ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၈၄
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • အိမ်ထောင်ရေးအတွက် ဘုရားသခင့် စံနှုန်းတွေက ဘာလဲ
  • ခွဲနေခြင်းနဲ့ ကွာရှင်းခြင်းအကြောင်း ဘာပြောသလဲ
  • ဘုရားရဲ့ နှစ်သက်မှု ရအောင် တရားဝင် လက်ထပ်ဖို့ လိုသလား
  • ခင်ပွန်းနဲ့ ဇနီးကို ဘုရားသခင် ဘာတာဝန်တွေ ပေးထားသလဲ
  • မောင်နှံစုံတွေ ကလေးယူဖို့ ဘုရားသခင် တောင်းဆိုသလား
  • ငါ့ရဲ့ အိမ်ထောင်ကို ကျမ်းစာ ဘယ်လို ကူညီပေးနိုင်သလဲ
  • ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အိမ်ထောင်ရေးကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင့်အိမ်ထောင်ရေးကို ထာဝရအနှောင်အဖွဲ့ဖြစ်စေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၈၄
မောင်နှံတစ်စုံ မနက်စာ စားနေရင်း စကားပြောနေစဉ်။

အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

ပထမ လူယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းပြီးနောက် ဘုရားသခင်က သူတို့ကို အိမ်ထောင်ချပေးလိုက်တယ်။ အိမ်ထောင်ရေးဆိုတာ တည်မြဲတဲ့ မိသားစုတစ်ခု တည်ဆောက်နိုင်ဖို့ ယောက်ျားနဲ့ မိန်းမအကြားမှာ ရှိတဲ့ အထူးနှောင်ကြိုးတစ်ခု ဖြစ်တယ်။—ကမ္ဘာဦး ၁:၂၇၊ ၂၈။ ၂:၁၈။

ဘုရားသခင်က ဇနီးမောင်နှံတွေကို ပျော်ရွှင်စေချင်တယ်။ (ပညာအလိမ္မာ ၅:၁၈) သမ္မာကျမ်းစာမှာ အိမ်ထောင်ကို အောင်မြင်စေတဲ့ စံနှုန်းတွေ၊ အခြေခံမူတွေ ပါတယ်။

ဒီဆောင်းပါးမှာ

  • အိမ်ထောင်ရေးအတွက် ဘုရားသခင့် စံနှုန်းတွေက ဘာလဲ

  • ခွဲနေခြင်းနဲ့ ကွာရှင်းခြင်းအကြောင်း ဘာပြောသလဲ

  • ဘုရားရဲ့ နှစ်သက်မှု ရအောင် တရားဝင် လက်ထပ်ဖို့ လိုသလား

  • ခင်ပွန်းနဲ့ ဇနီးကို ဘုရားသခင် ဘာတာဝန်တွေ ပေးထားသလဲ

  • မောင်နှံစုံတွေ ကလေးယူဖို့ ဘုရားသခင် တောင်းဆိုသလား

  • ငါ့ရဲ့ အိမ်ထောင်ကို ကျမ်းစာ ဘယ်လို ကူညီပေးနိုင်သလဲ

  • အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျမ်းချက်များ

အိမ်ထောင်ရေးအတွက် ဘုရားသခင့် စံနှုန်းတွေက ဘာလဲ

အစကတည်းက ဘုရားသခင်ဟာ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကို ပေါင်းဖက်စေပြီး အိမ်ထောင်ကို အစပြုပေးခဲ့တယ်။ (ကမ္ဘာဦး ၂:၂၄) မယားအများယူတာ၊ လိင်တူချင်း ဆက်ဆံတာ၊ လက်မထပ်ဘဲ အတူနေတာကို ဘုရားသခင် မနှစ်သက်ဘူး။ (၁ ကောရိန္သု ၆:၉။ ၁ သက်သာလောနိတ် ၄:၃) အိမ်ထောင်ရေးအတွက် ဘုရားရဲ့ မူလစံနှုန်းကို လိုက်နာဖို့ ယေရှု သင်ပေးခဲ့တယ်။—မာကု ၁၀:၆-၈။

အိမ်ထောင်မင်္ဂလာကို တည်မြဲတဲ့ နှောင်ကြိုးအဖြစ် ဘုရား ရှုမြင်တယ်။ လက်ထပ်တဲ့အချိန်မှာ သေတစ်ပန် သက်တစ်ဆုံး အတူနေပါမယ်လို့ အချင်းချင်း သစ္စာကတိပြုခဲ့ကြတယ်။ အဲဒီကတိကို စောင့်ထိန်းဖို့ ဘုရား တောင်းဆိုတယ်။—မာကု ၁၀:၉။

ခွဲနေခြင်းနဲ့ ကွာရှင်းခြင်းအကြောင်း ဘာပြောသလဲ

မိသားစု အရေးပေါ်ကိစ္စကြောင့် ခရီးသွားတဲ့အခါ လင်မယား နှစ်ယောက် ခဏ ခွဲနေရတဲ့အချိန် ရှိနိုင်ပါတယ်။ အိမ်ထောင်ရေး ပြဿနာတွေကြောင့် ခွဲနေတာကိုတော့ ကျမ်းစာက အားမပေးဘူး။ အဲဒီအစား အိမ်ထောင်သည် မောင်နှံဟာ ပြန်သင့်မြတ်ဖို့ ကြိုးစားသင့်တယ်။—၁ ကောရိန္သု ၇:၁၀။

ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာ အခြေခံ အကြောင်းရင်းက အိမ်ထောင်ရေး ဖောက်ပြန်တာ ဖြစ်တယ်။ (မဿဲ ၁၉:၉) အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် မဟုတ်ဘဲ အိမ်ထောင်ဖက်နဲ့ ခွဲနေသူ၊ ကွာရှင်းထားသူတွေဟာ တခြားတစ်ယောက်နဲ့ ချိန်းတွေ့လို့ မရဘူး၊ အိမ်ထောင်ပြုလို့ မရဘူး။—မဿဲ ၅:၃၂။ ၁ ကောရိန္သု ၇:၁၁။

ဘုရားရဲ့ နှစ်သက်မှု ရအောင် တရားဝင် လက်ထပ်ဖို့ လိုသလား

ဘုရားသခင်က ခရစ်ယာန်တွေကို လောကအာဏာပိုင်တွေရဲ့ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဥပဒေကို လိုက်နာစေချင်တယ်။ (တိတု ၃:၁) မောင်နှံစုံတွေဟာ တရားဝင် လက်ထပ်ထားတယ်ဆိုရင် ဥပဒေ လိုက်နာရာ ရောက်တယ်။ အိမ်ထောင်ဟာ ရာသက်ပန် ဖြစ်ရမယ်ဆိုတဲ့ ဘုရားရဲ့ စံနှုန်းကို လေးစားရာ ရောက်တယ်။a

ခင်ပွန်းနဲ့ ဇနီးကို ဘုရားသခင် ဘာတာဝန်တွေ ပေးထားသလဲ

  • တာဝန်တွေကို ပူးပေါင်းလုပ်ဆောင်ရ။ ဇနီးမောင်နှံဟာ အချင်းချင်း မေတ္တာရှိရမယ်၊ လေးလေးစားစား ဆက်ဆံရမယ်။ (ဧဖက် ၅:၃၃) အချင်းချင်း ဆက်ဆံခြင်းဝတ်ကို မေတ္တာနဲ့ ဖြည့်ဆည်းပေးရမယ်၊ သစ္စာမဲ့တဲ့ ဘယ်လုပ်ရပ်ကိုမဆို ရှောင်ရမယ်။ (၁ ကောရိန္သု ၇:၃။ ဟီဘရူး ၁၃:၄) သားသမီးရှိမယ်ဆိုရင် အတူ ပြုစုပျိုးထောင်ရမယ်။—ပညာအလိမ္မာ ၆:၂၀။

    ခင်ပွန်းက ဟင်းရွက်တွေကို ပြင်ဆင်နေချိန်မှာ ဇနီးက သမီးကို အိမ်စာ ကူလုပ်ပေးနေစဉ်။

    အိမ်ထောင်သည်တွေဟာ အလုပ်အကိုင်နဲ့ အိမ်မှုကိစ္စတွေကို ဘယ်လို ခွဲဝေလုပ်ဆောင်ရမယ်ဆိုတာ ကျမ်းစာမှာ အသေးစိတ်တော့ မဖော်ပြထားဘူး။ မိသားစုအတွက် အကောင်းဆုံး ဖြစ်မယ့်အရာကို အတူ ဆုံးဖြတ်နိုင်ပါတယ်။

  • လင်ယောက်ျားရဲ့ တာဝန်။ ‘ခင်ပွန်းက ဇနီးရဲ့ ဦးခေါင်း’ ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။ (ဧဖက် ၅:၂၃) လင်ယောက်ျားဟာ ဦးခေါင်း ဖြစ်လို့ မိသားစုကို ဦးဆောင်ရတယ်၊ ဇနီးနဲ့ သားသမီးတွေ အကျိုးအတွက် ဆုံးဖြတ်ချက်တွေ ချရတယ်။

    မောင်နှံတစ်စုံ ကျမ်းစာ အတူဖတ်နေရင်း အအေးသောက်နေစဉ်။

    မိသားစုရဲ့ ကာယရေး၊ ဝတ်ပြုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရတယ်။ (၁ တိမောသေ ၅:၈) ဆုံးဖြတ်ချက် ချတဲ့အခါ ဇနီးသည်ရဲ့ အမြင်၊ ခံစားချက်တွေကို ထည့်စဉ်းစားခြင်းအားဖြင့် ဇနီးရဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေကို တန်ဖိုးထားကြောင်း ပြတယ်။ (ပညာအလိမ္မာ ၃၁:၁၁၊ ၂၈) မိမိရဲ့ တာဝန်တွေကို မေတ္တာရှိရှိ ထမ်းဆောင်ဖို့ ကျမ်းစာက ခင်ပွန်းသည်တွေကို မှာကြားတယ်။—ကောလောသဲ ၃:၁၉။

  • ဇနီးသည်ရဲ့ တာဝန်။ “ဇနီးကလည်း ခင်ပွန်းကို အလွန် ရိုသေရမယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဧဖက် ၅:၃၃) ခင်ပွန်းသည်ကို လေးစားတဲ့ ဇနီးကို ဘုရား နှစ်သက်တယ်။

    မောင်နှံတစ်စုံ အသုံးစရိတ်အကြောင်း ဆွေးနွေးနေကြစဉ်။

    ဇနီးဟာ ခင်ပွန်းသည် ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ကူညီပေးတယ်။ ဦးစီးမှုကို လက်အောက်ခံတယ်။ (ကမ္ဘာဦး ၂:၁၈) တာဝန်ကျေပွန်တဲ့ ဇနီးကောင်းကို ကျမ်းစာမှာ ချီးမွမ်းထားတယ်။—ပညာအလိမ္မာ ၃၁:၁၀။

မောင်နှံစုံတွေ ကလေးယူဖို့ ဘုရားသခင် တောင်းဆိုသလား

မတောင်းဆိုပါဘူး။ ရှေးတုန်းကတော့ မိမိကို ဝတ်ပြုသူတချို့ကို သားသမီးတွေ မွေးဖွားဖို့ ဘုရား မိန့်မှာခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈။ ၉:၁) အဲဒီအမိန့်က ခရစ်ယာန်တွေနဲ့ မသက်ဆိုင်တော့ပါဘူး။ ယေရှုက နောက်လိုက်တွေကို သားသမီးမွေးဖို့ တစ်ခါမှ မမိန့်မှာခဲ့ဘူး။ အစောပိုင်း တပည့်တွေလည်း အိမ်ထောင်သည်တွေ သားသမီး ယူရမယ်လို့ မပြောခဲ့ဘူး။ သားသမီး ယူမယူဆိုတာ အိမ်ထောင်သည်တွေ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။

ငါ့ရဲ့ အိမ်ထောင်ကို ကျမ်းစာ ဘယ်လို ကူညီပေးနိုင်သလဲ

အိမ်ထောင်ကို အစကောင်းစေတဲ့ အခြေခံမူတွေ ကျမ်းစာမှာ ပါတယ်။ ကျမ်းစာ အခြေခံမူတွေက ပြဿနာတွေကို ရှောင်ဖို့၊ ဖြေရှင်းဖို့ အိမ်ထောင်သည်တွေကို ကူညီပေးနိုင်တယ်။

ကျမ်းစာ အခြေခံမူတွေက အိမ်ထောင်သည်တွေကို

  • မေတ္တာစစ်ပြဖို့။—၁ ကောရိန္သု ၁၃:၄-၇။ ကောလောသဲ ၃:၁၄။

  • သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့။—၁ ကောရိန္သု ၁၀:၂၄။

  • နားထောင်တတ်သူတွေ ဖြစ်ဖို့။—ယာကုပ် ၁:၁၉။

  • လေးစားတတ်ဖို့။—ရောမ ၁၂:၁၀။

  • ခွင့်လွှတ်တတ်ဖို့။—၁ ပေတရု ၄:၈။

  • သစ္စာရှိဖို့။—မာကု ၁၀:၉။

  • စိတ်ရှည်ဖို့။—ဧဖက် ၄:၂၊ ၃။

  • ပူးပေါင်းလုပ်ဆောင်ဖို့။—ဒေသနာ ၄:၉။

  • အိမ်ထောင် သစ္စာကတိကို ခိုင်မြဲစေဖို့ ကူညီပေးတယ်။—ရှောလမုန်သီချင်း ၈:၇။

a ထုံးတမ်းစဉ်လာ ဒါမှမဟုတ် ရိုးရာပုံစံ အရ လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာရှုထောင့်အတွက် ၂၀၀၆၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁၊ အပိုဒ် ၁၂ ကို ကြည့်ပါ။

အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျမ်းချက်များ

ပညာအလိမ္မာ ၁၈:၂၂– “ဇနီးကောင်းကို ရတဲ့သူဟာ ကောင်းတဲ့အရာကို ရတဲ့သူပဲ။”

ဆိုလိုတာက– ကျမ်းစာမှာ အိမ်ထောင်ရေးကို အပြုသဘောဘက်က ပြောထားတယ်။

မာလခိ ၂:၁၅– “ငယ်ပေါင်းဇနီးကို သစ္စာမဖောက်ကြနဲ့။”

ဆိုလိုတာက– အိမ်ထောင်ပြုပြီး နှစ်တွေကြာပြီးနောက်မှာတောင် အချင်းချင်း သစ္စာရှိဖို့၊ လေးလေးစားစား ဆက်ဆံဖို့ ဘုရား အလိုရှိတယ်။

မာကု ၁၀:၉– “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။”

ဆိုလိုတာက– အိမ်ထောင်သည်တွေ ရာသက်ပန် ပေါင်းဖက်ဖို့ ဘုရား ရည်ရွယ်တယ်။

ဟီဘရူး ၁၃:၄– “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။”

ဆိုလိုတာက– မောင်နှံစုံတွေဟာ ကိုယ့်အိမ်ထောင်ကို တန်ဖိုးထားရမယ်၊ ကာကွယ်ရမယ်။

၁ ကောရိန္သု ၇:၂၈– “အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။”

ဆိုလိုတာက– ပြီးပြည့်စုံတဲ့ အိမ်ထောင်ဆိုတာ မရှိဘူး၊ မောင်နှံစုံတွေဟာ ပြဿနာတွေကို အတူ ဖြေရှင်းဖို့ လိုတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ