ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းနိုင်!
    ကင်းမျှော်စင်—၂၀၀၅ | ဇွန် ၁၅
    • ‘ဘုရားသခင်၏ မခံစားထိုက်သောကြင်နာမှုကို နည်းမျိုးစုံဖြင့် ထင်ရှားပြ’

      ခရစ်ယာန်များသည် “အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရ” ကြောင်း တမန်တော်ပေတရု ဖော်ပြ၏။ (၁ ပေတရု ၁:၇) နောက်ပိုင်းတွင် သူ၏မှုတ်သွင်းခံစာစောင်၌ ‘ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှု’ ကို ‘နည်းမျိုးစုံဖြင့် ထင်ရှားပြသည်’ ဟုဖော်ပြခဲ့သည်။ (၁ ပေတရု ၄:၁၀၊ ကဘ) “နည်းမျိုးစုံဖြင့်” ဟူသောစကားစုသည် မူရင်းဂရိစကားလုံးပုံစံနှင့် ဆင်တူ၏။ ဤအသုံးအနှုန်းနှင့်ပတ်သက်၍ ကျမ်းပညာရှင်တစ်ဦး ဤသို့မှတ်ချက်ချ၏– “တကယ့်ကို မယုံနိုင်စရာ အယူအဆပဲ။ . . . ဘုရားသခင်ရဲ့ကျေးဇူးတော် [တစ်နည်းအားဖြင့် မခံစားထိုက်သောကြင်နာမှု] ကို ပိုင်ကီလို့စ်ဖြစ်တယ်လို့ ဆိုတဲ့အတွက် ဘုရားသခင့်ကျေးဇူးတော် မဖြေရှင်းပေးနိုင်တဲ့ အခြေအနေမျိုးမရှိဘူးလို့ ဆိုနေတာပဲ။ ဘုရားသခင့်ကျေးဇူးတော် မဖြေရှင်းနိုင်တဲ့၊ ဘုရားသခင့်ကျေးဇူးတော် အနိုင်မယူနိုင်တဲ့ အခြေအနေ၊ အကျပ်အတည်း၊ အရေးပေါ်အခြေအနေ ဒါမှမဟုတ် လိုအပ်ချက်ရယ်လို့ မရှိပါဘူး။ ဘဝမှာ ဘုရားသခင့်ကျေးဇူးတော် မဖြေရှင်းနိုင်တဲ့အရာ မရှိဘူး။ ဒါကြောင့် ကွင်းကွင်းကွက်ကွက်ပေါ်လွင်တဲ့ ပိုင်ကီလို့စ်ဆိုတဲ့ ဒီစကားလုံးဟာ အရာရာကိုတတ်နိုင်တဲ့ အရောင်အသွေးမျိုးစုံရှိတဲ့ ဘုရားသခင့်ကျေးဇူးတော်ကိုပဲ တန်းပြီးအမှတ်ရစေတယ်။”

      စမ်းသပ်မှုများနှင့်လိုက်ဖက်သော ကြင်နာမှု

      ပေတရု၏အဆိုအရ မခံစားထိုက်သောကြင်နာမှုကို ဘုရားသခင်ထင်ရှားပြသော နည်းတစ်နည်းမှာ ခရစ်ယာန်အသင်းတော်ကို ဖွဲ့စည်းထားသည့် လူအသီးသီးတို့အားဖြင့်ဖြစ်၏။ (၁ ပေတရု ၄:၁၁) ဘုရားသခင့်ကျေးကျွန်တစ်ဦးစီသည် စမ်းသပ်ခံနေရသူများအတွက် အားပေးမှုရင်းမြစ်ဖြစ်နိုင်သည့် ဝိညာဉ်ဆုကျေးဇူး သို့မဟုတ် စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ (ရောမ ၁၂:၆-၈) သာဓကအနေနှင့် အသင်းတော်သားတချို့သည် ကျမ်းစာသွန်သင်ပေးရာတွင် ထူးချွန်ကြသည်။ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုရှိသော စကားများက အခြားသူများကို ခံနိုင်ရည်ရှိရန် လှုံ့ဆော်ပေးသည်။ (နေဟမိ ၈:၁-၄၊ ၈၊ ၁၂) အခြားသူတို့မူ အကူအညီလိုအပ်နေသူများ၏ အိမ်သို့ မှန်မှန်လည်ပတ်ကြသည်။ ထိုသို့သော လည်ပတ်မှုများသည် “စိတ်နှလုံးသက်သာစေ” ၍အားရှိစေ၏။ (ကောလောသဲ ၂:၂) ကြီးကြပ်မှူးများသည် ထိုသို့ ယုံကြည်ခြင်းခိုင်ခံ့စေသော လည်ပတ်မှုများပြုလုပ်သည့်အခါ ဝိညာဉ်ဆုကျေးဇူး ပေးကမ်းကြ၏။ (ယောဟန် ၂၁:၁၆) စမ်းသပ်မှုများကြောင့် ဝမ်းနည်းပူဆွေးနေသော ယုံကြည်သူချင်းတို့ကို လှိုက်လှဲကြင်နာစွာ၊ နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်သူများအဖြစ် လူသိများသူတချို့လည်း အသင်းတော်တွင်ရှိ၏။ (တမန်တော် ၄:၃၆; ရောမ ၁၂:၁၀; ကောလောသဲ ၃:၁၀) ထိုသို့မေတ္တာပြည့်ဝသော ညီအစ်ကို/မများ၏ စာနာမှုနှင့် အားတက်သရောကူညီမစမှုတို့သည် ဘုရားသခင့်မခံစားထိုက်သောကြင်နာမှု၏ ထူးခြားချက် သို့မဟုတ် “အရောင်အသွေး” ဖြစ်သည်။—သု. ၁၂:၂၅; ၁၇:၁၇။

  • အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းနိုင်!
    ကင်းမျှော်စင်—၂၀၀၅ | ဇွန် ၁၅
    • မှန်ပါသည်၊ ကျွန်ုပ်တို့ခံရသောစမ်းသပ်မှုသည် မည်သည့် “အရောင်အသွေး၊” မည်သည့်သဘောသဘာဝပင်ရှိပါစေ၊ ယင်းနှင့်လိုက်ဖက်သော ဘုရားသခင်၏ မခံစားထိုက်သောကြင်နာမှု “အရောင်အသွေး” သို့မဟုတ် ထင်ရှားဖော်ပြချက် အမြဲရှိပါလိမ့်မည်။ (ယာကုပ် ၁:၁၇) သွေးဆောင်မှုများနှင့် စိန်ခေါ်ချက်များ မည်မျှပင်အမျိုးစုံပါစေ၊ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအတွက် သင့်တော်သောကူညီမစမှုကို အချိန်ကိုက်ပေးတော်မူခြင်းက “ဘုရားသခင်၏အထူးထူးအပြားပြားသော ပညာတော်” သာဓကတစ်ခုမျှသာဖြစ်သည်။ (ဧဖက် ၃:၁၁၊ သမ္မာ) အသင် သဘောမတူပေလော။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ