ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ စက်တင်ဘာ စာ. ၁၃
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်၏အနားယူရာသို့ သင်ဝင်ပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဟီဘရူး ၄:၁၂—‘ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့် ပြည့်စုံ’
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ စက်တင်ဘာ စာ. ၁၃
အမေနဲ့ သမီး ပရဒိသုမှာ ပန်းရေလောင်းနေစဉ်

“ဘုရားသခင်၏ တရားစကားတော်သည် အသက်ရှင်”

စာရှုသူများထံမှ မေးခွန်းလွှာ

ဟေဗြဲ ၄:၁၂ မှာ “အသက်ရှင်၍ တန်ခိုးရှိ၏” လို့ဆိုထားတဲ့ “ဘုရားသခင်၏ တရားစကားတော်” က ဘာလဲ။

ကျမ်းစာမှာပါတဲ့ ဘုရားသခင့် ရည်ရွယ်ချက် သတင်းတရားကို တမန်တော်ပေါလု ရည်ညွှန်းမှန်း ရှေ့နောက်စကားက ဖော်ပြတယ်။

ကျမ်းစာဟာ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အစွမ်းတန်ခိုးရှိကြောင်း ဖော်ပြတဲ့ ကျမ်းစာအခြေပြုစာပေတွေမှာ ဟေဗြဲ ၄:၁၂ ကို ရည်ညွှန်းကိုးကားလေ့ရှိတာ သင့်တော်လှပါတယ်။ ဟေဗြဲ ၄:၁၂ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရင် အထောက်အကူ ပြုပါတယ်။ ဒီမှာ ဘုရားသခင့် ရည်ရွယ်ချက်တွေနဲ့အညီ ပူးပေါင်းလုပ်ဆောင်ဖို့ ဟီဘရူးခရစ်ယာန်တွေကို ပေါလု အားပေးတိုက်တွန်းနေတာ ဖြစ်တယ်။ အဲဒီရည်ရွယ်ချက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ အီဂျစ်ပြည်ကနေ ကယ်တင်ခံခဲ့ရတဲ့ အစ္စရေးတွေကို နမူနာအဖြစ် ပေါလု အသုံးပြုခဲ့တယ်။ သူတို့ဟာ အမှန်တကယ် အနားယူခွင့်ရမယ့် ကတိထားရာပြည်၊ ‘နို့နဲ့ ပျားရည်စီးရာပြည်’ ထဲ ဝင်ခွင့်ရမယ့် အလားအလာ ရှိထားကြတယ်။—ထွ. ၃:၈။ တရား. ၁၂:၉၊ ၁၀။

အဲဒါက ဘုရားသခင့် ရည်ရွယ်ချက်ပါပဲ။ နောက်ပိုင်းမှာ အစ္စရေးတွေဟာ စိတ်နှလုံး ခိုင်မာလာကြပြီး ယုံကြည်ခြင်း ကင်းမဲ့လာကြတယ်။ ဒါကြောင့် အများစုဟာ အနားယူရာထဲ မဝင်ခဲ့ကြရဘူး။ (တော. ၁၄:၃၀။ ယောရှု ၁၄:၆-၁၀) ဒါပေမဲ့ ပေါလုက “[ဘုရားသခင်] ၏ အနားယူရာထဲသို့ ဝင်ခြင်းနှင့်ဆိုင်သော ကတိတော် ရှိသေး” တယ်လို့ ထပ်ပြောခဲ့တယ်။ (ဟေဗြဲ ၃:၁၆-၁၉။ ၄:၁) “ကတိတော်” ဆိုတာ ဘုရားသခင့် ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်မှန်း ထင်ရှားပါတယ်။ ဟီဘရူးခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း အဲဒီရည်ရွယ်ချက်ကို ဖတ်ရှုပြီး အဲဒါနဲ့အညီ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ဒီကတိတော်ဟာ ကျမ်းစာအပေါ် အခြေခံထားမှန်း အလေးပေးဖို့ ကမ္ဘာဦး ၂:၂ နဲ့ ဆာလံ ၉၅:၁၁ တို့ကို ပေါလု တစ်စိတ်တစ်ပိုင်း ကိုးကားပြခဲ့တယ်။

“[ဘုရားသခင်] ၏ အနားယူရာထဲသို့ ဝင်ခြင်းနှင့်ဆိုင်သော ကတိတော် ရှိသေး” တယ်ဆိုတဲ့အချက်က ကျွန်တော်တို့ရဲ့စိတ်နှလုံးကို ထိမိစေသင့်ပါတယ်။ ကျမ်းစာအပေါ် အခြေခံထားတဲ့ ဘုရားသခင့် အနားယူရာထဲ ဝင်ရမယ်ဆိုတဲ့ အလားအလာဟာ တကယ် ဖြစ်နိုင်မှန်း ကျွန်တော်တို့ ယုံကြည်ကြတယ်၊ ဝင်ဖို့လည်း ခြေလှမ်းစနေကြပါပြီ။ မောရှေပညတ်ကို လိုက်လျှောက်ဖို့၊ တခြားလုပ်ရပ်တွေနဲ့ ဘုရားသခင့် မျက်နှာသာရဖို့ ကြိုးစားခြင်းအားဖြင့် ခြေလှမ်းစခဲ့ကြတာ မဟုတ်ဘူး။ ဘုရားသခင် ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ယုံကြည်ခြင်းကြောင့် ဝမ်းသာအားရ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသလို ဆက်ပြီး ပူးပေါင်းလုပ်ဆောင်နေကြတယ်။ ဒီ့အပြင် အထက်မှာ ဖော်ပြခဲ့သလိုပဲ ကမ္ဘာတစ်ဝန်းက လူထောင်ပေါင်းများစွာဟာ ကျမ်းစာကို စတင်လေ့လာပြီး ဘုရားသခင့် ရည်ရွယ်ချက်တွေကို သိရှိလာကြတယ်။ ဘဝပုံစံကို ပြောင်းလဲခဲ့ကြတယ်၊ ယုံကြည်ခြင်း တင်ပြခဲ့ကြတယ်၊ နှစ်ခြင်းခံပြီးတဲ့ ခရစ်ယာန်တွေ ဖြစ်လာကြတယ်။ သူတို့တစ်တွေ ပြုပြင်ပြောင်းလဲလာတာက “ဘုရားသခင်၏ တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ” ကြောင်း ထင်ရှားတဲ့ သက်သေပါပဲ။ ကျမ်းစာမှာ ဖော်ပြထားသလိုပဲ ဘုရားသခင့် ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ဘဝအပေါ် အကျိုးသက်ရောက်ခဲ့ပါပြီ။ ဆက်ပြီးတော့လည်း အစွမ်းတန်ခိုး ရှိနေဦးမှာပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ