ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင်—၂၀၀၁ | အောက်တိုဘာ ၁
    • ပထမရာစုရှိ ဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလုဤသို့စာရေးခဲ့သည်– “ဘုရားသခင်၏လူတို့အဖို့အလို့ငှာ ငြိမ်ဝပ်ခြင်းချမ်းသာ [“အနားယူခြင်း၊” ကဘ] တစ်မျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။ . . . ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။”—ဟေဗြဲ ၄:၉-၁၁။

  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင်—၂၀၀၁ | အောက်တိုဘာ ၁
    • ဟေဗြဲကျမ်းပါ ပေါလု၏ဖော်ပြချက်ကို ပြန်ကြည့်ရာ သူက “ဘုရားသခင်၏လူတို့အဖို့အလို့ငှာ ငြိမ်ဝပ်ခြင်းချမ်းသာ [“အနားယူခြင်း”၊ ကဘ] တစ်မျိုးသည် ကျန်ရစ်သေး၏” ဟုထောက်ပြကာ “ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့” ဝင်ကြရန် ကြိုးစားဖို့ ခရစ်ယာန်ချင်းများအား တိုက်တွန်းခဲ့ကြောင်း ကျွန်ုပ်တို့သတိပြုမိသည်။ အဆိုပါစကားကို ပေါလုရေးခဲ့စဉ်က အစောပိုင်းအနှစ် ၄,၀၀၀ ခန့်ကစတင်ခဲ့သည့် ဘုရားသခင်၏အနားယူရာ “သတ္တမနေ့” သည်တည်ရှိနေဆဲဖြစ်သည်ကို ယင်းကဖော်ပြ၏။ “ဥပုသ်နေ့ကိုအစိုးရ” သောယေရှုခရစ် အုပ်ချုပ်မည့်အနှစ်တစ်ထောင်အကုန်တွင် လူသားနှင့် ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ဘုရားသခင်၏ရည်ရွယ်ချက် လုံးလုံးလျားလျားမပြည့်မချင်း ၎င်းနေ့ရက်ကုန်ဆုံးမည်မဟုတ်ချေ။—မဿဲ ၁၂:၈; ဗျာဒိတ် ၂၀:၁-၆; ၂၁:၁-၄။

  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင်—၂၀၀၁ | အောက်တိုဘာ ၁
    • ဘုရားသခင်၏အနားယူရာနေ့နှင့် ၎င်းထဲသို့ဝင်နိုင်ပုံနှင့်ပတ်သက်သော ပေါလု၏ဆွေးနွေးချက်သည် ယုံကြည်ခြင်းအတွက် ညှဉ်းပန်းကဲ့ရဲ့ခြင်းခံခဲ့ရသည့် ယေရုရှလင်မြို့မှ ဟေဗြဲခရစ်ယာန်များအတွက် တကယ်အားရှိစရာဖြစ်ခဲ့သည်။ (တမန်တော် ၈:၁; ၁၂:၁-၅) အလားတူစွာ ပေါလု၏စကားများသည် မျက်မှောက်ခေတ် ခရစ်ယာန်များအတွက်လည်း အားရှိစရာရင်းမြစ်ဖြစ်နိုင်သည်။ ဘုရားသခင်၏ဖြောင့်မတ်သောနိုင်ငံတော်အောက်တွင် မြေကြီးပရဒိသုဖြစ်ပေါ်လာစေရန် ကိုယ်တော်၏ကတိတော် ပြည့်စုံလုနီးကြောင်း သိရှိထားကြရာ ကျွန်ုပ်တို့သည် ကိုယ်ပိုင်အလုပ်များမှအနားယူပြီး ထိုအနားယူရာနေ့ထဲ ဝင်ရောက်ရန် ကြိုးစားအားထုတ်သင့်သည်။—မဿဲ ၆:၁၀၊ ၃၃; ၂ ပေတရု ၃:၁၃။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ