-
အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်ကင်းမျှော်စင်—၂၀၀၅ | မတ် ၁
-
-
၁၅၊ ၁၆။ ခရစ်ယာန်ဇနီးသည်၏ အဘယ်အမူအကျင့်က မယုံကြည်သူလင်ယောက်ျားအား မိမိဘက်ပါလာကောင်း ပါလာစေနိုင်သနည်း။
၁၅ အဘယ်အမူအကျင့်မျိုးက လင်ယောက်ျားကို မိမိဘက်ပါလာစေနိုင်သနည်း။ ခရစ်ယာန်အမျိုးသမီးများ ပင်ကိုသဘာဝအရ ဂရုစိုက်ပြုစုကြသည့် အမူအကျင့်မျိုးဖြစ်သည်။ ပေတရုက ဤသို့ဆိုသည်– “သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။ ဘုရားသခင်ကိုကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို ‘သခင်’ ဟုခေါ်ဝေါ်၍ သူ၏စကားကိုနားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။”—၁ ပေတရု ၃:၃-၆။
-
-
အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်ကင်းမျှော်စင်—၂၀၀၅ | မတ် ၁
-
-
၁၇။ ခရစ်ယာန်ဇနီးများအတွက် စာရာသည် မည်သို့ပုံသက်သေကောင်းဖြစ်သနည်း။
၁၇ စာရာသည် စံနမူနာရှင်အဖြစ် သတ်မှတ်ခံရ၏၊ ခရစ်ယာန်ဇနီးသည်များ၏ လင်ယောက်ျားတို့သည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ သူတို့အတွက် စာရာသည် ပုံသက်သေကောင်းဖြစ်၏။ အာဗြဟံကို မိမိ၏ဦးခေါင်းအဖြစ် စာရာရှုမြင်ခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ သူ၏နှလုံးထဲ၌ပင် သူ့ကို “သခင်” ဟုခေါ်ဆိုခဲ့၏။ (ကမ္ဘာဦး ၁၈:၁၂) ထိုသို့ခေါ်ဆိုခဲ့သဖြင့် သူ သိမ်ငယ်မသွားပါ။ စာရာကိုယ်တိုင် ယေဟောဝါအား ယုံကြည်စိတ်ချမှု အပြည့်ရှိသူဖြစ်ရာ သူသည် ဝိညာဉ်ရေးခိုင်ခံ့သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားပါသည်။ အမှန်မှာ၊ ‘ကျွန်ုပ်တို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေး’ ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်အားပေးသည့် ယုံကြည်ခြင်းဆိုင်ရာပုံသက်သေချမှတ်ခဲ့သူ “များစွာသော သက်သေအပေါင်းတို့” တွင် စာရာသည်လည်း တစ်ဦးပါဝင်သည်။ (ဟေဗြဲ ၁၁:၁၁; ၁၂:၁) ခရစ်ယာန်ဇနီးသည်တစ်ဦး စာရာနှင့်တူခြင်းသည် သိက္ခာကျသွားသည်မဟုတ်ပါ။
-