ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၆
  • အသင်းတော်မှာ စည်းလုံးမှုရှိဖို့ ကြိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်မှာ စည်းလုံးမှုရှိဖို့ ကြိုးစားပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ညီအစ်ကို/မတွေနဲ့ ရင်းနှီးနေတာ အကျိုးရှိ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ‘ကလေးငယ်နဲ့ တူတဲ့ လူတွေကို’ တိုက်မိမလဲပါစေနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဤနောက်ဆုံးသောကာလအတွင်း၌ စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၆
သင်ခန်းစာ ၅၆။ လူမျိုးမတူတဲ့ ညီအစ်မနှစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်နေကြ။

သင်ခန်းစာ ၅၆

အသင်းတော်မှာ စည်းလုံးမှုရှိဖို့ ကြိုးစားပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျွန်တော်တို့ဟာ ညီအစ်ကို/မတွေနဲ့အတူ ရှိနေတဲ့အခါ ဘုရင်ဒါဝိဒ်လိုပဲ “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ” လို့ ခံစားရတယ်။ (ဆာလံ ၁၃၃:၁) ဒီစည်းလုံးမှုဟာ အလိုအလျောက် ဖြစ်လာတာ မဟုတ်ဘူး။ စည်းလုံးမှုရှိဖို့ ယောက်စီယောက်တိုင်း ကြိုးစားရတယ်။

၁။ ဘုရားလူမျိုးမှာ ဘာထူးခြားချက် ရှိသလဲ။

နိုင်ငံရပ်ခြားက အသင်းတော်အစည်းအဝေးကို သွားတက်တဲ့အခါ သူတို့ရဲ့ ဘာသာစကားကို နားမလည်ပေမဲ့ သက်သောင့်သက်သာ ခံစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာပေတစ်မျိုးတည်းကို သုံးပြီး ကျမ်းစာ လေ့လာနေကြလို့၊ အချင်းချင်းချစ်ဖို့ ကြိုးစားနေကြလို့ပဲ။ ကျွန်တော်တို့ ဘယ်မှာပဲ နေထိုင်ပါစေ ‘ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းကြတယ်။ စည်းလုံးစွာ ဝတ်ပြု’ ကြတယ်။​—ဇေဖနိ ၃:၉။

၂။ စည်းလုံးမှုရှိအောင် ဘာလုပ်နိုင်သလဲ။

“အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။” (၁ ပေတရု ၁:၂၂) ဒီအကြံပြုချက်ကို ဘယ်လို လိုက်နာနိုင်သလဲ။ တခြားသူတွေရဲ့ အားနည်းချက်ကို အာရုံစိုက်မဲ့အစား ကောင်းကွက်တွေကို ရှာပါ။ အကြိုက်ချင်းတူသူတွေနဲ့ပဲ ပေါင်းမဲ့အစား နောက်ခံမတူတဲ့ ညီအစ်ကို/မတွေနဲ့လည်း ရင်းနှီးအောင် ကြိုးစားပါ။ ခွဲခြားဆက်ဆံတဲ့စိတ် နည်းနည်းမှ မကျန်အောင် ကြိုးစားပါ။​—၁ ပေတရု ၂:၁၇ ကို ဖတ်ပါ။a

၃။ ညီအစ်ကို/မတစ်ယောက်နဲ့ သဘောထားကွဲလွဲတဲ့အခါ ဘာလုပ်ရမလဲ။

ကျွန်တော်တို့ဟာ စည်းလုံးပေမဲ့ ပြည့်ဝစုံလင်သူတွေ မဟုတ်ကြဘူး။ တစ်ခါတလေ အချင်းချင်း စိတ်ပျက်အောင်၊ စိတ်နာအောင် လုပ်မိကြတယ်။ ဒါကြောင့် ‘အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ၊ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ’ လို့ ကျမ်းစာက ဆိုတယ်။ (ကောလောသဲ ၃:၁၃ ကို ဖတ်ပါ။) ယေဟောဝါဘုရား စိတ်ထိခိုက်အောင် ကျွန်တော်တို့ အကြိမ်ကြိမ် လုပ်မိပေမဲ့ ဘုရား ခွင့်လွှတ်ပေးတယ်။ ကျွန်တော်တို့ကိုလည်း အဲဒီလိုပဲ ခွင့်လွှတ်စေချင်တယ်။ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိရင် ကိုယ့်ဘက်ကစပြီး ပြေလည်အောင် လုပ်ဆောင်ပါ။​—မဿဲ ၅:​၂၃၊ ၂၄ ကို ဖတ်ပါ။b

ရှာဖွေလေ တွေ့ရှိလေ

အသင်းတော်မှာ စည်းလုံးမှုနဲ့ ငြိမ်သက်မှု တိုးပွားအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ လေ့လာပါ။

ပုံ။ သင့်မြတ်ဖို့ ကြိုးစားနေတဲ့ ညီအစ်ကို။ ၁။ နောက်ညီအစ်ကိုတစ်ယောက် ကြမ်းကြမ်းတမ်းတမ်း ပြောနေ။ ၂။ အဲဒီညီအစ်ကို ပြောတာကို သူစဉ်းစားနေ။ ၃။ စိတ်ဆိုးတဲ့အခါ လိုက်နာရမယ့် ကျမ်းစာအကြံပြုချက်ကို တွေးတောနေ။ ၄။ အဲဒီညီအစ်ကိုနဲ့ ကော်ဖီသောက်ရင်း ပြေလည်အောင် လုပ်ဆောင်နေ။

သင့်မြတ်ဖို့ သင် ဘာလုပ်မလဲ

၄။ ခွဲခြားဆက်ဆံမှုကို ရှောင်ပါ

ကျွန်တော်တို့ဟာ ညီအစ်ကို/မအားလုံးကို မေတ္တာပြချင်ကြတယ်။ ဒါပေမဲ့ ကိုယ်နဲ့နောက်ခံမတူတဲ့သူတွေကို လက်ခံဖို့ ခက်နိုင်တယ်။ ဒါဆိုရင် ဘာလုပ်နိုင်သလဲ။ တမန်တော် ၁၀:၃၄၊ ၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါက လူမျိုးအားလုံးကို မိမိရဲ့သက်သေတွေအဖြစ် လက်ခံတယ်။ သင်ကော နောက်ခံမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ ယေဟောဝါကို ဘယ်လို အတုယူမလဲ။

  • သင့်ဒေသမှာတွေ့ရတဲ့ ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးကို ရှောင်ချင်သလဲ။

၂ ကောရိန္သု ၆:၁၁-၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နောက်ခံအသီးသီးက ညီအစ်ကို/မတွေနဲ့ ဘယ်လို ပိုရင်းနှီးလာနိုင်မလဲ။

၅။ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ၊ ပြေလည်အောင် လုပ်ပါ

ယေဟောဝါက ကျွန်တော်တို့ရဲ့ ခွင့်လွှတ်မှုကို ဘယ်တော့မှ လိုမှာမဟုတ်ပေမဲ့ ကျွန်တော်တို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်။ ဆာလံ ၈၆:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါ ဘယ်လောက်အထိ ခွင့်လွှတ်ပေးသလဲ။

  • ယေဟောဝါရဲ့ ခွင့်လွှတ်မှုအတွက် ဘာကြောင့် ကျေးဇူးတင်သလဲ။

  • ဘယ်အခြေအနေတွေမှာ တခြားသူတွေနဲ့ သင့်မြတ်ဖို့ ခက်နိုင်သလဲ။

ယေဟောဝါကို အတုယူပြီး ညီအစ်ကို/မတွေနဲ့ စည်းလုံးအောင် ဘယ်လို လုပ်နိုင်သလဲ။ ပညာအလိမ္မာ ၁၉:၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့အခါ ဘာလုပ်ရင် ကောင်းမလဲ။

ကိုယ်လည်း တခြားသူစိတ်ဆိုးအောင် လုပ်မိတတ်တယ်။ အဲဒီအခါ ဘာလုပ်သင့်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ သင့်မြတ်ဖို့ ကြိုးစားခြင်းက ကောင်းချီးရစေ (၆:၀၁)

  • ဗီဒီယိုထဲက ညီအစ်မဟာ သင့်မြတ်ဖို့ ဘာလုပ်ခဲ့သလဲ။

၆။ ညီအစ်ကို/မတွေရဲ့ ကောင်းကွက်ကို ရှာပါ

ညီအစ်ကို/မတွေနဲ့ ရင်းနှီးလာတဲ့အခါ သူတို့ရဲ့ အားသာချက်ကိုရော အားနည်းချက်တွေကိုပါ သိလာတယ်။ သူတို့ရဲ့ အားသာချက်တွေကို ဘယ်လို အာရုံစိုက်နိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ပိုလှသွားပြီ (၅:၁၀)

  • ညီအစ်ကို/မတွေရဲ့ အရည်အသွေးကောင်းတွေကို မြင်အောင် ဘာက ကူညီပေးနိုင်သလဲ။

ယေဟောဝါက ကျွန်တော်တို့ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်တယ်။ ၂ ရာဇဝင်ချုပ် ၁၆:၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • သင့်ရဲ့ အရည်အသွေးကောင်းတွေကို ယေဟောဝါ အာရုံစိုက်မှန်း သိရတော့ ဘယ်လို ခံစားရသလဲ။

စိန်လက်စွပ်

စိန်မှာ အနာအဆာ ရှိပေမဲ့ အဖိုးတန်နေတုန်းပဲ။ ညီအစ်ကို/မတွေလည်း မစုံလင်ကြပေမဲ့ ယေဟောဝါအတွက် အဖိုးတန်နေတုန်းပဲ

လူတချို့ အဆို။ “ကိုယ်တိုင် လာတောင်းပန်မှ ခွင့်လွှတ်နိုင်မယ်။”

  • အချင်းချင်း ဘာကြောင့် ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သင့်သလဲ။

အနှစ်ချုပ်

ညီအစ်ကို/မတွေကို ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းအားဖြင့် အသင်းတော်မှာ စည်းလုံးမှုရှိဖို့ ကြိုးစားနိုင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ခွဲခြားဆက်ဆံမှုကို ဘယ်လို ရှောင်နိုင်သလဲ။

  • ညီအစ်ကို/မတစ်ယောက်နဲ့ သဘောထားကွဲလွဲတဲ့အခါ ဘာလုပ်မလဲ။

  • ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ဘာကြောင့် အတုယူချင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ပြစ်တင်ဝေဖန်တတ်တဲ့အကျင့်ကို ရှောင်ဖို့ ယေရှုရဲ့ပုံဥပမာတစ်ခုက ကူညီပေးပုံကို ကြည့်လိုက်ပါ။

သစ်သားချောင်းကို ထုတ်ပစ်ပါ (၆:၅၆)

ကိုယ်မမှားဘူးလို့ ထင်ရင်ကော တောင်းပန်ဖို့ လိုသလား။

“ဝန်ချတောင်းပန်ခြင်း၊ ပြန်လည်သင့်မြတ်ရန် သော့ချက်” (ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၂၀၀၂)

တခြားသူတွေကို မျက်နှာမလိုက်ဘဲ ဆက်ဆံဖို့လိုကြောင်း တချို့ သင်ယူသိရှိလာပုံကို ကြည့်ပါ။

အပြင်ပန်းကိုကြည့်ပြီးအကဲမဖြတ်ပါနဲ့ (၅:၀၆)

အသင်းတော်စည်းလုံးမှု မထိခိုက်စေဖို့ သဘောထားကွဲလွဲမှုတွေ ဖြေရှင်းနိုင်ပုံအကြောင်း ဖတ်ကြည့်ပါ။

“သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းပါ” (ကင်းမျှော်စင်၊ မေ ၂၀၁၆)

a ရောဂါမကူးစက်အောင် ကာကွယ်ဖို့ ချစ်ခြင်းမေတ္တာက လှုံ့ဆော်ပေးကြောင်း ရှင်းလင်းချက် ၆ မှာ ဖော်ပြထားတယ်။

b စီးပွားရေးနဲ့ ဥပဒေရေးရာကိစ္စတွေ ဖြေရှင်းနိုင်ပုံကို ရှင်းလင်းချက် ၇ မှာ ဆွေးနွေးထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ