ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၄၉
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၁

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၁
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို မခွဲမခွာစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၄၉
သင်ခန်းစာ ၄၉။ လူငယ်မောင်နှံက ပျော်ရွှင်တဲ့ သက်ကြီးမောင်နှံကို ကြည့်နေ။

သင်ခန်းစာ ၄၉

မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၁

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကြင်စဦးမောင်နှံတွေဟာ မင်္ဂလာဆောင်တဲ့နေ့ကစပြီး အမြဲ ပျော်ရွှင်သွားကြမယ်လို့ မျှော်လင့်တယ်။ ဒါ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သက်တမ်းကြာတဲ့၊ ကျမ်းစာအကြံဉာဏ်ကို ကြိုးစားလိုက်နာနေတဲ့ ခရစ်ယာန်တွေလည်း အဲဒီလို ယူဆကြတယ်။

၁။ လင်ယောက်ျားတွေကို ကျမ်းစာ ဘာအကြံဉာဏ် ပေးထားသလဲ။

ယေဟောဝါက လင်ယောက်ျားကို အိမ်ထောင်ဦးစီးအဖြစ် တာဝန်ပေးတယ်။ (ဧဖက် ၅:၂၃ ကို ဖတ်ပါ။) မိသားစုအတွက် ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ယေဟောဝါ လိုလားတယ်။ “ဇနီးကို ချစ်မြဲချစ်ကြပါ” လို့ လင်ယောက်ျားတွေကို ကျမ်းစာ အကြံပေးတယ်။ (ဧဖက် ၅:၂၅) ဘာကို ဆိုလိုသလဲ။ ဇနီးကိုချစ်တဲ့ ယောက်ျားဟာ လူရှေ့မှာကော၊ လူကွယ်ရာမှာပါ ဇနီးကို ကြင်နာတယ်။ အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်။ ဇနီးရဲ့ ကာယပိုင်း၊ စိတ်ပိုင်း လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်။ (၁ တိမောသေ ၅:၈) အရေးကြီးဆုံးဖြစ်တဲ့ ဝတ်ပြုရေးပိုင်း လိုအပ်ရာကိုလည်း ဖြည့်ဆည်းပေးတယ်။ (မဿဲ ၄:၄) ဇနီးနဲ့အတူ ဆုတောင်းတယ်၊ ကျမ်းစာ ဖတ်တယ်။ ဇနီးကို မေတ္တာနဲ့ ဂရုစိုက်ပေးတဲ့ လင်ယောက်ျားဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်။​—၁ ပေတရု ၃:၇ ကို ဖတ်ပါ။

၂။ ဇနီးတွေကို ကျမ်းစာ ဘာအကြံဉာဏ် ပေးထားသလဲ။

ဇနီးက “ခင်ပွန်းကို အလွန်ရိုသေရမယ်” လို့ ကျမ်းစာ အကြံပေးတယ်။ (ဧဖက် ၅:၃၃) ဘယ်လိုနည်းတွေနဲ့လဲ။ လင်ယောက်ျားရဲ့ အရည်အသွေးကောင်းတွေ၊ မိသားစုကို ကျွေးမွေးစောင့်ရှောက်ပုံတွေကို ပြန်တွေးနိုင်တယ်။ ခင်ပွန်းဟာ မယုံကြည်သူ ဖြစ်နေရင်တောင် သူ့ဆုံးဖြတ်ချက်ကို ထောက်ခံခြင်း၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းအားဖြင့် ရိုသေကြောင်း ပြနိုင်တယ်။

၃။ အိမ်ထောင်သာယာဖို့ ဘာလုပ်နိုင်သလဲ။

အိမ်ထောင်သည်တွေဟာ “တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” လို့ ကျမ်းစာ ဆိုထားတယ်။ (မဿဲ ၁၉:၅) ဒါက အချစ်လျော့စေတဲ့အရာမှန်သမျှကို ရှောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးရမယ်။ ခံစားချက်တွေ၊ စိတ်ကူးတွေကို ပွင့်ပွင့်လင်းလင်း၊ မေတ္တာပါပါ ရင်ဖွင့်ပြောဆိုရမယ်။ ယေဟောဝါကလွဲရင် ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ ကိုယ့်အိမ်ထောင်ဖက်ထက် ဦးစားမပေးရဘူး။ တခြားတစ်ယောက်နဲ့ ရင်းနှီးလွန်းတာမျိုး မဖြစ်ဖို့ အလွန် သတိထားရမယ်။

ရှာဖွေလေ တွေ့ရှိလေ

အိမ်ထောင်သာယာအောင် ကူညီပေးတဲ့ ကျမ်းစာမူတွေကို လေ့လာပါ။

လက်ကိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေတဲ့ မောင်နှံစုံ။ ပုံ။ ပျော်ရွှင်တဲ့မောင်နှံစုံတွေ အိမ်ထောင်သာယာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားကြ။ ဒီသင်ခန်းစာမှာ ပုံတွေ ထပ်ကျော့ထား။

၄။ ခင်ပွန်းတို့၊ ဇနီးကိုချစ်ပြီး ဂရုစိုက်ကြပါ

“ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဧဖက် ၅:​၂၈၊ ၂၉) ဘာကို ဆိုလိုသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ခင်ပွန်းတို့၊ ကိုယ့်ဇနီးကို ကိုယ်နဲ့ထပ်တူချစ်ပါ (၉:၅၃)

  • ဇနီးကို ချစ်ပြီး ဂရုစိုက်ကြောင်း ခင်ပွန်းသည် ဘယ်လို ပြနိုင်သလဲ။

ကောလောသဲ ၃:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အိမ်ထောင်မှာ လင်ယောက်ျားက ဒီအရည်အသွေးတွေကို ဘယ်လို ပြနိုင်သလဲ။

ဖျားလို့ အိပ်ရာထဲလဲနေတဲ့ ဇနီးအတွက် ခင်ပွန်းက လက်ဘက်ရည် ယူလာပေး။ မောင်နှံစုံ ပန်းကန်အတူဆေးနေ။ မောင်နှံစုံ ကျမ်းစာအတူလေ့လာနေ။ မောင်နှံစုံ စက်ဘီးအတူစီးနေ။ မောင်နှံစုံ ပြဿနာ အတူဖြေရှင်းနေ။

၅။ ဇနီးတို့၊ ခင်ပွန်းကို ချစ်ပြီး ရိုသေကြပါ

ဇနီးက လင်ယောက်ျားကို ရိုသေရမယ်လို့ ကျမ်းစာ အားပေးတယ်။ လင်ယောက်ျားက ယေဟောဝါကို ဝတ်ပြုသူဖြစ်စေ၊ ဝတ်မပြုသူဖြစ်စေ ရိုသေရမယ်။ ၁ ပေတရု ၃:၁၊ ၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • လင်ယောက်ျားက မယုံကြည်သူ ဖြစ်နေရင် ယေဟောဝါကို ဝတ်ပြုလာဖို့ သင် လိုလားမှာ သေချာတယ်။ ဘယ်လို ကူညီပေးရင် ပိုထိရောက်မလဲ။ သူ့ကို တစ်ချိန်လုံး ဟောနေတာလား။ ဒါမှမဟုတ် အမူအကျင့်ကောင်းတွေ ပြပြီး ရိုသေလေးစားတာလား။ ဘာကြောင့်လဲ။

ဇနီးမောင်နှံတွေ စိတ်တူကိုယ်တူ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ပါတယ်။ ဒါပေမဲ့ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့အခါတွေလည်း ရှိနိုင်တယ်။ အဲဒီအခါ ကိုယ့်သဘောထားကို အေးအေးဆေးဆေး၊ လေးလေးစားစား ပြောနိုင်တယ်။ ဒါပေမဲ့ မိသားစုအတွက် ဆုံးဖြတ်ချက်ကောင်း ချဖို့ လင်ယောက်ျားတွေကို ယေဟောဝါ တာဝန်ပေးထားမှန်း မမေ့ပါနဲ့။ လင်ယောက်ျားရဲ့ ဆုံးဖြတ်ချက်ကို အတတ်နိုင်ဆုံး ထောက်ခံသင့်တယ်။ ဒီနည်းနဲ့ အိမ်ထောင် သာယာအောင် ကူညီနိုင်တယ်။ ၁ ပေတရု ၃:၃-၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဇနီးက လင်ယောက်ျားကို ရိုသေတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရမယ် ထင်သလဲ။

၆။ အိမ်ထောင်ရေး ပြဿနာတွေ ပြေလည်နိုင်

ပြီးပြည့်စုံတဲ့ အိမ်ထောင်ရယ်လို့ မရှိပါဘူး။ ဒါကြောင့် ပြဿနာတွေကို အတူဖြေရှင်းရမယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲစေနိုင်ပုံ (၅:၄၄)

  • ဒီဗီဒီယိုထဲက လင်မယား အချစ်လျော့လာပြီဆိုတာ ဘယ်အချက်တွေက ဖော်ပြသလဲ။

  • အိမ်ထောင်နှောင်ကြိုး ခိုင်မြဲဖို့ သူတို့ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။

၁ ကောရိန္သု ၁၀:၂၄ နဲ့ ကောလောသဲ ၃:၁၃ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီအကြံဉာဏ်ကို လိုက်နာတာက အိမ်ထောင်ကို ဘယ်လို သာယာစေနိုင်သလဲ။

အချင်းချင်း ဂုဏ်တင်သင့်တယ်လို့ ကျမ်းစာက ဆိုတယ်။ ကြင်နာစွာ၊ လေးစားစွာ ဆက်ဆံခြင်းအားဖြင့် ဂုဏ်တင်ကြတယ်။ ရောမ ၁၂:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကိုယ့်အိမ်ထောင်ဖက်က စပြီးဂုဏ်တင်တာကို စောင့်သင့်သလား။ ဘာကြောင့်လဲ။

လူတချို့ အဆို။ “ငါတို့လင်မယား အရင်လို ချစ်ချစ်ခင်ခင် မရှိတော့ဘူး။”

  • ကျမ်းစာက ကူညီပေးနိုင်ကြောင်း ဘယ်လို ရှင်းပြမလဲ။

အနှစ်ချုပ်

ဇနီးမောင်နှံ အချင်းချင်း ချစ်မယ်၊ ရိုသေမယ်၊ ကျမ်းစာမူတွေကို လိုက်နာမယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်။

ပြန်လည်သုံးသပ်ခြင်း

  • အိမ်ထောင်သာယာဖို့ လင်ယောက်ျား ဘာလုပ်နိုင်သလဲ။

  • အိမ်ထောင်သာယာဖို့ ဇနီး ဘာလုပ်နိုင်သလဲ။

  • သင်ဟာ အိမ်ထောင်သည်ဆိုရင် ဘယ်ကျမ်းစာမူတွေက သင့်အိမ်ထောင်ကို ကူညီပေးနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

မိသားစု ပျော်ရွှင်နိုင်ဖို့ လက်တွေ့ကျ အကြံပြုချက်တွေကို ရှာပါ။

ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲ (စာစောင်)

အိမ်ထောင်မှာ ဘုရားအကြံဉာဏ်ကို လိုက်နာတဲ့အတွက် ကောင်းချီးခံစားရပုံကို ဒီတေးဗီဒီယိုမှာ ကြည့်ပါ။

အချစ်စစ် (၄:၂၆)

ယောက်ျားရဲ့ ဦးစီးမှုကို လက်အောက်ခံတယ်ဆိုတာ ဘာကိုဆိုလိုသလဲ ဖတ်ကြည့်ပါ။

“အမျိုးသမီးများ၊ အဘယ်ကြောင့် ဦးစီးမှုကို လက်အောက်ခံရ” (ကင်းမျှော်စင် မေ ၁၅၊ ၂၀၁၀)

အိမ်ထောင်ရေး ပြိုကွဲစေခဲ့တဲ့ပြဿနာတွေကို မောင်နှံတစ်စုံ ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။

ဘုရားအကူအညီနဲ့ အိမ်ထောင်ကို ပြန်တည်ဆောက်ခဲ့ (၅:၁၄)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ