ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တည်ကြည်သောကျွန် စမ်းသပ်မှုအောင်!
    ကင်းမျှော်စင်—၂၀၀၄ | မတ် ၁
    • ၁၅၊ ၁၆။ (က) အဘယ်အချိန်တွင် စာရင်းရှင်းချိန် ရောက်လာသနည်း။ (ခ) တည်ကြည်သောသူများ “ကုန်သွယ်ခြင်းကိုပြုရန်” အဘယ်အခွင့်အရေးအသစ်ကို အပ်နှင်းခံခဲ့ရသနည်း။

      ၁၅ ပုံဥပမာကို ဤသို့ဆက်ဖော်ပြ၏– “ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏အရှင်သည်လာ၍ သူတို့ကို စာရင်းယူလေ၏။” (မဿဲ ၂၅:၁၉) စီ.အီး. ၃၃ ခုနှစ်နောက်ပိုင်း ကြာရှည်သောအချိန်ကုန်လွန်ခဲ့ပြီးနောက် ၁၉၁၄ ခုနှစ်တွင် ခရစ်တော်ယေရှုသည် ဘုရင်အဖြစ် စတင်ရောက်ရှိခဲ့သည်။ သုံးနှစ်ခွဲကြာပြီးနောက်၊ ၁၉၁၈ ခုနှစ်တွင် ဘုရားသခင်၏ ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်သို့ ကိုယ်တော်ကြွလာခဲ့ပြီး ပေတရု၏ဤစကားများ ပြည့်စုံခဲ့သည်– “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသောအချိန်ရှိပြီ။” (၁ ပေတရု ၄:၁၇; မာလခိ ၃:၁) စာရင်းရှင်းရန်အချိန်ဖြစ်ခဲ့သည်။

  • တည်ကြည်သောကျွန် စမ်းသပ်မှုအောင်!
    ကင်းမျှော်စင်—၂၀၀၄ | မတ် ၁
    • မဿဲအခန်းကြီး ၂၄ နှင့် ၂၅ တို့၌ မတူညီသော သဘောများဖြင့် ယေရှု “ကြွလာ” ခြင်းအကြောင်း ဖော်ပြထားသည်။ ကိုယ်တော် “ကြွလာ” ရန်အလို့ငှာ ပကတိ ရွေ့ရှားရန် မလိုအပ်ပါ။ ယင်းအစား ကိုယ်တော်သည် အများအားဖြင့် တရားစီရင်ရန်အတွက် လူသားများ သို့မဟုတ် မိမိ၏တပည့်များအပေါ် အာရုံလှည့်လိုက်ခြင်းသဘောဖြင့် “ကြွလာ” တော်မူသည်။ သို့ဖြစ်၍ ၁၉၁၄ ခုနှစ်တွင် နန်းထိုင်ဘုရင်အဖြစ် ကိုယ်တော်၏ရောက်ရှိခြင်းကို အစပြုရန် “ကြွလာ” ခဲ့သည်။ (မဿဲ ၁၆:၂၈; ၁၇:၁; တမန်တော် ၁:၁၁) ၁၉၁၈ ခုနှစ်တွင် ပဋိညာဉ်တမန်တော်အဖြစ် ကိုယ်တော် “ကြွလာ” ခဲ့ပြီး ယေဟောဝါ၏အမှုတော်ဆောင်သည်ဟု ဆိုကြသူများကို စတင် စစ်ကြောခဲ့သည်။ (မာလခိ ၃:၁-၃; ၁ ပေတရု ၄:၁၇) အာမဂေဒုန်တွင် ယေဟောဝါ၏ရန်သူများကို တရားစီရင်ရန် ကိုယ်တော် “ကြွလာ” တော်မူလိမ့်မည်။—ဗျာ. ၁၉:၁၁-၁၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ