ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မေတ္တာပြည့်ဝသောသိုးထိန်းများကို နှိမ့်ချစွာလက်အောက်ခံပါ
    ကင်းမျှော်စင်—၂၀၀၇ | ဧပြီ ၁
    • ၇။ ခရစ်ယာန်ကြီးကြပ်မှူးများအပေါ် ကျွန်ုပ်တို့၏သဘောထားနှင့်ပတ်သက်၍ တမန်တော်ပေါလု မည်သို့အကြံပြုခဲ့သနည်း။

      ၇ ကျွန်ုပ်တို့၏ကောင်းကင်သိုးထိန်းဖြစ်တော်မူသော ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်သည် အသင်းတော်မှ တာဝန်ရှိလက်အောက်ခံသိုးထိန်းများကို ကျွန်ုပ်တို့ နာခံရန်နှင့် လက်အောက်ခံရန် မျှော်လင့်တော်မူသည်။ (၁ ပေတရု ၅:၅) တမန်တော်ပေါလုသည် မှုတ်သွင်းခံရကာ ဤသို့ရေးခဲ့၏– ‘ဘုရားသခင်၏နှုတ်မြွက်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့ကိုအုပ်ထိန်းသူတို့အား သတိရလျက်နေကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူကြောင်း စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကိုတုပလုပ်ကိုင်လော့။ သင်တို့ကိုဦးဆောင်သောသူတို့ကို နာခံ၍ လက်အောက်ခံလျက်နေကြလော့။ အကြောင်းမှာ သူတို့သည် ကိုယ်တိုင်စာရင်းရှင်းခံရမည့်သူကဲ့သို့ သင်တို့၏စိုးလ်ကိုစောင့်ကြပ်နေကြ၏။ သင်တို့ကိုဘေးမဖြစ်စေရန် သက်ပြင်းချနေရ၍မဟုတ်ဘဲ ရွှင်လန်းမှုအားဖြင့် ယင်းကိုသူတို့လုပ်ဆောင်နိုင်ကြရန်ဖြစ်သည်။’—⁠ဟေဗြဲ ၁၃:၇၊ ၁၇၊ ကဘ။

      ၈။ ပေါလုက ကျွန်ုပ်တို့အား အဘယ်အရာကို “စေ့စေ့ဆင်ခြင်” ရန်ဖိတ်ခေါ်ထားသနည်း။ ကျွန်ုပ်တို့မည်သို့ “နာခံ” သင့်သနည်း။

      ၈ ပေါလုက ကျွန်ုပ်တို့အား အကြီးအကဲများ၏ တည်ကြည်သောအကျင့်အကြံကြောင့်ရရှိသည့် အကျိုးကျေးဇူးကို “စေ့စေ့ဆင်ခြင်” သို့မဟုတ် အသေအချာဂရုပြုရန်နှင့် ထိုယုံကြည်ခြင်းပုံသက်သေများကို လိုက်လျှောက်ရန် ဖိတ်ခေါ်ထားကြောင်း သတိပြုပါ။ ထို့ပြင် ထိုခန့်အပ်ခံအမျိုးသားများ၏ ညွှန်ကြားချက်ကို နာခံရန်နှင့် လက်အောက်ခံရန် အကြံပြုထားသည်။ ကျမ်းပညာရှင် အာရ်. တီ. ဖရန့်စ်က မူရင်းဂရိတွင် “နာခံ” ဟူ၍ပြန်ဆိုထားသော စကားလုံးသည် စာသားအရ “နာခံခြင်းအတွက် ရိုးရိုးအသုံးအနှုန်းမဟုတ်ဘဲ ‘ယုံကြည်စိတ်ချသည်’ ဖြစ်ပြီး သူတို့၏ဦးဆောင်မှုကို တလိုတလားလက်ခံခြင်းကို ဆိုလိုသည်။” ဘုရားသခင့်နှုတ်မြွက်တော်က အကြီးအကဲများကိုနာခံရန် ညွှန်ကြားထားပြီး သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားနှင့် ကျွန်ုပ်တို့၏ အကောင်းဆုံးအကျိုးကိုလိုလားကြောင်း ယုံကြည်စိတ်ချကြသည့်အတွက် သူတို့ကို ကျွန်ုပ်တို့နာခံကြသည်။ သူတို့၏ဦးဆောင်မှုကို တလိုတလားလက်ခံပါက ကျွန်ုပ်တို့ အမှန်ပျော်ရွှင်ကြမည်။

      ၉။ ကျွန်ုပ်တို့သည် နာခံခြင်းအပြင် အဘယ်ကြောင့် “လက်အောက်ခံ” ရန်လိုအပ်သနည်း။

      ၉ သို့သော် တစ်စုံတစ်ရာသောကိစ္စရပ်နှင့်ပတ်သက်၍ အကြီးအကဲများ၏ ညွှန်ကြားချက်သည် အကောင်းဆုံးနည်းလမ်းမဟုတ်ဟု ကျွန်ုပ်တို့ယူဆလျှင်ကော အသို့နည်း။ ဤတွင် လက်အောက်ခံခြင်း လိုအပ်လာသည်။ အရာရာတိုင်းသည် ရှင်းလင်း၍ ကျွန်ုပ်တို့သဘောတူသည့်အခါ နာခံရန်လွယ်ကူသည်၊ သို့သော် ညွှန်ကြားချက်ကို ကျွန်ုပ်တို့နားမလည်သည့်တိုင် ယင်းကိုလက်ခံလျှင် ကျွန်ုပ်တို့သည် အမှန်တကယ်လက်အောက်ခံကြောင်း တင်ပြရာရောက်မည်။ တမန်တော်တစ်ဦးဖြစ်လာသော ပေတရုသည် ဤသို့သောလက်အောက်ခံမှုမျိုးကို တင်ပြခဲ့သည်။—⁠လုကာ ၅:၄၊ ၅။

  • မေတ္တာပြည့်ဝသောသိုးထိန်းများကို နှိမ့်ချစွာလက်အောက်ခံပါ
    ကင်းမျှော်စင်—၂၀၀၇ | ဧပြီ ၁
    • ၁၂။ ကြီးကြပ်မှူးများသည် “[ကျွန်ုပ်]တို့၏စိုးလ်ကို” မည်သို့ “စောင့်ကြပ်နေကြ” သနည်း။

      ၁၂ ခရစ်ယာန်ကြီးကြပ်မှူးများနှင့် ပူးပေါင်းရသည့် ဒုတိယအကြောင်းရင်းမှာ သူတို့သည် “[ကျွန်ုပ်]တို့၏စိုးလ်ကို စောင့်ကြပ်နေကြ” သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် ကျွန်ုပ်တို့၏သဘောထား သို့မဟုတ် အပြုအမူများကို သူတို့သတိပြုမိပါက ကျွန်ုပ်တို့ကိုတည့်မတ်ပေးရန်ရည်ရွယ်ချက်ဖြင့် လိုအပ်သောသွန်သင်ချက် ချက်ချင်းပေးကြသည်။ (ဂလာတိ ၆:၁) “စောင့်ကြပ်နေ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် စာသားအရ “မအိပ်ဘဲနေသည်” ဟုအဓိပ္ပာယ်ရသည်။ ကျမ်းပညာရှင်တစ်ဦးအဆိုအရ ယင်းသည် “သိုးထိန်း၏ မပြတ်နိုးကြားနေမှုကို ဆိုလိုသည်။” သူတို့သည် မိမိတို့၏ဝိညာဉ်ရေးနိုးကြားနေရန် ထိန်းသိမ်းကြရသည့်အပြင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအကျိုးအတွက် အိပ်မပျော်သည့်ညများရှိသည်မှာ အဆန်းမဟုတ်ပေ။ “သိုးထိန်းကြီးဖြစ်သော” ယေရှုခရစ်တော်တင်ပြခဲ့သော သနားကြင်နာမှုကို အကောင်းဆုံးတုပနေကြသည့် ထိုသို့သောမေတ္တာရှိလက်အောက်ခံသိုးထိန်းများနှင့် တလိုတလားမပူးပေါင်းသင့်ပေလော။—⁠ဟေဗြဲ ၁၃:၂၀။

      ၁၃။ ကြီးကြပ်မှူးများနှင့် ခရစ်ယာန်အားလုံးသည် မည်သူ့ထံနှင့် အဘယ်အရာအတွက် စာရင်းရှင်းရန် တာဝန်ရှိသနည်း။

      ၁၃ ကြီးကြပ်မှူးများနှင့် တလိုတလားပူးပေါင်းရသည့် တတိယအကြောင်းရင်းမှာ သူတို့သည် “ကိုယ်တိုင်စာရင်းရှင်းခံရမည့်သူကဲ့သို့” ကျွန်ုပ်တို့ စောင့်ကြပ်နေသောကြောင့်ဖြစ်သည်။ ကြီးကြပ်မှူးများက မိမိတို့သည် ကောင်းကင်သိုးထိန်းဖြစ်သော ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်လက်အောက်တွင် အမှုဆောင်နေကြသည့် လက်အောက်ခံသိုးထိန်းများဖြစ်ကြောင်း သတိရကြသည်။ (ယေဇကျေလ ၃၄:၂၂-၂၄၊ သမ္မာ) သိုးပိုင်ရှင်ယေဟောဝါသည် “မိမိ သိုးတို့ကို [သားတော်၏] အသွေးနှင့် ဝယ်ယူတော်မူ” ခဲ့ရာ ခန့်အပ်ခံကြီးကြပ်မှူးများသည် ထိုသိုးတို့ကို “သနားကြင်နာစွာ” ဆက်ဆံသင့်သည်၊ ယင်းသိုးတို့ကိုဆက်ဆံပုံနှင့်ပတ်သက်၍ ကြီးကြပ်မှူးများတွင် စာရင်းရှင်းရန်တာဝန်ရှိသည်ဟု ကိုယ်တော်ယူမှတ်တော်မူသည်။ (တမန်တော် ၂၀:၂၈၊ ၂၉) ထိုနည်းတူ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏ညွှန်ကြားချက်ကို တုံ့ပြန်ပုံနှင့်ပတ်သက်၍ ယေဟောဝါထံ စာရင်းရှင်းရန်တာဝန်ရှိကြသည်။ (ရောမ ၁၄:၁၀-၁၂) ခန့်အပ်ခံအကြီးအကဲများကို နာခံခြင်းသည် အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်ကို လက်အောက်ခံကြောင်း တင်ပြရာရောက်သည်။—⁠ကောလောသဲ ၂:၁၉။

      ၁၄။ အဘယ်အရာက ခရစ်ယာန်ကြီးကြပ်မှူးများအား စာရင်းရှင်းခံရမည့်အလုပ်ကို “သက်ပြင်းချ” လျက်လုပ်ဆောင်စေနိုင်သနည်း။ အဘယ်ရလဒ်များရရှိနိုင်သနည်း။

      ၁၄ ပေါလုက ခရစ်ယာန်ကြီးကြပ်မှူးများအား နှိမ့်ချစွာလက်အောက်ခံသင့်သည့် စတုတ္ထအကြောင်းရင်းကို ပေးခဲ့သည်။ သူဤသို့ရေးခဲ့၏– “သင်တို့ကိုဘေးမဖြစ်စေရန် သက်ပြင်းချနေရ၍မဟုတ်ဘဲ ရွှင် လန်းမှုအားဖြင့် ယင်းကို [စာရင်းရှင်းခံရမည့်အလုပ်ကို] သူတို့လုပ်ဆောင်ကြ၏။” (ဟေဗြဲ ၁၃:၁၇၊ ကဘ) ခရစ်ယာန်အကြီးအကဲများသည် သွန်သင်ခြင်း၊ ထိန်းကျောင်းခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ဦးဆောင်ခြင်း၊ မိမိတို့၏မိသားစုကို ပြုစုစောင့်ရှောက်ခြင်းနှင့် အသင်းတော်အတွင်းရှိ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းစသည့် ကြီးမားလေးလံသည့်တာဝန်များကို ဆောင်ရွက်ကြသည်။ (၂ ကောရိန္သု ၁၁:၂၈၊ ၂၉) ကျွန်ုပ်တို့သည် သူတို့နှင့်အတူ ပူးပေါင်းရန်ပျက်ကွက်ပါက ကျွန်ုပ်တို့သည် သူတို့၏ဝန်ကို ပို၍လေးစေခြင်းသာဖြစ်မည်။ ယင်းက သူတို့ကို စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချစေပေမည်။ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်မှုမရှိပါက ယေဟောဝါ၏စိတ်တော်နှင့်တွေ့မည်မဟုတ်ဘဲ ကျွန်ုပ်တို့ကို ဘေးဖြစ်စေနိုင်သည်။ ယင်းအစား ကျွန်ုပ်တို့သည် သင့်လျော်သည့်လေးစားမှုနှင့် ပူးပေါင်းမှုကိုတင်ပြသည့်အခါ အကြီးအကဲများသည် မိမိတို့၏တာဝန်များကို ရွှင်လန်းစွာလုပ်ဆောင်နိုင်ကြပြီး ယင်းက ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းတွင် စည်းလုံးစွာ၊ ရွှင်လန်းစွာပါဝင်စေသည်။—⁠ရောမ ၁၅:၅၊ ၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ