ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၂၀
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “အကြီးအကဲတွေကို ခေါ်ပါ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဦးဆောင်သူတို့၏စကားကို နားထောင်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၂၀
သင်ခန်းစာ ၂၀။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးမှာ ညီအစ်ကိုတစ်ယောက် မေးခွန်းမေးနေ။ ပရိသတ်တချို့ လက်ထောင်နေ။

သင်ခန်းစာ ၂၀

အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဟောဝါဟာ စည်းစနစ်ရှိတဲ့ဘုရား ဖြစ်တယ်။ (၁ ကောရိန္သု ၁၄:၃၃) ဘုရားလူမျိုးကိုလည်း စည်းစနစ်တကျ ဖွဲ့စည်းထားမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ခရစ်ယာန်အသင်းတော်ကို ဘယ်လို ဖွဲ့စည်းထားသလဲ။ အသင်းတော် စည်းစနစ်တကျ ရှိစေဖို့ ဘယ်လို ကူညီနိုင်ကြသလဲ။

၁။ အသင်းတော်ကို ဘယ်သူ ဦးဆောင်နေသလဲ။

“ခရစ်တော်ဟာ အသင်းတော်ရဲ့ ဦးခေါင်း” ဖြစ်တယ်။ (ဧဖက် ၅:၂၃) ကမ္ဘာတစ်ဝန်းက ယေဟောဝါလူမျိုးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းကင်ကနေ ကြီးကြပ်ပေးနေတယ်။ ဝါရင့်အကြီးအကဲတစ်စုကို “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” အဖြစ် ယေရှု ခန့်အပ်တယ်။ သူတို့ကို အုပ်ချုပ်ရေးအဖွဲ့လို့လည်း ခေါ်တယ်။ (မဿဲ ၂၄:​၄၅-၄၇ ကို ဖတ်ပါ။) ပထမရာစု၊ ဂျေရုဆလင်မှာရှိတဲ့ တမန်တော်တွေနဲ့ အကြီးအကဲတွေလိုပဲ အုပ်ချုပ်ရေးအဖွဲ့ကလည်း ကမ္ဘာတစ်ဝန်းက အသင်းတော်တွေကို လမ်းညွှန်နေတယ်။ (တမန်တော် ၁၅:၂) ဒါပေမဲ့ ဒီညီအစ်ကိုတွေဟာ အဖွဲ့အစည်းကို ဦးဆောင်သူတွေ မဟုတ်ကြဘူး။ ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ကျမ်းစာကို ဖတ်တယ်။ ယေရှုရဲ့ ဦးဆောင်မှုကို လိုက်နာကြတယ်။

၂။ အကြီးအကဲတွေဟာ ဘယ်သူတွေလဲ။ သူတို့ရဲ့တာဝန်က ဘာလဲ။

အကြီးအကဲတွေဟာ ဝါရင့် ခရစ်ယာန်အမျိုးသားတွေပါ။ ဘုရားလူမျိုးကို ကျမ်းစာအကြောင်း သွန်သင်ပြီး အားပေးကူညီတယ်။ လခစားတွေ မဟုတ်ကြဘူး။ ‘ဘုရားရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်သူတွေ၊ မသမာတဲ့နည်းနဲ့ အမြတ်ထုတ်ချင်လို့ မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်သူတွေ’ ဖြစ်တယ်။ (၁ ပေတရု ၅:​၁၊ ၂) အသင်းတော်အမှုထမ်းတွေဆိုတာ အကြီးအကဲတွေကို ကူညီပေးသူတွေ၊ နောင်တစ်ချိန် အကြီးအကဲဖြစ်လာနိုင်သူတွေပါ။

အုပ်ချုပ်ရေးအဖွဲ့က အကြီးအကဲတချို့ကို တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်တွေဆီ လည်ပတ်ပြီး လမ်းညွှန်တယ်၊ အားပေးတယ်။ ကျမ်းစာတောင်းဆိုချက် ပြည့်မီသူတွေကို အကြီးအကဲ၊ အသင်းတော်အမှုထမ်းအဖြစ် ခန့်အပ်ပေးတယ်။​—၁ တိမောသေ ၃:​၁-၁၀၊ ၁၂။ တိတု ၁:​၅-၉။

၃။ သက်သေခံတစ်ဦးစီရဲ့ တာဝန်က ဘာလဲ။

အသင်းတော်မှာ ရှိတဲ့သူအားလုံးက အစည်းအဝေးတွေမှာ ပါဝင်ခြင်း၊ အတတ်နိုင်ဆုံး ဟောပြောခြင်းအားဖြင့် ‘ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းကြတယ်။’​—ဆာလံ ၁၄၈:​၁၂၊ ၁၃ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ယေရှုဟာ ဘယ်လို ခေါင်းဆောင်မျိုးလဲ၊ အကြီးအကဲတွေ ဘယ်လို အတုယူနေကြသလဲ၊ ယေရှုကို နာခံပြီး အကြီးအကဲတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ လေ့လာပါ။

၄။ ယေရှုဟာ လန်းဆန်းစေတဲ့ ခေါင်းဆောင်ဖြစ်

ယေရှုရဲ့ လှိုက်လှဲတဲ့ ဖိတ်ခေါ်ချက်ကို မဿဲ ၁၁:၂၈-၃၀ မှာ ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုဟာ ဘယ်လို ခေါင်းဆောင်မျိုးလဲ၊ ကျွန်တော်တို့ကို ဘယ်လို ခံစားစေချင်သလဲ။

ယေရှုရဲ့ စံနမူနာကို အကြီးအကဲတွေ ဘယ်လို အတုယူကြသလဲ။ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ နီပေါငလျင်ဘေး အကြီးအကဲများ ကူညီပေး (၄:၅၆)

အကြီးအကဲတွေ ဘယ်လို အမှုဆောင်သင့်ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။

ဟေရှာယ ၃၂:၂ နဲ့ ၁ ပေတရု ၅:၁-၃ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေရှုလိုပဲ အကြီးအကဲတွေဟာ တခြားသူတွေကို လန်းဆန်းစေမှန်း သိရလို့ ဘယ်လို ခံစားရပါသလဲ။

  • ယေရှုရဲ့ စံနမူနာကို အကြီးအကဲတွေ ဘယ်နည်းတွေနဲ့ အတုယူကြသလဲ။

၅။ အကြီးအကဲတွေ ပုံသက်သေနဲ့ သင်ပေးကြ

ယေရှုက အကြီးအကဲတွေကို မိမိတို့တာဝန်နဲ့ပတ်သက်ပြီး ဘယ်လို သဘောထားစေချင်သလဲ။ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ အကြီးအကဲတို့ ဦးဆောင်ကြပါ (၇:၃၉)

အသင်းတော်မှာ ဦးဆောင်သူတွေအတွက် ယေရှု စံနှုန်းချပေးတယ်။ မဿဲ ၂၃:၈-၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အကြီးအကဲတွေအတွက် ကျမ်းစာစံနှုန်းက ဘာလဲ။ ဒီစံနှုန်းကို ဘာသာရေးခေါင်းဆောင်တွေ လိုက်နာနေတယ် ထင်သလား။

က။ ပုံ။ အကြီးအကဲတစ်ဦး ကိုယ်တိုင်နဲ့ မိသားစု ယုံကြည်ခြင်း ခိုင်မြဲဖို့ ဂရုစိုက်။ ၁။ ကျမ်းစာ မဖတ်ခင် ဆုတောင်း။ ၂။ သမီးငယ်ကို ဇနီးနဲ့အတူ ကျမ်းစာ သင်ပေးနေ။ ခ။ အဲဒီအကြီးအကဲနဲ့ ဇနီးက ဆေးရုံတက်နေတဲ့ ညီအစ်မတစ်ယောက်ဆီ လည်ပတ်နေ။ ဂ။ အကြီးအကဲက အိမ်ရှင်တစ်ယောက်ကို ဟောနေ။ ဃ။ ပုံ။ ၁။ အကြီးအကဲက အစည်းအဝေးမှာ ဟောပြောချက် ပေးနေ။ ၂။ နိုင်ငံတော်ခန်းမမှာ ကြမ်းတိုက်နေ။
  1. က။ ကိုယ်တိုင်နဲ့ မိသားစု ယုံကြည်ခြင်း ခိုင်မြဲဖို့ အကြီးအကဲတွေ ကြိုးစား

  2. ခ။ အသင်းတော်မှာ ရှိတဲ့သူအားလုံးကို အကြီးအကဲတွေ ဂရုစိုက်

  3. ဂ။ အကြီးအကဲတွေ ပုံမှန် ဟောပြောကြ

  4. ဃ။ အကြီးအကဲတွေ သွန်သင်ပေးကြ။ သန့်ရှင်းရေးအလုပ်တွေမှာလည်း ကူညီကြ

၆။ အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ

အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်သင့်တဲ့ အဓိကအကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြတယ်။ ဟီဘရူး ၁၃:၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဦးဆောင်သူတွေကို နာခံပါ၊ လက်အောက်ခံပါလို့ ကျမ်းစာ ဘာကြောင့် အားပေးသလဲ။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။

လုကာ ၁၆:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အသေးအဖွဲကိစ္စတွေမှာတောင် အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

လူတချို့ အဆို။ “ဘာသာရေးအဖွဲ့တစ်ခုထဲ ဝင်စရာ မလိုပါဘူး။”

  • အသင်းတော်နဲ့အတူ ဘုရားကို ဝတ်ပြုတာက ဘယ်လို အကျိုးရနိုင်မယ် ထင်သလဲ။

အနှစ်ချုပ်

ယေရှုဟာ အသင်းတော်ရဲ့ ဦးခေါင်း ဖြစ်တယ်။ ယေရှုလက်အောက်က အကြီးအကဲတွေဟာ လန်းဆန်းစေပြီး ပုံသက်သေနဲ့ သင်ပေးနေတဲ့အတွက် ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်ကြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • အသင်းတော်ကို ဘယ်သူ ဦးဆောင်နေသလဲ။

  • အသင်းတော်ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။

  • ယေဟောဝါကို ဝတ်ပြုသူတွေမှာ ဘာတာဝန် ရှိသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ညီအစ်ကို/မတွေကို အုပ်ချုပ်ရေးအဖွဲ့နဲ့ အကြီးအကဲတွေ ဂရုစိုက်ပုံကို ရှုစားကြည့်ပါ။

ပိတ်ပင်မှုအောက် ခွန်အားရှိစေ (၄:၂၂)

တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ ဘဝကို လေ့လာကြည့်ပါ။

ကျေးလက်ဒေသ တိုက်နယ်ကြီးကြပ်မှူးဘဝ (၄:၅၁)

အသင်းတော်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖတ်ကြည့်ပါ။

‘ယေဟောဝါသက်သေတွေမှာ အမျိုးသမီးအမှုဆောင်တွေ ရှိသလား’ (ကင်းမျှော်စင် စက်တင်ဘာ ၁၊ ၂၀၁၂)

ညီအစ်ကို/မတွေကို အားပေးဖို့ အကြီးအကဲတွေ ကြိုးစားနေပုံကို ဖတ်ကြည့်ပါ။

“ခရစ်ယာန်အကြီးအကဲများ​—‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’” (ကင်းမျှော်စင် ဇန်နဝါရီ ၁၅၊ ၂၀၁၃)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ