ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၉၅
  • “ရန်သူကို ချစ်မြဲ ချစ်ပါ” ဆိုတာ ဘာကိုဆိုလိုသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရန်သူကို ချစ်မြဲ ချစ်ပါ” ဆိုတာ ဘာကိုဆိုလိုသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ရန်သူတွေကို ဘာကြောင့် ချစ်ရမလဲ
  • ရန်သူတွေကို ချစ်ကြောင်းပြနိုင်တဲ့ နည်းလမ်းတချို့က ဘာလဲ
  • ရန်သူတွေကို စစ်တိုက်သင့်သလား
  • ရန်သူတွေကို ချစ်ခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ
  • ဆက်၍ကောင်းမှုပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင်ဟာ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ရန်သူများကိုချစ်ဖို့ ဖြစ်နိုင်သလော
    နိုးလော့!—၂၀၀၉
  • “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၉၅
အမျိုးသမီးနှစ်ဦး ချောက်နက်ကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ ရပ်နေကြ။ ဘယ်ဘက်က အမျိုးသမီးက တောင်းပန်နေစဉ်၊ ညာဘက်က အမျိုးသမီးက သူ့ကို မယုံသင်္ကာစိတ်နဲ့ ကြည့်နေစဉ်။

“ရန်သူကို ချစ်မြဲ ချစ်ပါ” ဆိုတာ ဘာကိုဆိုလိုသလဲ

ကျမ်းစာအဖြေ

ယေရှုက ကျော်ကြားလှတဲ့ တောင်ပေါ်တရားတော်မှာ “ရန်သူကို ချစ်မြဲ ချစ်ပါ” လို့ပြောခဲ့တယ်။ (မဿဲ ၅:၄၄။ လုကာ ၆:၂၇၊ ၃၅) ယေရှုရဲ့စကားအရ ကျွန်တော်တို့ဟာ ကိုယ့်ကိုမုန်းတဲ့သူတွေ၊ မတရားပြုသူတွေကို မေတ္တာနဲ့ ပြန်ဆက်ဆံရမယ်။

ယေရှုက မိမိကို မတော်မတရား ဆက်ဆံခဲ့တဲ့ ရန်သူတွေကို ခွင့်လွှတ်ခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်း ပြသခဲ့တယ်။ (လုကာ ၂၃:၃၃၊ ၃၄) ရန်သူတွေကို ချစ်ပါဆိုတဲ့ ယေရှုရဲ့ သွန်သင်ချက်တွေဟာ ဓမ္မဟောင်းကျမ်းလို့ အများခေါ်ကြတဲ့ ဟီဘရူးကျမ်းစောင်တွေမှာ ဖော်ပြထားချက်နဲ့ ကိုက်ညီပါတယ်။—ထွက်မြောက်ရာ ၂၃:၄၊ ၅။ ပညာအလိမ္မာ ၂၄:၁၇။ ၂၅:၂၁။

ရန်သူကို ချစ်မြဲ ချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲ ဆုတောင်းပေးပါ။—မဿဲ ၅:၄၃၊ ၄၄။

ဒီဆောင်းပါးမှာ

  • ရန်သူတွေကို ဘာကြောင့် ချစ်ရမလဲ

  • ရန်သူတွေကို ချစ်ကြောင်းပြနိုင်တဲ့ နည်းလမ်းတချို့က ဘာလဲ

  • ရန်သူတွေကို စစ်တိုက်သင့်သလား

  • ရန်သူတွေကို ချစ်ခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

  • ရန်သူတွေကို ချစ်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းချက်များ

ရန်သူတွေကို ဘာကြောင့် ချစ်ရမလဲ

  • ဘုရားသခင်ကိုယ်တိုင် ပုံသက်သေပြတယ်။ ဘုရားသခင်ဟာ “ကျေးဇူးမသိတတ်သူတွေ၊ လူဆိုးတွေကို ကျေးဇူးပြုတဲ့အရှင် ဖြစ်တယ်။ (လုကာ ၆:၃၅) ဘုရားက လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။—မဿဲ ၅:၄၅။

  • မေတ္တာက ရန်သူကို ပြောင်းလဲစေနိုင်တယ်။ ရန်သူကို ကြင်နာမှုပြပါလို့ ကျမ်းစာက ဆိုတယ်။ အဲဒီလိုလုပ်ရင် “သူ့ခေါင်းပေါ် မီးခဲတွေ ပုံထားရာ ရောက်လိမ့်မယ်။” (ပညာအလိမ္မာ ၂၅:၂၂) ဒီခိုင်းနှိုင်းမှုက သတ္ထုရိုင်းကနေ အဖိုးတန်သတ္ထု ထုတ်ဖို့ အပူပေးတာကို ရည်ညွှန်းတယ်။ အဲဒီလိုပါပဲ၊ ကိုယ့်ကို မုန်းတဲ့သူကို ကြင်နာမှုပြရင် ပုံဆောင်သဘောအရ သူ့ဒေါသကို အရည်ပျော်စေပြီး သူ့အထဲက ကောင်းတာတွေ ထွက်လာစေနိုင်တယ်။

ရန်သူတွေကို ချစ်ကြောင်းပြနိုင်တဲ့ နည်းလမ်းတချို့က ဘာလဲ

  • “ကိုယ့်ကို မုန်းတဲ့သူတွေကို အမြဲကောင်းမှုပြုပါ။” (လုကာ ၆:၂၇) “ရန်သူ ဆာလောင်နေရင် ကျွေးမွေးလိုက်ပါ။ ရေငတ်နေရင် သောက်စရာ ပေးလိုက်ပါ” လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၁၂:၂၀) ရွှေပညတ်လို့ လူတွေသိကြတဲ့ ပညတ်ကို ကျင့်သုံးမယ်ဆိုရင် ရန်သူကို မေတ္တာပြနိုင်တဲ့ တခြားနည်းလမ်းတွေ တွေ့လာနိုင်တယ်။ ဒီလိုဆိုထားတယ်– “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—လုကာ ၆:၃၁။

  • “ကိုယ့်ကို ကျိန်ဆဲသူတွေအတွက် အမြဲ ကောင်းချီးတောင်းခံပေးပါ။” (လုကာ ၆:၂၈) ရန်သူတွေက ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရင်တောင် ကြင်ကြင်နာနာ၊ ထောက်ထားစာနာစွာ ပြန်ပြောခြင်းအားဖြင့် ရန်သူတွေကို ကျွန်တော်တို့ ကောင်းချီးပေးကြတယ်။ “စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။ အဲဒီအစား ဆုမွန်ကောင်း တောင်းပေးလိုက်ပါ” လို့ ကျမ်းစာက ဆိုတယ်။ (၁ ပေတရု ၃:၉) ဒီအကြံဉာဏ်က အမုန်းသံသရာကို ချေဖျက်နိုင်အောင် ထောက်ကူပေးတယ်။

  • “ကိုယ့်ကို စော်ကားသူတွေအတွက် အမြဲ ဆုတောင်းပေးပါ။” (လုကာ ၆:၂၈) တစ်ယောက်ယောက်က ကိုယ့်ကိုစော်ကားရင် “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။” (ရောမ ၁၂:၁၇) အဲဒီအစား သူ့ကို ခွင့်လွှတ်ပေးဖို့ ဘုရားဆီ ဆုတောင်းပေးပါ။ (လုကာ ၂၃:၃၄။ တမန်တော် ၇:၅၉၊ ၆၀) ကလဲ့စားချေမယ့်အစား ဘုရားရဲ့ ပြီးပြည့်စုံလင်တဲ့ တရားမျှတမှု စံနှုန်းအတိုင်း သူ့ကိုပြုမူဖို့ ဘုရားလက်ထဲ အပ်ထားလိုက်ပါ။—ဝတ်ပြုရာ ၁၉:၁၈။ ရောမ ၁၂:၁၉။

ရုပ်ပုံများ။ ၁။ အမျိုးသမီးတစ်ဦးရဲ့ အလုပ်ဖော်က သူ့ကို ဒေါသနဲ့ အော်ဟစ်နေပေမဲ့ တည်ငြိမ်စွာ နားထောင်နေစဉ်။ ၂။ နောက်ပိုင်းမှာ အမျိုးသမီးက သူ့စားပွဲမှာ ဆုတောင်းနေစဉ်။

“ရန်သူတွေကို ချစ်မြဲချစ်ပါ။ ကိုယ့်ကို မုန်းတဲ့သူတွေကို အမြဲ ကောင်းမှုပြုပါ။ ကိုယ့်ကို ကျိန်ဆဲသူတွေအတွက် အမြဲ ကောင်းချီးတောင်းခံပေးပါ။ ကိုယ့်ကို စော်ကားသူတွေအတွက် အမြဲ ဆုတောင်းပေးပါ။”—လုကာ ၆:၂၇၊ ၂၈။

  • ‘စိတ်ရှည်ပါ။ ကြင်နာပါ။’ (၁ ကောရိန္သု ၁၃:၄) မေတ္တာနဲ့ပတ်သက်ပြီး တမန်တော်ပေါလုရဲ့ ပုံဖော်ချက်ကို လူသိများတယ်။ ပေါလုအသုံးပြုထားတဲ့ ဂရိစကားလုံး (အဂါးပေး) မေတ္တာကို မဿဲ ၅:၄၄ နဲ့ လုကာ ၆:၂၇၊ ၃၅ မှာလည်း တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ရန်သူတွေအပေါ် စိတ်ရှည်၊ ကြင်နာမယ်၊ မနာလို မဖြစ်ဘူး၊ မမောက်မာ၊ မရိုင်းပျဘူးဆိုရင် ခရစ်ယာန်မေတ္တာကို တင်ပြနေတာ ဖြစ်တယ်။

အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးက အလုပ်ဖော်ကို လက်ဖက်ရည် ပေးတဲ့အတွက် အလုပ်ဖော် အံ့ဩနေစဉ်။

“မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။ မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး၊ မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး။ မတော်မလျော် မကျင့်တတ်ဘူး။ ကိုယ်ကျိုး မရှာတတ်ဘူး။ ဒေါသ မထွက်တတ်ဘူး။ နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး။ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။ အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။ မေတ္တာဟာ အစဉ်တည်တယ်။”—၁ ကောရိန္သု ၁၃:၄-၈။

ရန်သူတွေကို စစ်တိုက်သင့်သလား

မတိုက်သင့်ပါဘူး။ ယေရှုက နောက်လိုက်တွေကို ရန်သူတွေနဲ့ မတိုက်ခိုက်ဖို့ သွန်သင်ပေးခဲ့တယ်။ ဥပမာ၊ ဂျေရုဆလင်မြို့ တိုက်ခိုက်ခံရမယ့်အကြောင်း ယေရှု သတိပေးတုန်းက မြို့ထဲမှာနေပြီး ပြန်တိုက်ဖို့ မပြောဘဲ ထွက်ပြေးဖို့ ပြောခဲ့တယ်။ (လုကာ ၂၁:၂၀၊ ၂၁) ယေရှုက တမန်တော် ပေတရုကို “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်” လို့လည်း ပြောခဲ့တယ်။ (မဿဲ ၂၆:၅၂) ပထမရာစုက ယေရှုရဲ့ နောက်လိုက်တွေဟာ ရန်သူတွေနဲ့ စစ်မတိုက်ခဲ့ကြကြောင်း ကျမ်းစာမှာရော သမိုင်းပညာရှင်တွေကပါ ဖော်ပြတယ်။a—၂ တိမောသေ ၂:၂၄။

ရန်သူတွေကို ချစ်ခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

ယူဆချက်အမှား။ ပညတ်တရားမှာ အစ္စရေးတွေ ကိုယ့်ရန်သူတွေကို မုန်းဖို့ ဆိုထားတယ်။

အမှန်တရား။ ပညတ်တရားမှာ အဲဒီလိုမျိုး ပညတ် မရှိပါ။ အစ္စရေးတွေကို လူလူချင်းချစ်ဖို့ ညွှန်ကြားထားတယ်။ (ဝတ်ပြုရာ ၁၉:၁၈) “လူလူချင်း” ဆိုတာ တခြားလူတစ်ဦးကို ဆိုလိုတာဖြစ်တယ်။ ဒါပေမဲ့ အစ္စရေးတချို့က အဲဒါဟာ အစ္စရေးအချင်းချင်းကို ဆိုလိုတာလို့ အဓိပ္ပာယ်ဖွင့်ပြီး အစ္စရေးမဟုတ်ရင် ရန်သူ၊ ရန်သူကို မုန်းရမယ်လို့ ယူဆခဲ့ကြတယ်။ (မဿဲ ၅:၄၃၊ ၄၄) သူတို့ရဲ့ မှားယွင်းတဲ့အမြင်ကို တည့်မတ်ပေးဖို့ လူလူချင်းချစ်တဲ့ ရှမာရိလူ ပုံဥပမာကို ယေရှု ပြောပြခဲ့တယ်။—လုကာ ၁၀:၂၉-၃၇။

ယူဆချက်အမှား။ ရန်သူကိုချစ်တယ်ဆိုတာ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို သဘောတူတာကို ဆိုလိုတယ်။

အမှန်တရား။ လူတစ်ယောက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို သဘောမတူဘဲ သူ့ကို ချစ်နိုင်ကြောင်း ကျမ်းစာက ဖော်ပြတယ်။ ဥပမာ၊ ယေရှုက အကြမ်းဖက်မှုကို ရှုတ်ချတယ်။ ဒါပေမဲ့ မိမိကိုသတ်မယ့်သူတွေအတွက် ဆုတောင်းပေးခဲ့တယ်။ (လုကာ ၂၃:၃၄) မတရားမှု၊ အပြစ်ကို ယေရှု မုန်းပေမဲ့ အပြစ်သားတွေအတွက် အသက်ပေးခဲ့တယ်။ —ယောဟန် ၃:၁၆။ ရောမ ၆:၂၃။

a အီး. ဒဗလျူ. ဘန်းစ် ရေးတဲ့စာအုပ် (The Rise of Christianity) မှာ ဒီလို ရေးထားတယ်– “ရရှိနိုင်တဲ့ အချက်အလက်အားလုံးကို ဂရုတစိုက် သုံးသပ်တဲ့အခါ ဧကရာဇ် မားကပ် သြရီးယပ်စ် အချိန်အထိ စစ်မှုထမ်းတဲ့ ခရစ်ယာန် တစ်ယောက်မှ မရှိပါ။ စစ်သည်တစ်ယောက် ခရစ်ယာန်ဖြစ်လာပြီးနောက် သူ စစ်မှုမထမ်းတော့ပါ။”

ရန်သူတွေကို ချစ်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းချက်များ

ထွက်မြောက်ရာ ၂၃:၅– “ကိုယ့်ကိုမုန်းတဲ့သူရဲ့ မြည်းဟာ ဝန်ပိလို့ လဲနေတာကိုတွေ့ရင် မမြင်ချင်ယောင်ဆောင်ပြီး ထွက်မသွားနဲ့။ သူ့ကိုဝိုင်းကူပြီး တိရစ္ဆာန်ရဲ့ဝန်တွေကို ဖယ်ရှားပေးရမယ်။”

အဓိပ္ပာယ်– အကူအညီပေးခြင်းအားဖြင့် ရန်သူကို ချစ်ကြောင်း ပြနိုင်တယ်။

ပညာအလိမ္မာ ၂၄:၁၇၊ ၁၈– “ရန်သူ ကျရှုံးတဲ့အခါ ဝမ်းမသာပါနဲ့။ သူလဲကျတဲ့အခါ စိတ်ထဲမှာ မပျော်ပါနဲ့။ အဲဒီလိုပျော်နေရင် ယေဟောဝါb တွေ့မြင်ပြီး မနှစ်သက်ဘဲ နေလိမ့်မယ်။”

အဓိပ္ပာယ်– ရန်သူတွေ အဖြစ်ဆိုးနဲ့ ကြုံရတဲ့အခါ ကျွန်တော်တို့ ကြိတ်ပြီးဝမ်းသာတာမျိုးကိုတောင် ဘုရား မဖြစ်စေချင်ဘူး။

လုကာ ၆:၂၈– “ကိုယ့်ကို ကျိန်ဆဲသူတွေအတွက် အမြဲ ကောင်းချီးတောင်းခံပေးပါ။ ကိုယ့်ကို စော်ကားသူတွေအတွက် အမြဲ ဆုတောင်းပေးပါ။”

အဓိပ္ပာယ်– ကိုယ့်ကို မုန်းတဲ့သူ၊ မတရား ပြုမူသူကို ကြင်ကြင်နာနာ၊ လေးလေးစားစား ပြောဆိုပါ။ သူတို့ကို ဘုရားခွင့်လွှတ်ဖို့ ဆုတောင်းပေးပါ။

၁ ပေတရု ၂:၂၃– “စော်ကားခံရတဲ့အခါ [ယေရှု] ပြန်မစော်ကားဘူး။ ဆင်းရဲဒုက္ခခံရတဲ့အခါ မခြိမ်းခြောက်ဘူး။ ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့တယ်။”

အဓိပ္ပာယ်– မတရားမှုတွေကို ဖြေရှင်းပေးဖို့ ဘုရားထံ ယေရှု ပုံအပ်ခဲ့တယ်။

၁ ပေတရု ၃:၉– “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။”

အဓိပ္ပာယ်– လက်တုံ့ပြန်မယ့်အစား သဘောထားကွဲလွဲမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးစားပါ။

b ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ