသားစုတစ်ခုကို တွေ့ကြုံမှုတွေ ဝေမျှနေစဉ်

သင့်အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကနေ အကျိုးရရှိနေသလား (အပိုဒ် ၁၅၊ ၁၆ ကိုကြည့်ပါ)

၁၆။ ခိုင်မာတဲ့ ယုံကြည်ခြင်းက သင့်ကို ဘယ်လို ကာကွယ်ပေးနိုင်သလဲ။

၁၆ ယေဟောဝါသက်သေ အများစုကတော့ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ မခံရပါဘူး။ ဒါပေမဲ့ မတူကွဲပြားတဲ့ ယုံကြည်ခြင်းစပ်သပ်မှုတွေ ကြုံနေရတယ်။ ဆင်းရဲမွဲတေမှု၊ သဘာဝဘေးနဲ့ ပြည်တွင်းစစ်တွေ ကြုံရကြတယ်။ တချို့ကျတော့ မောရှေနဲ့ တခြားဘိုးဘေးတွေလို လောကစည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုတွေကို စွန့်လွှတ်ခဲ့ကြတယ်။ ရုပ်ပစ္စည်းလိုက်စားတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ ဘဝပုံစံတွေကို ငြင်းပယ်ဖို့ ကြိုးစားတိုက်လှန်နေကြတယ်။ အဲဒီလိုလုပ်နိုင်ဖို့ သူတို့ကို ဘာက ကူညီပေးသလဲ။ ယေဟောဝါကို ချစ်ပြီး ကတိတော်တွေကို အခိုင်အမာ ယုံကြည်ကြတယ်။ မတရားမှု မရှိတော့မယ့် ကမ္ဘာသစ်မှာ သစ္စာရှိကျေးကျွန်တွေကို ထာဝရအသက် ဆုချမယ်ဆိုတာ သိကြတယ်။—ဆာလံ ၃၇:၅၊ ၇၊ ၉၊ ၂၉ ကိုဖတ်ပါ။

၁၇။ သင် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၁၇ ဘုရားသခင့် ကတိတွေကို တွေးတောဆင်ခြင်ခြင်း၊ ပုံမှန်ဆုတောင်းခြင်းက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်လို ခိုင်မာစေတယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီယုံကြည်ခြင်းက စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့၊ မျှော်လင့်ချက်ကို “စိတ်ချစွာ စောင့်မျှော်” ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ ယုံကြည်ခြင်းမှာ ဒီထက်မက ပါဝင်တယ်။ အဲဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ