ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ငါ့စိတ်နှလုံးနဲ့ကိုက်ညီတဲ့ သိုးထိန်းတွေ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
    • ၄။ ဘယ်သူတွေက ဘုရားသခင့်သိုးအုပ်ကို ဂရုစိုက်စောင့်ရှောက်နေသလဲ။ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့လဲ။

      ၄ ယေဟောဝါရဲ့ကတိဟာ သူ့သိုးတွေကိုထိန်းကျောင်းတဲ့သိုးထိန်းချုပ် ယေရှုဆီမှာ အကြီးစားပြည့်စုံခဲ့တယ်။ ယေရှုဟာ ခရစ်ယာန်အသင်းတော်ရဲ့ ဦးခေါင်းဖြစ်လာတယ်။ ယေရှုက သူ့ကိုယ်သူ “သိုးထိန်းကောင်း” လို့ခေါ်ခဲ့ပြီး သူဦးဆောင်တဲ့သူတွေကိုလည်း တကယ်သနားကြင်နာမှုပြခဲ့တယ်။ (ယော. ၁၀:၁၁-၁၅) ဒီနေ့အချိန်မှာ ယေဟောဝါက ယေရှုရဲ့လက်အောက်မှာရှိတဲ့ သိုးထိန်းတွေကိုသုံးပြီး မြေကြီးပေါ်ကသိုးအုပ်ကို ဂရုစိုက်စောင့်ရှောက်နေတယ်။ အဲဒီသိုးထိန်းတွေထဲမှာ သစ္စာနဲ့သတိပညာရှိကျွန်အတန်းအစားက ဘိသိက်ပေးခံရတဲ့ညီအစ်ကိုတွေနဲ့ “လူအုပ်ကြီး” ထဲက တာ၀န်ကျေပွန်တဲ့အကြီးအကဲတွေ ပါဝင်တယ်။ (ဗျာ. ၇:၉) အဲဒီသိုးထိန်းတွေဟာ ယေရှုရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ကြိုးစားတင်ပြနေကြတယ်။ သူတို့က ခရစ်တော်ကိုအတုယူတဲ့အနေနဲ့ အသင်းတော်ကို ချစ်မြတ်နိုးပြီး ကျွေးမွေးနေကြတယ်။ ညီအစ်ကိုတွေကို လျစ်လျူရှုတဲ့၊ နိုင်လိုမင်းထက်ပြုတဲ့၊ ကြမ်းတမ်းတဲ့၊ မောက်မာတဲ့ ဘယ်သိုးထိန်းမဆို အဖြစ်ဆိုးကြုံရပါလိမ့်မယ်။ (မ. ၂၀:၂၅-၂၇; ၁ ပေ. ၅:၂၊ ၃) ဒီနေ့အချိန်မှာ ခရစ်ယာန်သိုးထိန်းတွေဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။ တာဝန်တွေထမ်းဆောင်တဲ့အခါ အကြီးအကဲတွေမှာရှိသင့်တဲ့ သဘောထားတွေ၊ စိတ်ရင်းတွေနဲ့ပတ်သက်ပြီး ယေရမိရဲ့ရေးသားချက်တွေကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ ကူညီပေးတဲ့သူ၊ ကာကွယ်စောင့်ရှောက်ပေးတဲ့သူ၊ အသင်းတော်အတွင်းမှာရော အပြင်မှာပါ သွန်သင်ပေးတဲ့သူ၊ စီရင်ဆုံးဖြတ်ပေးတဲ့သူအဖြစ် အကြီးအကဲတွေရဲ့ကဏ္ဍတွေကို သုံးသပ်ကြည့်ကြစို့။

  • “ငါ့စိတ်နှလုံးနဲ့ကိုက်ညီတဲ့ သိုးထိန်းတွေ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
    • ၆ ပကတိသိုးထိန်းတွေလိုပဲ ခရစ်ယာန်ကြီးကြပ်မှူးတွေဟာ အသင်းတော်ကိုဂရုစိုက်ရတဲ့တာဝန်ကို ပေါ့ပေါ့ဆဆသဘောမထားသင့်ဘူး။ သင်ဟာ အကြီးအကဲတစ်ဦးဖြစ်မယ်ဆိုရင် သင့်ညီအစ်ကိုညီအစ်မတွေ ဒုက္ခရောက်နေတယ်ဆိုတဲ့ အရိပ်အကဲတစ်ခုခုကိုမြင်တတ်ဖို့ ကြိုးစားနေသလား။ သူတို့ကို ချက်ချင်းကူညီချင်တဲ့စိတ် ရှိသလား။ ပညာရှိဘုရင်ရှောလမုန်က “သင်၏သိုးစုအကြောင်းတို့ကိုသိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့” လို့ရေးခဲ့တယ်။ (သု. ၂၇:၂၃) အဲဒီအခန်းငယ်က ပကတိသိုးထိန်းတွေရဲ့ လုံ့လရှိမှုကို အလေးပေးဖော်ပြပေမဲ့ အသင်းတော်ကိုစောင့်ရှောက်နေတဲ့ ပုံဆောင်သိုးထိန်းတွေနဲ့လည်း သက်ဆိုင်တယ်။ သင်ဟာ အကြီးအကဲတစ်ဦးဖြစ်မယ်ဆိုရင် တခြားသူတွေအပေါ် လွှမ်းမိုးချင်တဲ့ဆန္ဒကို သတိရှိရှိ တိုက်ထုတ်နေသလား။ “ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရ” ပြုတဲ့အကြောင်း ပေတရုပြောခဲ့တာကိုကြည့်ရင် အကြီးအကဲတစ်ယောက်က အဲဒီလိုအစိုးတရပြုမိနိုင်တယ်ဆိုတာ သိနိုင်တယ်။ ယေရမိ ၃၃:၁၂ မှာဖော်ပြထားတဲ့အတိုင်း သင်က သိုးအုပ်ကို ဘယ်လိုနားနေစေနိုင်မလဲ။ (ကျမ်းချက်ဖတ်ပါ။b) ကြင်ဖော်မဲ့မိဘတွေ၊ မုဆိုးဖိုမုဆိုးမတွေ၊ မိထွေးပထွေးရှိတဲ့မိသားစုတွေ၊ အသက်ကြီးသူတွေနဲ့ လူငယ်တွေက အထူးဂရုစိုက်မှုနဲ့ အကူအညီလိုအပ်နေနိုင်တယ်။

      စာမျက်နှာ ၁၃၀ ပါရုပ်ပုံ
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ